Friday, June 19, 2020

ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-

ထိုင်းနိုင်ငံသမိုင်းမှ တိုင်း(သျှမ်း)။ ၀ နှင့်မွန်တို့ အကြောင်း-

တိုင်း လူမျိုးတို့ ၏အမိမြေသည် ယူနန်ဆိုသည်ထက် ဂွမ်ဇီ ပြည်နယ်ဖြစ်ဖို့ များသည်။
တရုတ်ဘာသာဖြင့် ဆူအန်(Zhuang)ခေါ် တိုင်းလူမျိုးလူဦးရေသန်းပေါင်းများစွာသည် ဂွမ်ဇီပြည်နယ်တွင် ယနေ့ တိုင်
နေထိုင်လျှက်ရှိသည်။ တိုင်းလူမျိုးတို့ သည် အေဒီ ၇၀၀ခန့် တွင် ဗီယက်နမ် နိုင်ငံဒိန်ဘင်ဖူးဒေသ၌
အခြေချပြန့် ပွားခဲ့ကြသည်။ ထိုဒေသမှတဆင့် ယနေ့ လာအိုနိုင်ငံ၏သမိုင်းဝင်မြို့ တော်ဖြစ်သော လွမ်ဖရာဘန် နှင့် 
ထိုင်းမြောက်ပိုင်းရှိချင်းစဲန်မြို့ တော်တို့ ကိုထူထောင်သည်။ တိုင်းမင်း စင်ဟန၀တီ (Simhanavati)က 
ဒေသခံဝလူမျိုးတို့ ကို မောင်းထုတ်ပြီးအေဒီ ၈၀၀ ခန့် တွင် ချင်းစဲန်မြို့ တော်ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။


တိုင်းတို့ သည် ပင်းမြစ်ဝှမ်း(ယနေ့ ချင်းမိုင်မြို့ ကိုဖြတ်သန်းသည့်မြစ်)ရှိ မွန်တို့ ၏ ဒွာရာဝတီပြည် မြို့ တော် 
ရီပွန်ဇရ(Haripunjaya သို့ မဟုတ် Haripunchai)မှတဆင့်ယဉ်ကျေးမှုမြင့်မားသော အိန္ဒယ မှ ထေရ၀ါဒ 
ဗုဒ္ဓဘာသာ နှင့် စန်စကရစ်( သက္ကဋ္ဌ)စာပေကို ဆက်သွယ်သင်ကြားရယူပြန့် ပွားသည်။ 
အေဒီ ၈၅၀ ခန့် အထိ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ယနေ့ တိုင်ရှိနေကြသေးသော
စေတီတော်များကို တိုင်းလူမျိုးတို့ တည်ထားကိုးကွယ်ခဲ့ကြသည်။ အေဒီ ၉၀၀ခန့် တွင် ချင်းစဲန်းတိုင်းတို့ နှင့် 
ရီပွန်ဇရ မွန်နိုင်ငံတို့ ကြား မသင့်မတင့်ဖြစ်ခါစစ်ပြိုင်တိုက်ခိုက်မှုမှားစတင်ဖြစ်ပွားပြီး ချင်းစဲန်းမြို့ မွန်လက်သို့ ကျရောက်သည်။  
အေဒီ ၉၃၇ တွင်တိုင်းမင်းသားကြီး ဖရွမ်က မွန်တို့ ကိုပြန်လည်တိုက်ခိုက်ခြေမှုန်းခဲ့သဖြင့် ရီပွန်ဇရမြို့ ပျက်သုန်းချုပ်ငြိမ်းသည်။
အေဒီ ၁၀၀၀ တွင် ကြီးမားသောမြေငလျှင်ကြောင့် ချင်းစဲန်မြို့ ပြိုကျပျက်စီးပြီး လူသူအားလုံးသေကျေပျက်စီးကုန်သည်။
ထိုမှတဖန် ၀လူမျိုး လ၀ချာကရ Lavachakkaraj ကို ဒေသခံများက ချင်းစဲန်းခေါ်Ngoenyang
မြို့ တော်သစ်၏ မင်းအဖြစ်တင်မြှောက်ကြသည်။လ၀ချာကရ Lavachakkaraj မင်းဆက် နှစ်ပေါင်း (၅၀၀)ခန့်  
ချင်းစဲန်းမြို့တော်ကို အစဉ်အဆက်အုပ်ချုပ်သည်။

မရှေးမနှောင်းကာလတွင် လူဦးရေတိုးပွားမှုများပြားလှသောတိုင်းလူမျိုးတို့ သည် ချင်းစဲန်၏တောင်ဘက် ရှိ နန့် ၊ 
ဖရဲ့ ၊ စောင်ခွဲ၊ စ၀မ်ကလို့ ၊ချကန်ကရောက်နှင့် ကျောက်ဖရားမြစ်ဖျားဒေသအထိ ပြန့် နှံ ကာ မြို့ ပြနိုင်ငံများကို
တည်ထောင်နေထိုင်ခဲ့ကြသည်။ (ထိုမြို့ အားလုံး ယနေ့ တိုင် ထိုင်းနိုင်ငံတွင်တည်ရှိနေဆဲဖြစ်သည်။)
နောက်ပိုင်းတွင် ခမာတို့ ၏ လာဗို (Lavo)ခေတ်အားကောင်းလာသောအခါ တိုင်းလူမျိုးတည်ထောင်သည့် 
အထက်ပါကိုယ့်မင်းကိုယ့်ချင်းမြို့ ပြနိုင်ငံတချို့  ပုံစံအမျိုးမျိုးဖြင့်ခမာနှင့်ပေါင်းစည်းသွားသည်။

ညီနောင်လူမျိုးစုများ အပြန်အလှန်လေးစားချစ်ကြည်ရေးသို့ -
အခွင့်သာလျှင် ဆက်ပါဦးမည်။ 
Agga Poechit
 (မှတ်ချက်။ ။ ဘာသာစကားကွာခြားမှုကြောင့် မြို့ ပြနှင့်လူတို့ ၏အမည်ခေါ်ဝေါ်မှုများ ကွဲပြားနေမည်ဟုထင်ပါသည်)

No comments:

Post a Comment

mr.kyaingtun@gmail.com