Friday, June 19, 2020

ဂျပန်ခေတ် ကရင့်အခြေအနေ

ဂျပန်ခေတ် ကရင့်အခြေအနေ

- ၁၉၄၀ ဇွန်လ ၂၂ရက်၌ ပြင်သစ်က ဂျာမန်အား Armistice စစ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးခါ အရှုံးပေးလိုက်သည်။(မျက်မှောက်မြန်မာတွင် NCA ကိုတန်ခါးဖွင့်ပေးသည့် ဗမာ့တပ်မတော်သည်လည်း ယင်း  Armistice နည်းနာကိုဦးတည်ထားခြင်းဖြစ်သည်)။ 
-၁၉၄၀ စက်တင်ဘာ၂၅ တွင် ဂျပန်တပ်များက အင်ဒိုချုင်းနားမြောက်ပိုင်းကိုဝင်ရောက်လိုသည့်ဆန္ဒကို  ပြင်သစ် Vichy အစိုးရကခွင့်ပြုလိုက်ရသည်။ ဤသို့ဖြင့်မဟာမိတ်တပ်များကတရုတ်သို့  ဟောင်ကောင်မြစ်ဝကျွန်းပေါ်မှတဆင့်သော်လည်းကောင်း ဆောက်လုပ်နေဆဲ Burma road မှသော်လည်းကောင်းစစ်ကူများဆက်သွယ်ပို့ဆောင်မည့်လမ်းကြောင်းကြီး၂ခုကိုဂျပန်တပ်များကပိတ်ဆို့လိုက်နိုင်သည်။ ထိုအချိန်တွင်ထိုင်းနိုင်ငံမှာ ရှိရင်းအနောက်ဗြိတိသျှနယ်ချဲ့နှင့် ဒီလှိုင်းသဖွယ်အားကောင်းသောအရှေ့တိုင်းဂျပန်နယ်ချဲ့များအကြားညှပ်မိနေသည့်အနေအထားသို့ရောက်သည်။
-၁၉၄၀ စက်တင်ဘာ ၂၇တွင် ဂျပန်မင်းသားကြီးခါးနိုအေ (Kanoye) အစိုးရ က ဂျာမန်၊ အီတလီတို့နှင့်ဘာလင်စာချုပ်( Barlon Pack)ကိုချုပ်ဆိုခါမိတ်ဖွဲ့လိုက်သည်။ 
-၁၉၄၀ နိုဝင်ဘာလတွင် ဗြိတိသျှမဟာမိတ်က စင်ကပူတွင်အရှေ့ဖျားစစ်ဌာချုပ်ကိုဖွင့်လှစ်သည်။
-ထိုအချိန်တွင်ဗြိတိသျှရေတပ်က ဘင်္ဂလားပင်လည်ကွေ့ကိုထိမ်းချုပ်ထားသဖြင့်ဂျပန်တပ်များရေကြောင်းမှဝင်ရောက်တိုက်ခိုက်နိုင်သည့်အနေအထားမရှိသဖြင့်စစ်မဲ့ငြိမ်းချမ်းကာလ မြန်မာပြည်တွင်း၌ ခြေလျှင်တပ်ရင်း ၂ခုသာထားရှိသည်။
- အဆိုပါ ဗြိတိသျှတပ်ရင်း ၂ရင်းမှာ  မန္တလေးနှင့်မေမြို့တွင်စခန်းချထားသည့်King's Own Yorkshire Light Infantary
(KOYLI) တပ်ရင်း (၂) နှင့်  မင်္ဂလာဒုံနှင့်ရန်ကုန်တွင် စခန်းချထားသည့် Gloucestershire တပ်ရင်း (၁) တို့ဖြစ်ကြသည်။ 
-မြန်မာကိုလိုနီအတွက်ဖွဲ့စည်းထားသောတပ်ကိုမူ Burma Rifle ဟုအမည်ပေးထားသည်။ ဗမာပြည်ကိုအင်းဒီးယားနိုင်ငံ၏ပြည်နယ်တခုအဖြစ်မှခွဲထုတ်ပေးသည့် ဧပြီလ ၁ရက် ၁၉၃၇ ခုနစ်တွင် အင်းဒီးယားတပ်ရင်းတခုမှလွှဲပြောင်းဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
-၁၉၃၉ ခုနှစ်၌ယင်း Burma Rifle တွင် တပ်ခွဲ ၄ခွဲစီရှိသောတပ်ရင်း ၄ ရင်းရှိသည်။ တပ်ရင်းတရင်းဆီကို ကရင်တပ်ခွဲ ၂ခွဲစီ၊ ကချင်နှင့်ချင်းတပ်ခွဲတစ်ခွဲစီဖြင့်ဖွဲ့စည်းထားသည်။
- Burma Frontier Force ခေါ်နယ်ခြားတပ်ရင်း ၆ရင်းကိုလည်းစစ်ရဲ အကူတပ်များအဖြစ်  ဂေါ်ရခါး(နီပေါ) နှင့် အင်းဒီးယားအမှုထမ်းများဖြင့်ဖွဲ့စည်းပေးထားသည်။(ဆက်ပါဦးမည်)ပုံ၁၊ ဤပထမအပိုဒ်ဆောင်းပါး၏ အချက်အလက်အရင်းအမြစ်တခု ၂။ ဗြိတိသျှခေတ်ကရင့်သေနပ်ကိုင်တတ်ရင်းတံဆိပ်



No comments:

Post a Comment

mr.kyaingtun@gmail.com