Thursday, October 31, 2013

လွမ်းရတဲ့  အညာ

အခုပုံမျိုးတွေတွေ့တော့ အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊ ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊ အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊ ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊ သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊ Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊ ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက် ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က ၀တ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန် တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။

Wednesday, October 16, 2013

ငြိမ်းချမ်းရေးစစ်တမ်း(၂)။ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဘယ်လဲ” October 14, 2013 at 2:15am

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများ၏ လှုပ်ရှာမှုများ အားကောင်း ကောင်း ပေါ်လာချိန်တွင် အယ်န်အယ်လ်ဒီသည် ပျောက်သောလမ်းမှာ စမ်းတ၀ါး ဖြစ်နေပုံရသည်။ ငြိမ်းချမ်းရေး ရရန် မည်သည့်နည်းလမ်းဖြင့် ဖေါ်ဆောင် သွားမည်ကို ယခုအချိန်အထိ ရှင်းလင်းသည့် မူဝါဒ နှင့် လုပ်ငန်းစဉ် မတွေ့ ရ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နှင့် ထိမ်းသိမ်းမခံရခင် ဇူလိုင်လ (၁၅) ရက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ ကျင်းပခဲ့ သည်။ ယင်းတွင် နိုင်ငွေသိမ်း (မွန်အမျိုးသားခေါင်းဆောင်ကြီး) ၏ ရှင်းလင်းဆွေးနွေးချက် အကျဉ်းချုပ်မှာ “တိုင်းရင်းသား တန်းတူရေးကို အာမခံချက်ပေး
ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းမရှိတော့တဲ့ အခါမှာ သူ တည်ဆောက်နေတဲ့ ပြည်ထောင်စု ကြီးဟာ ပြိုကွဲသွားပါတယ်။ ဗမာပြည်မကို ပြည်နယ် မဖွဲ့ ဘဲ ဗဟိုနဲ့ ပေါင်းလိုက်ရင် စားရိတ်သက်သာသွားမယ် ဆိုပြီး ဖွဲ့ စည်းပုံကို ပြင်လိုက်တယ်။ ဒါကြောင့် ၁၉၄၇ ဖွဲ့  စည်းပုံ အခြေခံဥပဒေဟာ ပုံသဏ္ဍာန်ကတော့ ပြည်ထောင်စု၊ အနှစ်သာရအရ တပြည်ထောင် ဖြစ်သွားတယ်။ ပုဂ္ဂိုလ် တယောက်ကို ချဉ်းကပ်ပြီး ကျွန်တော်တို့ ရဲ့ ကံကြမ္မာကို ပုံအပ်လိုက်ရင် ဒီပုဂ္ဂိုလ်မရှိရင် ပျက်စီးသွားမယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ က တောင်းတဲ့ တောင်းဆိုချက်ဆိုတာ ခွဲထွက်ဘို့ မပါပါဘူး။ Federal ဆိုတာ ပေါင်းစပ်ရေးပါ။” [i]

Sunday, October 13, 2013

သိန်းဖေမြင့် - တက်ဘုန်းကြီး.


သိန်းဖေမြင့် - တက်ခေတ်နတ်ဆိုး.


သိန်းဖေမြင့် - ပြန်လမ်းမရှိသောဦးနု.


သိန်းဖေမြင့် - သပိတ်မှောက်ကျောင်းသား (ပ).


သိန်းဖေမြင့် - ကျောင်းသားလူငယ်ပြဿနာများ.


သိန်းဖေမြင့် - ကျော်ငြိမ်း.


နိုင်ငံတကာဥပဒေများကို လေ့လာခြင်း.


သိန်းဖေမြင့် - ငွေစိန် လှေလှော်ရင်း တက်ကျိုးခြင်း.


သိန်းဖေမြင့် - မော်စီတုံးတရုတ်နှင့်မြန်မာ့အချုပ်အခြာအာဏာ.


အရိုး - သေမင်းနှင့်နင်လားငါလား.


နွံထဲကကြာ။ သိန်းဖေမြင့်.


အထောက်တော်လှအောင် - မက်ဟော်တန်၏ မြန်မာတောတွင်းမှာ ရက်(၁၀၀).


မောင်သိန်းဖေ - ကုလား ဗမာတိုက်ပွဲ.


ဒေါက်တာသန်းထွဋ်အောင် - ပြောပြချင်ပါတယ်.


ကျော်ဝင်း - ၂၁ရာစုသားရွှေဥ.


ကျော်ဝင်း - နှလုံးလှသံတမန်.


ကျော်ဝင်း - ကမ္ဘာပြားပြီ တတိယတွဲ.


ကျော်ဝင်း - စာအုပ်များနှင့်ထင်မြင်ချက်များ.


ကျော်ဝင်း - နှင်းခဲပျော်ချိန်.


ကျော်ဝင်း - အတောင်ပါသောစကားလုံးများ.


ကျော်ဝင်း - အင်တာဗျုး.


ကျော်ဝင်း - ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနှင့်မဟာ ပေါက်ကွဲမှုကြီး.


ကျော်ဝင်း - ပင့်ကူအိမ်လူ့ အဖွဲ့ အစည်း.


ကျော်ဝင်း - စိန်ခေါ်ကြသူများ.


သိန်းဖေမြင့် - စစ်အတွင်းခရီးသည်(၁).


သိန်းဖေမြင့် - စစ်အတွင်းခရီးသည်(၂)



နတ်နွယ် - ကမ္ဘာပတ်လည် ရက်(၈၀)


တာရာမင်းဝေ - ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နှင့် ကောင်မလေး