Friday, June 19, 2020

ဖက်ဒရယ်အရေးကြီးပုံ

ဝေါဟာရ အသုံးအနှုန်း သတိပြုရန်နှင့် ဖက်ဒရယ်အရေးကြီးပုံ 
(နဲနဲရှည်တယ်  အချိန်အား မှဖတ်ပါရန်၊ မဖတ်ချင်လဲ ကျော်သွားလိုက်ပါ)
ကျနော့ရဲ့ ပို့စ်တွေမှာ လူမျိုးရေး နဲ့ အမျိုးသားရေး ဆိုတဲ့စကားလုံးတွေရှိပါတယ်။
လူမျိုးရေး ဆိုတာက လူတမျိုးတည်းရဲ့အရေး ကို ခေါ်ဆိုတာဖြစ်ပြီး။ အမျိုးသားရေး ဆိုတာကတော့ ဒေသခံမူလ လူမျိုးစုံ ရောနှောနေထိုင်တဲ့ ဒေသရဲ့အရေးကို သတ်မှတ်ခေါ်ဆိုထားတာဖြစ်တယ်။ 
လူမျိုးတစ်မျိုးတည်းနေထိုင်တဲ့ဒေသမှာဖြစ်ဖြစ် လူမျိုးစုံရောနှောနေထိုင်တဲ့ဒေသမှာဘဲဖြစ်ဖြစ် ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ မိမိဆိုင်ရာလူမျိုးတစ်မျိုးတည်းအတွက် ရည်မှန်းလုပ်ဆောင်တာဖြစ်ရင် လူမျိုးရေးလှုပ်ရှားမှုဖြစ်သလို လူမျိုးတစ်မျိုးတည်းနေထိုင်တဲ့ဒေသမှာဖြစ်ဖြစ် လူမျိုးစုံရောနှောနေထိုင်တဲ့ဒေသမှာဘဲဖြစ်ဖြစ် ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်း အဖွဲ့အစည်းတခုဟာ မိမိရဲ့ရည်မှန်းချက်နယ်မြေဒေသအတွင်းက လူမျိုးစုံအတွက် ရည်မှန်းလုပ်ဆောင်တာကို တော့ အမျိုးသားရေး အဆင့်လှုပ်ရှားမှုလို့ သတ်မှတ်နိုင်တာဖြစ်တယ်။ သူတို့ရဲ့ရည်မှန်းချက်နယ်မြေဟာ လောလောဆယ်ကာလမှာ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာရနယ်မြေသေသအဖြစ် အသိအမှတ်ပြုခြင်းမခံရသေးတဲ့တိုင် အမျိုးသားရေးလှုပ်ရှားမှုဘောင်ဝင်နေတာဖြစ်တယ်။ ဥပမာ-ကရင်အမျိုးသားတော်လှန်ရေးဆိုပါတော့။ ဒီတော်လှန်ရေးအဖွဲ့အစည်းဟာ ကရင်ဆိုတဲ့လူမျိုးနာမယ်အစားကော်သူးလေဆိုတဲ့ ပထ၀ီနာမယ်ကို သုံးနှုန်းတယ်ဆိုရင် အခေအဝေါ်အရ အဲဒီကော်သူးလေခေါ်ပထ၀ီနယ်မြေတွင်းမှာ ရောနှောနေထိုင်ကြတဲ့ လူမျိုးစုံကို ကိုယ်စားပြုနေတာမို့ လူမျိုးရေးအဆင့်ကိုကျော်လွန်တဲ့ အမျိုးသားရေးအဖြစ်သက်ရောက်ပါတယ်။ 
နောက်ဥပမာ- ရှမ်းပြည်တိုးတက်ရေးပါတီ (SSA) ဆိုရင် နာမယ်အသီးသီးရှိကြတဲ့ လူမျိုးစုပေါင်း ၃၀ လောက် ရောနှောနေထိုင်တဲ့ ရှမ်းဆိုတဲ့ ပထ၀ီနာမယ်ကိုသုံးနှုန်းထားတာကြောင့် လူမျိုးရေးထက်မြင့်တဲ့ အမျိုးသားရေးအဆင့်လှုပ်ရှားမှုအဆင့်ဖြစ်နေတာပါဘဲ။ နောက်ပြီး လူမျိုးခြားဘာသာစကားဖြစ်တဲ့ ရှမ်းဆိုတဲ့ သီးသန့်လူမျိုးဆိုတာကလည်း မရှိတာမို့ ဒီ ပထ၀ီအခေါ်အဝေါ်ဟာ ဒေသတွင်းလူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်တာဖြစ်တယ်။ မွန်ကတော့ မျိုးကွဲမရှိတာမို့ မွန်လူမျိုးနဲ့ မွန်အမျိုးသားဟာ တခုထဲဖြစ်တယ်။ ဒါပေမဲ့ လူမျိုးစုံရောနှာနေထိုင်တဲ့ ရာမညတိုင်းအရေးဆိုရင်တော့ မွန်ဆိုတဲ့အခေါ်အဝေါ်ဟာ ရာမညတိုင်းအမျိုးသားရေးအဆင့်မှာရှိနေမှာမဟုတ်ပြန်ဘူး။လူမျိုးရေးအဆင့်ဘဲပြန်ဖြစ်သွားတာပါ။


(ခု ဖေါ်ပြပါ လူမျိုးရေးနဲ့ အမျိုးသားရေး အနက်အဓိပ္ပါယ်ကွာခြားချက်ကို ဂဃဏန ရှင်းရှင်းလင်းလင်းသဘောပေါက်ပြီဆိုရင် လူမျိုးစုတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် နှစ်ပေါင်း(၇၀) လုံး မညီမညွတ် လှုပ်ရားရုန်းကန်ခဲ့ကြတဲ့ သံလွင် ဖြစ်ဝှမ်းနဲ့တနင်္သာရီတိုင်းအခြေခံလူမျိုးစု များဖြစ်တဲ့ ရှမ်း၊ ၀၊ ပအို၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ ထားဝယ်ယမ် လူမျိုးစု နယ်မြေအားလုံးပေါင်းပြီး  “သံလွင်သာရီ” ဆိုတဲ့အမျိုးသားရေးအဆင့် ဖက်ဒရယ်စစ်စစ် ပြည်ထောင်စု နိုင်ငံ တစ်နိုင်ငံကို ပူးပေါင်းထူထောင်ဖို့မသင့်ပေဘူးလား လို့ ဆန်းသစ်တည်ထါင်မှုရှိတဲ့ အတွေးနယ်ကွန့်မြူးစရာတွေကို တွေ့လာရပါမယ်။ ဒီလိုတွေးဖို့လိုနေတာကလည်း လက်ရှိကာလ ဗမာပြည်ဟာ ဗမာစကားပြော မြန်မာလူမျိုးများရဲ့ လူမျိုးနာမယ်ကို နိုင်ငံနာမယ်အဖြစ်လက်မလွှတ်စတန်းဆုတ်ကိုင်ထားနေတဲ့အပေါ် မြန်မာပြည်ဆိုတဲ့ဝေါဟာရဟာ ဗမာလူမျိုး တစ်မျိုးတည်းကို အတိအလင်း ကိုယ်စားပြုနေတဲ့ ဗမာလူမျိုးရေးအဆင့်သာဖြစ်နေပြီး အမျိုးသားရေးအဆင့် ဟုတ်မနေတာပါ။ တိုင်းရင်းသားအားလုံးပိုင်ဆိုင်တယ်ဆိုတဲ့ ခြေဥ ပါဖွင့်ဆိုချက်ဟာ လက်တွေ့မှာ တိုင်းရင်းသားလူမျိုးတိုင်းကို ဗမာလူမျိုးအဖြစ် ရောသမပြီးသတ်မှတ်လိုက်ခြင်းသာဖြစ်နေတာပါ။ 
စစ်အုပ်စုကဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဲန်အဲလ်ဒီပါတီ ဒီမိုကရေစီအုပ်စုကဖြစ်စေ ဒီသဘောထားကတော့ ကွဲကွဲပြားပြားမရှိပါဘူး။ ဒီတော့ ကျန်လူမျိုးစုများအတွက် ဗမာဦးဆောင်တဲ့   ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဆိုတာတကယ်တန်းဖြစ်ပေါ်ပေါက်ပွားလာဖို့လုံးးဝနီးပါး မျှော်လင့်ချက်မရှိတဲ့အနေအထားဖြစ်နေတာပါ။ ခုအတိုင်းဘဲ အတုအရောင်ပြည်ထောငင်စုစနစ်ကို ကျားကုတ်ကျားခဲ ကာကွယ်ရင်း နည်းမျိုးစုံနဲ့ ကျန်တိုင်းရင်းသားတွေကို ကမ္ဘာဆုံးတိုင်ခြေမှုန်းတိုက်သါာနေရဦးမှာဖြစ်တယ်။
နောက်မှတ်ချက်တခုပေးချင်တာက တချို့ တွေက ဘာဖက်ဒရယ်မှမလိုချင်ဘူး၊ သိးသန့်လွတ်လပ်ရေးဘဲယူမယ် ဆိုတဲ့ ခံစားချက်တွေရှိတာတွေ့တယ်။ ကိုယ်တိုင်ကလဲ နိုင်ငံရေးကိုနှံ့နှံ့စပ်စပ်နားမလည်သေးတဲ့လူငယ်ဘ၀က အဲလိုဘဲ ခံစားချက်ရှိခဲ့တယ်။ 
တကယ်တော့နိုင်ငံသစ်တနိုင်ငံထူထောင်နိုင်ဖို့ ပထမဆုံးမရှိမဖြစ်လိုအပ်ချက်ဟာ မိမိနယ်မြေအားလုံးကို ရန်သူ့လက်ကနေ ပြန်လည်သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခြင်းရှိ မရှိဆိုတာဖြစ်တယ်။ စာရွက်ပေါ်မှာ ပိုင်ဆိုင်မှုမြေပုံ ဆွဲပြတတ်ယုံနဲ့ ဘယ်ကိုမှ ခရီးမပေါက်နိုင်ဘူး။ ကုလသမဂ္ဂကနေကိုယ်ပြတဲ့မြေပုံကိုကြည့်ပြီး ကရင်တွေ
ကိုဒီနယ်တွေပြန်ပေးလိုက်ပါလို့ ဗမာအစိုးရကို ညွှန်ကြား အမိန့်ပေးနိုင်တဲ့အာဏာ လုံးဝ တပြားတချပ်မှရှိမနေဘူး။ ကိုယ့်မှာနယ်မြေဒေသတွေကို ကိုယ့်ဖါကိုယ် သိမ်းပိုက်နိုင်တဲ့ စစ်အင်အားရှိဖို့လိုတယ်။ သိမ်းပိုက်လို့ရပြီးမှ နိုငံတနိုင်ငံအဖြစ်ကိုယ့်ဖါကိုယ်ကျေညာရမယ်။ ဘယ်သူမှကိုယ့်အစားလာလုပ်မပေးဘူး။ အဲဒီအဆင့်ကိုကျော်မှ နောက်တဆင့်အနေနဲ့ စူပါ ပါဝါအင်အားကြိးးနိုင်ငံတနိုင်နိုင်ငံက စအသိအမှတ်ပြုလာမယ်။ အဲဒီနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေကလည်း လိုက်ပြီးအသိအမှတ်ပြုလာမယ်။ ဒီအချိန်မှာဘဲ တချားစူပါ ပါဝါနိုင်ငံတွေက ဗမာအစိုးရဘက်ကနေပြီး နိုင်ငံသစ်ခွဲထွက်မှုကို ကန့်ကွက်တာတွေရှိလာမယ်။ ဒီလိုနဲ့ နောက် ရာစုတခုလောက်ကြာတဲ့တိုင် ဒီကိစ္စလွန်ဆွဲပွဲက ပြီးနိုင်မှာမဟုတ်သေးဘူး။ တိုင်ဝမ် နိုင်ငံ၊ အစ္စရေး ပါလက်စတိုင်းပြသနာ စတာတွေ လက်ရှိရောက်နေတဲ့ဆင့်မျိုးမှာ နှစ်ပေါင်းများစွာ ဟိုမရောက် ဒီမရောက်ဖြစ်နေမယ်။ ဒုတိယကမ္ဘာစစ်အပြီးနိုင်ငံသစ်တွေပေါ်လာတာကလည်း စူပါပါဝါနိုင်ငံကြီးတွေရဲ့ ကမ္ဘာသစ်စည်းမျဉ်းချမှတ်ကြတဲ့အတိုင်းဖြစ်လာခဲ့တာဖြစ်တယ်။ ခုချိန်မှာတော့ အဲလို ကမ္ဘာံစည်းမျဉ်းပောင်းလဲစေမဲ့ ကမ္ဘာစစ်ဖြစ်ဖို့မရှိသေးဘူး။ ဒီတော့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ မိမိတို့ရဲ့ ကိုယ်ပိုင်စစ်အင်အားကို တတ်နိုင်သမျှ တိုးမြင့်နိုင်ကြဖို့လိုတယ်။ ကိုယ့်ဘက်က အင်အားဘယ်လောက်ရှီဖို့လိုတယ်ဆိုတာကလဲ ရန်သူ့ဘက်မှာ အင်အားဘယ်လောက်ရှိနေတယ်ဆိုတဲ့အပေါ် လုံးဝ တည်တယ်။ ကိုယ့်လူမျိုးတမျိုးထဲနဲ့ ရန်သူ့အင်အားကိုမမှီနိုင်တဲ့အထားမှာ တခြား ဘ၀တူ၊ နယ်မြေဆက်စပ်နေတဲ့ ညီနောင်လူမျိုးစုတွေနဲ့ အင်အားစုဖို့လိုတယ်။ လူမျိုးပေါင်းစုံရဲ့ထောက်ခံမှုနဲ့ အင်အားပေါင်းစည်းပါဝင်မှုကိုရဖို့ဆိုတာက မွန်၊ ကရင်၊ကရင်နီ၊ ပအို၊ ၀ ရှမ်းဆိုတဲ့ လူမျိုးရေးပေါ်လစီတွေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဒီလူမျိုးအားလုံးပါဝင်နိုင်မယ့် ခွဲထွက်လိုက ဆိုင်ရာလူထုဆန္ဒခံယူပွဲဖြင့် စစ်တိုက်ဖို့မလိုတဲ့ ခွဲထွက်နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူဝါဒကို သာလျှင် အင်အားစုရပ်အဖြစ်အသုံးပြုလက်စွဲနိုင်မှာဖြစ်တယ်။ ဒါပါဘဲ။ အဲလိုပူးပေါင်းကြလို့ အောင်မြင်သွားပြီးနာက်ပိုင်းမှာတော့ ခွဲထွက်မလား ဒါမှဟုတ် စီးပွားရေး၊ လုံခြုံရေးပိုပြီးကောင်းလာစေမဲ့ တခြားနိုင်ငံတခုခုကို ပြည်ထောင်စုထဲဝင်ခွင့်ပေးမလားဆိုတဲ့ အပိုင်းတွေကလည်း အားလုံးပူးပေါင်းစဉ်းစားပိုင်ခွင့်ရှိတဲ့ အခင်းအကျင်းတခုအဖြစ် ဖြစ်ရှိနေမှာဖြစ်တယ်။ ထားပါတော့ ဒါတွေဖြစ်လာဖို့ဆိုတာက ရာစုနှစ်တခု ဒါမှမဟုတ် ကမ္ဘာစစ်အသစ်တခုဖြစ်ပွားလာတဲ့အထိ ကြာနိုင်တာဖြစ်ပေမဲ့ ဘယ်လောက်ဘဲကြာကြာအောင်မြင်နိုင်တဲ့လမ်းကြောင်းပေါ်မှာရှိမနေတဲ့ လက်ရှိတကွဲတပြား သူ့ဖါသူ ကိုယ့်ဖါကိုယ် လုပ်နေကြတဲ့ ကျိုးပမ်းမှုတွေရဲ့ စာရင်တော့ အများကြီး မျှော်လင့်ချက်ရှိနေတာပါ။ တခြားတဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာခွဲဝေပေးလိုတဲ့ဆန္ဒမရှိတဲ့ ဗမာတွေအနေနဲ့ကလည်း ကမ္ဘာဆုံးတဲ့အထိ ခုအနေအထားအတိုင်း ငြိမ်းချမ်းရေးမတည်ငြိမ်မှုအောက်မှာ ဆင်းရဲနိမ့်ကျစွာဆက်လက်နေထိုင်သွားကြရအုံးမှာဘဲဖြစ်တယ်။ ဆင်းရဲလား မဆင်းရဲလားဆိုတာကို ကိုယ့် အိမ်ဘေးက လူတွေလောက်နဲ့ တိုင်းတာလို့မရပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့တိုင်းရပါတယ်။ ဥပမာ ထိုင်း၊မလေး၊ စင်္ကပူမှာ ဆိုင်ကယ်ဝယ်မစီးနိုင်တဲ့ နေ့စားအလုပ်သမားဟာ မိမိကိုယ်မိမိ ဆင်းရဲတယ်လို့သတ်မှတ်တယ်။ ကားမ၀ယ်စီးနိုင်တဲ့ ရုံးလုလင်အဆင့် အမှုထမ်း တယောက်ဟာလဲ စီးပွားရေးအဆင်အပြေဘူးလို့ခံယူတယ်။ နေ့တိုင်း သား ငါး ဟင်းလျာနဲ့ ထမင်းမစားနိုင်တဲ့ အနေအထားရှိသူတွေကလဲ ဆင်းရဲတယ်လို့ခံယူကြတယ်။ အ၀တ်အစားလှလှပပတွေ အချိန်မရွေးလိုအပ်သလို မ၀တ်ဆင်နိုင်ရင်လဲ ဆင်းရဲတယ်လို့ ခံယူကြတယ်။ ကလေးကိုကျောင်းမထားနိုင်ရင်ဖြစ်ဖြစ် ဖျားနာတဲ့အခါဆေးရုံမတက်နိုင်တဲ့အဆင့်ဆိုရင်လဲ ဆင်းရဲတာပါဘဲ။ အင်တာနက်မတပ်ဆင်ထားတဲ့ အိမ်ဆိုရင်လဲ ဆင်းရဲသားစာရင်းဝင်တယ်၊ သူတောင်းစားကအစ မရှိမဖြစ်တဲ့ စမတ်ဖုန်းမကိုင်နိုင်သူဆိုရင်လဲ  ဆင်းရဲတာပါဘဲ။ အခုဗမာပြည်မှာ ပြည်သူလူထုတွေ စားဝတ်နေရေးအဆင်ပြေလာကြပြီဆိုကို ဘယ်လိုတိုင်းတာကြလဲ။ 
ဒီတော့ တိုင်းပြည်အေးချမ်းသွားစေမဲ့ ဖက်ဒရယ်အစစ်အမှန်ထူထောင်ရေးကို ၀ိုင်းအားမဖြည့်ကြဘဲ အတုအရောင်ပြည်ထောင်စုကိုဘဲဝိုင်းဝန်းဆွဲဆန့်ထားရင်း ဒီအတိုင်းဆင်းရဲတွင်းနက်သွားကြမှာလား ဆိုတဲ့ကိစ္စ ကို အားလုံးလေးလေးနက်နက်ဝိုင်းစဉ်းစားဆုံးဖြတ်ကြဖို့လိုပြီထင်တာပါဘဲ…

No comments:

Post a Comment

mr.kyaingtun@gmail.com