Friday, June 19, 2020

Arakan campaign and Burma campaign 1942-1945

Arakan campaign and Burma campaign 1942-1945
အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက်အုပ်ချုပ်ထားသော ဂျပန်တပ်များအား တိုက်ထုတ်သည့်စစ်ဆင်ရေးများကို ရခိုင် ကန်ပိန်းနှင့် ဘားမားကန်ပိန်းဟုခေါ်သည်။
ရခိုင်ကန်ပိန်းသည် ၁၉၄၂ တွင်စပြီး ၁၉၄၃ တွင် ဆုံးသည်။  ဘားမားကန်ပိန်းမှာမူ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အထိဖြစ်သည်။ ဆောင်းပါးတွင် ထိုကန်ပိန်း၂ခုလုံးကိုချုပ်ငုံဖေါ်ပြထားပါသည်။
ဂျပန့်အနေအထား
ဂျပန်တို့က ဘားမားကို ၀င်ရောက်သိမ်းပိုက်သော အစပိုင်းတွင် အင်္ဂလိပ်က အိနိယနှင့် အရှေ့ပါကစတန်(ဘဂ်လားဒေ့ရှ်)သို့တပ်ဆုတ်ခွာသည်။ အမှတ်(၁၅) ဂျပန်ဘုရင့်တပ်မတော်ကို ဒုဗိုလ်ချုပ်ရှိုဂြီရို လီဒါက ဦးစီးသည်။ ထိုဂျပန်တပ်သည် ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်ပြီး တင်္နသာရီတိုင်းသို့ ၁၉၄၂ ဇန၀ါရီလတွင် ရောက်ရှိသည်။ ဂျပန်တပ်များသည် ကော့ကရိတ်တွင်ကျန်ရှိသော ဒေသခံ ကရင့်ရိုင်ဖယ်တပ် များကို တိုက်ခိုက်ထိုးဖေါက်ပြီး မော်လမြိုင် ဆိပ်ကမ်းကိုသိမ်းပိုက်သည်။ သံလွင်နှင့်စစ်တောင်းမြစ်ဝှမ်းတလျှောက် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော ကရင်၊ကချင်၊ မွန် အပါအ၀င် အင်္ဂလိပ်ကိုလိုနီအစိုးရ၏တိုင်းရင်းသား သေနပ်ကိုင်တပ်ရင်းများကို တိုက်ထုတ်ပြီးနောက် ၁၉၄၂ မတ်လ တွင် ဂျပန်တပ်များက ရန်ကုန်မြို့ကိုသိမ်းပိုက်သည်။ ဂျပန်ဘက်တွင် စစ်အင်အား ၃သိန်းကျော်ရှိပြီး ၄င်းတို့ ၏စစ်ရေးမဟာမိတ် ထိုင်းတပ်ဖွဲ့ ၇၅၀၀ နှင့် အဂ်လိပ်ကိုတော်လှန်နေသော အိနိယအမျိုးသားတပ်မတော်မှ စစ်အင်အား ၄၃၀၀ ပါဝင်သည်။ ယနေ့မြန်မာ့သမိုင်းတွင်ရဲဘော် သုံးကျိတ်အဖြစ် အဓိကထားမီးမောင်းထိုးသော ဗမာ့လွတ်လပ်ရေး တပ်မတော် BIA သည်လည်း စစ်အင်အား ၃၀ ဖြင့်တနည်းတဖုံပါလာခဲ့သည်။ BIAကို ၁၉၄၁ ဒီဇင်ဘာလ ၃၁ရက်နေ့ဘန်ကောက်မြို့တွင်တရားဝင်စတင်ဖွဲ့စည်းသည်။ဖွဲ့ စည်းရာတွင် ဂျပန်စစ်ထောက်လှန်းရေးမှုးချုပ် ဗိုလ်ချုပ်စူဇူကီး ကိုင်ဂျေက လိုအပ်သမျှစစ်လက်နက်ခဲယမ်းမီးကျောက် ရိကာ၊ စစ်သင်တန်းများ ၀ါဒဖြန့်ချီရေးလုပ်ငန်းအားလုံးနှင့် မဟာမိတ်ဆက်ဆံရေးကို ပန့်ပိုးချုပ် ကိုင်ခဲ့သည်။ ဂျပန်နှင့်ထိုင်းစစ်မဟာမိတ်စာချုပ်ကို ဒီဇင်ဘာ ၂၁ရက် ၁၉၄၁ခု တွင်လက်မှတ်ထိုး ခဲ့ကြခြင်းဖြစ်သည်။ ထိုစာချုပ်တွင် ရှမ်းပြည်နှင့် ကယားပြည်ကို ထိုင်းကထိန်းချုပ်ရန်နှင့် ကျန်နယ်မြေအားလုံးကို ဂျပန်က ထိန်းချုပ်ရန်ပါရှိသည်။ (ထိုင်းနှင့်ပတ်သက်သည့် တချို့အချက်အလက်ကို နောက်ပိုင်းတွင် ဖေါ်ပြပါမည်) ။ ဂျပန်က BIA ကို နဂိုလ်ကဖွဲ့စည်းထားသည့် မိနာမီ ကိုင်ကန် အဖွဲ့နေရာတွင် အစားထိုးပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။


အင်္ဂလိပ်အနေအထား
ဂျပန်တပ်များကို ဘားမားမှ တိုက်ထုတ်သော အဂ်လိပ်တပ်များဘက်တွင်မူ ချန်ကေရှိတ်ဦးစီးသည့် ကူမင်တန်(တရုပ်ဖြူ) တပ်အင်အား ၂သိန်း၈သောင်းနှင့် အဂ်လိပ်တပ်အင်အား တသန်း ပါဝင်သည်။  မဟာမိတ်တပ်ကို ဗိုလ်ချုပ်အာချီဘော ဝေ့၀ဲလ်ကဦးစီးသည်။ ထိုစဉ်ကချန်ကေရှိတ်တပ်များတွင် ရှမ်းပြည်ရှိ တရုတ်အနွယ်များလဲပါဝင်သည်။ ယနေ့ကိုးကန့်တရုတ်များဟုခေါ်ဆိုသူများမှာ ထိုစဉ်က ဂျပန်ခုခံရေးစစ်ပွဲတွင် ရှေ့တန်းကပါဝင်ဆင်နွှဲခဲ့ကြသည်ကိုတွေ့ရသည်။ မြန်မာပြည်အဖြစ်အသိ အမှတ်ပြုခြင်းမခံရသေးသော လွတ်လပ်ရေးမရမီကာလကတည်းက မြန်မာပြည်ဘက်အခြမ်းတွင် ပေါက်ဖွားကြီးပြင်းမှီတင်းနေထိုင်လာကြသူများဖြစ်သည်။ နိုင်ငံတကာတရားဥပဒေများနှင့် သတ်မှတ်ချက်များအရ နယ်နိမိတ်အတိအကျရှိသော တိုင်းပြည်အဖြစ်နိုင်ငံတကာက အသိအမှတ်မပြုရသေးခင်ကတည်းက ထိုဒေသအတွင်းပေါက်ပွား အခြေချနေထိုင်လာခဲ့သူများသည် မည်သည့်လူမျိုးဖြစ်ပါစေ နောက်မှဖြစ်တည်လာသော ဆိုင်ရာနိုင်ငံ၏တရားဝင်တိုင်းရင်းသား အဖြစ်ရောက်သည်။ 
စစ်ပွဲစဉ်နှင့် သက်ရောက်မှုများ…
၁၉၄၂ တွင် အဂ်လိပ်-ဂျပန်စစ်ပွဲများ ရခိုင်ပြည်တွင်စတင်သည်။ အဂ်လိပ်ဘက်တွင် ပြည်မတပ်များ၊ အာဖရိကကိုလိုနီနိုင်္ငငံများကတပ်များအပါအ၀င် ဗြိတိန်အိနယ (ယခု အိနိယ) တပ်မဟာ (၉)ခုနှင့် ဂျပန်ဘက်တွင် တပ်မ(၁)ခု အင်အားရှိသည်။အဂ်လိပ်စစ်ဦးစီးများမှာ နိုအယ် အိုင်ရ၀င် နှင့် ၀ီလီယမ် စလင်းတို့ ဖြစ်ပြီး ဂျပန်စစ်ဦးစီးများမှာ ကိုစုကေ မိယာဝါကီ နှင့် တာကေချီ ကိုဂါ တို့ဖြစ်ကြသည်။
၁၉၄၂ တွင် အဂ်လိပ်တပ်များရခိုင်မှတဆင့် ဘင်ဂေါလ်နှင့် အနိယသို့ဆုတ်ခွာရာတွင် ကုလားလူမျိုးများနှင့် မြန်မာကုလားဒုကသည်များစွာ မရှေးမနှောင်း လိုက်ပါရွှေ့ပြောင်းသွားကြသည်။ ဆက်သွယ်ရေးအခက်အခဲများကြောင့် ဒေသတွင်းရှိတရုတ်လူမျိုးများသည် အင်္ဂလိပ်တပ်များ ဆုတ်ခွာသွားမှုကိုမသိခဲ့ကြသဖြင့် ဒုကခသည်အဖြစ်ပါမသွားကြဘဲ ချန်ကေရှိတ်တပ်နယ်မြေများ တွင် ကျန်ရစ်ခဲ့ကြသည်။ချန်ကေရှိတ်က အိနယရှိ မဟာမိတ် အမေရိကန်တပ်များ နှင့်ဆက်သွယ်ပြီး တရုတ်လူမျိုးများကို ဖြစ်သလိုပြောင်းရွှေ့ခဲ့သည်။

ဂျပန်တပ်များက စင်္ကပူကိုသိမ်းပြီးမရှေးမနှောင်းတွင် ရန်ကုန်ကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။  ဗြိတိန်ဘားမား(ယခုမြန်မာပြည်)ရှိ အင်္ဂလိပ်အုပ်ချုပ်ရေးယနယား ပြိုပျက်သဖြင့် အစိုးရအဖွဲ့အစည်းတခုအဖြစ်ရရှိခဲ့သော ဒေသနှင့် ဌာနအသီးသီးမှ အဆက်အသွယ် အထောက်အကူများချုပ်ငြိမ်းသည်။ဒေသရပ်ရွာအသီးသီးတွင် ဓါးမြဂိုဏ်းများနှင့် လက်နက်ကိုင်သူပုန်အဖွဲ့ ကြီးငယ် ပေါက်ပွားသောင်းကျန်းသည်။ ဂျပန်စစ်တပ်က ထိုပြသနာများကိုဂျပန်နည်း ဂျပန့်ဟန်ဖြင့် ဖြေရှင်းသည်။ စနစ်ကျသောစီစဉ်ဆောင်ရွက်မှုအတွက် အုပ်ချပ်ရေးစနစ်တခုကိုအစားထိုးနေရာ ချနိုင်ခြင်းမရှိသဖြင့် တပြည်လုံးအငတ်ဘေး ဆိုဒ်သည်။

နောက်မှဆက်တော့မည်…ဒီနေ့ညောင်းပြီ….
လေးစားလျှက်
Agga

No comments:

Post a Comment

mr.kyaingtun@gmail.com