Friday, June 19, 2020

မဂိုအင်ပါယာ(Mughal Empire)



မဂိုအင်ပါယာ(Mughal Empire)
နောက်ဆုံး ဧကရာဇ်မင်း ဘာဟာဒူရှား ဇာဖာ(Bahadur Shah Zafa

သီပေါမင်း အင်ဒီးယားရတနာဂီရိမြို့သို့ပြည်နှင်ဒဏ်ပေးခံရသကဲ့သို့ မဂိုအင်ပါယာ(Mughal Empire) နောက်ဆုံး ဧကရာဇ်မင်း ဘာဟာဒူရှား ဇာဖာ(Bahadur Shah Zafaကိုလည်း ၁၈၅၇ အင်းဒီးယားသူပုန်ထရာတွင်ပါဝင်မှုဖြင့်အင်္ဂလိပ်အစိုးရကရန်ကုန်မြို့သို့ပြည်နှင်ဒဏ်ပေးခဲ့သည်။
သူသည် ၁၈၆၇ နိုဝင်ဘာလ ၇ရက်သက်တော် ၈၇နှစ်တွင် ရန်ကုန်မြို့၌ကွယ်လွန်ခဲ့သည်။

သီပေါမင်းသည် မန္တလေးတိုင်းသာကျန်ရှိသော ကုန်းဘောင်နောက်ဆုံးမင်းဖြစ်သကဲ့သို့ ဘာဟာဒူရှားဇာဖာဧကရာဇ်သည်လည်း ဒေလီမြို့ဟောင်းတခုတည်းကိုသာပိုင်ဆိုင်တော့သည့် အင်းဒီးယား မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သည်။

ဘဟာဒူရှားဇာဖာကို မူဂါအင်ပါယာ၏ဘုရင်အဖြစ် အင်္ဂလိပ်အစိုးရကတရားဝင်အသိအမှတ်ပြုထားသည့်ကာလတွင် အင်ပါယာ၏အခြားဒေသအားလုံးကို အရှေ့အင်းဒီးယားကုပ္မဏီ၏ အုပ်ချုပ်မှုအောက်တွင်ထားရှိခဲ့သည်။ အရှေ့အင်ဒီးယားကုပ္မဏီက ဥရောပသားစစ်တပ်များနှင့် အင်းဒီးယားဒေသခံများဖြင့်ဖွဲ့စည်းသော  စီးပွိုင်(Seepoy)ခေါ်စစ်တပ်များကို ဒေသလုံခြုံရေးအတွက်ဖွဲ့စည်းထားရှိသည်။

ဒေလီအရှေ့မြောက်ဘက်ရှိ မီရု(Meerut)မြို့တွင်ချထားသော စီးပွိုင်တပ်များက ၁၈၅၇ခုနှစ်မေလ ၁၀ရက်တွင်သူပုန်ထရာတွင် ပါဝင်သက်ဆိုင်ခဲ့ခြင်းမရှိသော ဘဟာဒူရှားဇာဖာဘုရင်အား မိမိတို့၏တော်လှန်ရေးခေါင်းဆောင်ဘုရင်အဖြစ် ကျေညာသည်။ သို့ရာတွင် ဘုရင့်တွင်စီးပွိုင်တပ်များအားထိန်းချုပ်နိုင်သည့်အာဏာမရှိပေ။
မကြာမီ စီးပွိုင်တပ်ကဖမ်းချုပ်ထားသောအင်္ဂလိပ်စစ်သား ၅၂ ဦးနှင့် မြို့တွင်းဖမ်းမိရာရာ ဥရောပသားများကို သတ်ဖြတ်ခါ အမျိုးသမီးများကိုမူမုဒိန်းကျင့်သတ်ဖြတ်ကြသည်။



အရှေ့အင်းဒီးယားကုပ္မဏီက
William Hodson ၏မြင်းတပ်ဖြင့်သူပုန်များကိုတိုက်ခိုက်ခြေမှုန်းစေရာတွင် အလားတူဥပဒေမဲ့ လက်စားခြေသည့် ဖမ်းဆီးသတ်ဖြတ်မှုများကိုကျူးလွန်ပြန်သည်။ဘဟာဒူရှားဇာဖာဘုရင်၏သားတော်၂ပါးကိုလည်းသတ်ဖြတ်လိုက်သည်။ ထိုဥပဒေမဲ့ကျူးလွန်မှုများကြောင့် အင်ဒီးယားရှိအရှေ့အင်ဒီးယားကုပ္မဏီကိုဖြုတ်ချခါ
အင်္ဂလိပ်ဘုရင်မအစိုးရက အင်းဒီးယားကို တိုက်ရိုက်စတင် အုပ်ချုပ်သည်။

ပုံ၁။ ဧကရာဇ်မင်းဘဟာဒူရှားဇာဖာ
ပုံ၂။ ဦးဝိဇ္ဇာရလမ်းရှိ ဘဟာဒူရှားဇာဖာ၏ သင်္ချိုင်း
ပုံ၃။ဗိုလ်မှူး ဝေလီယမ် ဟတ်ဆန်(Major William Hodson)








No comments:

Post a Comment

mr.kyaingtun@gmail.com