လွမ်းရတဲ့  အညာ
အခုပုံမျိုးတွေတွေ့တော့
အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊
ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး
တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊
အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက
ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊
ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က
ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊
သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊
Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊
ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း
ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို
လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး
ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက်
ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း
ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က
ဝတ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော
အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက
စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန်
တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ
စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။
မဟီမြနန်းတွင်မက အခြားသော ကျွန်တော့်ဝတ္တုကြီးများမှာ ကျုကြမ္မာမျိုးနှင့်ချည်း တိုးခဲ့ရသည်.....။
(၁၉၅၃)ခုနှစ်ဆီနှိုက်“မိုးတွေရွာမှဖြင့်”အမည်ဖြင့်
စိတ္တဗေဒ၀တ္ထုတပုဒ်ကိုရေးရ်ျ၊ သူငယ်ချင်းစာရေးဆရာ ခင်မောင်အေးနှင့်အတူ
မြန်မာပြည်တွင် ပထမ၀ါအရင့်ဆုံး မဂဇင်းကြီးတစောင် ဆီပို့ပေးခဲ့ဖူးသည်။
အပယ်ခံရသည်။ ထိုဝတ္ထုကိုပင်
ကျွန်တော်နည်တက်စ(၁၉၅၉)ခုတွင်“တစ်မိုးသက်လျှင်”ဟုအမည်ပြင်ရ်ျ
မြ၀တီမဂဇင်းကြီးသို့ပို့ခဲ့သည်။ အပယ်ခံရပြန်သည်။
မိုးတွေရွာမှဖြင့်သည်.........တစ်မိုးသက်လျှင်.........ထိုမှ“မိုးညအိပ်မက်မြူ”ဖြစ်လာသည်။
ပရိတ်သတ် ကြီးသိပြီးသော မြစာပေတိုက်ထုတ် စောင်ရေ စံချိန်သစ်ထူခဲ့သော
ဝတ္ထုကြီးပါပေ။ မိုးတွေရွာ မှဖြင့်၊ တစ်မိုးသက်လျှင် နှင့် မိုးညအိပ်မက်မြူ
ကွာခြားချက်တွင် အငြိမ့်သမ လေးနွယ်နှင့် ကိုသစ္စာတို့
အခန်းပိုလာခြင်းသာဖြစ်သည်။....။မိုးညအိပ်မက်မြူအောင်မြင်လာသောအခါ
မလိုသူတစုက...ဟိုရုပ်ရှင် မှီးသည်ည၊ ဟိုရုပ်ရှင်ကူးသည်နှင့်စွပ်စွဲလာကြသည်။
ကျွန်တော့်အဖြေမှာ.......မိုးညအိပ်မက်မြူ ၀တ္ထုကြီး ရေးစဉ်က
သူတို့ပြောသောရုပ်ရှင်သည် ဘယ်ဆီနေမှန်းမသိသေး။
ကျွန်တော်ပြောလိုသည်မှာ စာရေးဆရာနှိုက်မှန်ကန်သောသစ္စာရှိပါ၊
မှန်ကန်သောသစ္စာကို စာဖတ်သူပြည်သူတို့ အလွန်သိသည်။ စာရေးဆရာတစ်ဦး၏
ကံကြမ္မာကို မည်သူကမျှ ၀င်ရောက်အဆုံးအဖြတ်မပေးနိုင်၊
စာဖတ်သူပြည်သူတို့သာလျှင်ပေးနိုင်သည်......။
(၃)
မဟီမြနန်းသည် စာမူအဖြစ်ပျောက်ဆုံးသွားသော်လည်း ကျွန်တော့်ရင်နှိုက်....
မမေ့ပြယ်နိုင်အောင် စွဲထင်ကျန်ရစ်သည်။ အကြောင်းမှာ
ကျုဝတ္ထုသည်ကျွန်တော်ကျင်လည်ခဲ့ရသော ချစ်သောမြေ၏
ဇာတ်လမ်းဖြစ်သောကြောင့်တည်း......။
၁၉၆၀ ခုနှစ်ဆောင်းတွင်းနှိုက်
ကျွန်တော်သည် နယူးယောက်မြို့အနောက်(၆၈)လမ်းရှိ ကျွန်တော်နေရာ အခန်းပြတင်းမှ
အပြင်ဘက်သို့ငေးကြည့်နေသည်။ ကောင်းကင်မှာ မှိုင်းရ်ျနှင်းဖြူဖြူတို့
ထူထပ်စွာကျဆင်းနေ၏။.....။နယူးယောက်၏မိုးထိတိုက်တို့ကလည်း မဲမဲညိုညိုနှင့်
ဆိတ်သုဉ်းစွာရပ် နေကြ၏။ အရိုးကျဲသောသစ်ပင်တို့နှိုက် ဘာရွက်မျှမရှိ.....။
ကျွန်တော်ကစိမ်းနေမည့်ကျွန်တော့်မြေကိုပြန်လွမ်းမိသည်။မဟီမြနန်း၏ဇာတ်လမ်းသည်လည်း၊
ခေါင်းတွင်ပြန်ပေါ်လာသည်၊ထိုခဏတွင်ပင်
ဝတ္ထုနာမည်ကို“စိမ်းနေဦးမည့်ကျွန်တော့်မြေ”ဟုပြင်လိုက်သည်။
စိမ်းနေဦးမည့်ကျွန်တော့်မြေဆိုသည်မှာ ကျွန်တော်ကြီးပြင်းခဲ့ရသည့်
ထုံးဘို၊ပေါင်းတလည်၊ ပေါင်းတည်
စသည့်ပြည်ခရိုင်ကိုရည်ညွှန်းပါသည်။...ထုံးဘို၊ ပေါင်းတလည်၊ ပေါင်းတည်တို့သည်
မိုင်အားဖြင့်ခြားနား ကွာလှမ်းကြသည်။ ထို့ကြောင့်ဝတ္ထုတွင်းမှ
“ရွှေဂူ”ရွာသည်ကျုသုံးရပ်ကိုပေါင်းထားခြင်းဖြစ်သည်။
ဥပမာ ဦးပွါးသိုက်တွင်းများသည်ထုံးဘိုအနီး အကောက်တောင်ပေါ်တွင်ရှိသည်။ ကိုးဆောင်တွဲ ကျောင်းကြီးမှာလည်းထုံးဘိုတွင်ပင်တည်း....။
ရိုးကလေးမှာမူ ပေါင်းတလည်နှင့် ပေါက်ခေါင်းကြားတွင်ရှိ၏။
ဘထွေးရွှေလွန်းမှာ ပေါင်းတလည်နယ် ကံမကြီးရွာမှဖြစ်သည်။ဟဲဟိုးတပ်ကို
စစ်တပ်ထင်ရ်ျဝင်မိသောကိုကျော်ရှိန်၏အဖြစ်မှာ
ငခူအိုင်ရွာ(ပေါင်းတလည်အပိုင်)နှိုက်တကယ်ဖြစ်ခဲ့သည်။
အဓိကမှာ တော်လှန်ရေးအဆက်ဆက် အသက်သွေးပေးခဲ့ကြသော ပြည်ခရိုင်မှတောင်သူလယ် သမား ကြီးများကိုရည်ညွှန်းပါသည်။
ပြည်ခရိုင်သည်တော်လှန်ရေးအစဉ်အလာရှိခဲ့သောခရိုင်ဖြစ်သည်၊ပြည်မြို့မဂါတ်ဝင်းအတွင်းနှိုက်
ကျောက်တိုင်တတိုင်ရှိသည်၊ဆရာစံသူပုန်ကြီးတုံးက
ကျဆုံးခဲ့သောအင်္ဂလိပ်ရာဇ၀တ်ဝန်တဦး၏ အထိမ်းအမှတ်ဖြစ်သည်။
တနည်းအားဖြင့်ထိုစဉ်က အရာအထူးကြီးလှသော ရာဇ၀တ်ဝန်ကျသည်အထိ
ပြင်းထန်သောပြည်ခရိုင်သားတို့၏ တော်လှန်လုပ်ဆောင်ချက် အထိမ်းအမှတ်
။(ကျုကျောက်တိုင်ကို ဖြိုပစ်ကြပြီလားမသိ၊ မဖြိုရသေးလျှင်
မဖြိုရသေးလျှင်ထိမ်းသိမ်းထားနိုင်ပါစေဟု ဆုတောင်း၏၊)
ထင်ရှားသောခေါင်းဆောင်ကြီးများကို လူတိုင်းသိသည်။
မထင်မရှားတော်လှန်ရေးအဆက်ဆက် အသက်သွေးကိုစတေးခဲ့ကြသော
ပြည်ခရိုင်၊ထုံးဘို၊ပေါင်းတလည်၊ပေါက်ခေါင်း၊ပေါင်းတည်နယ်မှ
တောင်သူလယ်သမားကြီးများကိုကျု“စိမ်းနေဦးမည့်ကျွန်တော့်မြေ”၀တ္ထုကြီးဖြင့်ဂုဏ်ပြုပါသည်။
အချို့နေရာတွင် နာမည်မှန်၊အဖြစ်မှန်များကို ထည့်သွင်းထားရာ ကာယကံရှင်မား ခွင့်လွှတ်ရန် ဦးညွှတ်တောင်းပန်ပါသတည်း။
တက္ကသိုလ်ဘုန်းနိုင်
(၂၀.၄.၆၃)
တောင်ကြီးမြို့။
ထပ်ဆင့်အမှာစာ
“စိမ်းနေဦးမည့် ကျွန်တော့်မြေ......”
တမိုးတွင်းနှိုက် တောင်ကြီးမြို့မှ ရန်ကုန်သို့ ကျွန်တော်ဆင်းလာခဲ့သည်။
ပဲခူးတိုင်းလွင်ပြင်သို့ရောက်သောအခါ မိုးလေးဖွဲဖွဲရွာနေသည်။ လယ်ကွင်းတွေမှာရေတင်နေပြီ။
စိုက်ပြီးစစပါးပင်တွေနှင့်၊ပတ်ဝန်းကျင်တခုလုံးသည်
တမျှော်တခေါ်မြပင်လယ်ကြီးဖြစ်နေသည်။ ဟိုးအဝေးဆီမှာတော့
တိမ်ဖြူတွေကျော်တက်နေရသည့် တောင်တန်းစိမ်းမှောင်မှောင်ကြီး.........။
ကားစတီရာရင်ကိုထိန်းမောင်းရင်း ကျွန်တော်ာက သီချင်းဆိုသည်။
“စိမ်းနေဦးမည့် ကျွန်တော့်မြေ............၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ.........၊စိမ်းနေဦးမည့် ကျွန်တော့်မြေx x x”
ဂီတသဘောနှင့်ပြောရလျှင် ယခုရေးပြခဲ့သည့် ၀ါကျသုံးပိုဒ်မှာ
ကျွန်တော့်သီချင်း၏ ထုတ်ဖေါ် ကြေငြာခြင်း(Exposition) သဘောဖြစ်ပါသည်။
ကျုအထိတော့ အနှေးအမြန်(Temop) အသံသွားအသံလာ(Rhythm)နှင့်
အသံများစီစဉ်တင်ဆက်မှု(Melody)တွေရှိပြီးပြီ။ ဘယ်တူရိယာ
အမျိုးအစား၏သဘာဝလက္ခဏာသံ(Timbre)က လွှမ်းမိုးကြီးစိုး ရှေ့ဆောင်နေသည်ကိုပင်
ကျွန်တော် “အတွေးနား”နှိုက်ကြားနေရသည်။
သို့ရာတွင်
သီချင်းကိုတိုးတက်ဖြစ်ထွန်းစေခြင်း(Development)၊
တုံ့လှည့်ခြင်း(Recapitulation)နှင့်နိဂုံးချုပ်ပေးခြင်း(Coda)တို့ဖြင့်
ပြည့်စုံပြီးမြောက်သည်အထိ ကျွန်တော် မစပ်ရသေး၊
အကြမ်းစပ်ထားသည်တို့တော့ရှိသည်။ ကျွန်တော့်ဘာသာပင် ကျွန်တော်မကျေနပ်သော
ကြောင့်ပယ်ချထားသည်။
မပြီးဆုံးးသေးသောတေးပဉ္စင်(Unfinished
Symphony)ဟု ကျွန်တော့်ဘာသာကျွန်တော်အမည်
ပေးထားသည်၊စာသားပါသောာ“သီချင်း”မျိုး(Cantata)ဖြစ်သော
ကြောင့်ဂီတသံချည်းသက်သက် ဖွဲ့စည်းမှုမျိုး(Sonata Form) မဟုတ်သဖြင့်
ကျွန်တော့်သီချင်းကို ဆင်(မ်)နီဟုတော့ ရာနှုန်းပြည့် ခေါ်နိုင်မည်မဟုတ်၊
သို့ရာတွင် ဆင်(မ်)ဖနီတပိုဒ်နီးပါးခံ့ခံ့ညားညား၊ ထည်ထည်ဝါ၀ါ၊ ပြည့်ပြည့်၀၀၊
လွှမ်းလွှမ်းမိုးမိုး ဖြစ်ချင်သည်။
ခွင့်လွှတ်ပါ........။မိုးထိအောင်လှေကားထောင်မိခြင်းဖြစ်ပါသည်။
စာရေးဆရာ၊ကဗျာဆရာတွေ နှိုက်နာမ်သဘောနှင့် စွန့်စားခြင်းမျိုးဖြစ်သည့်
မိုးထိအောင် လှေကားထောင် ခွင့်ရှိသည်ဟု ကျွန်တော်ယုံကြည်သည်။
သြော်....အကြောင်းအရာကလည်း မိုးထိအောင် လှေကားထောင်ခွင့်ပေးသည်ဟုကျွန်တော်ထင်သည်။
အကြောင်းအရာက “စိမ်းနေဦးမည့် ကျွန်တော့်မြေ...........”
ကျွန်တော့်မြေ၊ ကျွန်တော့်ဘိုးဘွါးမိဘများ၏မြေ၊ ကျွန်တော့်သားသမီးမြေးမြစ်များ၏မြေ.........။
အမိနိုင်ငံမြေ......။ မတတ်နိုင်ပါ။ အမိနိုင်ငံမြေကိုကျွန်တော်ချစ်သည်။
နိုင်ငံတကာ ချစ်ကြည်ရေး၊ လူမျိုးစုံ ချစ်ကြည်ရေး လူသားဝါဒ၊
ဗြဟ္မစိုရ်တရား.........။ ကျုသည်တို့ကိုလည်း ကျွန်တော်မြတ်နိုးပါသည်။
တန်ဖိုးထားပါသည်။
သို့ရာတွင်
အမိနိုင်ငံမြေကို ကျွန်တော်ချစ်သည်။...............။အချစ်ဆုံး............။
အမိနိုင်ငံမြေမှာ နေသူတွေရှိခဲ့သည်။ ရှိနေသည်။ ရှိလိမ့်ဦးမည်။
သူတို့ကိုလည်းကျွန်တော်ချစ်သည်။ သူတို့ကြောင့်လည်း ကျွန်တော်သည် ကျွန်တော်ဖြစ်နေသည်။
နို့မဟုတ်လျှင် ကျွန်တော်လည်းမရှိ။
သူတို့မှာမျှော်လင့်ချက်တွေရှိသည်။ မျှော်လင့်ချက်နှင့် လူသည်လူဖြစ်နေသည်။
“ယုံမယုံမှာ သင့်အလိုအတိုင်းသာရှိပါစေတော့...........” ။
ကျွန်တော်ကြီးပြင်းဖြတ်သန်းလာသောခေတ်တွင် မျှော်လင့်ချက်တွေ
ပျောက်ကွယ်လုလုရှိခဲ့သည်။
ကြုံဖူးမှသိပါသည်။
သို့ရာတွင်.........အရှုံးမပေးသူများရှိကြသည်။ သူတို့နှင့်အတူ ကလေးဘ၀ထဲကစပြီး ကျွန်တော်
ခံစားခဲ့ရသည်။ ရုန်းကန်ခဲ့ရသည်။ ၀မ်းနဲဖွယ် ၀မ်းသာဖွယ်တွေကြုံခဲ့ရသည်။
အောင်မြင်ခြင်းတွေရော ဆုံးရှုံးခြင်းတွေကိုပါရင်ဆိုင်ခဲ့ရဖူးသည်
ဘာတွေဖြစ်ဖြစ်....မျှော်လင့်ခြင်းကို လက်မလွှတ်ခဲ့ကြပပါ။
သူတို့အကြောင်းကို ကျွန်တော်ဝတ္ထုရေးသည်။
ပထမက “မဟီမြနန်း”ဟု ကျွန်တော်အမည်ပေးသည်။(၁၉၅၃)ခုနှစ်ကပါ။ ပုံနှိပ်မခံရရုံမက.....
စာမူပင် ပြန်မရခဲ့ပါ။
ကောင်းပါသည်။
(၁၉၆၀) ခုနှစ်နှိုက် “သူများမြေ”တွင်နေထိုင်ရင်း ကိုယ်မြေကို ပြန်လွမ်းသည်။
သြော်.... သူများမြေတွင်ရောက်မှ ကိုယ့်မြေကိုပြန်လွမ်းသူ တဦးလည်းရှိခဲ့ဖူးသည်။
ဝါဒ(စ်)၀က်(သ်)(Wordsworth) ပါ.............။
သူကစပ်ခဲ့သည်။
I travelecl among unknown me.
In lands beyond the sea.
Nor, England! did I know till them
What love I bore to thee.
“သူစိမ်းးဆို လူတွေကြား
ရေခြားတစ်မြေပြင်နှိုက်
ခရီးနှင် ငါတယောက်
ရောက်ခဲ့ရမိ။......။
အို..........မိခင်နိုင်ငံ
တရံဆံမြေမရောက်ခင်က
ဘယ်လောက်ကွယ်သင့်အတွက်
ငါချစ်မက် ရင်နှိုက်သယ်
တာတွယ်ကြောင်း ငါမသိ။
အဲသည်တုံးက သူ့ကဗျာကို ကျွန်တော်မဖတ်ဖူးးသေးပါ။ သူ့ခံစားမှုမျိုးတော့ကျွန်တော့်ရင်မှာရှိနေသည်။
မိခင်မြေ “မဟီမြနန်း”အကြောင်းစိတ်တွင်းနှိုက် ကျွန်တော်ပြန်ရေးသညည်။ ၀တ္ထုအမည်ကိုလည်း
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ဟုပြင်လိုက်သည်။
ဝတ္ထုကတော့ ကျွန်တော်မြန်မာပြည်ကိုပြန်ရောက်ပြီး နှစ်နှစ်အကြာ (၁၉၆၃)ခုနှစ် မေလတွင်မှ ပထမနှိပ်
ခြင်းအဖြစ်ထွက်ခဲ့သည်။
အုပ်ရေစံချိန်သစ်တင်ခဲ့သည်။အကြိမ်ကြိမ်လည်းနှိပ်ခဲ့ရသည်။
တက္ကသိုလ်ဘုန်းနိုင်
(၁၂.၅.၉၇)
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့အမှာစာမပြီးသေးပါ၊ နဲနဲကျန်ပါသေးသည်။ ကွန်ပျူတာ
ပူလာသောကြောင့် ရပ်သွားမည်စိုးသဖြင့် ၊ အမှာစာကိုရပ်လိုက်ပါသည်။
အဓိကသူပြောချင် ဆိုလိုချင်တာ ကုန်သလောက်ဖြစ်ဂ်ျ ရပ်လိုက်ပါသည်။
No comments:
Post a Comment
mr.kyaingtun@gmail.com