Showing posts with label AggaPoeChit ၏ဆောင်းပါးမ်ား. Show all posts
Showing posts with label AggaPoeChit ၏ဆောင်းပါးမ်ား. Show all posts

Friday, June 19, 2020

သူ့ အမြင်


ဖာတီသမိန်ထွန်း ကျနော်တို့ ကရင့်တော်လှန်ရေးကြီး ဘာကြောင့်စတင်ခဲ့ရတာလဲ
ဖါးထီသမိန်ထွန်းအစား အတီးအတီးမန်းဖြေချင်တယ်...ရမလား..မရလဲပြောမှာဘဲ...ကရင်နိုင်ငံရေးအဖွဲ့ အစည်းတွေဟှာမြန်မာနိုင်ငံရေးအဖွဲ့ အစည်းတွေနည်းတူ အင်္ဂလိပ်ဆီကနေလွတ်လပ်ရေးတောင်းဆိုခဲ့တယ်.. ဒုတိယကဘာစစ်မှာ မဟာမိတ်ဘက်ကပါဝင်တိုက်ခိုက်ခဲံတဲ့ အတွက်အတလန်တိတ်ချာတာစာချုပ်အရ ကရင်ဟာလွတ်လပ်ရေး တောင်းခွင့်ရှိတဲ့ အမျိုးသားတရပ်ဖြစ်ခဲ့တယ်..မြန်မာပြည်ကိုဂျပန်လက်ကနေ အင်္ဂလိပ်ကပြန်တိုက်ယူရာမှာ ကရင်တပ်တွေဟာ အဒိကဖြစ်ခဲ့တယ်။ အဂ်လိပ်ခေတ်နှစ်၁၀၀ အတွင်းကရင်တွေစစ်မှုထမ်းခဲ့ကြပြီးစစ်ပညာနဲ့ စစ်ပွဲအတွေ့ အကြုံမြင့်လို့ ဖြစ်တယ်။ ဘီအိုင်အေတပ်ဟာ ဂျပန်ကိုတိုက်တဲ့စစ်ပွဲမှာ အဓိကမဟုတ်ဘူး..ဂျပန်တွေ ရဲဘော် ၃ကျိတ်ရဲ့ လမ်းပြမှုနဲ့  ကွေးမြစ်ကိုဖြတ်ပြီး မြန်မာပြည်ထဲကိုဝင်လာချိန်မှာမှစဖွဲ့ ဖြစ်တဲ့ ဘီအိုင်အေတပ်ဆိုတာက ဂျပန်တပ်ြဖတ်သန်းခဲ့သမျရွာတွေက တပ်ထဲဝင်လာကြတဲ့ အရပ်သားတွေနဲ့ ဖွဲ့ စည်းတာဖြစ်တယ်..သေနပ်မပစ်တတ်ကြဘူး..မြင်တောင်မမြင်ဘူးကြတာကများတယ်။ လွတ်လပ်ရေးမရခင်အချိန်အထိ ၄-၅နှစ်အတွင်းမှာ ဘီအိုင်အေတပ်ဆိုတာက လမ်းလျှောက်သင်စအဆင့်ထက်မပိုသေးဘူး..ဂျပန်က ဘီအိုင်အေတပ်ဖွဲ့ ပေးလိုက်တဲ့ရည်ရွယ်ချက်ကှမြန်မာလူထုကိုဂျပန်ဘက်သားဖြစ်အောင်စည်းရုံးဖို့ ဟန်ပြဖွဲ့ ပေးတာဖြစ်တယ်..တကယ်စစ်တိုက်တတ်တဲ့တကယ့်စစ်တပ်ဖြစ်လာစေဖို့ မဟုတ်ဘူး..မြန်မာတွေလွတ်လပ်ရေးရသွားတာက နိုင်ငံရေးနည်းသက်သက်ပါဘဲ..စစ်ရေးအရမဟုတ်ဘူး..လွတ်လပ်ရေးရလာတဲ့အခါမှာ ကရင်တပ်တွေ နိုင်ငံရေးပါတီတွေကို မြန်မာကစိတ်မချဘူး။ သမိုင်းမှန်အဖြစ်မှန်တွေပေါ်မှာကိုလဲမလိုလားဘူး..ဒီတော့ကရင်ကိုနိုင်ငံရေးနည်းအမျိုးမျိုးနဲ့ ဥပဒေအပြင်ဘက်ရောက်သွားအောင်လုပ်တယ်..ကရင်အမျိုးသားတွေရဲ့ အဖွဲ့ ချုပ်ဖြစ်တဲ့ကေအဲန်ယူကိုမတရားအသင်းကျေညာဖမ်းဆီးချုပ်နှောင်ဖျောက်ဖျက်မှုတွေလုပ်တယ်..ကရင်တပ်ရင်းတွေအားလုံးဟာ မြန်မာအစိုးရရဲ့ လက်အောက်ခံတပ်အဖြစ်ကနေ နှုတ်ထွက်ပြီး ကေအဲန်ယူနဲ့ ပူးပေါင်းလာကြတယ်..ဒီတော့ မြန်မာအစိုးရကလဲ သူ့ အပိုင်ဖြစ်သွားတဲ့ ဂျပန်ကလေ့ကျင့်ပေးလိုက်တဲ့ စစ်တပ်ကိုသုံးပြီး ကရင်ကိုတိုက်ခိုက်နှိမ်နင်းတယ်..ဒီတော့ ဒါ.တ်ာလှန်ရေးရဲ့ အစပါဘဲ..(အိနိဒိယပြန် ကရင်လေထီးစစ်သား ၂၀၀၀ မှာပါခဲ့တဲ့ ဖခင်ဗိုလ်ဖိုးချစ်နှင့်သူ့ ရဲဘော်ရဲဘက်များရဲ့ စကားဝိုင်းကနေ ငယ်ငယ်ကကြားခဲ့ရသိခဲ့ရတာပါ။ ဗိုလ်ဖိုးချစ်ဟာ ဂျပန်တွေဗုံးမိုးရွာချလို့  အဂ်လိပ်တပ်ကမနတလေးကနေဆုတ်ခွာရေးမှာ ရှောရှောရှူရှူဖြစ်အောင် လေယဉ်ပစ်အမြောက်တပ်ကိုဦးစီးပြီး တပတ်တိတိဂျပန်လေယဉ်တွေကိုပစ်ချခဲ့သူဖြစ်ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရွှေတံဆိပ် ၂ခုနဲ့ တခြား ဘွဲ့ ထူးတွေချီးမျှင့်ခံခဲ့ရသူလဲဖြစ်ပါတယ် )

အဂ္ဂရဲ့ သီချင်းတပုဒ်

ကဲ..ကဲ..နိုင်ငံရေးတွေချည်းအမြဲပြောနေလို့  နိုင်ငံရေးငမူးလို့ လဲမထင်နဲ့ဦး..လူတိုင်းကြိုက်တဲ့ ဂီတအနုပညာကိုလဲကြိုက်တတ်ပါတယ်..ခုဒီမှာ သီချင်းစာသားလေးတပုဒ် ကိုယ်တိုင်ရေးစပ်ပီးဝေမျှထားတယ်..အဂ်လိပ်သီချင်းဟောင်းတပုဒ်ကိုမူရင်းဆိုလိုချက်အတိုင်း ဘာသာပြန်ထားတာပါ..မူရင်း အဂ်လိပ်သီချင်း နာမယ်ကို ခန့် မှန်းကြည့်ပါ..မှန်တဲ့လူကို ဆုချမယ်..စာသားကတော့ အောက်ကအတိုင်းပါဘဲ..

• ရထားကအဆင်း မြင်လိုက်ရတဲ့  
ငါ့အိမ်အိုလေး အရင်အတိုင်းဘဲ..
ဖေဖေနဲ့ မေမေ အားရ၀မ်းသာကြိုနေ..
နောက်နားမနီးမဝေးမှာ အပြေးအလွှားလှမ်းရင်း-
ငယ်ချစ်ဦးလေးပြုံးလို့ ဘဲကွယ်..
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဌာနေ..
သူတို့ အားလုံးပြုံးရွှင်မှုနဲ့ 
ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ 
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…

• နံရံအိုလဲခြောက်ခါ..
ဆေးရောင်တွေလဲ အက်ကွဲလို့ နေ..
အိမ်အိုငယ်လေးရဲ့ နောက်က မြယာပင်အိုမှာ..
ငါတို့ ကလေးဘ၀တုန်းက တက်ဆော့ခဲ့တာ 
မမေ့ရက်ပါနိုင် ယနေ့ ထက်ထိတိုင်.. 
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
သူတို့ အားလုံးပြုံးရွှင်မှုနဲ့ 
ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ 
သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…
(စကားပြော)
• အဲလိုကြည်နူးနေတုန်းမှာ လန့် နိုးလာတော့၊ 
လေးဘက်လေးတန်ကာရံထားတဲ့အုတ်နံရံကြားမှာ
ငါရှိနေတာပါလား..
အော်ဟုတ်သားဘဲ..ငါအိမ်မက်မက်နေတာကိုး..
အစောင့်တယောက်နဲ့ ဘုန်းတော်ကြီးတပါးရဲ့ 
ကျေကွဲတဲ့မျက်နှာကိုငါမြင်နေတယ်-
သူတို့ ငါ့ကို မနက်စောစောပိုင်းမှာ သယ်ဆောင်ပြီး 
မြယာပင်အိုအောက်မှာ ထားရစ်ခဲ့တယ်လေ.
ငါ့ရဲ့ရှင်သန်နေဆဲ အသိအာရုဏ်မှာတော့ 
ငါဟာ သိတ်ပျော်စရာကောင်းတဲ့ မိဘနဲ့ ငယ်ချစ်ဦးရှိရာ 
ငါ့ရဲ့စိမ်းလန်းသာယာတဲ့ မွေးရပ်မြေကိုပြန်ရောက်နေပါလား...

• သူတို့ အားလုံးပြုံးရွှင်မှုနဲ့ ပွေ့ဖက်ကြိုဆို ကြတဲ့အခိုက်ဟာ သိတ်ပျော်စရာပါ ငါ့ရဲ့မွေးဂေဟာ…

(မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးအတွက် မိဝေးဖဝေးဘ၀စတေးခဲ့ကြရရှာတဲ့ အညတြ ရဲဘော် သူငယ်ချင်းအားလုံးကို ဒီသီချင်းနဲ့အလေးပြုလိုက်ပါတယ်)...

တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..

တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..

ဒီမိုကရေစီအစိုးရလို့ ပြောလာကြတဲ့ လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီး လူမျိုးစုတွေရဲ့ နာမယ်ရှေ့ မှာ လူမျိုးခြား တွေရဲ့ သင်္ကေတရှေ့ စီးတွေမထည့်ဖို့ အထူးသဖြင့် ဦး ဒေါ်တွေအစား
ကရင်ဖြစ်ရင် စော မန်း နော် နန်းစတာတွေကိုအမှန်အတိုင်းထည့်ပေးဖို့  အီးမေးလ် နဲ့ မီဒီယာ တချို့ မှာ ကျနော်ဝေစာတွေမျှပေးခဲ့ပါတယ်။ ဥပဒေအောက်က
ကရင် နိုင်ငံရေးပါတီအတွေ အပြင် မွန်၊ သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ အဲန်အဲလ်ဒီ၊ အောင်ဆန်းစုကြည်၊ ဒီဖီအဲန်အက်စ်၊ အေဘီအက်စ်ဒီအက်စ်
၊ ကြံ့ ဖွံ့ ၊ သမတ စတဲ့ ရသမျှ ဆိုရှယ်မီဒီယာလိပ်စာတွေကနေပြီးတော့ လဲ ကွန်မန့် တွေအဖြစ်ညတိုင်းနီးပါးဖြန့် ပေးခဲ့ပါတယ်။
မကြာခင်မှာ ဒီကိစ္စအတွက် ကရင် ၄ပါတီကနေပူးပေါင်းဆောင်ရွက်မှုတွေကိုတွေ့ လာရတယ်။ နောက်မကြာခင်မှာဘဲ ချင်း အဖွဲ့ အစည်းတွေဒီကိစ္စကို ပြောလာကြတယ်။
သျှမ်းနီတွေနဲ့ မွန်တွေဘက်မှာလဲ ဒီအရေးဟာအသက်ဝင်အားကောင်းလာတယ်။ နောက်ဆုံးတော့ လွှတ်တော်မှာပြောကြဆိုကြတဲ့အဆင့်ကိုရောက်တယ်။

ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-

ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-

တိုင်း လူမျိုးတို့ ၏အမိမြေသည် ယူနန်ဆိုသည်ထက် ဂွမ်ဇီ ပြည်နယ်ဖြစ်ဖို့ များသည်။
တရုတ်ဘာသာဖြင့် ဆူအန်(Zhuang)ခေါ် တိုင်းလူမျိုးလူဦးရေသန်းပေါင်းများစွာသည် ဂွမ်ဇီပြည်နယ်တွင် ယနေ့ တိုင်
နေထိုင်လျှက်ရှိသည်။ တိုင်းလူမျိုးတို့ သည် အေဒီ ၇၀၀ခန့် တွင် ဗီယက်နမ် နိုင်ငံဒိန်ဘင်ဖူးဒေသ၌
အခြေချပြန့် ပွားခဲ့ကြသည်။ ထိုဒေသမှတဆင့် ယနေ့ လာအိုနိုင်ငံ၏သမိုင်းဝင်မြို့ တော်ဖြစ်သော လွမ်ဖရာဘန် နှင့် 
ထိုင်းမြောက်ပိုင်းရှိချင်းစဲန်မြို့ တော်တို့ ကိုထူထောင်သည်။ တိုင်းမင်း စင်ဟန၀တီ (Simhanavati)က 
ဒေသခံဝလူမျိုးတို့ ကို မောင်းထုတ်ပြီးအေဒီ ၈၀၀ ခန့် တွင် ချင်းစဲန်မြို့ တော်ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
----------------------------------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှ 
ကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ.ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ 
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှ 
သဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။

့မြန်မာကရင်-

ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်
နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။

ဖါးစည်သမိုင်းအပိုင်းအစ

ဖါးစည်သမိုင်းအပိုင်းအစ

တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော 
ဗီယက်နမ်သုတေသီများကပါ ဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကဖါးစည်သည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟု
ရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။ 
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး  
The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း 
ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီး 
တရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း 
The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။
ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း
ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။

Ethnic Zhuang (Zhou)Chinese Frog drum

Ethnic Zhuang (Zhou)Chinese Frog drum
ကရင်လူမျိုးကို တရုတ်ဘာသာနဲ့ ချို(Zhou)လို့ ခေါ်တယ်။ "ယန်"ဆိုတက တရုတ်စကားမဟုတ်ဘူး။ ရှမ်းကကရင်ကို"ယန်"လို့ ခေါ်တာဖြစ်တယ်။ Zhou ကို ရှေးခေတ်က Pu လူမျိုးလို့ ခေါ်ပြီး နောက်ပိုင်း တရုတ်လူမျိုး Qin မင်းဆက်မှာ De'ang လို့ ပြောင်းခေါ်တယ်။ Zhou ဆိုတာက ခုလက်ရှိ အခေါ်အဝေါ်ဖြစ်တယ်။ Zhou ဟာ ရွှေ့ ပြောင်းလူမျိုးတမျိုးဖြစ်ပြိး တရုတ်ြပည်မဖြစ်ခင်သမိုင်းမတင်မီက တရုတ်ပြည်မှာ အဦးဆုံးနန်းစိုက်နေထိုင်တဲ့ ရှမ်း(Shang)မင်းဆက် အစား နေရာဝင်ယူကြတယ်။Shang ရှေးဟောင်းဝတ်စားဆင်ရင် ပုံဟာ ခုခေတ်မြန်မာပြည်ကရှမ်း(Shan)တချို့ ရဲ့ ရိုးရာ အ၀တ်အစားနဲ့ ဆင်တယ်။
Zhou ခေါင်းဆောင်တွေဟာ ရှေးဟောင်းလူသားရှမ်းတွေရဲ့ ဓလေ့တခုဖြစ်တဲ့ လူအသက်နဲ့ နတ်ပူဇော်တာကို ဖျက်သိမ်းခဲ့တယ်လို့ကမ္ဘာဦးတရုတ်သမိုင်းမှာဖေါ်ပြထားတယ်။ ရှမ်းတွေရဲ့ ကြေးသွန်းလုပ်မှုပညာအမွေကိုတော့ ဆက်လက်ထိမ်းသိမ်းတယ်။ ကြေးစည်တွေသွန်းလုပ်တယ်။ မိုးခေါင်ရင်မိုးခေါ်ဖို့ အတွက် ဖါးရုပ်စီထားတဲ့ကြေးစည်ကိုတီးတယ် ။ရှေးဟောင်း Zhou လူမျိုးတွေဟာ နေမင်းကိုကိုးကွယ်တယ်လို့ ဆိုတယ်။ ဒါဟာ ကရင်အမျိုးသားအလံမှာနေမင်းပါနေခြင်းနဲ့ဆက်နွယ်နေပုံရတယ်။
Zhou Dynasty ခေတ်မှာ ပြည်နယ်ကိုးခု ဖွဲ့ စည်းထူထောင်ခဲ့တယ်လို့ ဆိုတယ်။
မျက်မှောက် Zhou လူမျိုးတွေရဲ့ ဝတ်စားဆင်ရင်မှုမှာ မွန်ဂို နွယ်၊တရုတ်နွယ်တွေရဲ့ ဒီဇိုင်းကနေရာယူထားတယ်။
တရုတ်ခေတ်က Zhou ခေတ်အကုန်မှာ Qin Dynasty နဲ့စတင်လာတယ်။ အဲဒီခေတ်မှာ စာပေစပေါ်ပေါက်တဲ့အတွက် သမိုင်းကျောက်စာတွေစပြီးတွေ့ ရလို့  သမိုင်းတင်ခေတ်စတင်တာလို့ ဆိုတယ်။---- 
(ဆက်ဦးမည်--သမိုင်းဝါသနာရှင်များစောင့်မျှော်ပါရန်) ဖါးစည်ပုံက ရုပ်ပြည် Guanxi Nannin မြို့ တော်က Chinese National Museum ကပုံတွေဖြစ်ပါကြောင်း)

The Zhou eventually became stronger than the Shang, and in about 1040 B.C, they defeated the Shang in war. Part of their success apparently came about because 
of their ability to gain the allegiance of disaffected Shang city-states. The Shang had also been weakened by constant warfare with an unknown people to the north. 
After their victory, the Zhou built their capital in Xi'an.



ဖါးစည်သမိုင်းအပိုင်းအစ (၂)

ဖါးစည်သမိုင်းအပိုင်းအစ (၂)
ထိုင်းနိုင်ငံ သမိုင်းစာတန်းတစောင်တွင် ဖါးစည်ကို စယမ်(Siam) တို့ ၏ ပထမဆုံးမြို့ တော်ဖြစ်သည့် စူခိုထိုင်းတွင်စတင်အသုံးပြုခဲ့သည်ဟုဆိုသည်။ စူခိုထိုင်းခေတ်မတိုင်မီက စယမ်သည် မွန်လူမျိုးတို့ ၏ ဒွာရာဝတီ(Dvaravati) အင်ပါယာဖြစ်ခဲ့ပြီးမွန်တို့ နှင့်ပါလာသည့်အိန္ဒိယ ယဉ်ကျးမှုလွမ်းမိုးခဲ့သည်။ အေဒီ ၇၀၀လောက်တွင် မွန်တို့ ၏ ဟရီပွန်ချိုင်းခေတ် (Hariphunchai)ထေရ၀ါဒစတင်ထွန်းကားသည်။ ထိုမွန်ခေတ်သည် မွန်တို့ ၏ သထုံ နန်းဆက်နှင့်လဲဆက်စပ်သည်ဟု ထိုင်းသမိုင်းတွင်ပါရှိသည်။ လာဗို(Lavo) ယနေ့ အခေါ်လွတ်ဘူရီ မွန် ခမာတို့ ၏မြို့ တော်တခုဖြစ်ခဲ့သည်။ 
အေဒီ ၁၂၃၈ တွင် စယမ်လူမျိုးများအားကောင်းလာပြီး မွန်နှင့်ခမာတို့ အောက်မှလွတ်
လပ်သော စယမ်တို့ ၏ပထမဆုံးထီးနန်းကိုစိုက်ထူသည်။ ယင်းကိုစူခိုထိုင်း(Sukhothai) ဟုခေါ်သည်။
ဖါးစည်ကို မင်းခန်းမင်းနားများတွင်တီးခတ်သည်။ (ယနေ့ တိုင် ဘုရင့်နန်းနွယ်များကို မင်းခန်းမင်းနားနှင့်ကြိုဆိုရာတွင် ဖါးစည်တီးခြင်းကိုပြုနေကြဆဲဖြစ်ပြီး ထိုင်းတီဗွီသတင်းများ၌တခါတရံတွေ့ ရသည်)။

စူခိုထိုင်းခေတ်ဖါးစည်များသည်ကရင်လူမျိုး(ကရင်နီ)များထံမှ လာသည်ဟု ထိုင်းသမိုင်းတွင်ပါရှိသည်။ ထိုခေတ်ကကရင်(ကရင်နီ)များကလည်း ဖါးစည်ကို ယွန်းလူမျိုးများအားငှားရမ်းလုပ်ခိုင်းသည်ဟုလဲဆိုပြီး ထိုယွန်းလူမျိုးမှာ ရှမ်းခေါ် တိုင်းအနွယ်စုဝင်များဖြစ်သည်ဟုဆိုသည်။ ယွန်းလူမျိုးသည် မျက်မှောက်အချိန်တွင် မြန်မာပြည်၌မျိုးပျောက်လုပြီဖြစ်သော်လည်း ထိုင်းတွင် ၂သောင်းကျော်နှင့် လာအိုတွင် ၆သန်းခန့် ရှိ နေသေးသည်ကို ထိုင်းသန်းခေါင်စာရင်းတွင် ဖေါ်ပြထားသည်။ 

ရှေးခေတ်တရုတ်လူမျိုးမတိုင်မီက Shang လူမျိုးတို့ ၏ခေတ်ဦးစွာပေါ်ပေါက်ခဲ့သည်ဟု တရုတ်နိင်ငံသမိုင်းတွင် ပါရှိသည်။ ထိုShang များ၏၀တ်စားဆင်ယဉ်ထုံးဖွဲ့ မှုမှာ မြန်မာပြည်ကရှမ်းတို့ နှင့်ဆင်သည်။ Shan ခေတ်သည် ကြေးနီခေတ်ဖြစ်သည်။ Shang တို့ သည် ကြေးသွန်းအတတ်ကိုကျွမ်းကျင်ကြသည်။ Shang ခေတ်မှ Zhou ခေတ်ရောက်သည်။Zhou များက Shang ပညာရှင်များက ဖါးစည်လုပ် ပေးသည်။ Zhou သည် ကရင်လူမျိုးကိုတရုတ်ဘာသာဖြင့်ခေါ်ခြင်း ဖြစ်သည်ဟုဆိုသည်ဟု ထိုင်းသမိုင်းစာတန်းတွင်ဖေါ်ပြပြီး(ချို) ဟုအသံထွက်သည်။ယန်မှာမူ တရုတပြည်ရှမ်းနန်းဆက်နန်ချိုခေတ်က ကရင်များကို ရှမ်းဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သဖြင့် ယခင်ကနားလည်ခဲ့သကဲ့သို့  တရုတ်ဘာသာမဟုတ်ပေ။
တရုတ်ပြည်တွင် ချိုလူမျိုးများမရှိတော့ပေ။ ရှိနေသေးလျှင်လဲ မြန်မာပြည်မှ ကရင်များကို သူတို့ ၏အဆက်အနွယ်ဖြစ်ကြေညင်းသီချင်မှသိမည်။ မြန်မာပြည်တပြည်ထဲတွင်ပင် နာမယ်အမျိုးမျိုးမှည့်ခေါ်ခံရသော ကရင်သည် ရောက်ရာအရပ်တွင် နာမည်အကြိမ်ကြိမ်နှင့် အမျိုးမျိုးပြောင်းခံရသောလူမျိုးတမျိုးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

(ဆက်ပါဦးမည်)

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)….

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)….. 
ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး…
အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၃)…

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၃)….. 
ဘေးပတ်အချက်အလက်များ (Context)
အင်းစိန်ကို ကရင်တပ်များကသိမ်းပိုက်ထားစအချိန်တွင် မြန်မာ့အသံမှ” ပြည်ထောင်စုမြန်မာနိုင်ငံသည် ကြီးမားသည့်အန္တရာယ် အတွင်းသို့ ကျရောက်နေကြာင်း” ၃ကြိမ်ထုတ်လွှင့်ကျေညာသည်ကိုကြားခဲ့ရကြောင်း ထိုသို့ ကျေညာပြီးနောက်ပိုင်းတွင် ရေဒီယို အသံလွှင့်ချက်များတိတ်သွားသည်။မကြာမီလူထုအတွင်းတွင် အင်းစိန်မြို့ကို ကရင်တပ်များသိမ်းလိုက်ပြီဆိုသည့်သတင်းများ ပြန့် ထွက်လာသည်။ 

ထိုအချိန်သည်မြန်မာပြည် သမတမှာ ရှမ်းအမျိုးသား စ၀်ရွှေသိုက်ဖြစ်ပြီး ၀န်ကြီးချုပ်မှာ ဦးနုဖြစ်သည်။ဖဆပလ က အစိုးရဖြစ်လျှက် အုပ်ချုပ်ရေးအာဏာ အားလုံးဝန်ကြီးချုပ်လက်တွင်ရှိသော ပါလီမန်ဒီမိုကရေစီဖြစ်သည်။သမတမှာမူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို အလှည့်ကျတင်မြှောက်ထားပြီး အုပ်ချုပ်ရေးနှင့်နိုင်ငံရေးတိုက်ရိုက်အာဏာမရှိသော အနေအထားဖြစ်သည်။ အရာရာတွသ် ၀န်ကြီးချုပ်၏တင်ပြတောင်းဆိုချက်အတိုင်း တသွေမတိမ်း လက်မှတ်ရေးထိုးအတည်ပြုပေးရသော တာဝန်ကိုသမတအားအပ်နှင်းထားသည်။ မျက်မှောက် ၂၀၀၈ဥပဒေအရ အာဏာ(၃)ရပ်လုံး သမတတဦးတည်းတွင် ထားရှိသောပုံစံမဟုတ်ပါပေ။ 

အင်းစိန်တိုက်ပွဲမစမီတွင် မြန်မာ့တပ်မတော်စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ အင်းစိန်တိုက်ပွဲစဖြစ်လာသောအခါ ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအားသိမ်းယူစေခဲ့သည်။ ဗိုလ်နေ၀င်းဗိုလ်ချုပ်ဖြစ်လာသောအခါ ဗိုလ်မှူးချုပ်ကျော်ဇောကို အင်းစိန်စစ်ဆင်ရေးမှူးအဖြစ်တာဝန်ပေးခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် ဗိုလ်မှုးချုပ်ကျော်ဇော ဒါဏ်ရာပြင်းထန်စွာရခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် အမေရိကန်ကထောက်ပံ့ထားသော ရှမ်းပြည်နယ်မှ ပြည်ပြေးတရုတ်ကူမင်တန်များကိုချေမှုန်းစစ်ဆင်ရေးတွင် နာမယ်ကြီးလာသူဖြစ်သည်။ အမေရိကန်က တရုပ်ဖြူကူမင်တန်များကိုထောက်ပံ့ထားရခြင်းမှာ ဂျပန်ထိုးစစ်တုန်းက အမေရိကန် အဂ်လိပ်နှင့် ကူမင်တန်တို့ က တရုတ်ပြည်တွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့စဉ်က CBI မဟာမိတ်များဖြစ်ခဲ့ပြီး အပြန်အလှန်ကူညီရေးစာချုပ်များရှိခဲ့၍ဖြစ်သည်။ CBI ဆိုသည်မှာ China Burma India Theater(Warfare)  ဖြစ်သည်။

ကရင်များနှင့်တိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲသည် သူ့ စစ်ရေးဘ၀အတွေ့ အကြုံအားလုံးအနက် ကျဆုံးမှုအများဆုံး ဆုံးရှုံးမှု အကြီးမားဆုံးဟု ဗကပ အဖြစ် တရုတ်ပြည် ကူမင်မြို့တွင် ခိုလှုံနေစဉ် ၂၀၁၀ခုနှစ် ကဗိုလ်ချုပ်ကျော်ဇောမှမီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။
(တောင်းဆိုမှုရှိလျှင် ဆက်လက်ဖေါ်ပြပါဦးမည်)

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၂)….

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၂)….. 

အင်းစိန်မြို့ ကိုမသိမ်းမီက တွံတေးမြို့ ကို ဦးစွာသိမ်းပိုက်ထားပြီးဖြစ်သဖြင့် ရန်ကုန် ပြင်ပနှင့်ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ရေလမ်းများအားလုံးကိုလဲ ကရင်တပ်များက ဖြတ်တောက်ထိမ်းချုပ်ထားလိုက်သည်။ 
ပြည်တွင်းပြည်ပ မီဒီယာအားလုံးက မြန်မာအစိုးရကို ဖဆပလအစိုးရ အစား (၇) မိုင်အစိုးရဟုပြောင်းလဲသုံးနှုန်းလာသည်။
အင်းစိန်ကိုသိမ်းပိုက်ပြီးနောက်တပတ်တွင် သထုံမှ မွန်နှင့် ကရင်တပ်ဖွဲ့ များ ရောက်လာသဖြင့် မွန်တပ်အပါအ၀င်  
ကရင်တပ်များ အင်အား တထောင့် ငါးရာကျော်ဖြစ်လာသည်။ ဖဆပလအစိုးရ၏ ဘားမားရိုင်ဖယ် တပ်ရင်း(၅)၊UMP တပ်များ၊ LEVY တပ်များနှင့်ရန်ကုန်တက္ကသိုလ်အပျော်တမ်းတပ်များအပြင် တိုက်လေယဉ်များ သံချပ်ကားများ အမြှောက်တပ်များ စစ်ရေယဉ်များဖြင့် နယ်ဘက်မှစစ်တပ်များကလည်း အင်းစိန်ကို နေ့ ညမပြတ်မလာရောက်ထိုးနှက်တိုက်ခိုက်သည်။ 
အစိုးရဘက်က လက်နက်ခဲယမ်းမီးကျောက် လိုအပ်သလိုရရှိနေသည်ကိုတွေ့ ရပြီး ကရင်များဘက်တွင်မူ တိုက်ပွဲတလခန့် အကြာတွင် ခဲယမ်းမီးကျောက်ပြတ်လပ်လာပြီဖြစ်သည်။စစ်ပညာကျွမ်းကျင်မှုကြောင့် ကျန်ရှိသမျှကျည်ဆံများဖြင့် ရန်သူကို တချက်တကောင်နှုန်း အမှည့်ချွေနိုင်၍သာလျှင် ဆက်လက်ခုခံနေနိုင်သေးခြင်းဖြစ်သည်။ အင်းစိန်မြို့နေရာအနှံ့ အပြားတွင် လက်နက်ခဲယမ်းမီး ကျောက်ရရှိနိုင်သောနေရာများကိုအသဲအသန်မြေလှန်ရှာဖွေကြသည်။ 
ကံအားလျှော်စွာ ကုလားလူမျိုးတဦးကသတင်းပေးသဖြင့် အင်္ဂလိပ်တို့ မြှုပ်နှံသွားသည့် ကျည်ဆံအမြားအပြားကိုတူးဖေါ်ရရှိကာ 
နောက်ထပ် (၃) လခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
ဤနည်းဖြင့် ကရင်တပ်များ (၁၁၁)ရက် တိုင်တိုင်ခုခံတိုက်ခိုက်ပြီး ၁၉၄၉ မေလ(၂၁) ရက်တွင်အင်းစိန်မှဆုတ်ခွာကြသည်။ တိုက်ပွဲတွင်အင်အားထောင်ပေါင်းများစွာသုံးသော ဖဆပလ အစိုးရတပ်ဘက်က (၅၀၀၀) ကျော်ခန့် ကျဆုံးပြီး အင်အား တထောင့် ငါးရာကျော်ရှိသော ကရင်များဘက်က (၂၀၀) နီးပါးကျဆုံးသည်။ ကရင်ဘက်တွင် ဒဏ်ရာရသူ (၈၀၀)ကျော်ရှိသည်။ -ဆက်ရန်
(မှတ်ချက်- အင်းစိန်တိုက်ပွဲနှင့်ပတ်သက်သောတခြားမှတ်တမ်းများ ကိုသိရှိထားသူများက ဖြည့်စွက်ဖေါ်ပြပေးပါရန်)

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ…

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ….. 
၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်းတွင် အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။ 

မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို ပြောင်းရွှေ့ လာကြသည်။

၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကိုတိုက်ပြီးနောက်အင်းစိန်စုရပ်သို့ ပြန်လာကြသည်။
အစိုးရတပ် တိုက်ပွဲကြောင့် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။

ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။------(ဆက်ရန်)

ကရင်လူမျိုးသတ်ဖြတ်ခံရခြင်း

ဖြစ်ဝကျွန်းပေါ်တွင် BIA က ကရင်များကိုသတ်ဖြတ်ခဲ့သည့်အကြောင်း ဗိုလ်ချုပ်ကျော်ဇောပြောကြားချက်--
“ကရင်ပြသနာစလာတဲ့အခါမှာ ဗိုလ်မိုးကြိုး(BIA တပ်စစ်ဦးစီးချုပ် ဂျပန် ဗိုလ်မှူးကြီး စူဇူကီး)က ပြသနာကိုသူကိုယ်တိုင်တိုက်ရိုက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ပြီး ဗိုလ်မှူးကြီး အိုင်ဂျီမာ နဲ့ ကျနော့်ရဲ့ BIA 
တပ်စု(၂)စုကို မြောင်းမြပို့ လိုက်တယ်။ အဲဒီကနေ ၁၉၄၂ မေလဆန်း ညတညမှာ ဗိုလ်မိုးကြိုးဆီက ဂျပန်စစ်သား(၂)ဦးက ကျနော့ကိုလာနှိုးပြီး အဂ်လိပ်ထောက်ကူထားတဲ့ ကရင်ပျောက်ကျားတွေ ကခြုံခိုတိုက်ခိုက်လို့ မြောင်းမြခရိုင်မှာဂျပန်ဗိုလ်မှူးတဦးကျဆုံးကြောင်း ရေဒီယိုနယူးဒေလီက 
ခုဘဲကြေညာတယ်လို့ ပြောပါတယ်။ ဒီဗိုလ်မှူးကြီးအိုင်ဂျီမာကျဆုံးမှုကိုတိုကျိုကသိရှိပြီး လက်စားခြေဖို့ 
ဗိုလ်မိုးကြိုး ကိုအမိန့်ပေးထားပြီဖြစ်ကြောင်းသူတို့ ကကျနော့ကိုအသိပေးပါတယ်။ ဒါကြောင့်နောက်နေ့ မှာ
ကျနော် BIA တပ်စု(၃)စုက ဗိုလ်မိုးကြိုးနဲ့အတူ မြောင်းမြကိုချီတက်ပါတယ်။ ကျန်ရှိတဲ့ ဗိုလ်မှူး အိုင်ဂျီမာရဲ့ 
တပ်တွေကို ပြန်ကယ်နိုင်ခဲ့ပြီး ကရင်ပျောက်ကျားတွေကို အားပေးတယ်လို့ သိရတဲ့ ကရင်ရွာတွေကို (၂)ပတ် 
ကြာတိုက်ခိုက်ခဲ့ပါတယ်။

ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း

ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း
ခရစ်သက္ကရာဇ် ၁၉၀၀ တွင် ကရင်လူမျိုးများနေထိုင်ရာတိုင်းဒေသသည်ကော်လားဟုတွင်ခဲ့သည်။ 
ကော်လားဆိုသည်မှာ စိန်းလန်းသောတိုင်းပြည်ဖြစ်သည်။ ၁၉၃၂ တွင်ရိုက်နှိပ်ထုတ်ဝေသည့် စောအောင်လှရေးသားပြုစုသော ကရင်သမိုင်းစာအုပ်တွင် ကရင်တို့ ရှေးကနေထိုင်ရာခဲ့တိုင်းပြည်ကို “ကော်သူးလေ” ဟုရေးသားဖေါ်ပြထားသည်။ အဓိပ္ပါယ်မှာ အမှောင်မဲ့ဒေသ၊ သို့ မဟုတ် ဖလံတောင်ဝှေးပင်များပေါက်ရောက်ရာဒေသဖြစ်သည်။ ဖေါ်ပြချက်အရ ကော်သူးလေ တိုင်းမှာ မြန်မာပြည်လက်အောက်ခံ သို မဟုတ်တစိတ်တပိုင်းမဟုတ်ဘဲ သီးခြားလွတ်လပ်စွာဧဧချမ်းချမ်းရှိခဲ့သော နယ်မြေတခုဖြစ်ခဲ့သည်။ ထို၁၉၃၂ခုနှစ်သည် ဒုတိယကမ္ဘာစစ်စသောနှစ်ဖြစ်သည်။ မြန်မာပြည်သည်လည်း ဘရစ်တစ်မြန်မာနိုင်ငံအဖြစ် အင်္ဂလိပ်အစိုးရ ဘုရင်ခံမောင့်ဘက်တန် အုပ်ချုပ်ရေးကာလတွင်အာရှတိုက်၏ ခေတ်မီအတိုးတက်ဆုံးနိုင်ငံဖြစ် နေခဲ့သောအချိန်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစော

ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစောဟာ ၂ဦးလုံးဟာ တချက်ခုတ် ၂ချက်ပြတ် နည်းနဲ့ ပြိုင်တူ အရှင်းခံလိုက်ကြတာဆိုတဲ့အထောက်အထားတချို့ ရှိနေတာတွေ ရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးစော အကြား ရန်ဖြစ်ခဲ့ကြတာကို အခွင့်ကောင်းယူပြီး ဗိုလ်ချုပ်ကိုသတ် ဦးစောကို အထောက်အထားအတုလုပ်ပြီးဖမ်းင်္ဆီးသေဒဏ်ပေးခဲ့တာဖြစ်လို့  ကြံစည်သူများဟာ ၂ဦးလုံးကိုရှင်းပစ်ချင်တဲ့ တတိယလက်ဖြစ်သာ အဖြ်စ်နိုင်ဆုံးဖြစ်ကြောင်း စုံစမ်းထောက်လှန်းရေးပညာရှင်တွေက ပြောဆိုထားတာတွေလဲရှိပါတယ်။ 
နိုင်ငံရေးနည်းနဲ့ တွက်ရင်တော့ ဗိုလ်ချုပ်သေဆုံးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာကိုရလာသူ ပြည်ထောင်စုစနစ်ကိုလဲ မလိုလားသူ တိုင်းရင်းသားကိုယ်ပိုင်ပြ
ဌာန်းခွင့်ကိုလဲအသိအမှတ်မပြုသူ အဲဒီအချိန်က ကရင့် အမျိုးသားရေး ဒီရေအလား တဟုန်ထိုးတိုးတက်လာနေတာကိုရပ်ပစ်ချင်သူ ဦးနုဖြစ်နိုင်ပါတယ်။ ဦးနု လက်ကအာဏာကိုတဆင့်လက်ကမ်းယူခဲ့သူက နေ၀င်းဖြစ်လို့ ပါဘဲ။ 
ဦးစော ရဲ့ အမှုစစ်ဆေးချက်တွေထဲမှာ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ တပ်အပ်ဆိုနိုင်တဲ့ အထောက်အထားမတွေ့ ရပါ။ လုပ်ကြံမှုမှာသုံးတဲ့ လက်နက်တွေကို ဦးစောနဲ့ မကင်းတဲ့ 
နေရာတခုမှာတွေ့ ရတာဟာ ဦးစောကိုလုပ်ကြံတာဖြစ်ကြောင်းထင်ရှားတယ်လို့ သံးသပ်မှုလဲရှိပါတယ်။
ဦးစောရဲ့ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေအတွက် စိတ်မကောင်းဖြစ်မိလို့  ဒါကို Post လိုက်တာပါ။ မြန်မာနိုင်ငံရေးသမားတွေရဲ့ အချင်ချင်းအပေါ်ရက်စက်မှု ကောက်ကျစ်မှုတွေဟာ ပြိုင်စံရှားလှပါတယ်။ စုံစမ်းတွေ့ ရှိချက် စာတန်းက တပုဒ်ကို အောက်မှာ တင်ထားပေးပါတယ်...ရှည်တဲ့အတွက် ဆက်ပြီးထောက်ပြထားတဲ့ အပြည့်အစုံတော့ မတင်သေးပါ.

Strong evidence exists that the trial and conviction of U Saw was a frame-up, designed to turn attention from the real conspirators. If U Saw was framed, who really murdered Burma's independence leader? Is there any truth to persisting rumours that General Ne Win, Prime Minister U Nu and others may have been involved? ...........

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

ကေအဲန်ယူလက်ရှိခေါင်းဆောင်တချို့ ၏ ကိုယ်ပိုင်မူများအရ ဘ၀တူတိုင်းရင်းသားအဖွဲ့  အစည်းများနှင့်ကျစ်လစ်စွာပူးပေါင်းဆောင်ရွက်ခြင်းကို အဖွဲ့  အစည်းအချုပ်အချာ အာဏာ ထိခိုက်သည်ဟုယူဆချက်များရှိနေသည်။သို့ ဆိုလျှင် ကရင်အမျိုးသား အချုပ်အခြာအာဏာကို မြန်မာအစိုးရအစား ဘ၀တူတိုင်းရင်းသားများက ပိုင်စိုးထားခြင်းဖြစ်သည်ဟု ဆိုလိုသည့်သဘောဖြစ်သဖြင့် အူကြောင်ကြောင်နိုင်လှသည်။ ဤသဘောထားဆိုးသည် မြန်မာအစိုးရကို ညီညွတ်စွာလက်တွဲ တွန်းလှန်ရေးအစား မိမိတို့ တစုတဖွဲ့  အခွင့်အရေးအတွက် အစိုးရထံမျက်နှာသာရရေး တိုင်းရင်းသား အချင်းချင်းသစ္စာဖေါက်လဲ့စားခြေမှုများကို ဆင့်ကဲဆင့်ကဲဖြစ်စေနိုင်သည်။ ဤသဘောထားမျိုးသည် ကျွန်လူမျိုးတို့  တွင်ရှိသော လက္ခဏာဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအ၀န်းကအထင်မြင်သေးစေသည်။ သို့ ဖြစ်၍ နိုင်ငံတကာက ၀င်ရောက် ကူညီနေသော လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်ရေး သဘောထားမူဝါဒများမှာလဲ တိုင်းရင်းသားတို့ အပေါ်အထင်မြင်သေးမှုကိုအခြေခံသည်။
တိုင်းရင်းသားများက မြန်မာအစိုးရလက်အောက် အညံ့ခံ အရှူံးပေးရေးအတွက် မြန်မာအစိုးရက ခွေးအီးနံ့ ပေး လမ်းစဉ်ကိုပိုမိုကျင့်သုံးလာစေရန် ၀ိုင်းဝန်းအကြံပေးခြင်း ငွေကြေးထောက်ပံ့ခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။စစ်မှန်သော ပြည်ထောင်စု အဖြစ်ပြောင်းလဲမှသာ အားလုံးအတွက်တရားမျှတမှုများပေါ်ပေါက်လာပြီး အလိုအလျှောက်ခြိမ်းချမ်းသွားမည်ဆိုသည့် သဘောတရားကို လက်ခံသူပညာရှင်တချို့  သာရှိပြီး ထိုပညာရှင်များမှာ ထိုသဘောတရားကို မလေးနက်သူအလှူရှင်များ၏ အထောက်အပံ့ခံများသာဖြစ်ကြသဖြင့် မထိရောက်ပေ။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အရင်းအနှီးထုတ် ပါဝင်ကူညီနေသောနိုင်ငံကြီးများမှာ ထိုရင်းနှီးငွေများအလဟသဆုံးရှုံးသွား ရခြင်းမရှိစေရေးကို နံပတ်(၁) အရေးအကြီးဆုံးအဖြစ်ထားရှိသည်။ သူတို့ သည်နိုင်ငံတကာ ကိုဝင်ရောက်ကူညီမှုများတွင် ခါးသီးသော အတွေ့ အကြုံများစွာရှိခဲ့ကြပြီးဖြစ်သည်။


(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ

(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ
တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ကြေးဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကကြေးဖါးစည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟုရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ကြေးဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီးတရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ကြေးဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းကြေးဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။

သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းကြေးဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ကြေးဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။ဗီယက်နမ်သုတေသီများက ကြေးဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ ကရင်အကြောင်း)

(Histrory fact) သမိုင်းမှန်သုတ

History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ  ကရင်အကြောင်း)

သမိုင်းသုတေသီများအနေနှင့် အန်ဒမန်ကျွန်းရှိ မာယာဘန်ဒါ ထက်စီလ် ရှိ ကရင်လူမျိုးများသည် မူလက မွန်ဂိုးလီးယား တွင်နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ မွန်ုဂိုမင်းများ၏ ရက်စက်ကြမ်းတမ်းသည့် သဘာဝကြောင့် ငြိမ်းချမ်းချမ်းရေးကိုချစ်မြတ်နိုးသော ကရင်လူမျိုးများသည် တောင်ပိုင်းရှိ တာကစ်စတန် နှင့်တရုတ်ဘက်သို့ ခရစ်မတိုင်မီ ဘီစီ ၂၀၁၇-၁၃ ခန့်တွင် ပြောင်းရွှေ့သွားကြသည်။ ထိုမှတဆင့် ဘီစီ ၁၈၆၄ တွင် တိဗက်သို့ရောက်လာကြသည်။ မည်သို့ဆိုစေ တရုတ်မင်း ဂေါ်ဆင် (Ghaw Hsin) ၏ မကောင်းသော လုပ်ဆောင်ချက်များကြောင့် ကရင်များဘီစီ ၁၁၂၅ တွင် စယမ်(ထိုင်း)၊ မြန်မာ၊ကန်ဘောဒီးယားနှင့် ဗီယက်နမ်သို့ တိမ်းရှောင်သွားကြရပြန်သည်။ 

ထိုဒေသများရှိ မြန်မာပြည်အရှေ့ပိုင်းတောင်တန်းဒေသများ တွင် အခြေချနေထိုင်ကြရာမှ ဗြိတိသျှအုပ်ချုပ်ရေးအရ အင်းဒီးယားနိုင်ငံ၏ အစိတ် အပိုင်းတခုဖြစ်လာသည်။ 
၁၉၄၂ ခုတွင် အင်းစိန် ကရင်ကျမ်းစာကျောင်းအုပ် ဒေါက်တာ အိတ်ခ်ျအိုင် မာရှယ်လ် က အမေရိကန်မှအပြန်တွင် အန်ဒမန်နှင့် နိကိုဘားကျွန်း ၏ကော်မစ်ရှင်နာချုပ်ဖြစ်သော ၀မ်းကွဲဖြစ်သူ ဗိုလ်မှုးကြီး ဖယ်ရာ နှင့်တွေ့ရန် ဘလဲဆိပ်ကမ်း၌ ရပ်တန့်ခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှုးကြီး ဖယ်ရာက သစ်တောသန့်ရှင်းရေး၊ သစ်ပင်ဖြတ်လှဲခြင်း၊ ကျွန်းသစ်များကို သစ်စက်သို့ ပို့ဆောင်ခြင်း နှင့် ဆင်များကို ကိုင်တွယ် စီစဉ်ခြင်း စသည့် အလုပ်တာဝန်များကို ပြောင်းရွှေ့အခြေချလာသူများအတွက် အကျိုးအမြတ် ဖြစ်စေရန် အုပ်ချုပ်ရေးပိုင်းက စီစဉ်ထားကြောင်း ဒေါက်တာမာရှယ်လ်အားသတင်းပေးခဲ့သည်။ ဒေါက်တာမာရှယ်က အလုပ်ကျိုးစားပြီး အေးချမ်းစွာနေထိုင်တတ်သော နွမ်းပါးသည့် မြန်မာပြည်ရှိ ကရင်များအတွက် ယင်းအခွင့်အရေးကောင်းများကို ယူဆောင်ခဲ့သည်။ ရန်ကုန်သို့ရောက်သောအခါ မိုးသောက်ကြယ် ဟုအဓိပါယ်ရသော ဆာတူဝေါ် ခေါ် ကရင်သတင်းစာတွင် ထိုသတင်းကို ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ 

အဆိုပါသတင်းကိုဖတ်ရှုရပြီးနောက်တွင် သိက္ခာရဆရာတော် ကရင်တရားဟောဆရာ လူကြီးက ယင်းကို အထူးအခွင့်အရေးတခုအဖြစ်ဆုံးဖြတ်သည်။ ၁၉၂၅ ခုနှစ်တွင် သူ၏ဦးဆောင်မှုဖြင့် ၁၃မိသားစု အန်ဒမန်ကျွန်းသို့ရောက်ရှိလာကြသည်။ ၁၉၂၆ တွင် ကရင်မိသားစု ၅၀ ဒုတိယအသုတ်အဖြစ်ရောက်ရှိလာကြပြီး ဝေဘီ ( Webi )ခေါ် ပထမဆုံးကရင်ရွာကို ထူထောင်ခဲ့သည်။ ထိုမှတဖန်ကရင်အခြေချကျေးရွာပေါင်း(၈) ရွာ ဆက်လက်ထူထောင်ကြသည်။ ထိုရွာများမှာ 
1) Webi village (hidden city) originally named by the Karens
2) Lataw village (in Karen leh Toh, meaning “Go Up”
3) Lucknow village (formerly called “Burmadera”- Burmese settlement area)
4) Deopur village (formerly called “Base-Camp”)
5) Karmatang 9 village
6) Karmatang 10 village
7) Borang village
8) Chipo village တို့ဖြစ်ကြသည်။
ထိုအချိန်မှစပြီး ကရင်လူမျိုးများသည် အန်ဒမန်ကျွန်းကို သူတို့၏ အမြဲတမ်းနေရပ်အဖြစ် ပြုလုပ်ခါ အင်းဒီးယားနိုင်ငံလွတ်လပ်ရေးရသောအခါတွင် အင်းဒီးယားနိုင်ငံသားအဖြစ် ရွေးကောက်ခြင်းခံရသည်။
ယခုအခါတွင် လူဦးရေနဲပါးသော်လည်း ကျွန်း၏ အရေးပါသော အသိုင်းအ၀ိုင်း ဖြစ်သည့်ကရင်များသည် သူတို့၏ တိုက်ပွဲဝင်ခဲ့မှုအတိုင်း အင်းဒီးယားနိုင်ငံ၏ လူမျိုးစုတစုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။  သူတို့၏လက်ရှိလူဦးရေမှာ ၂၀၀၀ ကျော်ရှိပြီး ၁၉၅၁ခု တွင်သန်းကောင်စာရင်းအရ ၃၈၄ဦးရှိခဲ့သည်။

သူ့ ဘဝအကြောင်း

"လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ ..တ၀ဲဝဲလွင့်ခါ လေယဉ်ပမာ......"ဆိုတဲ့သီချင်းရေဒီယိုကနေ လာတဲ့အခါ အမေဟာ ကျေကွဲလွမ်းလို့ ချုံးပွဲချငိုတယ် ဆိုပြီး ၁၀နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့ အကိုကြီးရဲ့ တစောင်တည်းသောစာမှာပါလာတယ်...
ဒိသိချင်းကို ကျနော်ငယ်ငယ်က အမေ့ကိုရေတွင်းမှာရေခတ်ပေးရင်းနဲ့ အော်ဆိုလေ့ရှိခဲ့တာပါ...
၁၉၇၆ ရက်စက်ကြမ်းကျုတ်လှတဲ့ ဖြတ် ၄ဖြတ်ကာလမှာတောင် အမေဟာ တောတောင်အသွယ်သွယ်ကို စမ်းတ၀ါးဝါး ဖြတ်ကျော်လာပြီး
ငှက်ဖျားနဲ့ကွေးနေတဲ့ ကျနော့်ရှိရာရောက်ခဲ့ပါသေးတယ်...
၁၉၈၀ ၀မ်းခါတိုက်ပွဲကာလမှာလဲ အမေဟာ အသက်ဘေးကို မတွေးနိုင်ဘဲ အရောက်လာခဲ့ပါတယ်....၁၉၈၃ မယ်တရစ်တိုက်ပွဲအပြီးမှာ အမေနောက်ဆုံးအကြိမ်လာခဲ့ပေမဲ့ ကျနော်ဆုံးပြီဆိုတဲ့ သတင်းဆိုးကိုဘဲကြားလိုက်ရပြီး ရင်ကွဲစွာ ပြန်သွားရရှာတယ်...
အမေကျနော့်သတင်းအတိအကျကိုမရလိုက်ပါဘူး..အဲဒိတုန်းကကျနော့်နဲ့ ရင်းနှီးတဲ့ ရဲဘော်တွေ မိတ်ဆွေတွေလဲ ကျဆုံးကုန်ကြပြီမို့ဖြစ်ပါလိမ္မယ်.

ကျနော့်လိုဘဲ လူငယ်လူရွယ်တွေအတော်များများဟာ စနစ်ဆိုးကြီးကိုတွန်းလှန်ဖြိုချဖို့ ဆိုတဲ့ ပျင်းထန်တဲ့ခံယူချက်တွေနဲ့  တောတောင်တွေထဲရောက်ခဲ့ကြပါတယ်...
တောကောင်တွေရဲ့ ဘ၀မျိုးနဲ့ ပုန်းလှိုးကွယ်လျိုး လူမမြင်သူမမြင်တောကြိုတောင်ကြားမှာ ငတ်တလှည့် ပြတ်တလှည့်အသက်ရှင်ခဲ့ကြရပါတယ်။။။ဒါတွေထက်ဆိုးတာက အဖေအမေ အကို အမ နဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို တအားအောင့်မေ့တဲ့အခါတွေပါ...
တချို့ ကတော့ ပြန်လည်ဆုံစည်းရခြင်းမရှိခင်မှာဘဲ ထာဝရပျောက်ကွယ်သွားကြပါပြီ...
နေ့ လည်ခင်းငိုက်ကနဲအိပ်ပျော်သွားချိန်မှာ အတိတ်ကမြင်ကွင်းတချို့ ဒီနေ့ ဖြစ်နေသလိုမြင်ရတတ်တယ်..အဲလိုအခါမျိုးမှာ ချက်ခြင်းအိပ်ယာထလိုက်ပြီး ဆွေးမြေ့မှုကိုဖြတ်တောက်ရပါတယ်...

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။
မြန်မာ့တပ်မတော်က ကေအိုင်အေကို ယခုနှစ်ဦးမှစ၍ ထိုးစစ်စတင်ခဲ့သည်။ စစ်ဆင်ရေးများ၏ လုပ်ထုံးလုပ်နည်းများအရ ခြေမှုန်းရေးထိုးစစ်အော်ပရေးရှင်းကို မိုးရာသီအစပိုင်းတွင်အဆုံးသပ်ရမည်ဖြစ်သည်။
မိမိ၏တပ်သားများအပေါ်စာနာစိတ်ထားရှိသောမည်သည့်တပ်မတော်ကမျှမိမိ၏ စစ်သည်များ ၃-၄ဆပိုမို သေကျေကျိုးကန်းကြရမည့် မိုးရာသီတွင်ထိုးစစ်မဆင်ကြပါ။မြန်မာ့တပ်မတော်၏ အောက်ခြေအကြပ်တပ်သား အားလုံးနီးပါးသည် မရှိဆင်းရဲ အခြေခံလူတန်းစား အလုပ်သမား လယ်သမားများ၏ ချစ်သောရင်သွေး သားငယ် များဖြစ်ကြသည်။ သို့ဖြစ်သဖြင့် မြန်မာ့တပ်မတ်ေသည် တိုင်းရင်းသားများ အပေါ်ရက်စက်ကြမ်းကျုတ်လူမဆန်သည့်တိုင် မိမိ၏တပ်သားများအတုံးအရုံးသေဆုံးကျိုးကန်းကြရမည့် စစ်အမျိုးအစားကိုတော့ ရှောင်ကျဉ်ကြမည်သာဖြစ်ပါသည်။  

မြန်မာ့တပ်မတော်မှ တပ်သားများသည် ကေအိုင်အေ၏ကြံ့ ကြံ့ခံတုံပြန်တိုက်ခိုက်မှုဖြင့် ကချင်ပြည်နယ်စစ်ပွဲတွင် တွက်ချက်ထားသည်ထက် ၂ဆမက အတုံးအရုံးကျိုးကန်း သေကျေလျှက်ရှိသောကြောင့်သော်လည်းကောင်း စစ်ချီစစ်ခင်းရန်အဆင်မပြေတော့သော မိုးရာသီသို့ဝင်လာပြီဖြစ်သည်ကတကြောင်းတို့ကြောင့် ကချင်ထိုးစစ်ကို တ၀က်တပျက်ဖြင့် ခေတ္တရပ်နားထားရမည့်အနေအထားဖြစ်ပါသည်။