Friday, June 19, 2020

ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---

ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---

Karaylar-Karaites
Karait ခေါ် Karaylar-Karaites ခေါ် Crimean Karaites  ခေါ် Qarays လူမျိုးသည်  လက်ရှိကာလ၌ ပင်လယ်နက်ဒေသတဝိုက်ရှိ ယူကရိန်း၊ ခရိုင်းမီးယား၊ အစ္စရေး၊လစ်သူနီးယားနှင့် ပိုလန် နိုင်ငံများတွင်စုစုပေါင်းလူဦးရေငါးသောင်း( ၅၀၀၀၀)ခန့်ကျန်ရှိနေသောရှေးဟောင်းလူမျိုးတမျိုးဖြစ်သည်။  ကော့ကေးရှန်းလူ့မျိုးနွယ်စုမှလာသော တူရကီအနွယ်တခုဖြစ်သည့် 
Kipchak ဘာသာစကားအုပ်စုတွင်ပါဝင်သည်။ မွန်ဂိုလ်တို့ကြီးစိုးသောခေတ်တွင် ယင်း Kipchak ဘသာစာပေကိုတာတာ မွန်ဂိုလ်လူမျိုးပိုင်အဖြစ်သတ်မှတ်အသုံးပြုသည်။ နာဇီခေတ်တွင်ဂျာမန်သိမ်းပိုက်ထားသောဥရောပနိုင်ငံများရှိ Karaylar-Karaites ခရစ်ယန်ဘာသာဝင်များအား ဂျုးလူမျိုးစုတစုအဖြစ်မှားယွင်းသတ်မှတ်ခါ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်သည်။ Karaylar-Karaitesတစ်မျိုးလုံးသည် တခြားဥရောပလူမျိုးများထက်စောစီးစွာ ဂျူးဒစ် ခရစ်ယန်ဘာသာကိုသက်ဝင်ယုံကြည်လာကြသည့်လူမျိုးဖြစ်သည်။Karaylar-Karaitesနှင့်မျိုးရိုးနီးစပ်သော တခြားတူရကီ အနွယ်ဝင်ဖြစ်သည့် တရုပ်ပြည်ရှိ လူဦးရေ ၁၀သန်းကျော်သောအင်္ဂလိပ်အခေါ် "အွီဂါ"(Uyghur) တရုတ်အခေါ် "ဝိန်းဝါ့တ်ရ်"လူမျိုးတို့မှာမူ အစ္စလမ်ဘာသာဝင်ဖြစ်သွားကြသည်။


အထက်ပါထင်ရှားလူသိများသောသမိုင်းအချက်အလက်များ၊ ဘာသာဗေဒနှင့် မနုသဗေဒပညာလူ့မျိုးနွယ်စုစစ်ဆေးနည်းများအရ
မွနိဂိုလ်လွိုက်လူသားမျိုးဆက်ကြီးမှဆင်းသက်လာသည့် "ယန်" ခေါ်ကရင်လူမျိုးများသည် Karaylar-Karaites ခေါ် Crimean Karaites  ခေါ် Qarays လူမျိုးနှင့်မည်သို့မျှဆက်စပ်မှုမရှိကြောင်းသိရှိနိုင်ပေသည်။ အခြား နိုင်ငံတကာသမိုင်းပညာရှင်များပြုစုသောစာတန်းများလဲများစွာရှိပြီး ကရင်လူမျိုးနှင့်မည်သို့မျှဆက်စပ်၍မရနိုင်သဖြင့် ထည့်သွင်းဖော်ပြခြင်းမပြုသည်ကိုခွင့်လွှတ်ပါရန်......ပုံ၁။Karaylar-Karaites လူမျိုး၊ ပုံ၂။ ကော့ကေးရှဒေသ ပုံ၃။ တရုတ်ပြည်ရှိUyghur လူမျိုး




No comments:

Post a Comment

mr.kyaingtun@gmail.com