Friday, June 19, 2020

ဂျပန်ခေတ် ကရင့်အခြေအနေအပိုင်း၂


ဂျပန်ခေတ် ကရင့်အခြေအနေအပိုင်း၂

- ၁၉၃၆ မေလ ၄ရက်နေ့တွင် အင်းဒီးယားနိုင်ငံအဂ္ဂရာမြို့ (Agra) ရှိ King's Own Yorkshire Light Infantary (KOYLI) တပ်ရင်း (၂) တွင်တာဝန်ထမ်းဆောင်နေသောကရင်အမျိုးသား ဒုဗိုလ်စမစ်ဒွန်းကို
အမှတ်၁ ပန်ဂျပ်တပ်မဟာတွင် ဗိုလ်အဆင့်ရာထူးတာဝန်အပ်နှင်းသည်။
- စမစ်ဒွန်းပန်ဂျပ်တပ်မဟာသည် ၁၉၃၆မှ၃၇အတွင်း အင်းဒီးယားအရှေ့မြောက်ပိုင်းအား ထိုးစစ်စဆင်လာသည့်ဂျပန်တပ်များကိုခြေမှုန်းတိုက်ခိုက်ရာတွင်အဓိကအခန်းကပါဝင်ခဲ့သည်။ 
-၁၉၄၂တွင် ဂျပန်တပ်မ ၁၈,၃၃,၅၅နှင့် ၅၆တို့ကစစ်အင်အား ၈၅၀၀၀ဖြင့်ဗမာပြည်စစ်မျက်နှာကိုအဓိကထားသည့်ထိုးစစ်အသစ်စတင်သောကာလတွင်ဗိုလ်မှူးစမစ်ဒွန်းကိုဗြိတိသျှအင်းဒီးယားတပ်မှဗမာပြည်သို့ ပြောင်းရွှေ့တာဝန်ပေးအပ်သည်။ 
- ထိုကာလသည်ဗြိတိသျှခေတ်စစ်အေးငြိမ်းချမ်းကာလပေါ်လစီအရစစ်အင်အားလျှော့ချထားသောအချိန်ဖြစ်သဖြင့် ဗမာပြည်တွင် စမစ်ဒွန်းပါဝင်သောကရင်အမျိုးသားစစ်သည်အများစုဖြင့်ဖွဲ့စည်းသည့် Burma Rifle တပ်ရင်း ၄ ရင်းအပါအဝင်စစ်ရဲတပ်ဖွဲ့တာဝန်ပေးအပ်ထားသည့် ဂေါ်ရခါးနှင့်အင်းဒီးယားတပ်ရင်း၆ရင်းသာရှိသဖြင့် စုစုပေါင်းအင်အား၅၀၀၀ မျှသာရှိသည်။ 
-ဗမာပြည်ရှိထိုတပ်များကို အင်းဒီးယားရှိ ဗြိတိသျှအင်ဒီးယား တပ်မတော်( British Indian Army လက်အောက်ခံ ဗမာပြည် အမှတ်(၁) တပ်မ (1st Burma Division)၏ ကွပ်ကဲမှုအောက်တွင်ထားရှိသည်။ အရှေ့တောင်တိုင်းတွင်လည်းယင်း(British Indian Army လက်အောက်ခံ အမှတ်(၁၇) အင်းဒီးယားတပ်မ၏ ကွပ်ကဲမှုအောက်တွင်ထားသည်။ တပ်မဖြစ်သော်လည်း တိုက်ခိုက်ရေးထက် ရုံးလုပ်ငန်းအင်အားမျှကိုသာထားရှိခြင်းဖြစ်သည်။


- ၁၉၄၀ အောက်တိုဘာလအတွင်းအင်္ဂလန်ပြည်မကြီးကို ဂျာမန်က အပြင်းအထန်ထိုးစစ်ဆင်နေသဖြင့် အင်္ဂလန်ပြည်မကာကွယ်ရေးအတွက် ခေါ်ယူခဲ့သောတပ်များပြန်မရောက်သေးသည်ကလည်းတကြောင်းဖြစ်သည်။
- မဟာမိတ်အမေရိကန်နှင့်ဗြိတိသျှတို့ ရေးဆွဲသော ဂျပန်တပ်များကိုဗမာပြည်ထဲသို့ကျုံးသွင်းခြေမှုန်းရေးလှန်စစ် အစီအစဉ်အရ ဗြိတိသျှလက်အောက်ရှိ စုစုပေင်းအင်အား ၅၀၀၀ မျှရှိသောအင်းဒီးယား၊ ဂေါ်ရခါးတပ်များနှင့်ဘားမားရိုင်ဖယ်အားလုံးကိုအင်းဒီးယားသို့ တမဟုတ်ခြင်းဆုတ်ခွာစေရာ တွင် ဘားမားရိုင်ဖယ်ကို ဗိုလ်မှုးစမစ်ဒွန်းကဦးဆောင်သည်။
-  ၁၉၄၂ ဂျန်နဝါရီလ ၁၅ရက်မှ ၃၀အကြားတွင် ဂျပန့်အင်ပါယာလေတပ်နှင့် ထိုင်းကျားတပ်မတော်လေတပ်များကမန္တလေးတမြို့လုံးပြာကျသွားအောင်ကို ဗုံးမိုးရွာသွန်းနေချိန်တွင်ဂျပန်အမြှောက်တပ်များနှင့် သံချပ်ကာတပ်များစွာပါဝင်သည့်ဂျပန့်ကြည်းတပ်အင်အား ၈၅၀၀၀လုံးမလေးရှားနှင့်ထိုင်းကိုဖြတ်ခါတောင်စွန်း ဝိတိုရီးယားအငူမှ မြောက်စွန်း ပူတာအိုအထိရောက်ရှိသွားခါဗမာတပြည်လုံးကိုသိမ်းပိုက်လိုက်သည်။
-ထိုဂျပန်တပ်များနှင့်အတူဝါဒဖြန့်ချီရေးအတွက် ဗိုလ်မှူးကြီးစူဇူကီး ထူထောင်လေ့ကျင့်ဦးစီးချုပ်ကိုင်သည့် ဗမာလွတ်လပ်ရေးတပ်မတော် BIAပါလာသည်။ ပုံ၁။ London Gazette 28 October 1942စာရင်းတွင်ဖော်ပြပါရှိသော ဗိုလ်ကြီးစမစ်ဒွန်းအမည်။ ပုံ၂။ အင်အား ၈၅၀၀၀ရှိဂျပန်တပ်မများစစ်ကြောင်းပြမြေပုံ။ပုံ၃။ အင်္ဂလန်ပြည်မကိုဂျာမန်ထိုးစစ်ဆင်ပုံ။ ၄။ အင်္ဂလန်အားဂျာမန်လေတပ်ကဗုံးမိုးရွာနေစဉ်။ ၅။ ဒေးလီတယ်လီဂရပ် သတင်းစာမှ






No comments:

Post a Comment

mr.kyaingtun@gmail.com