Sunday, August 19, 2012

ကျနော်နှင့် ကညင်ဒုံ တိုက်ပွဲ Posted by on June 28, 2010


၁၉၈ဝ-၁၉၈၄ ဝန်းကျင် ကာလများ။ ၁၉၈ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗဟိုဌာနချုပ်၊ မာနယ်ပလောတွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု NDF National Democratic Front မှ ဦးစီးဖွင့်လှစ်သော ပထမ အကြိမ်မြောက် ဗိုလ်သင်တန်းသို့ တပ်မဟာ (၇) မှရွေးချယ်စေလွတ်သော ဗိုလ်သင်တန်းသို့ တပ်ရင်း (၂၃) မှ သင်တန်းသား ၅ ဦးကို ရွေးချယ်စေလွတ်လိုက်သည်။ ထိုစဉ်က အသစ်ဖွဲ့စည်းလိုက်သော တပ်ရင်း (၂၃) တွင် တပ်ရင်းမှူး ဗိုလ်လွီး (ဆုံး)၊ စစ်ကြောင်းမှူး မိမိ၊ တပ်ရေးဗိုလ်ကြီးဂုဏ်ရွှေမန်း၊ တတိယနိုင်ငံရောက် တပ်ခွဲမှူး ဗိုလ်မောင်အေး DKBA တို့ဖြင့် စတင်ဖွဲ့ စည်းသည်။
ဗိုလ်သင်တန်းသို့ စေလွတ်ခြင်းခံရသောရဲဘော် ၅ ဦးမှာ စာရေးသူ၊ တပ်ရေးဗိုလ်ကြီး ဂုဏ်ရွှေမန်း၊ တပ်ခွဲမှူး ဗိုလ်မောင်အေး၊ ရဲဘော် သန်းဖြူနှင့် ရဲဘော်အန်ထော်နီ တတိယနိုင်ငံရောက်တို့ဖြစ်သည်။ တပ်မဟာရုံးထိုင်မှူးကို မိမိတို့တပ်ရင်းမှ သင်တန်းသား စာရင်းကို ပေးပြီး သင်တန်းအတွက် လိုအပ်သောစစ်ဝတ်စုံများ၊ စာအုပ်၊ စာရေးကရိယာများနှင့် သင်တန်းစာရိတ်များကို တပ်ထောက်ထံသွား ထုတ်သည်။ ထိုစဉ်က တပ်ရင်း (၁၉) တပ်ရင်း (၂ဝ)၊ တပ်ရင်း (၂၁) တပ်မဟာ (၇) ဌာနချုပ်မှ အမျိုးသမီး သင်တန်းသူများနှင့် KNDO တပ်ရင်း (၅) မှ သင်တန်းသားများကိုတွေ့သည်။
Serve the People ပြည်သူ့ အကျိုးဆောင်ကြ
မာနယ်ပလော စစ်ဦးစီးဌာနချုပ်သို့ရောက်သော် တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်ရင်း (၁ဝ) ထိုစဉ်က တပ်မဟာ (၄) မဖြစ်သေး၊ တပ်မဟာ (၆)၊ KNDO ဌာနချုပ်၊ ဗဟိုစစ်ဦးစီးဌာနချုပ်မှ သင်တန်းသား၊ သင်တန်းသူများအပြင်၊ ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်မှ ဗိုလ်လောင်းများ၊ ကရင်နီတပ်မတော်မှဗိုလ်လောင်းများနှင့် ရှမ်းပြည်တပ်မတော်မှဗိုလ်လောင်းအမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း ၁၂ဝ ဦးတက်ရောက်သည်။ သင်တန်းကျောင်းအုပ်ကြီးမှာ ဗိုလ်မှူး N.Zaw Tan ကချင်၊ ဒုတိယကျောင်းအုပ် ကြီးမှာ ဗိုလ်မှူးစောသိန်း ကရင် (ကွယ်လွန်)၊ နည်းပြချုပ်မှာ ဗိုလ်မှူးကြီးယော်မူ အောင်ဆန်းနှင့်အတူလက်နက်ချ၊ ဗိုလ်မှူးထွန်းတင် (ကွယ်လွန်)၊ အခြားသင်တန်းမှူးများမှာ ဗိုလ်ရော့ကက်၊ လက်ရှိသင်တန်းမှူးချုပ် ဗိုလ်သေဂေး၊ တပ်ရင်း (၂ဝ၂) တပ်ရင်းမှူး ဆရာရစ် ကီ Ricky ကွန်မန်ဒို၊ မန်းငွေအောင် ဗိုလ်မှူးသောသီ မြို့ပြပြောက်ကျားအဖွဲ့နှင့်ပါသွားပြီး ဖမ်းဆီးခံနေရသူများဖြစ်သည်။ တခြားသင် တန်းဆရာများ ရှိသေးသည်၊ မမှတ်မိတော့ပါ။
မှတ်ချက်…
စာရေးသူနှင့်အတူ အပတ်စဉ်တခုထဲ ဗိုလ်သင်တန်း တက်ရောက်ခဲ့သူများမှာ မှတ်မိသလောက် ဗိုလ်ကနဲမီး တပ်မဟာ (၇) တတိယ နိုင်ငံရောက်၊ ဗိုလ်လှဝေ (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ထွန်းထွန်း တပ်ရင်း (၁ဝ) တတိယနိုင်ငံရောက်၊ ဗိုလ်ဖေါဒို (၁ဝ၁) ယခု တပ်ရင်း (၁ဝ၁) တပ်ရင်းမှူး၊ ဗိုလ်ကျား တပ်မဟာ (၂)၊ ဗိုလ်မူသွီဂေါ တပ်ရင်း (၁ဝ)၊ ဗိုလ်လွမ်းထူးမြတ်၊ တပ်ရင်း (၁ဝ)၊ ဗိုလ်မူကယ် တပ်ရင်း (၁ဝ)၊ ဗိုလ်လောရင့် lawrance (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ဟန်စိန် (၁ဝ၁) တတိယနိုင်ငံရောက်၊ ဗိုလ်ကရောကရ၊ တပ်ရင်း (၁ဝ) လက်နက်ချ ဗိုလ်သင်တန်း၌ စစ်ရေးနှင့်ပတ်သက်သော ဘာသာရပ်များ စစ်ရေးပြ၊ လက်နက်ကြီး လက်နက်ငယ်ပစ် နည်း၊ ဖြုတ်နည်း၊ တိုက်ပွဲစစ်မှုရေးရာ၊ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်၊ နိုင်ငံရေးဘာသာရပ်များဖြစ်သော ကရင့်တော်လှန်ရေး နိုင်ငံရေး လမ်းစဉ်၊ လုပ်ငန်းစဉ်၊ စစ်ရေးလမ်းစဉ်၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ မြေယာလမ်းစဉ်၊ ဆက်သွယ်ရေးဘာသာရပ်၊ တပ်ပေါင်းစု၊ တရား ရေး၊ လူ့အခွင့်အရေး စသည့်ဘာသာရပ်များကို ၆ လတိုင်တက်ရောက်သင်ကြားခဲ့ကြသည်။
သင်တန်းကာလများအတွင်း လက်တွေ့တိုက်ပွဲဝင်ရန်လှိုင်းဘွဲမြို့နယ်ရှိ တကောတိုက်ပွဲတွင်လက်တွေ့သွားတိုက်ရသည်။ ဗိုလ်လောင်း တပ်ဖွဲ့အား တပ်စု နှစ်စုဖွဲ့လိုက်သည်။ တပ်စု (၁) အား စာရေးသူ အုပ်ချုပ်ပြီး၊ တပ်စု (၂) အား ဗိုလ်ကနဲမီး သြစတြေလီးယားနိုင်ငံ ရောက်မှ အုပ်ချုပ်သည်။ စုစုပေါင်းဗိုလ်လောင်း ၆ဝ လက်တွေ့တိုက်ပွဲဝင်ကြသည်။ စက်လှေနှစ်စီးနှင့် မယ်သဝေါ အထိသွားပြီး၊ မော် တော်ကားများဖြင့် ရှမ်းရွာသစ်အထိပို့သည်။ ထိုနောက်ခြေလျင်ရှောက်ကြသည်။ တရေဖိုးကွီးရောက်တော့ လက်နက်ကြီးသံများ ကြား နေရပါပြီ။ အမြန်ချီတက်ရန် အမိန့်ရောက်လာသည်။ မိမိတပ်စုရုံးတွင် ၆ဝ မမတလက်၊ ဗုံးသီး ၅ဝ ပါသည်၊ ဧည့်ရဲဘော်သိုမွီး ဝန်ထမ်း ၃ ယောက်ပါသည်။
တပ်နေရာချမည့်နေရာမရောက်မီ ဗိုလ်မှူးကြီးယော်မူနှင့် ဗိုလ်လှဝေတို့၏ လက်နက်ကြီးအဖွဲ့နှင့်တွေ့သည်။ ထိုမှတဆင့် တပ်ရင်း (၁၉) တပ်ခွဲ (၃) ဗိုလ်ကြီး အောင်လင်းအဖွဲ့ကြား နေရာလပ်တွင် တပ်ချခိုင်းသည်။ ရဲဘော်များကို နေရာချသည်၊ နှစ်ယောက် တကျင်းတူး သည်၊ ရန်သူ့အလာကိုစောင့်သည်။ ထမင်းမစားရသေး၊ ရေဘူးထဲ၌ ရေသာရှိသည်။ ထမင်းထုတ်ရောက်လာသည်။ ထမင်းထုပ်ကို စား ဖို့ဖွင့်တော့ သိုးနန့်ထွက်လာသည်။ မထူးပါဘူး ဗိုက်ပြည့်ဖို့အရေးကြီးတယ်။ တထုပ်လုံး ကုန်အောင်စားပြီး ဗိုက်ဖြည့်လိုက်သည်။

ဖါးကပ် တိုက်ပွဲ Posted by on June 15, 2010

ဖါးကပ် တိုက်ပွဲကိုမဖေါ်ပြမီ စစ်နှင့်ပတ်သက်သည့် စစ်သ ဘောထားတချို့ကို တင်ပြလိုသည်။
The purpose of the revolutionary war is peace“တော်လှန်ရေးစစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ် သည်” ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု၊ အနိုင် ကျင့်၊ စော်ကားရန်မဟုတ်၊ အမျိုးသားလွတ်လပ်ရေး၊ တန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကျူးကျော်လာမှုကို ခုခံသည့် တရား သောစစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။
၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက် ၉းဝဝ နာရီ၊ ကရင် ပြည်နယ်၊ ဖါးအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ (၇)၊ တပ် ရင်း (၁၉)၊ စစ်ကြောင်း (၁) တာဝန်ကျရာ စစ်ဒေသတခွင်လုံး ဟေမန္တဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး စစ်ရေးမတည်ငြိမ် မအေးချမ်းပေ။
တပ်မ (၄၄) ၊ ကွပ်ကဲမှုအောက်၊ တပ်ရင်းများ၊ ကြူပင်ခုတ် ကြူငုတ်မကျန် ဖြတ်လေးဖြတ် ဗျူဟာခင်းလျှက်ရှိသည်။ ဖြတ်လေးဖြတ် ဗျူဟာ လူထုနှင့် အဆက်ဖြတ်၊ သတင်းဖြတ်၊ ရိက္ခာဖြတ်၊ သတ်ဖြတ် ဟူ၍ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း၊ တရုပ်ပြည်သိမ်းပိုက် ရေးစစ်ပွဲကာလ၊ ဖက်ဆစ်ဂျပန်များ ကျင့်သုံးခဲ့သည့် Three All ပေါ်လစီ အတိုင်းဖြစ်သည်။
Kill all အားလုံးသတ်။
Burn all အားလုံးမီးရှို့။
Destroy all အားလုံးဖျက်ဆီး တို့ဖြစ်သည်။
ကျွန်ုပ်တို့ ကရင်ပြည်တွင်း၌၎င်း၊ ဘဝတူညီအစ်ကိုတော် လူမျိုး စုများနယ်မြေများ၌၄င်း ရန်သူများ ဤအတိုင်း ကျင်းသုံးနေ သည်မှာ ရာစုနှစ် တဝက်ကျော်ခဲ့ပြီး။
ကျွန်ုပ်တို့ စစ်ကြောင်း (၁) သည် စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ ယခု တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ စောဂျော်နီ အနီး ကပ်ကွပ်ကဲမှုဖြင့် ပိုင်ကျုံမြို့နယ်တွင်လှုပ်ရှားလျှက် နောတဲခီးရွာ၌ တပ်ချထားသည်။ ထိုစဉ်ကာလ၌ တပ်ခွဲ (၁) သည် ဗိုလ်ကြီးဖါးခလို ဦးစီး၍ တပ်မဟာ (၄) ဘိတ်၊ ထားဝယ်ခရိုင်၌ တာဝန်သွားယူနေရသည်။ တပ်ခွဲ (၂) အား ဗိုလ်ကြီးလူးစီ (ဆုံး) ၊ တပ်ခွဲ (၃) အား ဗိုလ်ကြီးအောင်လင်း မယ်ပရ တပ်ခွဲ (၄) အားမိမိ၊ တပ်ခွဲ (၅) အားဗိုလ်ကြီးဂျော်ဖြူ (ဗိုလ်မှူးချုပ် ဂျော်နီ၏ညီ) စစ်ကြောင်းဌာနချုပ် တပ်ခွဲအား ဗိုလ်ကြီးဒေးဝါးတို့အသီးသီး အုပ်ချုပ်မှုပြုထားသည်။ ကျွန်ုပ်တို့ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီးမောင်ထွန်း(ဆုံး) ဖြစ် သည်။ တပ်ရေးဗိုလ် ကြီးရုံးထိုင်မှူးမှာ ဗိုလ်မှူးထွန်းကြိုင်(ဆုံး) တို့ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် တပ်မ (၄၄) ကွပ်ကဲမှုအောက်ရှိ ခမရ (၃) နှင့် (၅) တပ်ရင်းများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့် အကဲ ခတ်လျက်ရှိသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ ပြောက်ကျားစစ် ပါရဂူတဦးဖြစ်လာနိုင်သော ဗိုလ်မှူးဂျော်နီမှ “ကျနော်တို့ ဒီလိုစစ်ကြောင်းကြီးနဲ့ လှုပ်ရှားနေရင် ဒီကောင်တွေ ဝင်တိုးရဲမှာ မဟုတ်ဘူး”
တပ်အနည်းစုကိုသာပြပြီး ကျန်စစ်ကြောင်းကို ဖြောက်ထားမယ်၊ ကျနော်နဲ့ တပ်စိတ်တစိတ် ပိုင်ကျုံရန်သူ့ စခန်းနားကဖြတ်ပြီး ကစို ရွာမှာ အယောင်ပြမယ်။ နှစ်ရက်လောက် နေပြမယ်။ စစ်ကြာင်းက ဒီမှာပဲ ခိုနေဦး။ သုံးရက်လောက်ခိုပြီးမှ ညဘက် ညာမရောဘက် ကနေ ဖါးကပ် ကိုဝင်၊ ဟိုရောက်ရင် တပ်ချ၊ ပတ်လည် ကတုတ်ကျင်းတူး၊ ခံစစ် စီမံချက်ချ၊ ကျနော် ရန်သူကို ဒီဘက်ဆွဲခေါ်လာမယ်၊ လုပ်ရိုး လုပ်စဉ်အတိုင်းပဲ ပစ်ခတ်မှုဖြစ်လို့ သေနတ်မရရင် မော်ထူး ရမယ်၊ အားလုံးရှင်းလား။”ဟု ညွန်ကြားချက်ပေးပြီး တပ်စိတ် တ စိတ်နှင့် ထွက်ခွာသွားတော့သည်။
မှတ်ချက်…
မော်ထူး စကောကရင်ဘာသာဖြင့် ဆေးပေါလိပ်ဖြစ်သည်။ ပစ်ခတ်မှုဖြစ်လို့ ရန်သူ့သေနတ်မရပါက ကြိမ်ဒဏ် ၂၅ ရိုက်ခံရမည်၊ တပ် မှူးတပ်သားမရွေး ကျခံရမည့်ပစ်ဒဏ်ဖြစ်သည်။ ကျည်ရောက် လူရောက် စီမံချက်ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း ရန်သူ့လက်နက်မရပါက တိုက်ပွဲသုံးသပ်ချက်မှာ တိုက်ပွဲရှုံးသည်ဟု သုံးသပ်သည်။ မိမိတပ်မတော်ကို ရန်သူ့လက်နက်ဖြင့် အင်အား ဖြည့်တင်းရမည်ဟူသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးပေါ်လစီတခုဖြစ်သည်။
စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် နိုင်ငံတကာ စစ်ပါရဂူများဖြစ်ကြသော တရုတ်စစ်ပါရဂူ ဖုံသက်ဝိုင်၊ မော်စီတုန်း၊ ငုယင်ဂီယပ် (ဇပ်)၊ ချေဂွေဗါးရား၊ ဂျော့ခ်ျ ဂရီးဗတ်စ် (George Grivas) ဆွန်ဇူး၊ ကလော့ဇ်ဝစ်၊ လစ်ဒယ်ဟတ်၊ လက်ဝဲသုနရ စသည့်စစ်ပါရဂူများ ၏ သင်ကြားမှုများကို ဖတ်ခဲ့ဘူး၊ သင်ခဲ့ဘူးခြင်း ရှိမရှိကိုမူ မသိ၊ သို့သော် စစ်မြေပြင်ထက်ကောင်းသော စစ်တက္ကသိုလ်မရှိဆိုသည့် စစ် ဒဿနကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့သည်ဟု ထင်သည်။ တိုက်ပွဲပေါင်းမြောက်များစွာမှ သင်ယူရရှိခဲ့ပြီးဖြစ်သည်။
“ရန်သူကို အမျိုးမျိုးလှည့်စား၊ မြူဆွယ် ကျုံးသွင်းပြီး အလျှင်အမြန်တိုက်”
“တိုက်ပွဲတိုင်း အလစ်အငိုက်ယူ”
“ရန်သူရဲ့ အားနည်းတဲ့ အပိုင်းကိုတိုက်”
“မနိုင်ပုံပေါ်ရင် အစီအစဉ်ရှိရှိ ဆုတ်” (All warfare is base on deception) ဆိုသည် “ပြောက်ကျားစစ်” တိုက် နည်းဗျူဟာကို စစ်သားဘဝက သင်ကြားမှတ်ယူထားခဲ့ပြီးဖြစ်သည်။
စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ တပ်စိတ်တစိတ်နှင့် စတင်လှုပ်ရှားလိုက်သည်နှင့် ထောက်လှမ်းရေးကွန်ယက်ကို ဖြန့်ကြဲထားသည့် ရန် သူ့ ထောက်လှန်းရေးများမှ … “ငပွေး ဂယောင်နီလာ အငယ်တခုနဲ့ ကစို ဘက်ထွက်သွား” ဟူ၍
မှတ်ချက်…
ငပွေး၊ ကရင်အမျိုးသားများကို နံနှိမ်ခေါ်သည့် ဗမာ့တပ်မတော်၏ လက်သုံးစကား။ ဂယောင်၊ ဂငယ်၊ ဂျော် စကားပြောစက် လျှို့ ဝှက်သင်္ကေတအခေါ်အဝေါ်။
နီလာ၊ နငယ်၊ နီ၊ ဂယောင်နီလာ ဂျော်နီအငယ်တခု၊ တပ်စိတ်တစိတ်၊ အလတ်တခု၊ တပ်စုတစု၊ အကြီးတခု၊ တပ်ခွဲတခွဲကိုဆိုလိုသည်။ စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ ကစို ရောက်ပြီးအငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို ဖါးကပ် သို့ ခေါ်ခဲ့ပါပြီး။ ရန်သူကို ဖါးကပ် သို့မြူဆွယ် ၍ ကျုံးသွင်းရန် ခေါ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ စစ်ကြောင်းသည် စီမံချက်အတိုင်း ညာမရော မှတဆင့် ဖါးကပ်သို့ ည ၉ နာရီတွင် ရောက် ရှိသွားတော့သည်။
တပ်ခွဲများ သတ်မှတ်ထားသည့်နေရာ၌ နေရာယူခြင်း၊ ကတုတ်ကျင်း တူးခြင်း၊ ပစ်ပိုင်နယ် ရှာဖွေသတ်မှတ်ခြင်းများ ပြုလုပ်ပြီး၊ တပ်ခွဲရှိ ရဲဘော်များ တဝက်ပွဲကြည့် တဝက်ကင်းချရန် ညွန်ကြားလိုက်သည်။ စစ်ကြောင်းမှူး ငှားလာသော အငြိမ့်အဖွဲ့သည် ဖါးကပ်ရွာ၌ စတင် ကပြလျှက်ရှိသည်။
ဆိုင်းသံ၊ ဗုံသံက တညံညံ …
ရယ်သံက တဝေါဝေါ …

ကျနော်နှင့် ဖလူး တိုက်ပွဲ Posted by on June 26, 2010

ကျနော်တို့တပ်ဖွဲ့ ၁၉၈၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ဝမ်းခါသစ်တိုက်ပွဲပြီး တပ် နေရာချိန်းရန်ပြင်ဆင်နေကြသည်။ ကျနော်တို့နေခဲ့သော ထိပ်တိုက်နေရာသည်၊ ၁ဝ၁ စခန်းတွင်းရှိ အမာခံတပ်ဖွဲ့များ တပတ်တကြိမ်သွားရောက် တာဝန်ယူ ရသောနေရာဖြစ်သည်။ ကျနော်တို့ တပတ်ပြည့်ပြီးဖြစ်၍ ထိုနေရာသို့ ၁ဝ၁ မှ ဗိုလ်ကြီးဖေါဒို ယခု ဒုတိယဗိုလ်မှူးကြီး ၁ဝ၁ တပ်ရင်းမှူး၊ မိမိနှင့် NDF ဗိုလ် သင်တန်းအပတ်စဉ် ၁ အတူတက်ခဲ့သူဖြစ်သည့် အဖွဲ့လာရောက်တာဝန်ယူ မည်ဖြစ်သည်။ မိမိတို့တပ်ဖွဲ့ နောက်ပိုင်းသို့ပြန်လည်နေရာယူ၍ အနားယူ မည် ဖြစ်သည်။
နောက်ပိုင်းသို့ပြန်လည်အနားမယူမီ မိမိတို့ ရန်သူထံမှ သိမ်းဆီးရရှိသော လက် နက်မျိုးစုံ ၇၉ လက်အား ၁ဝ၁ တပ်ရင်းမှူးသို့ ဆက်သွယ်ရေးစက် PRC တလုံး ကိုအပ်ပြီး ကျန်လက်နက်များအား မိမိတို့တပ်ဖွဲ့ကိုတပ်ဆင်ရန် ယူထားလိုက် သည်။ သိမ်းဆီးရလိုက်သော လက်နက်များမှာ ကာဘိုင်၊ ဂျီ ၂ ၊ ၃ ၊ ၄ ၊ M ၇၉ ၊ BA ၉၃ ၊ Browning Pistol ၂ လက်၊ ဖြစ်သည်။
မှတ်ချက်…
ဝမ်းခါသစ်တွင် သိမ်းပိုက်ရရှိလိုက်သော ရန်သူ့လက်နက်များဖြင့် မိမိတို့တပ်ဖွဲ့ကို တတ်ဆင်သည်။ ထိုလုပ်နည်းသည် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် တပ်မတော်ထောက်ပံ့ရေး မူ ၃ ရပ်အနက်၊ မိမိတပ်မတော်ကို ရန်သူ့လက်နက်ဖြင့် ထောက်ပံ့ရ မည်ဟု လမ်းညွန်ချက်အတိုင်း ကျင့်သုံးလိုက်ခြင်းဖြစ်သည်။ သိမ်းပိုက်ရရှိထားသော Browning Pistol ၂ လက်အား မိမိတပ်ဖွဲ့၏ တပ်စုမှူးနှစ်ဦးအား ဆုအဖြစ်ပေးလိုက်သည်။ မိမိကိုင်ဆောင်ထားသော Browning Pistol မှာ ဖါးကပ်တိုက်ပွဲတွင် သိမ်းပိုက်ရရှိထား သော မ ၃ ဗိုလ်မြင့်အောင် (သို့မဟုတ်) ဗိုလ်မြင့်ဝင်းကြူ၏ ပစ္စတိုဖြစ်သည်၊ နံပါတ်မှာ T-4774 ဖြစ်သည်။ မိမိခံယူချက်မှာ အထက် အရာရှိမှ ထုတ်ပေးသော၊ ကိုယ်ပိုင်ငွေဖြင့်ဝယ်ယူသော ပစ္စတိုကိုစစ်ချပ်ဝတ်တန်ဆာတွင် ချိတ်ခြင်းထက်၊ ရန်သူ့ထံမှသိမ်းဆီးရရှိသော ပစ္စတိုကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်လိုသည်။
မိမိတို့တပ်ဖွဲ့တွင် လက်နက်အင်အားတောင့်တင်းလာပြီးဖြစ်သည်။ စာရင်းအရ ၇၉ လက် တင်ပြထားသော်လည်း မိမိတို့ ရဲဘော်များ ဝေါ်လေ အောက်စခန်းပြန်ရောက်သောအခါ စာရင်းထက်ပိုများနေသည်။ ကာဘိုင် လေးလက်၊ M ၇၉ သုံးလက်တို့ကိုဖြုတ်ပြီး ကြော ပိုးအိပ်ထဲ ဝှက်ယူလာခဲ့သည်။
“ဟေ့ ကောင်တွေ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။”
“ကျနော်တို့က ကာဘိုင်နဲ့ M ၇၉ ကို ရည်းစားထက်ပိုချစ်တယ်ဗျ၊ အသက်ပေးပြီး တိုက်ယူခဲ့ရလို့ပါ”
“ကောင်းတယ်ကွာ၊ ဒို့တပ်လဲ တိုးချဲ့ဖွဲ့စည်းဖို့ဖြစ်တော့ သေနတ်လိုနေတာနဲ့အတော်ပဲ၊ တပ်စိတ်တစိတ် အနည်းဆုံး တပ်စိတ်မှူးကို ကာဘိုင်၊ ဒုတိယတပ်စိတ်မှူးကို M -၇၉ ၊ အဖွဲ့ခေါင်းဆောင် Team leader ကို RPD စက်လတ် တပ်ဆင်ပေးဖို့ စဉ်းစားထားတယ်” ခြေမှုန်းရေးလက်နက်အင်အားကောင်းအောင် ကျနော်တို့ RPG ၂ ၊ ၅ ၊ ၇ လိုနေတယ်ဗျ။ ဘယ်လိုရအောင်လုပ်ရမလဲလို့ စဉ်းစားတော့၊ တပ်မဟာ (၆) မှာ KE Kawthoolei Engineer ဌာနရှိသည်၊ တာဝန်ခံက ဖူးရော်ဘင် ဖြစ်သည်။ လက်နက်ထုတ်လုပ်တဲ့ ဌာနဖြစ် သဖြင့် ကျနော်တို့လိုအပ်နေသော လက်နက်ထုတ်ပေးနိုင်သည်၊ ထိုကြောင့် သူ့ဆီသွားပြီးအပူကပ်သည်။
“ဖူး ကျနော်တို့ RPG လိုချင်တယ်” “ဟ ကောင်တွေ၊ အလကား ဘယ်ရမလဲကွ” “ ကျနော်တို့မှာ ပိုက်ဆံမှ မရှိတာ” “ဒီလိုဆို ငါ့ပြောင်းဖူးတွေ ခွာပေးရမယ်” “မြတ်စွာဘုရား ပြောင်းဖူးတွေကို လက်သဲနဲ့ခွာပေးရ မယ်” တဲ့။ “ငါနဲ့ တပ်စိတ်တစိတ်လိုက်ခဲ့” ဟု ညွှန်ကြားပြီး ကျနော်တို့ ဖူးရော်ဘင် KE စခန်းတွင်ပြောင်းဖူးသွားခွာနေပါတော့သည်။ လက်သဲတွေ နာလိုက်သည့်ဖြစ်ခြင်း။ တောင်ယာတခုလုံးကထွက်သည့် ပြောင်းဖူးသီးများကို ခွာနေကြသည်။ ဖူးရော်ဘင်ကလည်း ဘယ်လောက်အခိုင်း ရက်စက်သလဲဆို လျှင်၊ တောင်ယာပါ ဆက်ခုတ်ခိုင်းလိုက်သေးသည်။ မတတ်နိုင်၊ ဆက်ခုတ်ပေးကြစဉ် စစ်ဆင်ရေးလုပ်ငန်းတခု ပေါ်ထွက်လာသဖြင့် မိမိတို့ စခန်းသို့ပြန်ရန်ပြင်ဆင်နေစဉ်၊ KE လုပ် RPG ၂ နှစ်လက် အပြင် RPG ၇ တလက် ၆ဝ မမ တလက်ပါ လက်ဆောင်အဖြစ် ပေး လိုက်ပါသည်။
“ပင်ပန်းခဲ့သမျှအားလုံး ဘယ်ရောက်ကုန်လဲ မသိတော့ဘူးဗျား” ဟု RPG ကိုဖက်ထားပြီး ပြောလိုက်သူကတော့ ကျဆုံးလေပြီးသော (မွစ္စလင်သူရဲကောင်း) ရဲဘော်ဘာဂျာမွတ်ဖြစ်သည်။ ရဲဘော်များ ပျော်မဆုံးတပြုံးပြုံးနဲ့ ဝေါ်လေ စခန်းသို့ပြန်လည် ရောက်ရှိလာကြပါ တော့သည်။
ကျနော်တို့ စခန်းတဘက်တွင် ကြံခင်းရှိသည်။ ကြံခင်းရှင်က သူ့ကြံတွေ ရဲဘော်များကိုပေးစားသည်။
“ရဲဘော်တို့၊ ကြံခင်းရှင်က ဒို့ကို သူ့ကြံတွေ ကြွေးတယ်ကွ၊ သွားစားလို့ရတယ်။ ဒါပေမဲ့ စခန်းထဲယူလာပြီးမစားနဲ့၊ အမိုက်ရှုတ်တယ်၊ ဟိုဘက်ကမ်းမှာပဲစား” ဟု
ညွန်ကြားထားသည်။ နောက်နေ့ မိမိစခန်းတွင်းရောက်သော် စခန်းတွင်း၌ ကြံဖတ်များဖြင့် ရှုတ်ပွနေသည်။
“ဘယ်သူတွေကြံစားပြီး အမှိုက်ရှုတ်ထားတာလဲကွ” ဟု မေးရာဖြေသူမရှိသဖြင့်၊ အားလုံးတန်းစီခိုင်းပြီး၊ “မင်းတို့ကို ကြံစားခွင့်ပေး တယ်၊ အမိုက်မချဖို့ပြောတယ်၊ ခုဘယ်သူမှမလုပ်ဘူးဆိုတော့ ဘယ်ခွေးမသားက လာချတာလဲကွ”
“တရာခံမတွေ့ရင်၊ မင်းတို့အားလုံး အပစ်ရှိတယ်၊ ဒုတ်ယူမလား၊ ဒဏ်ယူမလား” ဟု
မေးလိုက်ရာ၊ ရှေ့ထွက်သတိဆွဲ ဖြေသူကတော့ မိမိသားထွေး ဆာဒူးဒူးဇန်၊ ယခု အမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီးချိန်၌ ကော်သူး လေဇန် ဟု အမည်ပြောင်းလိုက်သည် က၊ “ဒဏ်” ယူမည် ဟုဖြေလိုက်သည်။ “ဒါဆို ရင် မင်းတို့အားလုံး ပါးစပ်ဟထား၊ စားပြီးအမှိုက် ပစ်အုံးကွ”
ရဲဘော်အားလုံး ပါးစပ်ဟထားကြသည်။ ပေးတဲ့အပစ်ကို ခံယူကြသည်။
မှတ်ချက်…
မိမိရဲဘော်များဘာ့ကြောင့် မိမိအမိန့်ကို နာခံကြပါသနည်း။ ရဲဘော်တွေကို ဘဝကဖြစ်တဲ့ သားတွေအဖြစ်သဘောထားသည်၊ သွေးက ဖြစ်တဲ့သားလို တတန်းထဲထားသည်၊ မေတ္တာပေးသည်၊ ပေးတဲ့ မေတ္တာတွေရောင်ပြန်ဟပ်သည်၊ တန်းတူအခွင့်အရေးပေးသည်။ မိမိ ရဲဘော်များအတွင်း စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီကုလား၊ ကရင်ပြည်ဘွား မွစ္စလင်များရှိ သည်၊ လူမျိုးစုံသည်။ လူမျိုးစုံနဲ့ ဖွဲ့စည်းတားသည့် ပြည်ထောင်စုအငယ်လေးဖြစ်သည်ဟု ခံယူသည်၊ သူတို့ကိုလေးစားသည် လခတ ပြားတချပ်မှမရပဲ အမျိုးနဲ့တိုင်းပြည်အတွက်ပေးဆပ်နေကြသည့် တန်ဘိုးမဖြတ်နိုင်သော သားကောင်းရတနာများအဖြစ် လေးစား တန် ဘိုးထားသည်၊ စစ်မြေပြင်တွင် Follow Me Policy ကိုကျင့်သုံးသည်။ အန္တရာယ်များတဲ့ နေရာတွေမှာ သူတို့ကို ဘယ်တော့မှ မထား၊ မလွှတ်၊ မိမိကိုယ်တိုင် စစ်ဆေး၊ ကြည့်ရှုပြီး အန္တရယ်ကင်းမှသူတို့ကိုနေရာချသည်။ တန်းတူမှု အပြန်အလှန်လေးစားမှု ဒီမိုကရေစီ ကျင့်သုံးမှုများကြောင့် မိမိအမိန့်ပေးမှုများ ရဲဘော်များအတွင်း စိမ့်ဝင်လျှက်ရှိသည်။ ထို့ကြောင့် မိမိအမိန့်ကို နာခံကြခြင်းဖြစ်သည်။
၁၉၈၉ ခုနှစ် အစောပိုင်းကာလ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) စစ်ဒေသ၊ ကုန်သွယ်ရေး ဂိတ်တခုဖြစ် သော သေဘောဘိုး စခန်းရှိသည်။ ကုန်သည်များ နေ့စဉ် ထောင်ဂဏန်းချီ၍ လာရောက်ကြသည်။ အထမ်းသမားများ၊ ကျွဲ၊ နွား ကုန် သည်များ၊ အချိုမှုန့်၊ အဝတ်အထည်၊ စက်ဘီးတာယာ စသည့် တိုင်းပြည်မှလိုအပ်နေသည့် ပစ္စည်းများလာရောက်ဝယ်ယူနေကြသည်။
၈၈ ပြည်သူ့အရေးတော်ပုံကြောင့် တိုင်းရင်းသားလူမျိုးစုံပြည်သူများ သေဘောဘိုး စခန်းသို့ရောက်ရှိလာကြသည်။ နေ့စဉ် လူ ၁ဝဝ ၊ ၂ဝဝ ၊ ၃ဝဝ ၊ မှ ထောင်ဂဏန်းအထိရှိလာသည်။ သေနတ်ပေးပြီး ပြန်တိုတ်ကြမည်၊ သေနတ်ပေးရန်တောင်းဆိုလာကြသည်။
တပ်မဟာ (၆) တက်မဟာမှူး၊ ဗိုလ်မှူးကြီးရွှေဆိုင်း
တနေ့ တပ်မဟာ (၆) မှူး ဗိုလ်မှူးကြီးရွှေဆိုင်း (ကွယ်လွန်) နောင် ဗိုလ်ချုပ်၊ KNU ဒုတိယဥက္ကဋ္ဌ နှင့် NDF ဥက္ကဋ္ဌ ဖြစ်သူမှ မိမိအား တွေ့လိုကြောင်း အရာရှိတဦး လာရောက်သတင်းပို့သဖြင့်၊ သူ့နှင့် သွားတွေ့သည်။ “သေဘောဘိုးစခန်းကိုရောက်လာတဲ့ လူတွေပြန် တိုက်ဖို့ သေနတ်တောင်းနေတယ်၊ ဒီအတိုင်းပေးလို့တော့မဖြစ်ဘူး၊ စစ်မြေပြင်မှာ ဒို့ရဲဘော်တွေနဲ့ သဟဇာတဖြစ်ဖို့ သင်တန်းပေး ရန် လိုတယ်၊ ခင်ဗျားသင်တန်းပေးဖို့စီစဉ်” ရန်ညွန်ကြားသဖြင့် သင်တန်းပေးနိုင်မည့် ရဲဘော်များကို မိမိတပ်ဖွဲ့အတွင်း၌ ရှာရသည်။
ရဲဘော်တင့်လွင်၊ တတိယနိုင်ငံရောက် ရဲဘော်ငြိမ်းငြိမ်း၊ တတိယနိုင်ငံရောက် ရဲဘော်ကျော်ကျော်၊ တတိယနိုင်ငံရောက်ရဲဘော်ထူးထူး (ဆုံး)၊ ရဲဘော်ဇော်ဇော် (ဆုံး) ၊ ရဲဘော်ငမဲ (ကျော်ဆန်း) အမှောင်ထဲတွင် ခြင်မမြင်လောက်အောင်မဲသည်၊ မွစ္စလင်ရဲဘော် (ဆုံး)၊ ရဲ ဘော်သန်းဖြူ (မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းထောင်တွင် တသက်တကျွန်းထောင်ကျနေ) စသည့်ရဲဘော်များဖြင့် သင်တန်းမှူးများအား ရွေးချယ်ပြီး သေဘောဘိုးစခန်းသို့ ချီတက်သွားကြသည်။
မှတ်ချက်…
မိမိတို့တပ်ဖွဲ့တွင် လူမျိုးစုံသည်၊ ကရင်စကားပြောလို့ တခြားလူမျိုးများနားမလည်၊ ကရင်အချင်းချင်းတောင် စကောကရင် စကားကို အ ရှေ့ပိုးကရင်၊ အနောက်ပိုးကရင်များ အကုန်လုံးနားမလည်၊ လူမျိုးခြားဆို ဝေးရော၊ စက်စကားပြောရာတွင်၎င်း၊ အချင်းချင်း စကား ပြောကြရာတွင် ဗမာစကားကိုသာပြောကြသည်။

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၃) Posted by on May 19, 2010

စီမံချက်အဆင့် ၁ ဖြစ်သည့် ကီးဒိုကုန်း ခိုင်မာရေးကို စတင် လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ ကီးဒိုကုန်း ထိပ်ရှိ ခြုံနွယ်။ မျက်ပေါင်းများ သစ်ပင်များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့ ဝါးခုတ်ရန် ဗိုလ်နောင်နောင်နှင့်အဖွဲ့ အိမ် ဆောက်ဖို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ ကီးဒိုကုန်းပတ် လည် ကတုတ်ကျင်းထူးရန် ဗိုလ်ကော်လာနှင့်အဖွဲ့တို့ကို အသီး သီး တာဝန်ပေးအပ်လိုက်သည်။ ၇ ရက် တပတ်အတွင်း အပြီး လုပ်ကိုင်ကြရမည်။ စီမံချက်အတိုင်း ရဲဘော်များ တက်ညီလက် ညီ လုပ်ကိုင်နေကြပါပြီး။

img
The enemy of my enemy is my friend ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွန်ချက်အတိုင်း လုပ်ဆောင်ရန် မိမိတို့တောင်ဘက်ပိုင်းရှိ (ဒညတ) ဗိုလ်သွေးအဖွဲ့ကို စည်းရုံးရန်ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အားတို့ကိုလေ့လာသည်၊ တပတ်အတွင်း ဗိုလ်သွေးတို့ အခြေအနေစုံကိုရရှိသည်။ ဗိုလ်သွေးသည် အန်းထောင်း တဘက်နိုင်ငံတွင်းရှိ ရွာတွင် ထိုင်းအမျိုးသမီး နှင့် အိမ်ထောင်ကျနေသည်။
မှတ်ချက်…
ဗိုလ်သွေးသည် ဒေါက်တာမန်းမြင့်ဆိုင်၏ ညီအကိုဝမ်းကွဲတော်သည်၊ တပ်ရင်း (၁ဝ) မှ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံရစဉ် အ ညှင်းခံထားရသဖြင့် KNU ကို စိတ်နာနေသူဖြစ်ကြောင်း သိရသည်။ လူအင်အား ၃ဝ ခန့်ရှိပြီး လက်နက် လေးငါးခြောက်လက်ခန့်သာ ရှိသည်ဟု သိရှိရသည်။ ဗိုလ်သွေးနှင့်တွေ့ရန်အတွက် ဗမာစကားတတ်သော ထိုင်းရွာသား ဦးနေအေး ကိုခေါ်ယူ “ကျနော် ဗိုလ်သွေးနဲ့ တွေ့ချင်တယ်။ သူ့နဲ့တွေ့နိုင်အောင် စီစဉ်ပေးပါ” ဟု ပြောလိုက်သည်။ သုံးလေးရက်အတွင်း ဗိုလ်သွေးနှင့် အန်းထောင်းရွာတွင်တွေ့ သည်။ မြစ်ဝကျွန်းပေါ်သားချင်းလည်းဖြစ်၊ မိမိအကြောင်းကို သိရှိထားပြီး ဥက္ကဋ္ဌကြီးမန်းဘဇန်၏ ဂုဏ်အရှိန်ကြောင့်လည်း ဖြစ်နိုင် သည် ဘာပြသနာမျှမရှိဘဲ တွေ့ဆုံပွဲချောမောအောင်မြင်ပါသည်။ စည်းရုံးရေး ပဋ္ဌမအဆင့်အောင်မြင်သွားပြီး ဖြစ်သည်၊ ဆက်လက် စည်းရုံးရအုံးမည်၊။
နောက်တပတ် ရိက္ခာကိစ္စ ချုံဖေါင်းတွင် တပ်ထောက်ဗိုလ်သန်းဝင်း နှင့် ဝယ်ရန်အသွား ဗိုလ်သွေး ကို ဝင်တွေ့သည်။ အိပ်ရာတွင်မူးနေ သည်။ သောက်ထားသည်မှာ တပတ်ခန့်ရှိနေကြောင်းသိရှိရသည်။ နောက်များမကြာမီ ဗိုလ်သွေးကိုသွားတွေ့သည်။ ၎င်းစခန်းသို့သွား လည်ရန် ဘိတ်ခေါ်သဖြင့်သွားလည်သည်။ စခန်းကိုဝင်သည်နှင့် ဆေးခြောက်အနံ့များနှင့် ဆီးကြိုသည်၊ ဆေးခြောက်ရှူထားလို့ထင် သည်။ မျက်စေ့နှစ်ကွင်းစလုံးနီရဲနေကြသည်၊ စစ်ဝတ်စုံဝတ် ထားသူတဦးနှစ်ဦးသာရှိပြီး ကျန်အရပ်ဝတ်များသာဖြစ်သည်။ မိမိတို့ ကီးဒို ကုန်းတောင်ထိပ်ပတ်လည်၌ ၁ဝ လန်ကွာ တဲအိမ်များဆောက်ပြီးနေပါပြီး။ အလံတိုင်စိုက်ထူရန်နေရာ၊ တန်းစီလူစစ်ရန်ကွင်းနေရာပြင် ရန် ရှိနေသည်။ မြေမညီသဖြင့် မြေညှိရန်ရှိသည်။ နောက်တပတ်အပြီးမြေညှိရန် စီမံရပြန်သည်၊ ဗိုလ်ကော်လာနှင့်အဖွဲ့ ဆက်သွယ်ရေး မြောင်းတူးရာဝယ် ပြီးသလောက်ရှိနေပါပြီး။ မိမိတပ်ဖွဲ့ရှိ တပ်မှူးများမြေပုံဖတ်နည်း Compass ကြည့်နည်း၊ လက်နက်ကြီးပစ်နည်း စ သည့်စစ်ပညာများကို တတ်မြောက်ထားကြပြီး ဖြစ်သည်။

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ (နိဂုံးပိုင်း) Posted by on May 29, 2010

မိမိတို့ တောင်ဘက်နှင့် မြောက်ဘက်ရှိညီအစ်ကိုများနှင့် နား လယ်မှုရရှိပြီးဖြစ်သဖြင့် ယွားဟေလူစခန်းကို ခိုင်မာစွာတည် ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး) ဦးစီး တပ်စိတ်တစိတ် နယ်နယ်မြေကျွမ်းကျင်ရန်နှင့် ကင်းရှည် ထိုးရန်။ နာကဖရောင် သို့စေလွတ်လိုက်သည်။ ခံစစ်စခန်း ခိုင် မာစေရန် ပြင်ဆင်ရာတွင် ကီးဒိုကုန်းကို မိမိကြည့်ခဲ့ဘူးသော ဗီယက်နမ်စစ်ပွဲ အမေရိကန် ရုပ်ရှင် Humberger Hill ကား အတိုင်းစီမံသည်။ ကီးဒိုကုန်းသည် စီမံချက်အတိုင်း ပြီးလုနေ ပါပြီး။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ တောင်စွယ်သုံး စွယ်ထိပ်ရှိ ကတုတ်ကြီးနှစ်လုံးစီ၊ ခြံစည်းရိုးသုံးထပ် အားလုံး ပြီးနေပါပြီး။ ဗိုလ်ကျော်လှနှင့် မိုင်းဗုံးအဖွဲ့ ခြံစည်းရိုးကြား ဝါး ညှောင့်စိုက်နေကြသည်။ ဗုံးအဖွဲ့ လေးယောက် တရက်၊ တယောက် ၁၅ လုံးနှုံး ဗုံးထောင်နေကြသည်။ ဗုံးအဖွဲ့အတွင်းမှ (တပ်ရင်း စံ ပြဆုတံဆိပ်) ရရှိရန်အလားအလာရှိသော ရဲဘော် နန်းအောင် ကိုယ့်မိုင်းကိုထိပြီး လက်နှစ်ဖက်စလုံးပြတ်သွားသည်။ မိမိတို့တပ်ရင်း အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်သည်။
မှတ်ချက်…
ခံစစ်သေစစ်ရေးကိုဆန့်ကျင်၊ ခံစစ်ရှင်စစ်ရေးကို ကျင့်သုံးရန် ၁၉၆၃ ခုနှစ်။ ဖလိုးခီး ဗဟိုနိုင်ငံရေး စစ်ရေးသင်တန်း၌ သင်တန်းမှူး တ ဦးဖြစ်သော ဗိုလ်ချုပ်တင်ဦး (ဖူးတာအယ်) ထိုစဉ်က (KPLA) (Karen People Liberation Army) ဒုတိယစစ်ဦးစီးချုပ်။ ပို့ချခဲ့သော စစ်ရေးဝိဇ္ဇာဘာသာရပ်ကို မှတ်ယူခဲ့ပြီးဖြစ်သည်။ မိမိစီမံချက်မှာ (ယွားဟေလူ) စခန်းအား တလတိတိ ရန်သူ့ထိုးစစ်ခံနိုင်ရန် ရည်ရွယ် သည်။ ထိုးစစ် ကာလအတွင်း ရန်သူကို မိမိအတွင်းစည်းဝိုင်းအတွင်းမြူဆွယ်ပြီး နောက်ပိုင်းမှ ပိတ်ဆိုးရန်ဖြစ်သည်။ နယ်မြေအနေအ ထားအရ။ သွားလာရန်မလွယ်။ ထို့ကြောင့် ရန်သူကိုတိုက်ခိုက်ရန် စည်းဝိုင်း (၃) ဝိုင်း စီမံထားခြင်းဖြစ်သည်။ အလယ်စည်းဝိုင်း ရန်သူ ကို ပြောက်ကျားပစ်ပြီး အပြင်စည်းဝိုင်းသည်။ ရန်သူ့ထောက်ပို့ကို တိုက်ခိုက်ရန်ဖြစ်သည်။

img
အလယ်စည်းဝိုင်းနှင့် အပြင်စည်းဝိုင်းရှိရန်သူကိုတိုက်ခိုက်ရန် ကျည်နှင့် ရိက္ခာပြင်ဆင်ရမည်ဖြစ်သည်။ ရိက္ခာတာရှည်ခံနိုင်ရန်အတွက် မိမိတို့စဉ်းစားကြရာ မြေကြီးအောက်မြှုတ်ထားရန်ဖြစ်သည်။ တာရှည်ခံနိုင်ရန်အတွက် ဒီဇယ်တိုင်ကီပုံးများကိုဝယ်သည်။ ဆီနန့်ပျောက် ရန်အတွက် ပုံးထဲသို့ ဆပ်ပျာမှုန့်ထည့် ရေထည့်ပြီး မီးတိုက်သည်။ နောက်ရေဆေးပြီး အချောက်ခံလိုက်သောအခါ ဆီနန့်မရတော့ပေ၊။ တိုင်ကီပုံးတလုံး ဆန်နှစ်အိတ်ခွဲဆန့်သည်။ ခလရ (၂၂၄) ဌာနချုပ် ဘုတ်ပြင်းနှင့် အနီးဆုံးနာရီဝက်ခရီး တိုင်ကီပုံးနှင့် ဆန်များထမ်းပြီး မြေမြှုပ်ဖွက်ထားလိုက်သည်။ AK နှင့် M ၁၆ ကျည်များကိုပါ ဝှက်ထားလိုက်သည်။ အလယ်စည်းဝိုင်း ပြောက်ကျား ၅ ယောက်တဖွဲ့ ၅ ဖွဲ့ နေရာချထားသည်။ တိုက်ပွဲကာလ ၎င်းတို့စားရန် တိုင်ကီပုံးတပုံးစီမြှုပ်ထားရန် စီစဉ်ထားပြီးဖြစ်သည်။
မှတ်ချက်…
ခံစစ်ဟာ သေတွင်းဖြစ်တယ်ဆိုတာသိတယ်၊ ဘာကြောင့် ယွားဟေလူစခန်းမှာ တလတိတိ ရန်သူကိုဆွဲတိုက်ရသလဲဆိုတော့ ကော်မူး ရာ ဝမ်းခါစခန်းတိုက်ပွဲစဉ်တလျှောက်လုံး ရန်သူ့ထိုးစစ်မှန်သမျှကို ခုခံနိုင်ခဲ့လို့ ကရင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာမြင့်မားခဲ့တယ်။ မဲ ဆောက်မြို့မှာကြိုက်သလိုဝင်ထွက်နိုင်တယ်။ ထိုင်းတွေ ကရင့်တော်လှန်ရေးကို လေးစားတယ်။ မိမိတို့ မိုးတောင်ရောက်တော့ အခိုင် အမာစခန်းဆောက်ဘို့ အကြံပြုကြည့်တယ်။ “ခံစစ်ရှင် ပြောက်ကျားပဲ အခိုင်အမာစခန်း မလိုဘူး” လို့ တာဝန်ရှိသူမှ ပြန်ပြောပါတယ်။ တကယ့်တကယ် မိုးတောင် ကို ရန်သူထိုးတော့ တရက်မခံဘူး ဆုတ်ခဲ့ရတယ်။ ပြင်ဆင်မှုမရှိတော့ သိက္ခာမဲ့စွာနဲ့ဆုတ်လိုက်ရတယ်။ ထိုင်းတွေကဘာပြောသလဲဆိုတော့ “ချစ်ဖိုင်ကလယံ” တဲ့။ ကရင်တွေ အဆဲခံရတယ်။
ထိုသို့အဆဲမခံရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ တလတိုင်ခံတိုက်ပြီး ဘယ်လိုဆုတ်မလဲ၊ ဘယ်ကိုဆုတ်မလဲဆိုသည်ကို စဉ်း စားသည်။ ဆုတ်မယ့်နေရာကတော့ ဃိုသဲလူ ဆိုသည့်နေရာဖြစ်သည်။ ထိုနေရာကို ပြင်ဆင်ရန် ဗိုလ်အယ်ခလေး တပ်ခွဲကို တာဝန် ပေးလိုက်သည်။ ဃိုသဲလူ ကို ဆုတ်ရင် ထိုင်းရွာကိုဖြတ်ပြီး ဆုတ်ရမည်ဖြစ်၍ ထိုင်းပြည်သူများ ထောက်ခံမှုရရှိ အောင်လုပ်ရန် လိုအပ် ပါသည်။ ထို့ကြောင့် လစဉ်တပ်တွင်းစည်းဝေးပွဲတခုတွင်…
- ရန်သူ့ထိုးစစ်တလခံနိုင်ရန်အတွက် ကီးဒိုကုန်း ခံစစ်ဒုတိယအဆင့်ကိုပြင်ဆင်မည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်မည်။
- ထိုင်းရွာသားများကိုစည်းရုံးရမည်။
- ၁၂ဝ မမ စိန်ပြောင်း Delay ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် စီမံချက်များချမှတ်လိုက်သည်။ ထိုစီမံချက်များအတိုင်းလုပ် ဆောင်ရန်တာဝန်များခွဲဝေလိုက်သည်။
- ဗိုလ်ကြီးတင့်လွင်အား ထိုင်းသစ်လုပ်ငန်းမှ Bull Dozer ကိုခေါ်၍ ကီးဒိုကုန်း ခြံစည်းရိုး ၃ ထပ်အောက်ဘက် ၁ဝ ပေအမြင့်ရှိ အောက်မြေသားများအား ကော်ထုတ်ခိုင်းရမည်။ ရန်သူအလွယ်တကူ ကျားမထိုးနိုင်ရန်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သည်။ ထိုအဆင့် ၌ ကီးဒိုကုန်းထိပ်သို့တက်နိုင်သည့် တောင်ကြောသုံးကြောလုံး၏ ထိပ်၌ ကတုတ်နှစ်လုံးစီဆောက်ရန် တာဝန်ပေးလိုက်သည်။
- ပွိုင့် ၄၉၁ ကုန်းတွင် ခံစစ်နေရာပြင်ရန် ဗိုလ်ထူးထူးတပ်စုကို တာဝန်ပေးသည်။ ကတုတ်များ၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုး၊ ကီးဒို ကုန်းကဲ့သို့ ၁ဝ ပေအမြင့်ရှိ အောက်မြေသားများကော်ထုတ်ရန်ဖြစ်သည်။
- ၁၂ဝမမ စိန်ပြောင်း Delay ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် ဗိုလ်ကော်လာတပ်စုကိုတာဝန်ပေးသည်။ မိမိတို့ရှိသော ၈၁ မမ စိန် မြောင်းနေရာမှစတင်၍ ကီးဒိုကုန်ကိုပတ်ပြီး စတင်တူးရမည်။ တဖွဲ့သည်ဘယ်ဘက်မှစတူးပြီး ကျန်တဖွဲ့သည် ညာဘက်မှစတူးရမည်။ ဥမင်၏ အပေါ်မြေသားပြိုမကျရေးအတွက် ဒေါင့်ထောက်ရန် သစ်တိုင်နှင့်သစ်လုံးခုတ်ရန် ဗိုလ်ထွန်းမြင့်တပ်စုကို တာဝန်ပေးလိုက် သည်။
မှတ်ချက်…
မိမိဘတ်ဘူးသော The Tunnel of Cuchi စာအုပ်တွင် ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပြောက်ကျားတပ်ဖွဲ့များ တိုက် နည်းကိုယူ မိမိရဲဘော်များ အထိအခိုက်နည်းစေရန်နှင့် တလခံမည့် ခံစစ်စီမံချက် ဖြစ်သည်။
- ထိုင်းရွာသားများကို စည်းရုံးရန်မိမိနှင့် တပ်ရင်းရုံးအဖွဲ့တာဝန်ယူသည်။ စီမံချက်ကာလ ၃လဖြစ်သည်။ စီမံချက်များအတိုင်း ရဲဘော် များ တက်ညီလက်ညီ လုပ်ကိုင်လျှက် ရှိသည်။ မိမိနှင့် တပ်ရင်းရုံးအဖွဲ့ စတင်လှုပ်ရှားတော့သည်။ မိမိတို့ တပ်ရင်းရုံးအောက် ထိုင်းနိုင်ငံဘက်ခြမ်း တောင်ခြေတွင် ထိုင်းဘုန်းကြီးကျောင်းရှိသည်။ ဘုန်းကြီးတပါးနှင့် ကပီယတဦးသာတွေ့သည်။ ဖက်မိုး။ ဝါးထရံ ကာ။ ပြင်ခင်းသည့် ဘုန်းကြီးကျောင်းလေးဖြစ်သည်။ ခြုံများအပြည့်ဖြစ်နေသည်။ သုံးရေတွင်းတတွင်းရှိသည်။ ခြုံများအုပ်နေသည့်ပြင် ခတ်တိမ်တိမ်တူးထားသည်။
မှတ်ချက်…
လူထုစည်းရုံးရေးလုပ်ရာတွင် သြဇာရှိပြီး လူထုရိုသေ လေးစားမှုခံရသော၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ဗလီဆရာများကို စတင်စည်း ရုံးရမည်။ ထိုမှတဆင့် လူထုလုပ်ငန်းများရှာလုပ်ရမည်။ ထိုခေါင်းဆောင်များ၏ ထောက်ခံမှုကို အရင်လုပ်ရမည်။
- စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်းစစ်တိုက်၊ စစ်တိုက်ရင်းလေ့လာ၊ လေ့လာရင်းစစ်တိုက်ရမယ်။
- သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။
- လူထုမထောက်ခံတဲ့တော်လှန်ရေးဟာ သွေးမရှိတဲ့လူလိုဘဲ။
- တော်လှန်ရေးတရပ်ကိုလူထုကမထောက်ခံတော့ဘူးဆိုရင် ဒီတော်လှန်ရေးဟာ မသာခေါင်းလောင်းထိုးခံရတာနဲ့အတူတူပဲ။
- လူထုဆန့်ကျင်ရေးမလုပ်နဲ့။ လူထုနောက်မှီးဆွဲလည်းမဖြစ်နဲ့။
မိမိတိုက်ခဲ့ဘူးသောစစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခန်းစာများကို လက်တွေ့အသုံးချ ရတော့မည် ဖြစ်သည်။ အထက်ပါ လူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့လုပ်ဆောင်ကြပါပြီး။ မိမိနှင့်တပ်ရင်းရုံးအဖွဲ့ နံနက် စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကိုခွင့်ပန်ပြီး ခြုံနွယ်ပေါင်းပင်များကိုရှင်းသည်။ ရေတွင်းထဲရှိမျက်၊ ပေါင်းပင်များရှင်းပြီး ပြန်တူး ပေးသည်၊ ရေကြည်ရေသန့်များထွက်လာသည်။ လူထုစည်းရုံးရေးလုပ်ငန်းအဆင့် (၁) ဖြစ်သည်။ အဆင့် (၂) အဖြစ် ဘာလုပ်ရ မည်ကိုစဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် ကီးဒိုကုန်း၏ အရှေ့ဘက်ထိုင်းနိုင်ငံရှိတောင်ယာများ၌ စပါးများရွှေဝါရောင်သန်းနေပြီး။ ရိတ်သိမ်းရန် အချိန်တန်နေပါပြီး။ တနေ့ နံနက်စာစားပြီး မိမိချစ်ဇနီးအပါအဝင် ရဲဘော်တပ်စုတစုခေါ်၍ ထမ်းချလင်းထိုင်းရွာသို့ ဆင်း သွားပြီး ကျေးရွာလူကြီးကိုခွင့်ပန်ကာ တောင်ယာစပါးများကို ရိတ်ကြသည်။ မိမိတို့တိုင်းပြည်တွင် စပါးရိတ်သကဲ့သို့ တံဇင်နှင့် ရိတ် ခြင်းမဟုတ်။ စပါးနှံများကို လက်မနှင့် ဆိတ်ခူး၍ ကြွတ်ကြွတ်အိပ်ထဲအပြည့်ထည့်။ လယ်ရှင့်အိမ် ထမ်းပို့ခြင်းဖြစ်သည်။
ထိုအတောအတွင်း အမျိုးသမီးတဦးထမင်းစားရန် လာခေါ်သည်။ တောင်ယာပိုင်ရှင်ဖြစ်သည်။ ကောင်ညင်းနှင့် ငါးပိထောင်းဖြစ်သည်။ လူထုစေတနာရှိ၍ထင်သည်။ နတ်သုဒ္ဒါတမျှ အရသာရှိလှသည်။ တောင်ယာတခုလုံး ပြီးသွားသဖြင့် စခန်းသို့ပြန်ရန် ဖြစ်သည်။ မပြန်မီ ကျေးရွာလူကြီးအား မကျန်းမာသူများရှိပါက မိမိတပ်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း အကြောင်းကြားခဲ့သည်။ အနည်းငယ်မျှ လူထုအကျိုးပြုလုပ်ငန်းလုပ်ခဲ့ရုံဖြင့် လူထု၏ချစ်ကြည်လေးစားမှုနှင့် လူထု၏အေးမျှသောမေတ္တာကို ရရှိခဲ့သည်။
မှတ်ချက်…
- သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်ဆိုတဲ့ တော်လှန်စစ် ဒဿန တခုကို တွေ့ရှိခဲ့သည်။

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၁) Posted by on May 9, 2010

Operation Promise land သစ္စာမြေ စစ်ဆင်ရေးကို ကျနော် နှင့် ဗိုလ်မှူးကြီး စိုးစိုး တို့ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ တပ်မဟာ (၆) ဝေါ်လေအောက်စခန်းမှာ စတင်အကောင်အထည်ဖေါ်လာ ရာ။ တချို့တဝက်ပြီးမြောက်ခဲ့ပြီးဖြစ်သည်၊ ထိုစစ်ဆင်ရေးကို အကောင်အထည်ဖေါ်ရာ ချောမွေ့ပြေပြစ်စေရန်အတွက် နယ် မြေအခြေအနေ။ ရန်သူ့အခြေအနေများကို လေ့လာရန် လိုနေ သေးသဖြင့် တပ်မှူး ဗိုလ်မှူးစိုးစိုး တာဝန်ပေးချက်အရ မိမိနှင့် ချစ်ရဲဘော် ဘာဂျာမွတ် (ကျဆုံး) တို့ နှစ်ဦး ဘိတ်၊ ထားဝယ် ခရိုင်၊ တနင်္သာရီမြို့နယ်၊ (မိုးတောင်) စခန်းရှိ ခရိုင် ဥက္ကဋ္ဌ ဗိုလ် မှူးကြီးစောမာဗယ်လ် (ကွယ်လွန်) ကို သွားရောက် သ တင်းပို့သည်။
img
ရန်သူကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ မတိုက်နဲ့၊ ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း သိအောင် အရင်လုပ်။ ဒါမှ တိုက်ပွဲတရာ အောင် ပွဲတရာ ရမယ်။
တရက်ခန့် ၎င်းထံမှ အထွေထွေ ရန်သူ့သတင်း၊ နယ်မြေအခြေအနေများ မှတ်ယူပြီး နောက်တနေ့ ခရီးထွက်ရန်ပြင်သည်၊ “ခင်ဗျားကို နယ်မြေကျွမ်းကျင်တဲ့ ဗိုလ်ဒါးကြီး၊ ထိုစဉ်က KNDO တပ်ရင်း (ရ) တပ်ခွဲမှူး၊ (ယခုတတိယနိုင်ငံရောက်နေသူ) ကို ထည့်ပေးလိုက်မယ်။ ပစ္စတိုတယောက်တလက် နဲ့ M၇၂ တလုံစီ ပေးလိုက်မယ်”။
ခရီးထွက်ခါနီး ကျနော့ကို ၎င်းပတ်ထားသော Mido နာရီဖြုတ်ပေးသည်။ ထိုစဉ်က ကျနော့မှာ နာရီမရှိပါ။ တန်ဘိုးကြီးသော ထိုနာရီမျိုး ဝယ်အားမရှိပါ။ အောက်ခြေရဲဘော်များအပေါ် မေတ္တာ၊ စေတနာရှိသောခေါင်းဆောင် တပ်မှူးကြီးအား လေးစားမိသည်။ ကျနော်တို့ ခရီးထွက်သောအခါ ဗိုလ်ဒါးကြီးနှင့် ရဲဘော် ၃ ယောက်၊ မိမိ နှင့် ရဲဘော်ဘာဂျာမွတ် ပေါင်း ၆ ယောက် ဖြစ်သည်။
နောင်းဘွားတောကြီးကို ဖြတ်သည်။ ညနေစောင်းတော့ KNDO စခန်းရောက်ပြီး ညအိပ်သည်။ နံနက်စောစောထ၊ ထမင်းထုတ်ပြီး ခရီး ထွက်။ တနေ့လုံး လမ်းလျှောက်။။ ရှမ်းရွာကြီးများကိုဖြတ်၊ တောင်တက်၊ နောက်တောင်ခြေတွင် အိပ်သည်။ နံနက် အစားအသောက် ပြင်ဆင်နေစဉ် တဲဘေး၌ ကျွဲ ၁၅ ကောင်နှင့် လယ်ထွန်နေသော အင်္ကျီဗလာနှင့်လူကို တွေ့သည်။ မိုးတွေရွာနေသည်။ မချမ်းဘူးလား မသိ။

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၂) Posted by on May 12, 2010

နံနက် ၅ နာရီထိုးသည်နှင့် ကရင်အမျိုးသားအလံတော် အလေးပြုခြင်းနှင့် သစ္စာလေးချက် ဆိုကြသည်…
- ငါတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပါ မည်။
- ငါတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ပါမည်။
- ငါတို့သည် ကျဆုံးလေပြီးသော အာဇာနည်များအပေါ် သစ္စာ ရှိပါမည်။
- ငါအား အထက်မှပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ကျေပြွန်စွာထမ်းဆောင်ပါမည်ဟု သစ္စာပြုပါသည် …
ဟူသော သစ္စာပြုသံသည် ဝေါ်လေတရွာလုံးကို လွမ်းခြုံသွား တော့သည်။ တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်သည် မိမိအား မိန့် ခွန်းခြွေရန် လာရောက်သတင်းပို့သဖြင့် တန်းစီထားပြီး သတိအနေအထားနှင့်ရှိနေသော ရဲဘော်များရှိရာသို့လာပြီး …
“တပ်ဖွဲ့ သက်သာ။ အေးစေ”
အနေအထားနှင့်နေစေပြီး မိမိစကားစပြောလိုက်သည်။

img
ရဲဘော်တို့ …
ငါတို့ မနက်ဖန်ခရီးထွက်တော့မယ်။ သွားရမယ့်ခရီးကဝေးတယ်။ တဖက်နိုင်ငံကိုဖြတ်သွားရမယ်။ တိတ်တိတ်၊ ဆိတ်ဆိတ်ရှိဘို့လိုတယ်။ ကိုယ့်တိုင်းပြည်မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ ကားရပ်မယ့် နေရာရောက်မှ အိမ်သာတက်ရမယ်။ စားရမယ့်နေရာရောက်မှ စားရ သောက်ရမယ်၊ တို့တတွေဟာ ပျော်ပွဲစားထွက်တာမဟုတ်ဘူး၊ စစ်ဆင်ရေးကြီးတခုကို ဆင်နွှဲရမှာဖြစ်တယ်၊ အသွားခြေရာပဲရှိရင်ရှိမယ်။ ဘာပဲဖြစ်ဖြစ်၊ စစ်ထဲဝင်ကတည်းက ရှင်သေမင်းကိုသစ္စာနှံထားကြပြီးဖြစ်တယ်။ အမျိုးသားအလံတော်ကို ကိုင်တွယ်သစ္စာဆိုထားပြီး လည်း ဖြစ်တယ်။ ဘယ်နေရာ ဘယ်အချိန်ပဲသေသေ၊ ကြိုက်တဲ့အချိန် အမျိုးသားအတွက် အသေခံတိုက်ပွဲဝင်မယ်လို့ ငါတို့အားလုံး သစ္စာပြုထားတယ် အဆန်းမဟုတ်ဘူး။ (Death Rather Than Slavery) (Death Rather Than to be a coward) “ကျွန်ဖြစ်ရ ခြင်းထက် သေတာကမြတ်တယ်၊ သရဲပေါကြောင်ခြင်းထက် သေတာကမြတ်တယ်” လို့ “ငါတို့ခံယူထားကြပြီး”
ခုတန်းစီထားတဲ့ ရဲဘော်အားလုံး ငါနဲ့လိုက်မယ့် ရဲဘော်တွေ မဟုတ်လား….
“ဟုတ်တယ်” ဟူသော …

ကျနော် နှင့် ထွီဖါးဝီးကျိုး ခွေးအိပ်တောင် (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ တိုက်ပွဲ၊ Posted by on June 1, 2010

ဗဟိုစစ်ဦးစီးဌာနချုပ်၊ မာနယ်ပလော၊ ၁၉၉၃-၉၄၊ ခုနှစ် မာနယ်ပလောအောင်မြေသည် ဒေါနတောင်နှင့်သောင်ရင်း မြစ်ကြား၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အထက်တွင်ရှိသည်။ ကေအဲန် ယူ ဗဟိုဌာနချုပ်၊ (KNLA) Karen National Liberation Army ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးဌာနချုပ်ရှိ အခြခံစခန်းကြီးဖြစ်သည် (KNDO) Karen National Defense Organization ကရင်အမျိုးသား ကာကွယ်ရေးအစည်းအရုံး ဌာနချုပ် ရှိသည်။
ထို့အပြင် (NLD-LA) National League For Democracy – Liberated Area အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်၊ (DAB) Democratic Allaince of Burma မြန်မာ ပြည်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ်ဌာနချုပ်၊ (NDF) National Democratic Front အမျိုးသားဒီမိုကရေ စီ တပ်ပေါင်းစုဌာနချုပ်။(DPNS)Democratic Party for New Society လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါ တီဌာနချုပ် ၊(ABSDF) All Burma Student’s Dem ocratic Front မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး၊ (PLF) People’s Liberation Front ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (NCGUB) National Coalition Government of Union of Burma ပြည်ထောင် စု မြန်မာနိုင်ငံအမျိုးသားညွှန်ပေါင်းအစိုးရ ဌာနချုပ်၊ (NCUB) National Council of Union of Burma ပြည်ထောင်စု မြန်မာနိုင်ငံအမျိုး သားကောင်းစီ)၊ဌာနချုပ်၊ (ABYMU) All Burma Young Monk Union ရဟန်းပျိုသမဂ္ဂ ဌာနချုပ်များရှိသည်။
“တိုင်းပြည်မဲ့နေတဲ့လူမျိုးဟာ ကျွန်ပဲ”

ဥက္ကဋ္ဌကြီးစောဘဦးကြီး
(KYO) Karen Youth Organization ကရင်လူငယ်အစည်းအရုံး၊ (KWO) Karen Women Organization ကရင်အမျိုးသမီးအစည်း အရုံး၊ အတွင်းရေးမှူးချုပ်ရုံး၊ သစ်တောဌာန၊ ပညာရေးဌာန၊ မိုင်းဌာန၊ တရားရေးဌာန၊ ဧည့်ဂေဟာ၊ စစ်ဆေးရုံ၊ စစ်သင်တန်းဌာန၊ ဘု ရားရှစ်ခိုးကျောင်း၊ ဘုန်းကြီးကျောင်း၊ လက်နက်ကြီးကုန်း၊ ဆက်သွာရေးဌာန၊ စစ်ရုံးချုပ်၊ စစ်အချုပ်၊ ရိက္ခာဂိုဒေါင်များ၊ ကွန်မန်ဒိုကုန်း၊ စီးဝေးခန်းမ၊ စစ်တန်းလျားများရှိသည့် ဌာချုပ်ကြီးဖြစ်သည်။
ထို့ပြင် ရပ်ကွက်များ ရှိပြန်သည်။ လောကွားလူ ကပေါလူ ထူးဝါးလူ ပဟီလူ ဖွေးဘောလူ ဖူးမြလူ ထီးသေဃီ ယာဒေးနီ စသည့် ရပ် ကွက်များရှိသည်။ KNDO ဌာနချုပ်နားတွင် အာဇာနည်များဗိမာန်ရှိသည်။ ကွယ်လွန်သွားပြီးဖြစ်သော မိမိ၏ မိဘနှစ်ပါးစလုံး မြုပ်နှံ ထားသည်။ အထက်တန်းကျောင်းများ၊ ဖူးရသေ့ ၏ တိုင်းရင်းဆေးကျောင်း လည်းရှိသည်။ လက်နက်ကြီး၊ အခြေခံစစ်သင်တန်း၊ ဗိုလ် သင်တန်းကျောင်း ရှိသည်။
တပ်ရင်း (၁၂)၊ တပ်မဟာ (၄) မှ မာနယ်ပလော ဗဟိုဌာနချုပ်သို့ပြန်ရောက်ပြီး ဗိုလ်ချုပ်စောမောင်မောင် စစ်ကော်မတီအတွင်းရေးမှူး ၏ DAB တွင် မိမိအားတာဝန်ပေးသည်။ ဗိုလ်ချုပ်စောမောင်မောင် (ကွယ်လွန်) အား သတင်းပို့ပြီး နေရန်အိမ်မရှိသေးသဖြင့် ဗိုလ်ချုပ် ကြီးစောဗိုလ်မြ အား အိမ်လိုကြောင်းသတင်းပို့သဖြင့် သစ်တောဌာနတာဝန်ခံ အောင်ဆန်း (လက်နက်ချ) အား အိမ်တဆောင်စာ သစ် တိုက်ပေးရန် ဗိုလ်ချုပ်မြမှ ရန်ညွှန်ကြားလိုက်သည်။ ကပေါလူ တွင် အိမ်ဆောက်ရန် နေရာကိုသားများ၊ ရဲဘော်များနှင့် မြေညှိခြင်း၊ နေရာရှင်းခြင်းလုပ်နေသည်။ ရန်သူ့သတင်းကြားဖြတ် (Intercept) အဖွဲ့မှ ရဲဘော်များ လာကူညီလုပ်ကိုင်ပေးကြသည်။ အိမ်မိုးရန် အင် ဖက်နှင့်သစ်များ မရောက်သေးပေ။
DAB စစ်ကော်မတီ အတွင်းရေးမှူးရုံးတွင် တနင်္လာနေ့မှသောကြာနေ့အထိနေပြီး စနေ၊ တနင်္ဂနွေနေ့ (Weekend) များ၌ မိသားစုနှင့် မိဘနှစ်ပါးအခြေချနေခဲ့သော ကပေါလူ တွင် ပြန်နေသည်။ DAB ရုံးတက်စဉ် ကျောင်းသားတပ်မတော်၊ သုတေသနဌာနမှ ထုတ်ဝေ သော ရန်သူ့စစ်အဂါင်္စဉ်ကို လေ့လာသည်။ မိမိတို့ စစ်ဦးစီးဌာနချုပ်မှ ကြားဖြတ်သတင်း၊ တိုက်ပွဲအစီရင်ခံစာများကိုလေ့လာသည်။ အ ထူးသဖြင့် မိမိရောက်ရှိနေသော ဗဟိုဌာနချုပ် ဝန်းကျင်ရှိရန်သူ့တပ်တည်၊ လှုပ်ရှားမှုများကို ဦးစားပေးလေ့လာသည်။
ရန်သူ့အ ကြောင်း လေ့လာရာ၌ တပ်အမျိုးအစား၊ တပ်တည်၊ လက်နက်တတ်ဆင်မှု၊ စရိုက်၊ အမူအကျင့်များကို လေ့လာသည်။ အထူးသဖြင့် (ရတခ) အရှေ့တောင်တိုင်းတက်များ၏ အခြေအနေ၊ နောက် တပ်မ (၆၆) နှင့် တပ်မ (၈၈) တို့၏ လှုပ်ရှားမှုများကို လေ့လာသည်။ ရန်သူသည် မာနယ်ပလော ဗဟိုဌာနချုပ်ကို အရထိုးစစ်ဆင်သိမ်းပိုက်ရန် ကြီးမားသောရည်ရွယ်ချက်ထားရှိသည်။
တပ်မ (၆၆) သည် မာနယ်ပလော ချေမှုန်းရေးတာဝန်ယူရပြီး၊ တပ်မ (၈၈) သည် စစ်ဆင်ရေးအတွက် ထောက်ပံ့ရေးနှင့် ပို့ဆောင် ရေး ထောက်၊ ပို့ တာဝန်ယူရမည်ဖြစ်သည်။ တပ်မ (၆၆) အားတပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးတင်ဝင်း၊ (၆၆၁)၊ (၆၆၂)၊ (၆၆၃) ဗျူဟာမှူးများမှာ ဗိုလ်မှူးကြီးအောင်သိန်း(ခန့်မှန်း)၊ ဗိုလ်မှူးကြီး စိုးဝင်းမောင်နှင့်ဗိုလ်မှူးကြီး သူရမြင့်မောင် တို့ ဖြစ်သည်။ တပ်မ (၆၆) လက်အောက်ခံတပ်များမှာ ခလရ (၁၁) (၁၄) (ရ၅) (၈ဝ) နှင့် ခမရ (၄) (၅) (၆) (၁ဝ) (၁ဝ၈) စုစုပေါင်း (၁ဝ) ရင်းဖြစ်သည်။ အမတ၊ အမြောက်တပ် (၃) (၅)၊ ကွန်မန်ဒို တပ်ခွဲ (၃) ခွဲ၊ လေတပ်မှာ တရုပ်လုပ် F-7 ယူဂိုစလပ်လုပ် G-4၊ ဆွစ္စ ဇာလန်လုပ် PC-7 PC-9 ဖြစ်သည်ဟုသိရသည်။ ရန်သူအသုံးပြုနေသောလက်နက်ကြီးများမှာ (၈၁) မမ၊ (၁၂ဝ) မမ စိန်ပြောင်းများ၊ (ရ၅) မမ၊ (၈၄) မမ (၁ဝ၆) မမ နောက်ပွင့် ရိုင်ဖယ်များ၊ (၂၅) ပေါင်ဒါအမြောက်ကြီးများ၊ ပွိုင့် ၅ စက်ကြီးများ အစုံအလင်ပါသည်ဟု သိရသည်။ အထမ်းသမားပေါ်တာ ထောင်ချီ၍ ဖမ်းလာကြောင်းသိရသည်။
တနေ့ မိမိသားများ၊ ရဲဘော်များနှင့် အိမ်တိုင်ထူနေစဉ်၊ ဗိုလ်ချုပ်မြမှ ၎င်းထံသတင်းပို့ရန် မိမိစကားပြောစက်မှ ပေါ်ထွက်လာသဖြင့် ၎င်း နှင့်သွားတွေ့သည်။
“နက်ဖန် တပ်မဟာ (၆) က ကျောင်းသားတပ်ဖွဲ့ရောက်မယ်၊ ကျောင်းသားအဖွဲ့ကို ဦးစီးပြီး ထွီဖါးဝီးစစ်မြေပြင်တခုမှာ နေရာသွားယူ” တဲ့ …
လိုအပ်ချက်များကို မိမိဌာနမှူး ဗိုလ်ချုပ်မောင်မောင်သို့ တင်ပြလိုက်သည်။ DAB ကီးဒို စစ်ကြောင်းအဖြစ်ဖွဲ့စည်းရန်လိုအပ်သောတိုက် ပွဲဝင်ပစ္စည်းများ၊ တပ်အင်အားများ ထုတ်နုတ်ဖွဲ့စည်းရန် ဗျူဟာမှူးဖြစ်သော မိမိညီမလေးနန်းနွယ်ဇန်၏ ခင်ပွန်း ဗိုလ်မှူးကြီး လောဝါဒိ (ကွယ်လွန်) ကို ညွှန်ကြားလိုက်သည်။
နောက်နေ့ဗိုလ်ချုပ်မောင်မောင် (ကွယ်လွန်) မှ …
“ကျောင်းသားတပ်ဖွဲ့ရောက်ပြီး၊ လိုအပ်ချက်များလာရောက်စီစဉ်ရန်” ဟု
အကြောင်းကြားလာသဖြင့် မိမိသွားတွေ့သည်။ ကျောင်းသားတပ်မတော်မှ ရဲဘော်များ ပွဲကြီးပွဲကေါင်း ဆင်နွှဲရတော့မည်ဖြစ်သဖြင့် စိတ်ဓါတ်တက်ကြွနေသည်။ သို့သော် M ၁၆ များသာပါလာသည်၊ ပါလာသော လက်နက်ငယ်များမှာ အလုပ်မဖြစ်သည်က များနေ သည်။ ထို့ကြောင့် ကိုညဏ်ထွန်းကိုခေါ်၍လက်ထောက် စစ်ထောက်ချုပ်ထံသွားသည်။ M ၁၆ ပြောင်းသစ်များလဲသည်။ M 79 ၊ RPG အလက်၊ အသီးများထုတ်သည်။ စစ်ချပ်စစ်ပစ္စည်းများထုတ်သည်။ အစားအသောက်များထုတ်သည်။ လွှနှင့် ပေါက်တူး ပေါက်ပြားများ ထုတ်သည်။ မကျန်းမာသူများကိုဆေးရုံပို့သည်။ ဆေးမှူးအားလိုအပ်သော ဆေးပစ္စည်းများ ထုတ်စေသည်၊ ကျည်များဖြည့်သည်။ လက်နက်ငယ်တလက် ကျည် ၃ဝဝ စီဖြည့်ခိုင်းသည်။ လက်ပစ်ဗုံး၊ရှေ့ထွက်မိုင်း၊ နင်းမိုင်းအစုံထုတ်သည်။ အားလုံးစုံသလောက် ရှိပါ ပြီး။
ဗဟိုစစ်ဦးစီးဌာနချုပ်ရှိ ဗိုလ်မှူးဘော်ကျော်ဟဲဦးစီး ကွန်မန်ဒိုတပ်ရင်းတရင်းလုံး၊ ကျောင်းသားတပ်မတော် တပ်ရင်း(၂ဝရ) (၂ဝ၈) (၂ဝ၉) တပ်ရင်းများ၊ တပ်မဟာ (ရ) လက်အောက်ခံ တပ်ရင်း (၁၉) (၂ဝ) (၂၁) (၂၂) တပ်ရင်းများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့များ၊ NLD-LA မှတပ်ဖွဲ့များ၊ တပ်မဟာ(၂) (၃) (၆) မှ တပ်ဖွဲ့များ၊ ကရင်လူငယ် KYO လူငယ်များ၊ KWO အမျိုးသမီးများ၊ ကော် သူးလေအထက်တန်း ကျောင်းသူကျောင်းသားများ၊ ဗိုလ်မှူး ဝေါထယ် (တတိယ နိုင်ငံရောက်) ဦးစီး ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကြီး စောအဘီး (ကွယ်လွန်) ဦးစီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဗဟိုလက်နက်ကြီးတပ်ဖွဲ့၊ ဒီမိုကရေစီ အဖွဲ့အစည်းပေါင်းစုံမှ ရဲဘော်ခေါင်း ဆောင်များ တပ်ပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံမှ ရန်သူ့ကျူးကျော်စစ်ကို ခုခံရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်နေသည်။
ကပေါလူရှိ ဗျူဟာမှူးရုံးတွင် အလုပ်ရှုပ်နေသည်။ ပွိုင့် (၄ဝ၄၄) နှင့် ပါတ်ဝန်းကျင်သဲမြေပုံကြီးသည် ရန်သူ့စစ်ကြောင်းများ၏ ထိုးစစ် လမ်းကြောင်းများကိုပြနေသည်။ ကြားဖြတ်ဌာနတာဝန်ခံ ဗိုလ်သူလိုင် သဲမြေပုံရှိ ရန်သူ့ထိုးစစ်ဆင်လာရာလမ်းကြောင်း၊ တပ်အမျိုးအ စားများကို ရှင်းပြနေသည်။ ဗိုလ်ချုပ် ကစယ်ဒို၊ ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒိမှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ၊ တပ်ဖွဲ့မှူးများကို မိမိ တို့တိုက်ခိုက်ရမည့် စစ်ဂွင်များကို ရှင်းပြနေသည်။ မိမိ DAB ကီးဒိုစစ်ကြောင်းအား တပ်မဟာ (ရ) တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် တာဝန်ပေးလိုက်သည်။ မိမိလက်ချင်းချိတ်ရမည့် တပ်ရင်း (၂ဝ) စစ်ကြောင်းမှူးသည် တပ်ရင်း (၂ဝ) ဒုတိယ တပ် ရင်းမှူးဖြစ်သည့် ဗိုလ်မှူးကျော်ဟဲ ဖြစ်သည်။ မျိုးချစ်စိတ်ရှိပြီး တိုက်ရည်ခိုက်ရည်ဝနေသောတပ်မှူးဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး နော်တော့ ဖြစ်သည်။
DAB ကီးဒို စစ်ကြောင်းကျောင်းသားတပ်မတော် တပ်ရင်း (၂ဝ၄) (၂ဝ၅) ဖြင့်ဖွဲ့စည်းထားသော (၂၁၆) တပ်ရင်းမှ မိမိစစ်ကြောင်းတွင် ကိုတင်စိုး (မဆလတပ် ထွက်) ဦးစီးသော ကျောင်းသားတပ်တော်မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး (စိုးအောင်) ဦးစီး (ကလလတ) (ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး) မှ တပ်ခွဲတခွဲ၊ ဗိုလ်ကြီး ကမော် ဦးစီးတပ်မဟာ (၂) မှ တပ်ခွဲတခွဲ၊ ဗဟိုစစ်ဦးစီးဌာနချုပ်၊ အထူးပြောက် ကျားတပ်ဖွဲ့ ဗိုလ်မှူး ထီးမှူး ဦးစီးတပ်ခွဲတခွဲ၊ မိမိစစ်ကြောင်းရုံးတွင် မိမိသား ဗိုလ်လှထွန်းဦး (ဗိုလ်ချာတိတ်) ဗိုလ်သင်တန်းအပါတ်စဉ် (၃) ဆင်း၊ (ဗိုလ်မှူး ကြီးအေးမြင့် ပို့ချပေးသောသင်တန်းအပါတ်စဉ်) ဦးစီးတပ်စုတစုဖြင့် DAB ကီးဒို စစ်ကြောင်းကို ဖွဲ့စည်းထားသည်။
စစ်ကြောင်း တပ်ရေးဗိုလ်ကြီးအဖြစ် ABSDF မှ ကိုဥာဏ်ထွန်း၊ တပ်ထောက် ဗိုလ်ကြီး အဖြစ် ABSDF မှ ကိုကျော်ဆွေ (မဆလ တပ်ထွက်)၊ စစ်ကြောင်း ရုံးတပ်စုတွင် (၆ဝ) မမ တာဝန်ခံ ကျောင်းသားတပ်မတော်မှ ကိုညိုမင်းထွန်း (မွစ္စလင်) (မဆလတပ်ထွက်)၊ စစ်ကြောင်း ဆသရ၊ ကြားဖြတ်၊ လက်နက်ကြီး၊ ဆေး အဖွဲ့ဟူ၍ဖွဲ့စည်းထားသည်။ ဆေးအဖွဲ့ ဒုတိယဆေးတာဝန်ခံမှာ ABSDF မှ ကိုထွန်း ထွန်းဦး (မောင်ခိုင်စွပ်)နှင့် ဆေးအဖွဲ့ဝင် ရဲဘော်မောင်တူး (စာရေးဆ ရာ) ယခု DVB အသံလွင့်ဌာနတို့ ဖြစ်သည်။
ရှေ့တန်း ကျောင်းသားတပ်မတော် တိုက်ခိုက်ရေးတပ်ဖွဲ့များအတွင်း တပ်စုမှူး ကိုကြည်ဝင်း (မဆလတပ်ထွက်) တပ်စုမှူးကိုခင်စိုး (မဆလတပ်ထွက်)၊ တပ်စုမှူး ကိုမှတ်ကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကို ဇော်လှိုင်ဝင်း (ရဲထွက်) တို့ဖြင့် ဖွဲ့စည်းထားသည်။ စစ်ကြောင်းသည် တပ်ပေါင်းစုံမှတပ်ခွဲများဖြင့် ပူးပေါင်းဖွဲ့စည်းထားသဖြင့် လက်နက် တတ်ဆင်မှုမတူကြပေ။ တချို့တပ်ခွဲများ လက်နက်ကြီး RPG၊ စက်လတ်များစွာရှိပြီး ကျောင်းသားတပ်မတော်နှင့် တပ်မဟာ (၂) တပ် ခွဲများ၌ လက်နက်ကြီး အင်အားနည်းနေသည်။ ဟန်ချက်ညီတိုက်နိုင်ရန်အတွက်၊ တနေ့စစ်ကြောင်း အရေးပေါ် အစီးအဝေးခေါ်ယူ သည်။