Friday, June 19, 2020

လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း

လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း

၁၂၅၉ခုနှစ်တွင် မင်းဂရိုင်းသည် လွတ်လပ် ညီညွတ်သောလန်းနာမြောက်ပိုင်း "တိုင်း" မြို့ပြနိုင်ငံများ၏ပထမဘုရင်ဖြစ်လာသည်။ထိုနိုင်ငံသည်ယနေ့အခါလာအိုနိုင်ငံ၏မြောက်ပိုင်းဒေသကြီးဖြစ်၏။ သူသည် လူမျိုးခြားများစီးနင်းတိုက်ခိုက်မည့်အန္တရယ်များခေတ်လှိုင်းကြွနေသောအချိန်တွင်ညီညွတ်မှုမရှိသော "တိုင်း"မျိုးနွယ်စုတို့၏မြို့ပြနိုင်ငံများကိုလန်းနာနိုင်ငံတော်အဖြစ်စည်းရုံး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် "တိုင်း"လူမျိုးများ၏ မန်းလိုင်, ချင်းခံ နှင့် ချင်းခေါင်ကိုလျှင်မြန်စွာသိမ်းသွင်းခဲ့သည်၊၁၂၆၂တွင် ကုတ်မြစ်ကမ်း၌  လန်းနာ၏နေပြည်တော်အဖြစ် "ချင်းဂရိုင်း"မြို့ကိုတည်ထောင်သည်၊( ချင်းဂရိုင်းသည် လက်ရှိထိုင်းနိုင်ငံ မြောက်စွန်း၏တိုင်းဒေသကြီးမြို့တော်ဖြစ်သည်) ၁၂၈၇တွင် ဖရောင်မင်း ငန်မွန်း၊ စူခိုထိုင်း( နောင်တွင် ထိုင်းထီးနန်းစတင်တည်ထောင်သော ပထမခေတ် သို့မဟုတ်စူခိုးထိုင်းခေတ်ဖြစ်လာသည့်မြို့)မင်းရမ်ခမ်ဟဲန်တို့ ခိုင်မာသောညီနောင်နိုင်ငံများအဖြစ်ပူးပေါင်းသည်။ မင်းဂရိုင်းဘုရင် ဖန်မြို့တွင်ရှိနေစဉ်တွင် မွန်နိုင်ငံတော်ဟရိပွန်ချိုင်းမှ ကုန်သည်တဦးသူ့ထံသို့လာရောက်လည်ပတ်ခစားကာ မွန်နိုင်ငံတော်၏စည်ပင်သာယာတိုးတက်ဝပြောမှုအကြောင်းများကိုပြောပြသည်။ ( ဟရိပွန်ချိုင်းမှာမျက်မှောက်တွင်လမ်းပွန်း တိုင်းဒေသကြီး၏မြို့တော်ဖြစ်သည် ) မွန်သည် "တိုင်း"လူမျိုးစုတစ်စုမဟုတ်သဖြင့် လန်းနာနိုင်ငံနှင့်မပူးပေါင်းချင်ပေ။ မွန်ပြည်ကိုအင်အားသုံးပြီးသိမ်းသွင်းလိုသည့်မင်းဂရိုင်းမင်း၏အစီအစဉ်ကို အကြံပေးမှူးမတ်များက မဖြစ်နိုင်ဟု တားမြစ်ကြသော်လည်းမရခဲ့ပါပေ။ မင်းဂရိုင်းဘုရင်သည် အိုက်ဖားဆိုသူ ကုန်သည်တစ်ဦးအား သူလျှိအဖြစ် မွန်အုပ်ချုပ်ရေးအသိုင်းအဝိုင်းအတွင်းပိုင်းသို့ဝင်ပူးရန်လွှတ်လိုက်သည်။ (NCAခေတ်တွင် KNUနှင့် MNSP တို့၏အတွင်းပိုင်းကို BAကနည်းမျိုးစုံဖြင့်ဝင်ပူးနေသည့် နည်းနှင့်ထပ်တူဖြစ်သည်)။ မွန်ဘုရင်ယိဘာ (Yi Ba) က အိုက်ဖား ကို ဘုရင့်အာဏာသုံးခွင့်ရ အမတ်မှူးကြီးအဖြစ်ခန့်အပ်ခါစီရင်အုပ်ချုပ်စေသည်။ ထိုမှ ၁၂၉၁ ရောက်သောအခါတွင် မင်းဂရိုင်းဘုရင်က ဒေသခံမွန်လူထုမှကြည်ဖြူခြင်းမရှိသည့်အခြေအနေတွင်ပင် ဟရိပွန်ချိုင်းကိုသိမ်းပိုက်လိုက်သည်။ ( ဤအချက်မှာ အလောင်းဘုရား ရာမညမွန်ပြည်ကိုသိမ်းပိုက်ခဲ့စဉ်ကအခြေအနေမျိုးဖြစ်သည်) ဟရိပွန်ချိုင်းနန်းဆက်မွန်နောက်ဆုံးမင်း ယိဘာက တောင်ပိုင်းရှိအခြားမွန်မြို့တော်တစ်ခုဖြစ်သည့် လမ်းပမ်း မြို့သို့တိမ်းရှောင်လွတ်မြောက်သွားခဲ့သည်။



မင်းဂရိုင်းသည် ဟရိပွန်ချိုင်းကိုသိမ်းပိုက်ပြီးနောက် သူ၏နေပြည်တော်ကို" ဝယန်ကုမ်ကမ် (Wiang Kum Kam) သို့ရွှေ့ပြောင်းသည်။ မိုးရာသီရောက်သောအခါရေမြုတ်သဖြင့် "စူထေ့တာင်" (Doi Suthep) သို့ထပ်မံပြောင်းရွှေ့ပြီး "ချင်းမိုင်" ဟုအမည်တတ်သည်။ 
နှစ်များမကြာမီတွင် လမ်းပမ်း (Lampan) ဘုရင်ဖြစ်သော "ဘုတ်မင်း " (King Boke) ကစစ်အင်အားအလုံးအရင်းဖြင့်ချင်းမိုင်ကိုတိုက်ခိုက်သည်။  ဘုတ်မင်းသည်
လမ်းပွန်းမှတိမ်းရှောင်လာသူ မွန် ဘုရင် ယိဘာ၏သား ဖြစ်သည်။ 
စစ်အင်အားသာသော်လည်းထိုခေတ်ကထုံးစံအရ ဘုရင်များ ဆင်စီးပြီးတစ်ဦးချင်းတိုက်ခိုက်ရာတွင် ဘုတ်မင်းနတ်ရွာစံသည်။ မင်းဂရိုင်းဘုရင်ကမွန်မြို့တော်တခုဖြစ်သည့်လမ်းပမ်းကိုသိမ်းပိုက်သည်။ မွန်ဘုရင် ယိဘာမှာမူ တောင်ဘက်အရပ်ရှိ "ဖိစနလွတ်" (Phitsanulok) 
 မြို့သို့ တိမ်းရှောင်သွားခဲ့သည်။




No comments:

Post a Comment

mr.kyaingtun@gmail.com