Friday, June 19, 2020

အဆက် (၁) ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရစ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း- မှ

အဆက် (၁) ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရစ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း- မှ
               --------------
**နန္ဒာဘုရင်သည် ၁၅၈၄မှ ၁၅၉၂ခုနှစ်အကြားတွင် စယမ် အယုဒ္ဒယအား ၅ကြိမ်တိုက်ခိုက်ခဲ့ရာ ၅ကြိမ်လုံးဆုံးရှုံးမှုကြီးစွာဖြင့်ဆုတ်ခွာခဲ့ရသည်။
**သားတော်မင်းရဲကျော်စွာ(မင်းကြီးစွာ)ကိုဦးစီးစေသည့်၁၅၉၂ခုနှစ်ထိုးစစ်သည်နောက်ဆုံးအကြိမ်ဖြစ်သည်။ ထိုစစ်ပွဲတွင် ခမည်းတော်၏ မွေးခြင်းပေါက်ဖော်ဖြစ်သော ဗြတ်နရာဇ် (နရေစွမ်)နှင့် ဆင်စီးခြင်းထိုးရာမှကျဆုံးခဲ့ခြင်းဖြစ်သည်။
**သားတော်အသတ်ခံရသဖြင့်နန္ဒာဘုရင်သည် ယူကျုံးမရဖြစ်ခြင်းနှင့်အတူ အမျက်ပြင်းထန်စွာထွက်ခါ ဖခင်ဖြစ်သူ ဘုရင့်နောင်ချီးမြှောက်ခဲ့သောနန်းတွင်းရှိ မွန်မှူးကြီးမတ်ရာ အားလုံးကို သူတို့၏ ဆွေမျိုး၊ဘိုးဘွား၊ တူသားမြေးမြစ်များနှင့်အတူ အရှင်လတ်လတ်မီးရှို့ကွပ်မြက်ပစ်သည်။ (၁၅၈၄ခုနှစ်တွင် နန္ဒာဘုရင်က နရေစွမ်ကို လုပ်ကြံရန်မွန်အမတ်ကြီး "ဗညားကျက်"နှင့် "ဗညားရမ်း" (ဗမာအသံထွက်မသေချာ)ကို တာဝန်ပေးခဲ့သည်။ ထိုမွန်အမတ်များက နရေစွမ်ကိုဖွင့်ချပြောပြပြီး အယုဒ္ဒယသို့လိုက်ပါခိုလှုံသွားခဲ့ကြသည်။ဤအဖြစ်ကိုအကြောင်းပြု၍ လူမျိုးရေး အာဃာတတရားများဖြင့်မွန်များကိုမုန်းတီးလာခဲ့သည့်အညှိုးကြီးရှိနေခဲ့ခြင်းဖြစ်သည်။)   
** နန္ဒဘုရင်သည် ဗမာစစ်စစ်မင်းမှုထမ်းအားလုံးနှင့် ဗမာတပ်သားများကို ဟန်သာဝတီနေပြည်တော်တွင်စုစည်းခံတပ်စခန်းချစေပြီး ၄-၅နှစ်စာ အစာနှင့်ရိက္ခာများကို သိုလ်လှောင်ထားစေသည်။ 
**အသင့်ဖြစ်သောအခါ မွန်များနေထိုင်ရာဟံသာဝတီတိုင်းအတွင်း စိုက်ပျိုးမွေးမြူမှုကိုလုံးဝပိတ်ပင်ပစ်သည်။ အမိန့်ကျူးလွန်ပါက သေဒဏ်ချသည်။ ပြည်သူလူထုအစုလိုက်အပြုံလိုက်အစာရေစာငတ်ပြတ်ခါ အတုံးအရုံးသေကျေကြသည်။ဤအဖြစ်ကို “A Brief Account of the Kingdom of Pegu”သုတေသနစာတမ်းရေးသူ A. MacGregor က Samaria သို့မဟုတ် Jerusalem တွင်ကျရောက်ခဲ့သောအဖြစ်ဆိုးသဖွယ်ဖြစ်သည်ဟုကောက်ချက်ချထားသည်။


**နန္ဒာဘုရင်၏ လုပ်ရပ်နှင့်သဘောထားများကြောင့် ခမည်းတော်တည်ထောင်အုပ်ချုပ်ခဲ့သည့် တောင်ငူအင်ပါယာခေတ်ပျက်ကျဆုံးရသည်သာမက ထိုမူသဘောထားကိုအမွေခံသော အလောင်းဘုရားမင်း၏ ကုန်းဘောင်ခေတ်ပါ အင်္ဂလိပ်လက်သို့ဆက်လက်ကျဆုံးရခြင်းဖြစ်သည်ဟု သုတေသီကကောက်ချက်ချထားခဲ့သည်။

နန္ဒာဘုရင်ကို နတ်ရှင်နောင်ကအဆုံးစီရင်ခဲ့ခြင်းနှင့် သံလျင်နယ်စား ဒီဘရစ်တို တို့၏ ဆက်စပ်မှု သမိုင်းမှတ်တမ်းကို အဆက် (၂) အဖြစ် ဆက်လက်တင်ပြသွားပါမည်။ ဆက်ဘက်မတင်ပြစေလိုသူများ ကန့်ကွက်နိုင်ပါသည်။

(အထူးသတိပြုရန်- ရေးသားသူနှင့်သမိုင်းဌာနများစွာ၏ Version များစွာမှ လေ့လာဖော်ပြထားခြင်းဖြစ်ရာ ရေးသားပြုစုသူများကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသောသမိုင်းတို့၏ထုံးစံအတိုင်း ကွဲလွဲမှုများကိုမကြာခနတွေ့ရသဖြင့်ကျနော့်အနေနှင့်တူညီမှုအများဆုံးသောအချက်များကိုသာဖော်ပြလိုက်ခြင်းဖြစ်သည်။-  အဂ္ဂ)

References အချုပ်

1* Royal Thai chronicle AD1525,  Session18.   
2*Sunait Chutintaranond. Cakravartin : The Ideology of Traditional Warfare in Siam and Burma, 1548-1605. Ph.D. Dissertation, Department of History, Cornell University (1990).
3* “Intercourse between Burma and Siam as Recorded in မှန်နန်းရာဇဝင်တော်ကြီး,” JSS, Vol. 8 (Bangkok 1911, reprint, 1969).
4*“A Brief Account of the Kingdom of Pegu”, Note no. 82.
5*W. H. Moreland, Peter Floris. His Voyage to the East Indies in the Globe 1611-1615. (London : The Hakluyt Society, 1934).
6*Yodaya Yazawin (ယိုးဒယားရာဇဝင် (unpublished material)
ပုံ၁။ ထိုင်းအနုပညာရှင်လက်ရာ နန္ဒာဘုရင့် ရုပ်ပုံ
ပုံ၂။ မင်းရဲကျော်စွာ၊ မင်းကျော်စွာ၊ မင်းကြီးစွာ



No comments:

Post a Comment

mr.kyaingtun@gmail.com