Friday, June 19, 2020

ထိုင်း- မြန်မာနယ်နိမိတ် ခေတ်စဉ်ပြောင်းလဲမှုဆက် စပ်သမိုင်းရှင်းလင်းချက်..

ထိုင်း- မြန်မာနယ်နိမိတ် ခေတ်စဉ်ပြောင်းလဲမှုဆက် စပ်သမိုင်းရှင်းလင်းချက်..
(ရှမ်းညီနောင်များအထူးဖတ်ရှုသင့်သည်)

*ထိုင်း-မြန်မာ ဆက်စပ်သမိုင်းများကိုရေးသားဖော်ပြကြရာတွင်လက်ရှိ ထိုင်းမြေပုံနှင့်လက်ရှိမြန်မာမြေပုံကိုသုံးလေ့ရှိကြသည်။ သို့ဖြစ်၍ ဖော်ပြပါသမိုင်းအဖြစ်အပျက်များဖြစ်ပျက်သည့်ကာလတွင် ထိုင်းနှင့်မြန်မာပြည်၏တည်နေရာ၊ အကျယ်အဝန်း၊ နယ်နိမိတ်များ လက်ရှိကာလနှင့်အ
လွန်ကွာခြားသည်ကို အတွေးမပေါက်တတ်ကြပေ။  

ဗမာထီးနန်းပိုင်နယ်မြေအင်ပါယာတန်ခိုးထွားခဲ့သောရာစုနှစ်များတွင် ဗမာပြည်သည် လက်ရှိနယ်နိမိတ်ကိုကျော်သော လက်ရှိအင်ဒီးယားအနောက်မြောက်ပိုင်း၊ လက်ရှိ ယူနန်တိုင်းဒေသကြီး၊ လက်ရှိလာအိုပြည်နှင့်လက်ရှိထိုင်းနိုင်ငံများကိုပိုင်ဆိုင်ခဲ့သည်။

ထို့နည်းတူ ထိုင်းမျိုးနွယ်စုထီးနန်းပိုင်နယ်မြေအင်ပါယာတန်ခိုးထွားခဲ့သောရာစုနှစ်များတွင် လက်ရှိအင်းဒီးယားအနောက်မြောက်ပိုင်းဒေသများမှ အရှေ့ကမ္ဘောဒီးယားအထိအင်ပါယာကျယ်ပြန့်ခဲ့ကြသည်။ တချို့မှာဗမာကပိုင်ဆိုင်ခဲ့သောဒေသများဖြစ်သည်။

တနည်းအားဖြင့် ခင်းကျင်းပြသရမည်ဆိုလျှင်မြန်မာအင်ပိုင်ယာကျယ်ပြန့်လာသောကာလများတွင် ထိုင်းအင်ပါယာများ ကျဉ်းမျောင်းသေးသိမ်သွားပြီး ထိုင်းအင်ပါယာကျယ်ပြန့်လာသောခေတ်ကာလများတွင် မြန်မာအင်ပါယာကျဉ်းမျောင်းသွားခြင်းနှင့် ပျက်သုန်းပျောက်ကွယ်သွားခြင်းများမှာ ချိန်ခွင်လျှာသဖွယ်ဖြစ်နေခဲ့သည်။ ကွာခြားချက်မှာ ကုန်းဘောင်ခေတ်တွင် မြန်မာက ဥရောပနိုင်ငံဖြစ်သောအင်္ဂလိပ်၏ ကွင်းလုံးကျွတ်သိမ်းပိုက်ခံခဲ့ရသော်လည်း ထိုင်းနိုင်ငံမှာမူ ထိုင်းကိုလွှမ်းမိုးသိမ်းပိုက်ရန်စတင်ကျိုးပမ်းသည့်ပြင်သစ် အင်အားစုများကို ၁၆ရာစုနှောင်းပိုင်းကတည်းက၄င်းတို့၏ ပြည်တွင်းကိုယ်ပိုင်အင်အားဖြင့် အပြီးအပိုင်တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တခေတ်ပြောင်းတိုင်းတကြိမ်လိုက်ပြောင်းလေ့ရှိသည့် ထိုင်း-မြန်မာနယ်နိမိတ်အပြောင်းအလဲကိုဖြစ်ပေါ်စေသော နိုင်ငံ၂ခုလုံး၏ အင်ပါယာအကျယ်အဝန်းပြောင်းလဲမှုသမိုင်းမှတ်တမ်းကို စာရေးသူက တကူးတက လှန်လှောရှာဖွေ စစ်ထုတ်ခါ မျှဝေလိုက်ခြင်းအတွက် ကျေးဇူးတင်ရန်မလိုပါ။ အစအဆုံးသေသေချာချာဖတ်ပြီးစဉ်းစားသုံးသပ်ရန်သာလိုအပ်သည်။ ဤမှတ်တမ်းသည် ၂နိုင်ငံလုံး၏ ကိုယ့်ငါးချဉ်ကိုယ်ချဉ် အမျိုးသားဝါဒဖြန့်ချီရေးသမိုင်းများကိုဘေးချိတ်ပြီး ကမ္ဘာ့ သမိုင်းအမြင်ဖြင့်ရေးသားခြင်းဖြစ်ရာ ခုနှစ်သက္ကရာဇ်များသည် ဝါဒဖြန့်သမိုင်းများကဲ့သို့ လွန်ကဲစွာတိကျခြင်းမရှိသည်ကိုသတိပြုရန်လဲလိုအပ်မည်ဖြစ်သည်၊


             ---------------------------'
ထိုင်း-မြန်မာအင်ပါယာပြောင်းလဲ
ပုံ သမိုင်း အချိန်စည်း( Timeline)

-၁၀၀၀ခုနှစ် ပုဂံမြို့ပြနိုင်ငံစတင်တည်ထောင်သည်။
-၁၂၄၀ တွင်ပုဂံအင်ပါယာအဖြစ်ကျယ်ပြန့်လာသည်။
- ၁၂၄၀ နှစ်ကာလပိုင်းတွင်စူခိုထိုင်းမြို့ပြနိုင်ငံစထူထောင်သည်။
-၁၂၈၀တွင်တရုတ်တဖြေးဖြေး          
စသိမ်းရာ၁၂၉၀တွင်ပုဂံခေတ်ပျောက်ကွယ်သည်။
-၁၃၅၀တွင် အယုဒ္ဒယမြို့ပြနိုင်ငံစတည်ထောင်သည်။
-၁၃၆၅တွင် အင်းဝမြို့ပြနိုင်ငံစတင်ထူထောင်သည်။
-၁၅၂၀တွင် အင်းဝမြို့ပြနိုင်ငံပျောက်ကွယ်သည်။ အယုဒ္ဒယအင်ပါယာပိုကျယ်လာသည်။
-၁၅၄၀တွင်တောင်ငူမြို့ပြနိုင်ငံစတင်ပေါ်ပေါက်သည်။
-၁၅၈၀တွင် အယုဒ္ဒယ၊ လန်းနာ နှင့် လာအိုပြည်တို့ကိုတောင်ငူကသိမ်းပိုက်နိုင်သဖြင့် တောင်ငူအင်ပါယာနိုင်ငံကြီးဖြစ်လာသည်။
-၁၅၉၀တွင် အယုဒ္ဒယ၊ လန်းချန်းခေါ်လာအို ပြည်နယ်များကလွတ်လပ်ရေးကျေငြာပြီးခွဲထွက်သွားကြသည်။
-၁၇၄၅တွင်တောာင်ငူအင်ပါယာပျက်သုန်းပျောက်ကွယ်သည်။အယုဒ္ဒယတည်နေဆဲဖြစ်သည်။
-၁၇၅၅ တွင်ကုန်းဘောင်ခေတ်စတင်သည်။ 
-၁၈၀၀တွင် လန်းနာက အယုဒ္ဒယနှင့်ပေါင်းသဖြင့် ဘန်ကောက်ရတနာကိုးစင်းမြို့တော်ကိုဗဟိုပြုသည့် စယမ်နိုင်ငံတော်ဖြစ်လာသည်။ 
-၁၈၂၀တွင် ကုန်းဘောင်လက်အောက်ခံ ရခိုင်ပြည်နှင့်တနသာင်္ရီတိုင်းတို့ကိုအင်္ဂလိပ်သိမ်းပိုက်သည်။
-၁၈၄၀တွင် ကမ္ဘောဒီးယားက စယမ်လက်အောက်ခံပြည်နယ်ဖြစ်လာသဖြင့်အင်ပါယာကြီးထွားလာသည်။
-၁၈၅၅တွင် ကုန်းဘောင်လက်အောက်ခံ မွန်ပြည်ကို အင်္ဂလိပ်ကသိမ်းပိုက်သဖြင့်ကုန်းဘောင်အင်ပါယာကျဉ်းမျောင်းလာသည်။
- ၁၈၈၅ တွင် အင်္ဂလိပ်က ကုန်းဘောင်အင်ပါရာတစ်ခုလုံးကိုသိမ်းပိုက်အုပ်ချုပ်ချိန်တွင်လာအိုနှင့် ကမ္ဘောဒီးယားကိုဆက်လက်သိမ်းပိုက်ထားသော စယမ်က အင်ပါယာအဆင့်ရှိခါတည်ငြိမ်နေဆဲဖြစ်သည်။ ကုန်းဘောင်အင်ပါယာမှာမူ ပျက်သုန်းပျောက်ကွယ်သွားသည်။
-အင်္ဂလိပ်ကကုန်းဘောင်ကိုစတင်သိမ်းပိုက်သည့်နှစ်မှစ၍  ၁၉၄၈(လွတ်လပ်ရေးမတိုင်မီ)အထိရှမ်းပြည်နယ်ကို ဗြိသျှစောင့်ရှောက်သည့် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေး( British protectorates )ရှမ်းစော်ဘွားများပြည်ထာင်စုအဖြစ် လွတ်လပ်ရေးပေးထားခဲ့သည်။ ( ပြည်ထဲရေးအာဏာ၊ နိုင်ငံခြားကုန်သွယ်ရေးစာချုပ်ချုပ်ပိုင်ခွင့်အာဏာ၊ ဘာသာစကား ယဉ်ကျေးမှုပြဌာန်းခွင့်အာဏာများ သာမက ဥပဒေနှင့်အညီ လွတ်လပ်ရေးအဆို တရားဝင်တင်သွင်း တောင်းဆိုခွင့်များကိုပါအပ်နှင်းထားသဖြင့် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေးဟုသတ်မှတ်ခြင်းဖြစ်သည်။)
- ၁၉၄၇တွင်ဖဆပလကနိုင်ငံရေးအရဦးဆောင်သော ဗြိတိသျှအမှုထမ်းဦးအောင်ဆန်း၏ မြန်မာပြည်အုပ်ချုပ်ရေးကော်မစ်ရှင်နှင့်လွတ်လပ်ရေးပူးတွဲရယူရန် ပင်လုံစာချုပ်တွင် လက်မှတ်ထိုးလိုက်သည့်အချိန်မှာစ၍ ရှမ်းပြည်ထောင်စုသည်ဗြိတိသျှစောင့်ရှောက်သော(British protectorates )
 အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေးမှ ကင်းလွတ်သွားသည်။
- ဖဆပလအစိုးရခေတ်တွင်တရားဝင်လွတ်လပ်ရေး အဆိုတင်သွင်းသောအခါ အစိုးရကပါလီမံဖျက်သိမ်းသောနည်းဖြင့် ရှမ်းလွတ်လပ်ရေးမပေးရန် ရှောင်ရှားခဲ့သည်။
-ပါလီမံဖျက်သိမ်းပြီးနောက် ပါလီမံနှင့်အတူ အလိုအလျှောက်သက်တမ်းကုန်ဆုံးသောအစိုးရနေရာတွင် အစိုးရသစ်ကိုမရွေးကောက်မီ ၁၉၆၂ ၌ ဗိုလ်ချုပ် နေဝင်းအာဏာသိမ်းခါရှမ်းပြည်ကို မြန်မာပြည်မှလွတ်လပ်ရေးရယူခွင့်မရှိသော အမည်ခံဟန်ပြပြည်နယ်အဆင့်သို့ချလိုက်သည်။ 
- ထိုနှစ်မှစ၍ တခေတ်လျှင်တကြိမ်ဖြစ်လေ့ရှိခဲ့သော ထိုင်း-မြန်မာနယ်နိမိတ်ပြောင်းလဲသည့်ခေတ်တခန်းရပ်သွားသည်။

မြေပုံများကို နီးစပ်ရာခုနှစ်သက္ကရာဇ်များဖြင့်တင်ပေးထားသည်။

မှတ်ချက်များ...... 
-ပုံ ၁၂၈၀ပါ ဟရီပွန်ချိုင်း ၁.၂.၃ မှာ မွန်နိုင်ငံဖြစ်သည်။ လက်ရှိကာလတွင် လမ်းပွန်း၊ လမ်းပန်း ခရိုင်ကြီးများဖြစ်သည်။
-ပုံ၁၄၁၅ မှာ အင်းဝခေတ်အစတွင် စူခိုထိုင်းအင်ပါယာပျောက်သွားပြီး အယုဒ္ဒယဖြစ်လာပုံကိုသတိပြုပါ။
ပုံ၁၅၂၈ တောင်အူခေတ်၏အကြီးကယ်ဆုံးဆယ်စုနှစ်ပိုင်းတွင် အယုဒ္ဒယနှင့် လာအိုတို့မှာ ဘုရင့်နောင်မင်းလက်အောက်ခံပြည်နယ်များဖြစ်ခဲ့သည်။ ဘုရင့်နောင်နတ်ရွာစံပြီးမကြာမီတွင် သားတော်နဒ္ဒါဘုရင်လက်ထက်၌ ဧကရာဇ်မင်းစိတ်ဓာတ်ဖြင့်မအုပ်ချုပ်ဘဲ လူမျိုးရေးခွဲခြားဖိနှိပ်မှုများကြောင့် ပြည်နယ်များပုန်ကန်ခြားနားကြခြင်းဖြစ်သည်။
-ပုံ ၁၇၇၀ မှာ အလွန်တန်ခိုးထွားခဲ့သော တောင်ငူအင်ပါယာ မျိုးဆက်လုံးဝပျက်သုန်းသွားပြီးနောက်ပိုင်း အောက်မြန်မာပြည်ကိုမွန်တို့ပြန်လည်သိမ်းပိုက်ထားခဲ့သည်။ ရွှေဘိုမှ ဦးအောင်ဇေယျက ဗမာများကိုခေါင်းဆောင်မင်းလုပ်သည်။ မွန်နိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ပြီး မွန်စစ်သုံ့ပမ်းများကိုစစ်ကူအဖြစ်သုံးခါအယုဒ္ဒယကိုပြန်လည်သိမ်းပိုက်သည့်ဆယ်စုနှစ်အပိုင်းအခြားဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်မှစ၍ သီပေါမင်းလက်ထက်တို့တွင် အနောက်နိုင်ငံများတွင်ခေတ်စားလာသည့် ပါလီမန်ဒီမိုကရေစီ ခေတ်မီအုပ်ချုပ်ရေးစနစ် (Political reform) မလုပ်သေးသည့် ကုန်းဘောင်အင်ပါယာကို အင်္ဂလိပ်တို့အလွယ်တကူသိမ်းပိုက်လိုက်သဖြင့်ကုန်းဘောင်ခေတ်နိဂုဏ်းချုပ်သည်။(ထိုခေတ်က ထိုင်းနိုင်ငံမှာ အနောက်နိုင်ငံများနှင့် ဥဒဟိုဆက်ဆံရေးများရှိပြီး အနောက်တိုင်းနိုင်ငံရေးစနစ်ကိုစတင်အသုံးချနေပြီဖြစ်သည်။ အနောက်နိုင်ငံများကဒီမိုကရေစီစနစ်သို့ပြောင်းကြသောခေတ်တွင်လဲ ထိုင်းက ပညာတော်သင်များလွှတ်ခါသော်လည်းကောင်း အိမ်ရှေ့မင်းသားများကိုအလုပ်သင်လွှတ်၍လည်းကောင်းဒီမိုကရေစီစနစ်ကိုစတင်သင်ယူလေ့ကျင့်အသုံးချလာချိန်တွင် မြန်မာပြည်က စစ်အာဏာရှင်အုပ်ချုပ်ရေးစနသစ်ကိုသာကျင့်သုံးနေဆဲဖြစ်ခဲ့သည်။
-ပုံ၁၉၃၅ မှာ အင်္ဂလိပ်က ကျန်ရှိသောကုန်းဘောင်နယ်မြေတခွင်လုံးကိုသိမ်းပိုက်အုပ်ချုပ်ပြီး ရှမ်းပြည်၏အတွင်းရေးကိုမူ ထဲထဲဝင်ဝင်မစွက်ဖက်ဘဲ နယ်စပ်ကိုသာကာကွယ်ထားသည့်ပုံဖြစ်သည်။







No comments:

Post a Comment

mr.kyaingtun@gmail.com