Friday, June 19, 2020

အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား

အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား (ထိုင်းဘာသာမှတိုက်ရိုက်နီးပါးပြန်ဆိုထားသည်)
Karen national in history of Ayudhaya- Rattnakosin era
ชนชาติกะเหรี่ยงในประวัติศาสตร์ในสมัยอยุธยา - รัตนโกสินทร์ 

(ရတနကိုစင်ခေတ်က ရာဇဝင်မှတ်တမ်းတာဝန်ခံ ဘုရင့်ဝန်ကြီးဖြစ်သည့်) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်(Somdej Krom Phraya Damrong Rajanupab) ရေးသားသော "ထိုင်းဗမာစစ်ပွဲ" မှတ်တမ်းတွင်  နရေစွမ်မင်းကြီး (King Naresuan the Great) မှ ၁၅၉၉ ၌ ဒုတိယအကြိမ် ဟန်သာဝတီမြို့ကိုစီးနင်းတိုက်ခိုက်ပြီး ဖေဖော်ဝါရီလဆန်းတွင် တောင်ငူမြို့ကိုဝိုင်းခါ ဧပြီလဆန်းတွင်စီနင်းတိုက်ခိုက်သည်။ ယင်းတောင်ငူထိုးစစ်တွင် မြို့တော်အနောက်ဘက်ခြမ်းပိတ်ဆို့တိုက်ခိုက်ရေးတွင်ပါဝင်သောတပ်မှူးများမှာ ဖရာ့ယာနခွန်ရာ့ခ်ျစီမာ၊ ဖရာ့ စင်းဘူရီ၊ခွန်အင်ထောရ်ဖိဗန်း နှင့် စမ်ဖူမိလိုကာဖက် (Phraya Nakhon Ratchasima, Phra Sing Buri, Khun Inthornrphiban and Saen Phumi Lokaphet)တို့ဖြစ်ကြပြီး (ရာဇဝင်မှတ်တမ်းဝန်ကြီး) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်က "စမ်ဖူမိလိုကာဖက်" သည်ကရင်လူမျိုးဖြစ်သည်ဟုဆိုထားပြီး ကရုန်စီအယုဒ္ဒယတပ်မတော်တွင် ကရင်လူမျိုးများသည် ကင်းထောက်တပ်သားများ၊ ခြေလျှင်တပ်သားများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ချုပ်များအဖြစ်ပါဝင်မင်းမှုထမ်းကြသည်ဟုလည်း မှတ်ချက်ချသည်.
(မှတ်ချက်။ ၁၅၉၉ခုနှစ်ထိုင်းသွားရောက်တိုက်ခိုက်ချိန်တွင်ဟန်သာဝတီကို ဗမာမင်းများသိမ်းပိုက်ထားသည့်ကာလဖြစ်သည်)


No comments:

Post a Comment

mr.kyaingtun@gmail.com