Friday, June 19, 2020

ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်

ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်

တကဘာလုံးနေရာတကာတွင်အကျင့်ပျက်ခြစားမှုများဖြစ်ပွားလျှက်ရှိသည်မှာ လူသားများအသိညာဏ်စတင်တိုးတက်လာသည့်
ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ယနေ့တိုင်ဖြစ်သည်။

ယင်းအကျင့်ပျက်ခြစားမှုများကို လိုအပ်သောအတိုင်းအတာတခုအထိ ဆန့်ကျင်တိုက်ဖျက် နိုင်သော အသိုင်းအ၀န်း တိုင်းနိုင်ငံ
အဖွဲ့အစည်းများမှာတခြားသောနိုင်ငံများထက်လူမှုဘ၀တိုးတက်ဖြစ်ထွန်းကြပြီးမြန်မာပြည်ကဲ့သို့ အကျင့်ပျက်ခြစားမှုကို သာမန်လုပ်ရိုးလုပ်စဉ်သဖွယ်သဘောထားတတ်သော
နိုင်ငံများမှာမူ ငွေကြေး၊ ပညာ၊ ရာထူးစသည့် အာဏာမဲ့ သာမန်ပြည်သူများနိုင်ငံတကာထက်
ပိုမိုဆင်းရဲနေကြရသည်။မြန်မာပြည်၏ အတွေးအခေါ်အလေ့အထ အငွေ့အသက်သြဇာခြံစည်းရိုးအတွင်းတွင်သာလျှင်ရှိနေသောကေအဲန်ယူအပါအ၀င်ကရင့်လက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်း အကျင့်ပျက်ခြစားမှုများ မလွဲမသွေရှိနေနိုင်သည်သာဖြစ်သည်။
အဘက်ဘက်ကအနေအထားများအရ အကျင့်ပျက်ခြစားမှုအမျိုးအစားများစွာအတွင်းမှ နိုင်ငံရေးအကျင့်ပျက်ခြစားမှုသည်
ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကို အနှေးနှင့်အမြန် ပျက်စီးကျဆုံးသွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အဖွဲ့မှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး
အခြေခံမူများကို အခြေခံလျှက်အကြံပြုလိုက်ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးလိုလိုသည် မြန်မာအစိုးရနှင့်
ဗမာ့တပ်မတော်က ပူးပေါင်းဒိုမီနိပ်လုပ်သည့် ငြိမ်းချမ်းရေးဖြစ်စင်
ရေအိုင်ကြီးထဲတွင် ပါဝင်ကူးခတ်နေကြရင်း ကမ်းမမြင်လမ်းမမြင် ယက်ကန်ယက်ကန်ဖြစ်နေကြသောအခြေအနေဖြစ်သည်။


ငြိမ်းချမ်းရေးရေသေအိုင်အတွင်းသို့ခုန်ဆင်းသွားကတည်းက နိုင်ငံတကာနိုင်ငံရေး ဖွင့်ဆိုသတ်မှတ်ချက်များအရ
ရန်သူအနေအထားမှန်မှ လုပ်ဖေါ်ပါတနာ ဟန်ဆောင်အနေအထားသို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။ ပါတနာမျှသာဖြစ်ပြီး
မိတ်ဆွေအဆင့်မရောက်သေးသည်ဖြစ်ရာ အပြန်အလှန်အသာစည်းယူ အနိုင်ရရေးကိုသာ ဆက်လက်လုပ်ဆောင်နေကြသည့် အဆင့်ဖြစ်သည်။
သမိုင်းအဆက်ဆက်အထင်အရှားဖြစ်ခဲ့သော ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အားသာသည့်ဘက်က
အားနဲသောဘက်များကို အစိတ်စိတ်အမွှာမွှာကွဲပြဲစေရန်အတွက် တဘက်ခောင်းဆောင်များအား  ပုဂိုလ်ရေးအကျိုးအမြတ်လဘ်ထိုးသည့်နည်းမှာ
အသုံးအများဆုံးနည်းနာဖြစ်သည်။ 
တိုတိုနှင့်လိုရင်းဖြတ်ပြောရလျှင် ငြိမ်းချမ်းရေးစားပွဲပေါ်တွင် ကိုယ်တပိုင်းတင်ထားကြသည့်ကေအဲန်ယူနှင့်ကရင့်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ခေါင်းဆောင်များသည်
တဘက်ကဓလေ့ထုံးတမ်းအတိုင်းလျှိ့ဝှက်ထိုးကျွေးသော လဘ်လာဘနှင့်အခွင့်အရေးများကို
မိမိတို့အတွက်ဖြစ်စေ၊ဆွေမျိုးများအတွက်ဖြစ်စေ လက်ခံ ရယူနေကြခြင်းရှိမရှိကို နိုင်ငံတကာကလက်ခံကျင့်သုံးနေသည့်
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဒီမိုကရေစီနည်းမူများအရ စတင်ကိုင်တွယ်စီစစ် ကြဖို့အရေးတကြီးလိုအပ်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင်လည်း အနောက်နိုင်ငံများနျင့်တရုပ်နိုင်ငံကဲ့သို့
နိုင်ငံရေးသမားများအကျင့်ပျက်ချစားမှုကာကွယ်တိုက်ဖျက်ရေးဥပဒေများချမှတ်ကျင့်သုံးလျှက်ရှိသည်။

နိုင်ငံရေးသမားတဦးသည် ရွေးကောက်ပွဲအနိုင်ရကာ ၀န်ကြီး တာဝန်ကိုမယူခင်တွင်ပိုင်ဆိုင်သော ငွေကြေးဥစာ လယ်ယာမြေ တိုက်တာအဆောက်အအုံနှင့်စတော့ရှယ်ယာပိုင်ဆိုင်မှုအားလုံး ကိုဘဏ်စာရင်းများဖြင့်စစ်ဆေးမှတ်တမ်းလုပ်သည်။
ဘဏ်ပြင်ပသို့ရောက်နေသောပိုင်ဆိုင်မှုများကို ငွေကြေးခ၀ါချမှုဥပဒေဖြင့်စစ်ဆေးအရေးယူသည်။
ထို့နောက် ၀န်ကြီးဖြစ်လာပြီးနောက် တနှစ်အတွင်းတွင် လာရာလမ်းမရှိသော တိုးပွားလာသည့်ချမ်းသာမှုများကို ထပ်မံစစ်ဆေးသည်။အတိုက်အခံပါတီသို့မဟုတ်အကျင့်ပျက်ခြစားမှုစောင့်ကြပ်ရေးတာဝန်ယူဆောင်ရွက်နေကြသည့် NGO တခုခုက စွဲချက်တင်လာလျှင်လဲအမှုဖွင့်အရေးယူဆောင်ရွက်သည်။ ထိုမျှအသေးစိတ်လုပ်ကြသဖြင့်အကျင့်ပျက်ခြစားမှုကျူးလွန်သောနိုင်ငံရေးသမားဟောင်းများပြည်ပသို့ထွက်ပြေးတိမ်းရှောင်ကြသည်လည်းများစွာရှိသည်။အချုပ်အချာအာဏာကိုနိုင်ငံတကာကအသိအမှတ်ပြုထားသော ထိုသို့နိုင်ငံကြီးများစွာတွင်ဖြစ်ရှိနေသည့်
ပြည်တွင်းအကျင့်ပျက်ချစားမှုများသည် ထိုနိုင်ငံကို ကျဆုံး
ပျောက်ကွယ်ပျက်စီးစေနိုင်ခြင်းမရှိသော်လည်း မည်သည့်နိုင်ငံကမှ
အချုပ်အချာအာဏာကိုအသိအမှတ်ပြုခြင်းမရှိသေးသည့် ကေအဲန်ယူနှင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများအတွင်း
အကျင့်ပျက်ချစားမှုများမှာမိမိလူမျိုးကိုဖျောက်ဖျက်ပစ်မည့် ရန်သူနှင့်လဒ်ပေးလဒ်ယူလုပ်မှုမျိုး
ဖြစ်တတ်ပေရာ ထိမ်းသိမ်း ကာကွယ်တိုက်ဖျက်ရမည့် မူဝါဒဥပဒေနှင့်အရေးယူမှုများမရှိလျှင်
လူမျိုးပျောက်ဆုံးသွားနိုင်သည်။ မပျောက်ဆုံးလျှင်လဲ လူမလေးခွေးမခန့်
ဂါချလာလူမျိုးတမျိုးအဖြစ်သာကျန်ရှိမည်။ ထိုမျှကြီးမားလှသောတမျိုးသားလုံးအတိုင်းအတာ
ဆုံးရှုံးမှုမဖြစ်ပွားရန် ဒိမိုကရေစီနည်းဖြင့် ဆိုင်ရာအာဏာပိုင်ကော်မီတီများ ဖွဲ့ပြီးအဖွဲ့အစည်းခေါင်းဆောင်များအတွင်း
အကျင့်ပျက်ခြစားမှုရှိမရှိကို အချိန်မီ စတင်စစ်ဆေးအရေးယူကြဖို့ အကြံပြုလိုက်ပါသည်။
(အောက်တွင် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု ဆိုင်ရာအဖွဲ့အစည်းများ၏မှတ်စုတချို့ကိုဖေါ်ပြထားပါသည်။
အသေးစိတ်ကို ဆိုင်ရာ အဖွဲ့အစည်းများ၏ ၀က်ဆိုဒ်များတွင် ရှာဖွေဖတ်ရှုကြပါရန်)

 ----------------
Corruption takes place in anywhere:

political reforms, including the financing of political parties and elections;economic reforms, regulating markets and the financial sector;financial controls: budget, bookkeeping, reporting;Public supervision: media, parliament, local administrators and councils,registration;
free access to information and data;
maintaining law and order;
improving and strengthening of the judicial system;
institutional reforms: Tax systems, customs, public administration in general;whistleblowers and civil society organisations (NGO’s).

Political parties are most corrupt institution worldwide according to TI Global Corruption Barometer 2004. Political corruption is the use of powers by
government(The leaders of organization) officials or their network contacts for illegitimate private gain.

Corruption affects us all. It threatens sustainable
economic development, ethical values and justice; it destabilizes our society (Organization)
and the rule of law. It undermines the institutions and values of our democracy.

The simplest definition corruption is the misuse of
public power (by elected politician or appointed civil servant) for private gain. ... Corruption is the misuse of entrusted power (by heritage, education,marriage, election, appointment or whatever else) for private gain. (Private
included relative and close friends)

Corruption is an improbity or decay in the
decision-making process in which a decision-maker consents to deviate or  from the criterion which should rule his or her decision-making, in exchange for a reward or for the promise or expectation of a reward, while these motives influencing his or her decision-making cannot be part of the
justification of the decision.

No comments:

Post a Comment

mr.kyaingtun@gmail.com