Friday, June 19, 2020

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

  မော်လမြိုင်ကို အေဒီ ၃၀တွင်ကရင်က "ထာဝေ" (သို့)"ဃိုထာဝေ" ဟုခေါ်ပြီးမွန်က "မို့မွာလို"ဟုခေါ်။(မြို့ထူထောင်သောပထမဘုရင်ကိုအကြောင်းပြု၍ရှေးမွန်ဘာသာဖြင့်မျက်စိတစ်လုံးဟုအဓိပ္ပါယ်ရသော  (one-eyed) မြို့ဟုလည်းခေါ်သည်။) နောက်ပိုင်းတွင်မြို့ပျက်တောဖြစ်သွားပြီးနှစ်များစွာကြာသောအခါ ကရင်များတဖန်လာရောက်နေထိုင်ကာ"မော်လမွဲ" ဟုခေါ်သည်။ "မော်လမွဲခေါ်ဃိုထာဝေ"၏မြောက်ဘက်တွင်ဒူးသထူ (သထုံ) မွန်မြို့ရှိသည်။အရှေ့ဘက်တွင်ယိုးဒယားပြည်ရှိပြီးအနောက်ဘက်တွင်မုတ္တမပင်လယ်ကွေ့ရှိသည်။
ဃိုတာဝေမြို့ကိုထူထောင်သူမှာမွေးရာပါမျက်လုံး၃လုံးရှိသော ကရင်မျိုးရိုးဖြစ်သူ "ဃိုတာဒဲ" ဘုရင် ဖြစ်သည်။ သူ့ကိုဘယ်အိမ်နီးချင်းနိုင်ငံကမှစစ်ပြုတိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိပေ။ စစ်ရေးစစ်ရာတွင်ရန်သူနင်းလာမည့်အကွက်ကိုသူမတူအောင်မှန်ကန်စွာကြိုတင်တွက်ဆနိုင်စွမ်းရှိသဖြင့်လည်းကောင်း တတိယမျက်လုံးရှိသဖြင့်လည်းကောင်း ဒိပ္ပစက္ခုရှိသောဘုရင်ဟုနာမည်ကျော်ခဲ့သည်။.........

  ၁၀၅၀တွင် အနော်ရထာ ပိဋက၃ပုံလိုချင်သဖြင့် မော်လမြိုင်ကိုမွန်ဘုရင်မနူဟာလက်မှတိုက်ယူသည်။ ပခူး သထုံ မုတ္တမ မော်လမြိုင်ကိုပါသိမ်းပိုက်သည်။ အေဒီ ၁၂၈၇တွင် မွန်မင်းတပါးဖြစ်လာသော မုတ္တမအနီးရှိ ကရင်တို့နေထိုင်ရာ"ဒူးအူ" မြို့သား ရှမ်း-ကရင်ကပ်ပြား မဂ္ဂဒူးက အနော်ရထာမင်းအာဏာအပ်နှင်းထားသည့် အဆိုပါမြို့ရှိမြို့စားအားလုံးကိုသတ်ဖြတ်ပြီး မုတ္တမကိုမြို့တော်တည်ကာနန်းတက်အုပ်စိုးသည်။မဂ္ဂဒူးကို ဝါရီယူးမင်းဟုလည်းခေါ်တွင်သည်။ အေဒီ၁၅၃၉နောက်ပိုင်းတွင် နောက်တက်လာသောမွန်မျိုးရိုးဖြစ်သည့်မင်းများကမြို့တော်ကို ပဲခူးသို့ပြောင်းရွှေ့သည်။ ပဲခူးနောက်ဆုံးဘုရင်မှာ မွန်လူမျိုးတကရူပီဖြစ်သည်။...........




ဗုဒ္ဓသက္ကရာင်္ဇ၁၇၄၃တွင်ဟံသာဝတီပဲခူးမွန်ဘုရင်ဓမ္မစေတီ ပြုစုသော ကလျာဏီကျောက်စာတွင် မုတ္တမတိုင်း၌ မွန်မြို့ ၃၂ မြို့ရှိသည်ဟုပါရှိရာ ကရင်လူမျိုးစောဗညားသည် အကျော်ကြားဆုံးသော မုတ္တမြို့စားဘုရင်ခံဖြစ်သည်။

(ဗုဒ္ဓသက္ကရာင်္ဇ၁၅၄၇)တောင်ငူမင်းတပင်ရွှေထီးက ဟန်သာဝတီပဲခူးကိုပြန်လည်သိမ်းပိုက်ရန်တိုက်စစ်အကြိမ်ကြိမ်ထိုးနေသောအချိန်၌မွန်ဘုရင်က မုတ္တမမြို့စား ကရင် စောဗညားအားစစ်ကူတောင်းရာ မကူခဲ့သဖြင့် ပဲခူးမြို့တော်ကျဆုံးသည်။
ထိုမှတဆင့် ဘုရင့်နောင်ဦးစီးသော တပ်မကြီးများက မုတ္တမကိုလနှင့်ချီဝိုင်းပါတ်ပိတ်ဆို့ထားသဖြင့် မုတ္တမမြို့တွင်းစားနပ်ရိက္ခာပြတ်လပ်ခါ စောဗညားအရှုံးပေးအညံ့ခံလိုက်ရ၍ပထမမွန်နိုင်ငံတော်သစ်ပျက်သုဏ်းအဆုံးသတ်သွားသည်။....

ပဲခူးပြည်သစ်၏ပထမဘုရင်

၁၉၇၀ ခုနှစ်ကပုံနှိတ်ထုတ်ဝေသည့် သမိုင်းသုနေသီ Nigel Brailey ရေးသားပြုစုသောThailand and the fall of Singspore စာအုပ် စာမျက်နှာ ၃၄-၃၅တွင် ပုဂံမင်းကိုတော်လှန်ပြီးပဲခူးပြည်သစ်ကိုထူထောင်သူသမိန်ထော ဘူထခက် (Smin Htaw Buddhaketi)သည် မွန်ပြည့်ဘုရင်ဖြစ်သော်လည်းကရင်လူမျိုးဖြစ်သည်ဟုရေးသားထားသည်။  အင်းဝနှင့်ပဲခူးတို့တွင်ဖြစ်ပွားသောစစ်များသည်လည်း လူမျိုးရေးစစ်ပွဲအမျိုးအစားမဟုတ်ဘဲ ဒေသစွဲနှင့်ဘာသာရေးကိုအခြေခံသည့်ခေတ်ဟု လည်းထောက်ပြထားသည်။သမိန်ထောမင်းသည် နောက်ပိုင်းတွင် ချင်းမိုင်မြို့စားမင်း၏သမီးတော်နှင့်ထိမ်းမြားလိုက်ရာမှ ထိုခေတ်မွန်ဓလေ့ထုံးတမ်း စိတ်ဓာတ်များနှင့်ဆန့်ကျင်သဖြင့် သူ၏လက်ရုံးဖြစ်သူ မွန်စစ်သူကြီး ဗညားဒလ(Binya Dala)က သူ့အားဆင်းပေးရန်တောင်းဆိုရာ ဗုဒ္ဓသက္ကရာဇ်၁၇၄၇ တွင်ထီးနန်းအာဏာကိုစွန့်လွှတ်ခဲ့သည်။(ခုနှစ်သက္ကရာဇ်တွေကိုပြန်စီပြီးတခြားသမိုင်းတွေနဲ့လဲတိုက်ကြည့်ရဦးမှာမို့ နောက်မှဆက်မယ်)

No comments:

Post a Comment

mr.kyaingtun@gmail.com