Tuesday, February 26, 2019
လာချင်အုံးဟဲ့ အမေရိကား
လာချင်ဦးပဲာ့ အမေရိကား
အမေရိကားတွင် အရာမှန်သမျှကို အင်္ဂလိပ်လိုပဲသင်ရသည်
အရာမှန်သမျှကို အင်္ဂလိပ်လိုပဲသင်ရမည်။ စာဖတ်သည့်အခါ မသိသည့်စကားလုံးတွေများမည် ၊ ဆရာရှင်းပြနေရင် သေချာနားထောင်ရင်တောင် ဘာတွေပြောနေမှန်းနားမလည်ဖြစ်မည်။
အင်္ဂလိပ်စာအက်ဆေးရေးရင် ကိုယ့်ပာာကိုယ်ရေးနေတာ မှားနေသည် ၊လုံးဝကို ကြိမ်းသေမှန်သည်ပာု ခံစားချက်ကမရှိ ၊ မရေးလို့ ကလည်းမရတော့ ဘာတွေရေးနေမှန်းမသိ။ ရလဒ်က အမှတ်ကမကောင်းဘူး။
ဒါမျိုးကို ကျွန်တော် ၁၀ တန်းတုန်းက ELA Regents ဖြေတော့ ဖြစ်ဖူးပါသည်။
ကိုယ့်ပာာကိုယ်ဘာတွေရေးနေလည်းမသိဘူး။ ရေးလိုက်တာပဲ။ စာမေးပွဲအမှတ်ထွက်တော့ အမှတ်စာရင်းက သိပ်မကောင်း။ အောင်လို့ တောသေးတယ်။
အင်္ဂလိပ်စာပေ စာမေးပွဲကိုကျမယ်လို့ တောင်ထင်ထားတာ။ အောင်လို့ တော်သေးတယ်။ ၆၅ ရမှ အောင်မယ်။
ဒီမှာ စနစ်ရှိတယ်။ ၇၅ မပြည့်မချင်း ဆရာတွေက ထပ်ဖြေခိုင်းမှာ။ ကိုယ်က ၇၅ကို ကွက်တိရသွားတာ။
ဘယ်လို့ ရသွားမှန်းတောင်မသိဘူး။ ကျမှန်းလို့ တောင်ထင်ထားတာ။ ငါတို့ နောက်နှစ်ပြန်ဖြေရမယ်ပေါ့။
ဒီမှာက စာမေးပွဲကျရင် ၆၅ မှတ်အောက်ရရင် အတန်းမကျဘူး။
အတန်းက တင်ပေးလိုက်တယ်။ ဒါပေမဲ့ ထိုစာမေးပွဲကို မအောင်မချင်း ၆၅ အထက် ရအောင်ဖြေရမယ်။
Friday, February 15, 2019
Apple ဖခင်ကြီးရဲ့ သံဝေဂ သတိစကား
Apple ဖခင်ကြီး ရဲ့သံဝေဂ သတိစကား
****************************
ကမ္ဘာသိ အောင်မြင်ကျော်ကြားသူရဲ့
ဘ၀နေချိန်လေးမှာ နောက်လူတွေသိဖို့ ထားခဲ့တဲ့ သံဝေဂ သတိစကားတွေကို ပြန်လည်ဝေမျှဝေလိုက်ပါတယ်။
စတိဗ်ဂျော့စ်ရဲ့နောက်ဆုံး စကားလုံးများ (ဝါ)
စတိဗ်ဂျော့စ်ရဲ့သံဝေဂ။
I reached the pinnacle of success in the business world.
ကျနော်ဟာစီးပွားရေးလောကရဲ့အထွတ်
်အထိပ်အောင်မြင်မှုတွေကို ရရှိခဲ့တယ်။
In others’ eyes, my life is an epitome of success.
အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ကျနော့်ဘဝဟာအောင်မြင်ခြင်းရဲ့စံနမူနာပြပေါ့။
However, aside from work, I have little joy.
ဒါပေမဲ့ ကျနော့်မှာ အလုပ်ကလွဲရင် ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပါပဲ။
In the end, wealth is only a fact of life that I am accustomed to.
နောက်ဆုံးတော့ ကျနော်နဲ့ တစ်သားတည်း ရှိနေခဲ့တဲ့ ဓနဥစ္စာဆိုတာလည်း
လောကတံဟာ ဓမ္မတာတရားပါပဲ။
At this moment, lying on the sick bed and recalling my whole life,
အခုလို လူနာကုတင်ပေါ်မှာ
လဲလျောင်းနေရတော့ကျနော
့်ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားနေမိတယ်။