ကရင့် မူလစာပေ သမိုင်းကြောင်း တစေ့တစောင်း
၁၉၂၁ ခုနှစ်တွင်ဝေလမင်းသား (Edward 8) ကမိမိအင်ပိုင်ယာကိုလှည့်လည်ကြည့်ရှုရင်း အင်းဒီးယားမှတဆင့် ဘားမားသို့ခရီးတထောက်ရာက်ရှိလာသည်။ မိမိကြားဘူးသော ကရင်လူမျိုးနှင့် ကရင်စာကို သိချင်သဖြင့် ဖိတ်ကြားထားသောကရင်လူကြီးများကိုမေးမြန်းသည်။ ထိုအခါ ကရင်ပြည်နယ် ဖာအံတောင်ဘက် မိုင် ၂၀ခန့်အဝေးတွင်ရှိသည့် ဒုံရင်းနယ်မှ ခရစ်ယန်သင်းအုပ်ဆရာတဦးက ကရင်ဘာသာဖြင့်ရေးထားသော စာအုပ်ကိုပြသသည်။ ထိုစာအုပ်မှာ မြန်မာစာလုံးကို အခြေခံခါပိုးကရင်ဘာသာစကားအဖြစ်ပြုပြင်ရေးသားထားသည့် ခရစ်ယန်သမာကျမ်းစာဖြစ်သည်။ ထိုစာကို ၁၈၀၃ ခုနှစ်က အမေရိကန် မစ်ရှင်နရီတစ်ဦးဖြစ်သူ ဂျော်နသန် ၀ိဒ် (Jonathan Wade)ကတည်ထွင်ပေးခဲ့ခြင်းဖြစ်သည်။ ဗမာစာကိုမြင်ဘူးသောဝေလမင်းသားကထိုစာအုပ်ကိုမြင်သောအခါကရင်စာစစ်စစ်မဟုတ်သည်ကိုတွေ့ရသဖြင့် ကရင်အမျိုးသားတွေမှာကိုယ်ပိုင်စာရှိကိုရှိရမယ်ဟု ဆိုလေသည်။ ထိုအခါ ကရင်လူကြီးတဦးဖြစ်သူ ဖူးလှအုန်းက ကရင်မူလစာပေလက်ရေးနမူနာများကို ယခုနှစ်နိုဝင်ဘာလအတွင်းတွင် ရှာဖွေစုဆောင်ပြီး ဝေလမင်းသားထံ ဆက်သပ်မည်ဖြစ်ကြောင်းကတိပေးသည်။
ဝေလမင်းသားကိုကတိခံထားသော ကရင်လူကြီး တို့သည် ကရင်ဒေသရှိ ကော်ရင်းရွာသို့သွားရောက်ခါ ကရင်ရှေးဟောင်းစာပေကိုသုတေသနပြုနေသည့် ဖူးမြသာနှင့်တွေ့ဆုံဆွေးနွေးပြီး ကြက်ယက်စာဟုခေါ်သည့် ငှက်ခြစ်စာ (Fowls’ Scratch)ကိုသင်ကြားပေးနိုင်သည့် ဖူးရွှေဖုန်းခေါ် ကျော်ရွှေဖုန်း ထံချဉ်းကပ်ကြသည်။
ထိုစာကို လယ်ကယ်စာ(Laikai)ဟုခေါ်သည်။ ဖူးရွေဖုန်းကလယ်ကယ်စာနောက်ခံ သမိုင်းကြောင်းကိုသူတို့အားရှင်းပြသည်။ ဖူးရွှေဖုန်းသည် လယ်ကယ်စာကိုရှာဖွေတွေ့ရှိရာတွင် ကရင်စာပေအဖြစ်မျှသာ ဖြန့်ဖြူးခြင်းမဟုတ်ဘဲ လယ်ကယ်သသနာကိုပါ ပူးတွဲထားသည်။ ထိုအချက်သည် ထိုစဉ်ကဘာသာရေးနှင့်အမျိုးသားစာပေကိုခွဲခြားနိုင်မှုအားနည်းသော အမြင်မကျယ်သေးသည့် ကရင်လူမျိုးများအကြား ကရင့်မူလစာပေမပြန့်ပွား နိုင်ရခြင်းအကြောင်းရင်းတခုဖြစ်သည်။ မည်သို့ဆိုစေ ဖူးမြသာနှင့်ဖူးလှအုန်းတို့က တခြားလူမျိုးတကာတို့၏စာလုံးများနှင့်မတူသော လယ်ကယ်ခေါ် လီဆောဝက်စာကို မူလကရင့်စာပေအစစ်အအမှန်ဖြစ်သည်ဟုယုံကြည်သဖြင့် နိုဝင်ဘာလ ရန်ကုန်တွင် အစီအစဉ်အတိုင်းစောင့်စားနေသည့် ဝေလမင်းသားထံ တင်ဆက်နိုင်ရန် သင်ယူလေ့ကျင့်ပြီး ပြင်ဆင်ကြတော့သည်။
ဝေလမင်းသားပုံ
ကရင့်မူလစာပေသမိုင်းကြောင်း တစေ့တစောင်း(အဆက်၁)
ဝေလမင်းသားကိုကတိခံထားသော ကရင်လူကြီး တို့သည် ကရင်ဒေသရှိ ကော်ရင်းရွာသို့သွားရောက်ခါ ကရင်ရှေးဟောင်းစာပေကိုသုတေသနပြုနေသည့် ဦးမြသာနှင့်တွေ့ဆုံဆွေးနွေးပြီး ကြက်ယက်စာဟုခေါ်သည့် ငှက်ခြစ်စာ (Fowls’ Scratch)ကိုသင်ကြားပေးနိုင်သည့် ဖူးရွှေဖုန်းခေါ် ကျော်ရွှေဖုန်း ထံချဉ်းကပ်ကြသည်။
ထိုစာကို လယ်ကယ်စာ(Laikai)ဟုခေါ်သည်။ ဖူးရွေဖုန်းကလယ်ကယ်စာနောက်ခံ သမိုင်းကြောင်းကိုသူတို့အားရှင်းပြသည်။ ဖူးရွှေဖုန်းသည် လယ်ကယ်စာကိုရှာဖွေတွေ့ရှိရာတွင် ကရင်စာပေအဖြစ်မျှသာ ဖြန့်ဖြူးခြင်းမဟုတ်ဘဲ လယ်ကယ်သသနာကိုပါ ပူးတွဲ ထားသည်။ ထိုအချက်သည် ထိုစဉ်ကဘာသာရေးနှင့်အမျိုးသားစာပေကိုခွဲခြားနိုင်မှုအားနည်းသော အမြင်မကျယ်သေးသည့် ကရင်လူမျိုး များအကြား ကရင့်မူလစာပေ မပြန့်ပွားနိုင်ခြင်းဖြစ်သည်။ မည်သို့ဆိုစေ ဦးမြသာနှင့် ဦးလှအုန်းတို့က တခြားလူမျိုးတကာတို့၏စာလုံးများနှင့်မတူသော လယ်ကယ်ခေါ် လီဆောဝက်စာကို မူလကရင့်စာပေအစစ်အအမှန်ဖြစ်သည်ဟုယုံကြည်သဖြင့် နိုဝင်ဘာလ ရန်ကုန်တွင် အစီအစဉ်အတိုင်းစောင့်စားနေသည့် ဝေလမင်းသားထံ တင်ဆက်နိုင်ရန် သင်ယူလေ့ကျင့်ပြီး ပြင်ဆင်ကြတော့သည်။
(မှတ်ချက်၊ မူလစာတန်းတွင် နာမယ်များအရှေ့စော မန်းများအစား ဦးကိုသုံးကြခြင်းမှာ ထိုကာလက စောနှင့်မန်းကိုအသုံးပြုမှုနည်းသေးသော်ကြောင့်ဖြစ်သည့်ပြင် မြန်မာ့ယဉ်ကျေးမှုစတင်လွမ်းမိုးသောခေတ်လည်းဖြစ်ပုံရသည်။)
No comments:
Post a Comment
mr.kyaingtun@gmail.com