Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, March 4, 2014

ONE Kachin ဆိုသည်မှာ ( ဘာသာပြန်ဆောင်းပါး )



ကချင်မျိုးနွယ်စုဝင်များ ဖြစ်ကြသော ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရ၀မ်နှင့် ဇိုင်ဝါး လူမျိုးစုတို့သည် ရှေးပဝေသဏီ အချိန်ကာလမှစ၍ တူညီသော နောက်ခံသမိုင်းကြောင်းဖြင့် နေထိုင်ခဲ့ကြသည့် ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်။ ယခုအခါ ကချင်မျိုးနွယ်စုဝင်များ၏ ဘာသာစကား (Dialect) အမျိုးအစားစုံလင်ကွဲပြားမှုကို အကြောင်းပြကာ တိုင်းတစ်ပါးသား လူမျိုးခြားများမှ ကချင်လူမျိုးကို မျိုးနွယ်စုအမည်များဖြင့် အစိတ်စိတ် အမွှာမွှာ ခွဲခြားရန် ကြိုးစားနေကြသည်။

အချိန်ကာလကြာမြင့်စွာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့ကြသည့် အတွက် နေရာဒေသအပေါ်မူတည်၍ လေယူလေသိမ်း၊ စကားလုံးနှင့် ဝေါဟာရ ကြွယ်ဝမှုတို့တွင် အထိုက်အလျောက် ကွဲပြားမှုများရှိသော်လည်း ကချင်မျိုးနွယ်စုဝင်များသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဆင်ယင်ထုံးဖွဲ့မှု နှင့် ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းတို့၌ တူညီကြသည့်အလျောက် မျိုးနွယ်စုတစ်ခုနှင့် တစ်ခု ခွဲခြားမရနိုင်ဘဲ တစ်ခုတည်းသော လူမျိုးအဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်လျက်ရှိပါသည်။

ကချင်မျိုးနွယ်စုဝင်များသည် မိမိတို့၏ ရွှေ့ပြောင်းနေထိုင်မှုသမိုင်းတွင် အထင်ကရ ဒေသ များဖြစ်သည့် မလိခူးမဂျွယ် (Mali Hku Majoi)၊ ကျိုင်ခူးမဂျွယ် (Chyai Hku Majoi)၊ ခရန်ခူးမဂျွယ် (Hkrang Hku Majoi) စသည့် ဒေသများ၌ အခြေချနေထိုင်ခဲ့ကြပြီး မြောက်အရပ်မှ တောင်ဘက်အရပ်သို့ ဆက်လက် ရွှေ့ပြောင်းနေထိုင်ကြသည်။ ဤသို့ အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည့်အတွက် ဘာသာစကားအရ အရပ်လေးမျက်နှာကို ခေါ်ဝေါ်ရာ၌ပင် အရှေ့(Sinpraw)၊ အနောက်(Sinna)၊ မြောက်(Dingdung)၊ တောင်(Dingda) ဟူ၍ အစဉ်လိုက် သတ်မှတ် ခေါ်ဆိုကြပါသည်။

ကချင်မျိုးနွယ်စုဝင်များ၏ ဘိုးဘေးများဖြစ်ကြသည့် ရှေးဦးကချင်လူမျိုး(Proto Kachins)များသည် မွန်ဂိုဒေသ(Mongolia)တွင် စစ်တိုက်ကာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းခေတ်ကို Xiongnu (匈奴) ခေတ်ဟု ခေါ်သည်။ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီးကို မဆောက်လုပ်မီ ခေတ်ကာလ ဖြစ်သည်။ ထိုခေတ်ကာလတွင် ပြောဆိုခဲ့သည့် စကားအချို့ကို ရ၀မ်(နုန်)လူမျိုးများ ယနေ့တိုင်အောင် သုံးစွဲပြောဆို နေကြဆဲဖြစ်သည်။

ရှေးဦးကချင်လူမျိုးများသည် တိဘက်ကုန်းမြင့်ဒေသ (Tibetan Plateau)၊ ချင်းဟိုင် (Qinghai -青海) ရေအိုင်နှင့် ချန်း(ခေါ်)ယန်စီ (Yangtze - 长江) မြစ်ဖျား ဒေသများတွင် နေထိုင်ခဲ့ကြပြီး ဆားချက်ကာ အသက်မွေး ၀မ်းကျောင်းပြုခဲ့ကြသည်။ လီဆူ၊ တိဘက်နှင့် ဂျိန်းဖော့လူမျိုးများသည် ဆားချက်လုပ်သည့် လူမျိုးများဖြစ်ကာ ချန်းမြစ်ဖျားဒေသမှ စတင်၍ ရွှေ့ပြောင်းနေထိုင်သွားကြသည့် လူမျိုးများဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ယူနန် (Yunnan) ပြည်နယ်၊ တလီ (Dali) မြို့ရှိ ရှေးဟောင်း သုသေသနပြတိုက်တွင် ပြသထားသည်။ ကချင်မျိုးနွယ်စုတို့၏ သမိုင်းနောက်ခံတူညီမှုကို ဖော်ညွှန်းသည့် ထင်ရှားသော သက်သေ အထောက်အထား တစ်ခုပင်ဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သည့် အချိန်ကာလတစ်လျှောက်တွင် မိမိတို့၏ လူမျိုးစုများ ရောက်ရှိနေထိုင်ရာ ဒေသရှိ အသုံးအဆောင်၊ အလှအပအဆင်တန်ဆာများကို သုံးစွဲခဲ့ကြရသည့်အတွက် ဘာသာစကား၊ ရိုးရာဝတ်စုံနှင့် ဆင်ရင်ထုံးဖွဲ့မှုတွင် ကွာခြားမှု အနည်းအကျဉ်းရှိခဲ့သည်။ ဂျိန်းဖော့ရိုးရာဝတ်စုံပင်လျှင် ဗန်းမော်ဝတ်စုံ၊ ခခူးဝတ်စုံစသဖြင့် နေရာဒေသကိုလိုက်၍ ကွဲပြားသည်။ သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း တူညီသော ရိုးရာဓလေ့ ထုံးတမ်းများနှင့် ရွှေ့ပြောင်းအခြေချမှုသမိုင်းတို့က ကချင်မျိုးနွယ်စုများကို ပိုင်းခြားခွဲထုတ်၍ မရအောင် အခိုင်အမာ သက်သေခံလျက် ရှိပါသည်။

ထိမ်းမြားလက်ထပ်မှုကိစ္စတွင် ကချင်မျိုးနွယ်စုဝင်များအားလုံး၌ စနစ်တစ်ခုတည်းသာ ရှိသည်။ မည်သည့်မျိုးနွယ်စု၊ မည်သည့်မိသားစုတွင် ပါဝင်သည်ဖြစ်စေ၊ ညီအစ်ကိုမျိုးနွယ် (Hpu Nau) - ယောက္ခမမျိုးနွယ်(Mayu) - သားမက်မျိုးနွယ် (Dama) ဖိုခနောက်ဆိုင် တော်စပ်ပုံစနစ်အရ ဤခေါင်းစဉ် သုံးခုအောက်တွင်သာ ရှိသည့်အတွက် ကချင်အားလုံးမှာ ဆွေမျိုးအရင်းအချာများသာ ဖြစ်ကြသည်။ ဤစနစ်သည် မည်မျှဝေးကွာနေသူများပင် ဖြစ်ပါစေ၊ တစ်သွေးတစ်သား တစ်စိတ်တစ်ဝမ်းတည်း ဖြစ်အောင် ရစ်နှောင်ထားသည့် တွဲလက်များပင် ဖြစ်ပါသည်။

ကချင်မျိုးနွယ်စုဝင်များ၏ တူညီသည့် အခြားအကြောင်းအရာတစ်ခုကို ညွှန်းဆိုရလျှင် ကချင်မျိုးနွယ်စုများသည် ဖခင်၏မျိုးနွယ်ကို လိုက်၍ အမည်မှည့်ဆိုသောစနစ်ကို အသုံးပြုသည်။ မိခင်၏ မျိုးနွယ်ဖြင့် အမည်မှည့်ဆိုခြင်း မရှိဘဲ၊ ဖခင်၏ မျိုးနွယ်ကိုလိုက်၏ အမည်မှည့်ခေါ်သည့် စနစ် (Patrilineal) ဖြစ်သည်။ ဖခင်သည် လဖိုင် (Lahpai) မျိုးနွယ်ဖြစ်ပါက သား၊ သမီးများသည်လည်း လဖိုင်မျိုးနွယ် ဖြစ်ကြပြီး မိခင်ဘက်မှ မျိုးနွယ်ကို ယောက္ခမမျိုးနွယ်အဖြစ် အလွန်ရိုသေတန်ဖိုးထားကြသည်။ တစ်ဘက်မှလဲ သားမက်မျိုးနွယ်ကို များစွာအားကိုးအားထားပြုကာ ပုံမှန်ဝင်ထွက်သွားလာကြသည်။ ဥပမာဆိုရလျှင် ဖခင်ဖြစ်သူ လောဝ်ဝေါ်ဖြစ်ပါက သားသမီးများသည်လည်း ဖခင်၏ မျိုးနွယ်အမည် ဆက်ခံကာ လောဝ်ဝေါ်လူမျိုးပင် ဖြစ်သည်။ မိမိတို့ ကချင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို စိုးစဉ်းမျှ သိရှိနားလည်ခြင်းမရှိပဲ ဂျိန်းဖော့လူမျိုးကြီးဝါဒဟုဆိုကာ မရှက်မရှိ ၀ါဒဖြန့်နေကြသည့် တိုင်းတစ်ပါးသား လူမျိုးခြားတို့၏ ကလိန်စေ့ငြမ်းဆင် လုပ်ဇာတ်များကို နားမယောင်ဖို့ လိုသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးများအနက် ကချင်လူမျိုး၌သာ ဤကဲ့သို့သော မျိုးနွယ်အမည် မှည့်ခေါ်သည့်စနစ်(Family Name System) ရှိခြင်းမှာလည်း ကချင်လူမျိုးတို့၏ ထင်ရှားသည့် ၀ိသေသလက္ခဏာပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တရုတ်၊ ကိုးရီးယားစသည့် လူမျိုးအချို့တွင်လည်း မျိုးနွယ်အမည် မှည့်ခေါ်ကြသည်။

Thursday, October 31, 2013

လွမ်းရတဲ့  အညာ

အခုပုံမျိုးတွေတွေ့တော့ အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊ ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊ အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊ ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊ သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊ Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊ ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက် ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က ၀တ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန် တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။

Friday, October 18, 2013

တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။by (မင်းဒင်)

Zaw Lin shared Min Din's photo.
တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။ (မင်းဒင်) ၁။ ဗမာဖြစ်ရတဲ့ဒုက္ခ ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။ စက်တင်ဘာ၆ မြတ်ညို(အလွတ်သတင်းထောက်) ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။ ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။ ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ 

Wednesday, September 25, 2013

“သူတို့ဖို့လဲ….အမျှဝေပါ“BY - Maung Kyaw

Htun Htun Oo Nld and 4 other friends shared Mungdung La's photo.
“သူတို့ဖို့လဲ….အမျှဝေပါ“

သမိုင်းဆိုတာဖျောက်လို့မရဘူးတဲ
့…။ သိပ်ရတာပေါ့ … လောကကြီးမှာ…လူသိတဲ့သမိုင်းထက်…လူမသိတဲ့သမိုင်းက အဆပေါင်းများစွာပိုတယ်ဆိုတာကို…နားမလည်နိုင်တဲ့သူတွေပြောကြတာပါ ။ လူသိတဲ့သမိုင်းတောင် ဘယ်သူတွေရေးလို့ ဘယ်လောက်မှန်တယ်ဆိုတာ ရှိသေးတယ် ။ တကမ္ဘာလုံးက စစ်ရေးသမားတွေ…သိကြလေးစားကြတဲ့… နာမည်ကြီး တရုတ်စစ်သေနာပတိ „“ဆွန်ဇူး“ ဘယ်ပျောက် ဘယ်ရောက်သွားတယ်ဆိုတာ အခုထိဘယ်သူသိသလဲ။ လက်တင်အမေရိက ကျူးဘားမှာ အောင်မြင်တဲ့တော်လှန်ရေး လုပ်ပြီး…ဘူလီးဗီးယားမှာကျဆုံးခဲ့တဲ့.. ချီဂွေးဘားရား ဟာ..အာဖရိကတိုက် ကွန်ဂိုနိုင်ငံလေးကိုကယ်တင်ဘို့လဲ အဲဒီမှာ တော်လှန်ရေးလုပ်ခဲ့တာ.. သူကျဆုံးပြီး နှစ်ပေါင်း ၃၀ ကြာမှသိကြတယ် ။ ထားပါတော့......

ကိုသာဝ: အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထ...

ကိုသာဝ: အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထ...: ဂါရဝပြုခြင်း             ဤသမိုင်းဆောင်းပါးပါ ကျောက်စာ၊ ပေစာ မှတ်တမ်း အချက်အလက် အထောက်အထားများကို ပြည့်စုံစွာ စုဆောင်း ရှာဖွေ ဖော်ထုတ်...

Thursday, September 19, 2013

ရင်ခွင်လမ်း လေးထဲမှာ : "ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ ...

ရင်ခွင်လမ်း လေးထဲမှာ : "ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ ...: “သမီးကို မိဘတွေက ကျောင်းဆက် မထားနိုင်တော့တဲ့ အဖြစ် ဆိုတော့ လူပွဲစား ကလည်း ရပ်ကွက် ထဲမှာ ထိုင်းကို သွားပြီး အလုပ် လုပ်ဖို့ မက်လုံး...

Thursday, July 18, 2013

MY TESTIMONY

AMEN ( အာမင်)
MY TESTIMONY

My name is James. I and my wife Sandra got married 14yrs ago and since then we had no child. As Christians, we still believed God for a baby at the due time. Finally, my wife got pregnant and everything was alright. On the day of delivery, I was driving her to the hospital and suddenly our car collided with an on-coming lorry and we had a fatal accident. My sister narrated it thus:

''We had a call from the police through the identification found on you that you and Sandra were in the hospital. When we came to the hospital, the Doctor asked us to sign some documents so that an operation could be performed on Sandra to bring the baby out. The baby came out alive but Sandra was declared dead while I was in comma with my two legs broken. In the night, a man clothed in white appeared to me and touched my head. From that moment, I started sneezing. After 5mins, I sat up and became a little strong. Then I asked, 'where is my wife'? Then, somebody the next door started sneezing too. That was Sandra. 'She's alive, she's alive', the nurses shouted. Sandra also narrated that the same man clothed in white who touched my head also touched her head. Few days later we were discharged from the hospital. My broken legs have also been restored and I can walk perfectly too.

Monday, July 15, 2013

မန်းကိုကို ~ Mahn Ko Ko: ပြတိုက်ထဲကထွက်ချင်တဲ့ ကရင်တွေရှိသလား

မန်းကိုကို ~ Mahn Ko Ko: ပြတိုက်ထဲကထွက်ချင်တဲ့ ကရင်တွေရှိသလား:    အဦးဆုံးပြောချင်တာက - ဒီစာကို ကရင်တွေအတွက် ရေးပါတယ် ။ အထူးသဖြင့် စာဖတ်သူတွေ အတွက်ပေါ့ ။    ဖတ်မယ့်သူ နည်းမယ်ဆိုတာ သိတယ် ။ ရေ...