Friday, June 19, 2020

သမိုင်း နဲနဲပါးပါး... Amherst ခေါ် ကျိုက္ခမီမြို့နောက်ခံသမိုင်း-

သမိုင်း နဲနဲပါးပါး...
Amherst ခေါ် ကျိုက္ခမီမြို့နောက်ခံသမိုင်း-

မွန်ပြည်နယ်ရှိကျိုက္ခမီမြို့ကို ၁၈၂၄-၂၆ ခုနှစ်က ပထမ အင်္ဂလိပ်မြန်မာစစ် အပြီး ရခိုင်နှင့်တနင်္သာရီတိုင်းကို အင်္ဂလိပ်အစိုးရသိမ်းပြီး ပင်လယ်အပမ်းဖြေစခန်းမြို့အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

အဲမ်းမက်စ်မြို့ဟု ဗြိတိန်အင်းအင်းဒီးယား ဘုရင်ခံချုပ်၏အမည် ( William Pitt Amherst,) ကို ယူ၍ မှည့်ခေါ်ခြင်းဖြစ်သည်။ ကျိုက္ခမီကိုရှေးမွန်များက 'တုံကျောင်းပီ'ဟုလည်းခေါ်ဆိုသည်။ 

သီဟိုကျွန်းပြည်ရှင် ဒေဝါနံပိယတိသမင်းကြီးက အရှေ့တိုင်းသို့ ဗုဒ္ဓရုပ်ပွား ၄ဆူ ကို အင်းဒီးယားသမုဒ္ဒယာမှတဆင့်မျှော၍ပို့ခဲ့ရာတွင် ဧကာဒသစေတီတည်ရှိရာ ကျိုက္ခမီဆိပ်ကမ်းသို့ ရုပ်ပွားတစ်ဆူရောက်ရှိလာခဲ့သည်။ သမိုင်းအပြည့်အစုံကို မွန်များကိုယ်တိုင်ရေးသောစာတန်းများတွင်ရှာဖွေဖတ်ရှုနိုင်သည်။
ပုံ၁။ကျိုက္ခမီဘုရား
ပုံ၂။ အင်းဒီးယားဘုရင်ခံချုပ် ဝီလီယမ်ပစ်အဲမ်းမက်စ်
 


No comments:

Post a Comment

mr.kyaingtun@gmail.com