Friday, June 19, 2020

ကရင်အပါအ၀င် ညီနောင်လူမျိုးစုများ ညီညွတ်ရေး-

ကရင်အပါအ၀င် ညီနောင်လူမျိုးစုများ ညီညွတ်ရေး-

ကရင်ကိစ္စ ကနေစပြောပါရစေ..
ကရင့်လက်နက်ကိုင်တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးအဖြစ်နဲ့ဘဲ ဆက်လက်တည်တန့်နေဖို့ရည်ရွယ်တယ်ဆိုရင်  ခုလို ကရင်လက်နက်ကိုင်အဖွဲ့တွေကွဲနေတာက အကောင်းဆုံးအနေအထားဖြစ်တယ်( ဒီအကြောင်းကို နောက်အပိုဒ်မှာရှင်းပြမယ်)။
လက်နက်ကိုင်တော်လှန်ရေးအဖြစ်နဲ့သာ တန့်နေဖို့မဟုတ်ဘဲ အသိအမှတ်ပြုခံရတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အချုပ်အချာ နယ်မြေတခုအဆင့်ကို တက်ဖို့ရည်ရွယ်တယ်ဆိုရင်တော့ 
ကရင်လက်နက်ကိုင်အဖွဲ့တွေခုလိုကွဲနေလို့ လုံးဝမရနိုင်ဘူး။ တခုတည်းသောတပ်မတော်တရပ်အဖြစ်မားမားမတ်မတ်တည်ရှိခြင်းဟာ ကိုယ်ပိုင်ပြဌာန်းခွင့် အသိအမှတ်ပြုခံရရေးအတွက် လုံးဝမရှိမဖြစ်တဲ့ အရေးအကြီးဆုံး အရည်အသွေးဖြစ်တယ်။
သမိုင်း၊ ကိုယ်ပိုင်ဘာသာစကား၊ သီးချားယဉ်ကျေးမှုတွေရှိခြင်းဟာ Ethnic, Race, Tribe, Native, indigenous စသဖြင့် လူမျိုးတစ်မျိုးဖြစ်ခြင်းရဲ့အရည်အသွေးတွေသာဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာရှိတဲ့ National တရပ်ရဲ့ ၀ိသေသမဟုတ်ဘူးဆိုတာကို လက်ရှိကမ္ဘာ့အနေအထားအရ အရှိကိုအရှိအတိုင်း မြင်ကြဖို့လိုပါတယ်။


ဒီတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ တကယ်ဘဲ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ဦးတည်ချက်၊ရည်ရွယ်ချက်ရှိတာမှန်ရင် ရန်သူက ဖန်တီးမီးမွှေးပေးခဲ့တဲ့ ကရင်အမျိုးသားများအတွင်း လူမျိုးရေးမဟုတ်တဲ့ ပါတီဂိုဏ်းဂဏ ခွဲခြားရေး စိတ်ဓါတ်ကို ပယ်ဖျက်လိုက်ကြဖို့ မလွဲမသွေ လိုအပ်တယ်။ ရန်သူဟာ ကရင်ညီနောင်များအတွင်း အလွန်နာကျည်းစရာကောင်းတဲ့ အပြန်အလှန်ခြေမှုန်းသတ်ဖြတ်မှုတွေဖြစ်ပွား အောင်လုပ်ပေးခဲ့ခြင်းဟာ ကရင်အချင်းချင်းတသက်လုံး ပြန်မပေါင်းစည်းခြင်လောက်အောင် အပြန်အလှန် မုန်းတီးသွားစေဖို့သာဖြစ်တယ်။ ဒါကိုမဆုတ်မနစ်ကျိုးစားအားထုတ်ပြီး ကျော်လွှားနိုင်ကြရမယ်။ ဒီအဆင့်ကိုမကျော်နိုင်ရင် နောက်တဆင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာရဖို့အရေးကတော့ တော်တော်လေးအလှမ်းဝေးနေဦးမယ်။ တော်လှန်ရေးအဓွန့်ရှည်နေရဦးမှာသေချာတယ်။ ကဲ ဒီကိစ္စဒီလောက်တော်ပြီ။ ကိုယ့်ဖါကိုယ်အသေးစိတ်ဆက်စဉ်းစားကြပေတော့။ 
အခု စောစောကပြောထားတဲ့ “လက်နက်ကိုင်တော်လှန်ရေးအဖြစ်နဲ့ဘဲ ဆက်လက်တည်တန့်နေဖို့ရည်ရွယ်တယ်ဆိုရင်  ခုလို ကရင်လက်နက်ကိုင်အဖွဲ့တွေကွဲနေတာက အကောင်းဆုံးအနေအထားဖြစ်တယ်” ဆိုတာနဲ့ပတ်သက်ပြီးနဲနဲရှင်းပြချင်တယ်။ အမှန်မှာဒီအနေအထားဖြစ်နေအောင် ရန်သူက ထိမ်းထားပေးတာကို တချို့ရိပ်မိကောင်းရိပ်မိပါလိ့မ္မယ်။
အမှန်တော့ဒီနည်းဟာရိုးရိုးလေးပါဘဲ။ ကမ္ဘာအနှံ့မှာရှေးပဝေသနီခေတ်ထဲကသုံးခဲ့ကြတဲ့ သမရိုးကြနည်းတခုသာဖြစ်တာပါ။ တိုတိုဘဲပြောပါမယ်။ မိမိကရန်သူကိုခွဲထုတ်လိုက်တဲ့အခါ ရန်သူဟာ မူလကတဖွဲ့တည်းဖြစ်ခဲ့ရာကနေ ၂ဖွဲ့၃ဖွဲ့ဖြစ်သွားပါတယ်။ ဒီအဖွဲ့တိုင်းဟာ မိမိအဖို့ ရာနှုန်းပြည့်ယုံကြည်စိတ်ချ ကျောပေးထားလို့မရတဲ့ အဖွဲ့အစည်းတွေသာ ဆက်ဖြစ်နေမှာဖြစ်တယ်။
မိမိရဲ့ စစ်အင်အား၊ ဓနအင်အား နဲ့ ဒီအဖွဲ့အားလုံးကိုကိုယ်တိုင်စော့င်ကြပ်နေရမယ်ဆိုရင် မူလကထက် ၃ဆလောက်ကြီးတဲ့ဝန်ထုတ်ဝန်ပိုးကြီးဖြစ်နေတော့တယ်။ ဒီတော့ ဒီ အကွဲ၃ဖွဲ့လုံးကို ဟိုဘက်ကပ်ပေါင်း ဒီဘက်မြောက်စတဲ့နည်းတွေနဲ့ အပြိုင်အဆိုင်အလံမလှဲစတမ်း စိတ်တွေဝင်နေအောင် ဆက်လုပ်ထားနိုင်သမျှကာလပတ်လုံး သူတို့အခြင်းခြင်းဘဲ အပြန်အလှန်ခြေတုတ်ခြေချုပ် အားရော့အောင်လုပ်နေကြတော့မှာဖြစ်တယ်။ အခြင်းခြင်း ဆက်အပုတ်ချနေကြမယ်။နယ်မြေတွေဆက်ကွဲနေပြီး နယ်မြေဆိုင်ရာပြသနာလဲတက်နိုင်တယ်။ ၀င်ငွေအကောက်အခွံဆိုင်ရာပြသနာတွေလဲ တက်နိုင်တယ်။ လူထုဆိုင်ရာပြသနာတွေလဲတက်မယ်။ ဒီလိုဘဲ အပျက်အပျက်နဲ့ ၃ဖွဲ့လုံးပြန်လည်ပေါင်းစည်းရေး စိတ်ဓါတ်နဲ့ အလားအလာတွေလဲပျောက်ကုန်မယ်။ ဒီတော့ သူတို့အချင်းချင်းအပြန်အလှန်ထိမ်းထားနိုင်ဖို့ အဖွဲ့တိုင်းမှာ ဒီကိစ္စအတွက် အင်အားအလုံအလောက်ရှိနေအောင် ရန်သူကနေပြီး တဘက်လှည့်နဲ့ မီးစာထိုးထားပေးဖို့လိုတယ်။ ဘယ်အဖွဲ့မှပြုတ်သွားလို့မရဘူး။ အင်အားချိန်ခွင်လျှာပျက်သွားစေမှာဖြစ်တယ်။ ဒီတော့ တော်လှန်ရေးအဓွန့်ရှည်ရေးအတွက် ရန်သူဘက်က အားပေးအားမြောက်ပြုနေတဲ့အချက်က  ဒါပါဘဲ.. အသေးစိတ်ကိုဆက်စဉ်းစားကြပေါ့။

No comments:

Post a Comment

mr.kyaingtun@gmail.com