Friday, June 19, 2020

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
---------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှသဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။

့မြန်မာကရင်-

ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။

မွန်ကရင်-

ထိုအချိန်က ကရဏ္ဏကတိုင်းရှိမြေပြန့် သားများကိုမွန်ဟုခေါ်ပြီးတောတောင်ဒေသသားများကိုကရဏ်ဟုခေါ်သည်။
ကရဏ်မှ ကရင်ဖြစ်လာသည်။
( စာပြင်သူမှတ်ချက်-ထိုင်းနိုင်ငံအနောက်ပိုင်း တပ်ခရိုင်နှင့်
ကန်ချနဘူရီခရိုင်အတွင်း မှ ကရင်လူမျိုးအစုတချို့ ကိုလက်ရှိထိုင်းမီဒီယာများတွင် ကရဏ်ဟု ခေါ်ဆဲဖြစ်သည်။
ကရင်အားလုံးကိုမူ ထိုင်းဘာသာဖြင့် ကရယန်(Karian)ဟုခေါ်သည်။တရုတ်၊ ရှမ်းနှင့်မြောက်ပိုင်းထိုင်က ကရင်ကို "ယန်း"ဟုခေါ်သည်။
မွန်နှင့်နီးစပ်သဖြင့် တလိုင်း(မွန်)ကရင်ဟုသတ်မှတ်ခြင်းဖြစ်သည်။
နောက်ကာလများတွင် ပိုးကရင်ဟု ခေါ်ကြသည်။




ရှမ်းကရင်-

ယနေ့ ကရင်နီပြည်နယ်ရှိ ကရင်နွယ်ဖွားများကို ထိုစဉ်က ရှမ်းပြည်အဖြစ်သိခဲ့သောငွေတောင် နောင်ပလဲ ကြက်ဖိုးကြီး၊ကြက်ဖိုးကလေးလွယ်ကော်စသော ဒေသမှ ကရင်နီဟုခေါ်ဆိုသတ်မှတ်ခဲ့ကြသည်။
ထိုကရင်နွယ်တို့ မှာရှမ်းဒေသတွင်ပေါက်ဖွားပြန့် ပွားသဖြင့် ရှမ်းကရင်အမျိုးအစားတွင်ထည့်သွင်းထားပုံရသည်။ မြန်မာမင်း ဘိုးတော်ဘုရားလက်ထက်မှစပြီး ကရင်နီ ရှမ်းကရင်တို့ ထီးရံနန်းရံစော်ဘွားများအသိအမှတ်ပြုခံရသည်။

ကော့သ္မိန်ဆကာ သို့ မဟုတ် ဒုံသမိုင်းဆကာကျွန်း-

တွံတေးမြို့ ကန်ပဲ့ရွာအနီးရှိမြို့ဟောင်းနေရာကိုရှေးအခါကကော့သ္မိန်ဆကာကျွန်းဟု မွန်ဘာသာဖြင့်ခေါ်ဆိုသည်။
မွန်မင်းသမီး သုဝဏ္ဏဒေ၀ီက မိမိနှင့်ထိမ်းမြားချင်းမပြုခင်သစ်ပင်ပေါ်မှကျပြီး သေဆုံးသွားသည့် ခင်ပွန်းလောင်းလေးသမားကရင်လုလင် မောင်ဥ (မောင်ဒီ)ကို ရည်စူး၍ တည်ထောင်ခဲ့သည်။
ရာမညတိုင်းသုံးရပ် ဓါတ်တော်ကျမ်းတွင်မူ ဘီလူးကျွန်းရှိ ဒုံသ္မိုင်းဆကာမြို့ ဟောင်းနေရာကိုကော့သ္မိန်ဆကာကျွန်းမြို့ဖြစ်သည်ဟုဆိုထားသည်။ တည်နေရာခန့် မှန်းချက်မတူသော်လည်းမွန်မင်းသမီး သုဝဏ္ဏဒေ၀ီနှင့် ကရင်လေသမားမောင်ဒီတို့ အကြောင်းဖေါ်ပြချက်တူညီသည်။

(နောက်ပိုင်းတွင် ကရင်မင်းများအကြောင်းကိုသမိုင်းတင်ခေတ်ဖြစ်သော
အင်းဝခေတ်နှင့် တွဲဖက်ကောက်နှုတ်ဖေါ်ပြသွားပါဦးမည်)

အထက်ပါ သမိုင်းသုတေသနစာတမ်းမှာအဓိကအားဖြင့်
ဦးပညာ၏ ကရင်ရာဇ၀င်ကိုမှီညဏ်းကောက်နှုတ်ချက်ဖြစ်သည်။
ဦးပညာက ဇမ္ဗူတံဆိပ်ကျမ်း၊ သမ္မောဟ၀ိနောနဒီ၊ အဘိဓာန်နိသျှသစ်၊
သောဠဿရဋ္ဌဒီပဏီကျမ်း၊ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်၊
ပအို့ ဝ်ဘာသာဖြင့်ရေးသားသောပိုင်တရောင်ဒုံ ဇယျမြို့ ကရင်ရာဇ၀င်၊
ဒုံရင်းခေါ် ပအာဝနမြို့ ကရင်ရာဇ၀င်ကျမ်း၊ ရာမညတိုင်းသုံးရပ် ဓါတ်တော်ကျမ်း
(အထူးမှတ်ချက်။ ရှေးဟောင်းသမိုင်းများမှာ အထောက်အထားလုံလုံလောက်လောက်ရှိလေ့မရှိသဖြင့် တဆင့်စကားတဆင့်နား တိမ်းစောင်းမှုများနှင့်မကင်းနိုင်ပါ။သို့ဖြစ်၍ ဤသမိုင်းမျိုးများကို သမိုင်းသုတေသနပညာအရ သီအိုရီယူဆချက်များဟု သတ်မှတ်သည်။)
အဂ္ဂဖိုးချစ်

No comments:

Post a Comment

mr.kyaingtun@gmail.com