Friday, June 19, 2020

ပျူကရင် အကြောင်း တစောင်းတစေ့.

ပျူကရင် အကြောင်း တစောင်းတစေ့.
ယူနန်နယ်မှ လူမျိုးစုတစုသည် တိဗက်သို့ ရွှေ့ ပြောင်းကြသည့်တချိန်ထဲတွင် ကျန်လူစုများက ယူနန်တောင်တန်းများမှတဆင့် ဧရာဘတီ(ဧရာဝတီ)မြစ်ဝှမ်းသို့ ဆင်းလာကြသည်။ ထိုလူမျိုးစုများက အေဒီ ၂ရာစုမှ ၁၂ရာစုအကြားတွင် စုပေါင်းမြို့ ပြများကိုတည်ထောင်နေထိုင်ကြသည်။ ပျောက်ကွယ်သွားပြီဖြစ်သော ထိုပျူလူမျိုးတို့ ထွန်းကားခဲ့ရာဒေသကိုအစွဲပြုခါ ယင်းတို့ ကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးအဖြစ် သမိုင်းဆရာများက သတ်မှတ်ကြသည်။ လက်ရှိမြန်မာသမိုင်းရေးသားသူများကပျူလူမျိုးကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဆိုသည့်အခေါ်အဝေါ်အစား မြန်မာကနဦးလူမျိုးဟုအထင်ရောက်စေသည့် အသုံးအနှုန်းကိုခေါ်ဝေါ်သုံးစွဲကြသဖြင့် ပျူလူမျိုးကို ဗမာလူမျိုးအဖြစ်သို့ ပင်အခေါ် 
အဝေါ် လွဲချော်လာကြသည်ကိုတွေ့ ရသည်။ မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဖြစ်သည့် ပျူလူမျိုးသည်အမှန်စင်စစ် ယနေ့ မွန်ပြည်နယ်နှင့်မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွင် အများအပြားနေထိုင်ကြသည့် ကရင်လူမျိုးများဖြစ်ကြသည်ဟု ကမ္ဘာ့သမိုင်းဆရာကြီးတဦးဖြစ်သည့်
ချားခင်းဘောလ်၏ ပျူ ပဲခူးနှင့်ရခိုင်သမိုင်းစာတန်းတွင်ဖေါ်ပြထားသည်။
ပျူနိုင်ငံသည် ပုဂံခေတ်မတိုင်မီ ကစတင်ဖြစ်တည်ခဲ့ပြီး ခရစ်သက္ကရာဇ် ၇-၈ တွင် စရီခ္စက်တရာ Sri Ksetra မြို့ ကိုတည်ထောင်ခဲ့ကြသည်။ နောင်တွင် သရေခေတ္တရာဟု မြန်မာသံထွက်ဖြင့်ခေါ်ဝေါ်လာရာမှယခုအခါပြည်မြို့ ဟုသတ်မှတ်ခေါ်ဆိုသည်။ 
ဘိသနိုး၊ မိန်းမော၊ ဘင်းနဂနှင့် ဟန်လင်းမြို့ ပြများကိုလဲ ပျူခေတ်တွင်ထူထောင်သည်။
ပျူ ရှေးဟောင်းကရင်လူမျိုးများသည် ထိုစဉ်က အာရှတခွင်သို့ ပြန့် ပွားနေသော အိန္ဒိယယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာစသော ဘာသာတရားများ ကိုလက်ခံကျင့်သုံးကြသည်မှာ မွန်ရခိုင် ရှမ်းတို့ နှင့်မခြားဖြစ်သည်။ပန်းပု ပန်းရံ ပိသုကာဘက်တွင်လဲ အိန္ဒယမှ အတတ်ပညာရှင်များကိုငှားယမ်းခြင်းသင်ယူခြင်းများရှိခဲ့သည်။ တရုတ်သမိုင်းတွင် တရုတ်ကုန်သည်များ၏ပြောဆိုချက်အရ ပျူလူမျိုးတို့ သည် ကျက်သရေရှိပြီးဖြူစင်သောစိတ်ဓါတ်ရှိ သည်ဟုဆိုသည်။ လူသားခြင်းကြင်နာစိတ်ကိုပျုတို့ တွင် သိသိသာသာတွေ့ရသည်။ ပျူလူမျိုးများတွင် အပြင်းထန်ဆုံးအပြစ်ဒဏ်မှာ ကြိမ်ဒဏ်လေးငါးချက်ခန့် သာရှိသည်ဟုလည်းကုန်သည်တို့ကမှတ်တမ်းရှိထားကြသည်။ ပျူများသည် ငွေထည်ရွှေထည် ကျောက်မျက်ရတနာ လက်ဝတ်လက်စားများကို နှင့် အပြာရောင်ပိုများသော အ၀တ်အစားများကိုဝတ်ဆင်ကြသည်ဟုလည်း တရုတ်ကုန်သည်များကဆိုထားသည်။ လက်ရှိမြန်မာပြည်မှကရင်များမှာမူ အနီရောင်ကိုပိုဝတ်ဆင်ကြသည်။ ထိုင်းနိုင်ငံရှိကရင်များတွင် အနီအပြာနှင့် အမဲရောင်သုံးစွဲမှုသိတ်မကွာပါ။

ခရစ်သက္ကရာဇ်(၉)ရာစုခန့် တွင် တရုပ်ပြည်ဒေသမှ နန်ချိုရှမ်းမင်းဆက်တို့ ၏လာရောက်တိုက်ခိုက်မှုကိုအကြိမ်ကြိမ်ခံရပြီးနောက် ပိုင်း ပျူတို့ သည်မိမိတို့ ထူထောင်ထားရာမြို့ပြများမှရှောင်တိမ်းထွက်ခွာကြရသည်။
ထိုနန်ချိုရှမ်းမင်းဆက်တို့ က ပုဂံမြို့ ကိုထူထောင်ပြီး ဘုရင်အုပ်ချုပ်ရေးစနစ်ကိုစတင်ကျင့်သုံးသည်။ ထုံးစံအတိုင်း ပုဂံပြည်စတင်ထူထောင်သောရှမ်းလူမျိုးများကိုလဲ မြန်မာဟူ၍သာ လက်ရှိနာမယ်ဖြင့် သမိုင်းဆရာများက သတ်မှတ်ခေါ်ဆိုထားခြင်းဖြစ်သည်။ မြန်မာဟုခေါ်တိုင်းဗမာလူမျိုးကိုမဆိုလိုကြောင်း မြန်မာပြည်သားများသာသိကြသည်။
ပျူခေတ်တွင် ဘုရင် စနစ်မရှိခဲ့ဘဲ ခေါင်းဆောင်စနစ်သာရှိခဲ့သဖြင့် တချို့ သမိုင်းဆရာများက သမိုင်းဦးဒီမိုကရေစီခေတ်ဟုပင်တင်စားသတ်မှတ်သည်။ 
ရှမ်းတို့ စတင်တည်ထောင်ခဲ့သော ပုဂံမြို့ တွင် နောက်ပိုင်းရွှေ့ ပြောင်းဝင်ရောက်လာကြသည့် မရန်မာလူမျိုးများပိုမိုလွှမ်းမိုးလာသည်။ ပုဂံမင်းတချို့မှာရှမ်းလူမျိုးဖြစ်၍ တချို့ မှာလဲ ဗမာဟုနာမယ်ပြောင်းလာသော မရန်မာလူမျိုးများဖြစ်သည်။ ပျူခေတ်၏ပထမဆုံးခေါင်းဆောင်ကိုပျူစောထီးဟုခေါ်ကြောင်းအထောက်အထားမရှိသည့် သမိုင်းပုံပြင်များကဆိုထားသည်။ ပုဂံခေတ်၏ပထမမင်းကိုလဲ ပြင်ပြားမင်းဟု သတ်မှတ်ထားသော်လည်း ပြင်ပြားဆိုသည်မှာ ဗမာစကားလား သို့ မဟုတ် ထုံးစံအတိုင်း ရှမ်းစကားကို ဗမာမှုပြုထားခြင်းလား မည်သူမျှအတိအကျရပ်တည်နိုင်ခြင်းမရှိပါပေ။.
ဆက်လက်ဖေါ်ပြပါဦးမည်….
အဂ္ဂ တစောင်းတစေ့.

အဂ္ဂ

No comments:

Post a Comment

mr.kyaingtun@gmail.com