Friday, June 19, 2020

ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။

ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။

ဘေသလေဟန်(Bethlehem) အင်္ဂလိပ်ဘာသာဖြစ်သည်။ မြန်မာက"ဗက်လင်"ဟုခေါ်သည်။ မူရင်းနာမယ်မှာအာရပ်ဘာသာ Bayta Lahm ဖြစ်ပြီး ဟီဘရူး(ဂျူး) ဘာသာဖြင့် Betlehem ဟုခေါ်သည်။ အဓိပ္ပါယ်မှာ "ပေါင်မုံ့အိမ်"
( House of Bread )ဖြစ်သည်။
လက်ရှိတည်နေရာမှာပါလက်စတိုင်းဖြစ်သည်။ လက်ရှိအုပ်ချုပ်ရေးမှာ ပါလက်စတိုင်း ဗက်လင် မြူနီစီပယ်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။လက်ရှိ မြူနီစီပယ်ဝန်ကြီးနာမယ်မှာAnton Salmanဖြစ်သည်။
လူဦးရေမှာ၂၅၂၆၆ (၂၀၀၇ခုနှစ်)
နေထိုင်သောလက်ရှိလူမျိုးများကိုအသားအရောင်ဖြင့်ပိုင်းခြားသတ်မှတ်သည်။ ၇၉.၃၃%မှာလူဖြူများ၊ ၆.၃၇%မှာ အမေရိကန်လူမဲများ၊ ၂.၇၅%မှာအာရှသားများဖြစ်သည်။၁၈၇၀ ခုနှစ်စာရင်းအရလူမျိုးများမှာ (လူဦးရေအများဆုံးမှအနဲဆုံးသို့) မူစလင်, လက်တင်,ဂရိစ်နှင့် အာမေးနီးယန်းလူမျိုးများဖြစ်ကြသည်။
ကိုးကွယ်သည့်ဘာသာများမှာခရစ်ယန် ၄၆.၁% ( ၁၉၆၇ ခုနှစ်), မူစလင် ၅၃.၉ဖြစ်သည်။
ပညာရေးတွင်ပါလက်စတိုင်းအမျိုးသားပညာရေးဝန်ကြီးဌာနကဖွင့်ထားသည့်ကျောင်း ၁၀၀,ကုလသမဂ္ဂ၏ UNRWA ကဖွင့်ထားသည့်ကျောင်း ၇ကျောင်း နှင့်ပုဂ္ဂလိကကျာင်း ၂၈ကျောင်းရှိသည်။ ၁၉၉၇ စစ်တမ်းအရ အသက်၁၀နှစ်ကျော်ကလေးအားလုံး စာတတ်မြောက်သည်။ ဘေသလေဟန် တက္ကသိုလ်ကိုကက်သလစ်ဘာသာရေးအဖွဲ့အစည်းက ၁၉၇၃ခုနှစ်တွင်ထူထောင်ထားခဲ့သည်။ဘေသလေဟန်၏အဓိကစီးပွားရေးမှာ ခရစ်ယန်သာသနာဆိုင်ရာကမ္ဘာ့အလယ်အပတ်လုပ်ငန်းဖြစ်သည်။



သမိုင်းနောက်ခံအနဲအကျဉ်း။ 
၁၉၂၀-၁၉၄၈ အထိ ဗြိတိသျှအုပ်ချုပ်သည်။ ကုလသမဂ္ဂ၏ပါလက်စတိုင်းပိုင်းခြားသတ်မှတ်ရေးသဘောတူညီချက်အရ ၁၉၄၇တွင် ဘက်လင်မြို့အားကုလသမဂ္ဂကအုပ်ချုပ်သည်။
ရှေးဦးဘေသလေဟန်မြို့ကို ခရစ်မတိုင်မီ ၁၃၃၀(BCE) နှစ်ခန့်တွင် ဒေးဗစ်ဘုရင်၏မြေး ဆော်လမွန်ဘုရင်၏သား ရီဟိုဘုန်း (Rehoboam)ကထူထောင်အုပ်ချုပ်သည်။ နောင်နှစ်ပေါင်းထောင်ကျော်တွင် ယေရှုခေါ်ဂျီးဇက်မွေးဖွးချိန်၌ ဘေသလေဟန်သည် အိမ်ခြေ တရာမျှပင်မရှိသောခရီးထောက်စခန်းရွာကလေးမျှသာဖြစ်ရှိနေခဲ့သည်။ ရောမအင်ပါယာပိုင်ဖြစ်နေပြီး ဟေရုတ်ဘုရင်အုပ်ချုပ်သည်။ဟေရုတ်က မိမိအုပ်ချုပ်ထားသည့်ဂျူးလူမျိုးများအတွက် ဘုရားကျောင်းဗိမာန်ကြီးများကိုထူထောင်ပေးခဲ့သည်။အစ္စရေးလူမျိုးလွတ်မြောက်ရေးအတွက်တော်လှန်ရေးကိုခေါင်းဆောင်ပြီးအစ္စရေးဘုရင်ဖြစ်လာမည့် ယေရှုဆိုသည့်ကလေးငယ်မွေးဖွားလာကြောင်း ကောလဟာလသတင်းများထွက်ပေါ်လာသောအခါ နိုင်ငံရေးစစ်ရေးစစ်ရေးကမောက်ကမဖြစ်မည်စိုးသဖြင့် ဘေသလေဟန်ရှိမွေးကင်းစမှ၂နှစ်သားအရွယ်ကလေးငယ်အားလုံးကိုဖမ်းဆီးသတ်ဖြတ်ပစ်သော်လည်း ယေရှု၏မိဘများမှာ ညပိုင်းကတည်းက ရွာမှတိမ်းရှောင်သွားကြသဖြင့်လွတ်လာခဲ့သည်။
အစ္စလန်ကိုရမ်ကျမ်းစာထဲတွင် ယေရှုအကြောင်းကို ၁၈၇ကြိမ်ဖော်ပြသည်။ ခရစ်ယန်များက ယေရှုခရစ်အား ဘုရားသခင်၏သားတော်ဟုယုံကြည်သတ်မှတ်ကြပြီး အစ္စလန်ကျမ်းစာတွင်မူ မေရီ၏သား ယေရှုသည်အစ္စရေးလူမျိုးတို့အားလမ်းပြရန်ဘုရားသခင်ကပို့ဆောင်လာသည့်ပရောဖက်စေတမန်တပါးအဖြစ်ဖော်ပြထားသည်။ အစ္စလန်ဘာသာအရ ဘုရားကို အာလာဟုခေါ်သည်။
ယေရှု၏မိခင် မေရီသည် မြီးကောင်ပေါက်အရွယ်တွင် ကိုယ်ဝန်ရရှိခြင်းဖြစ်သည်။ ထိုခေတ်ကဓလေ့အရ မိန်းကလးတဦးရာသီသွေးစလာသည်နှင့်လက်ထပ်ခြင်းသို့မဟုတ် စေ့စပ်ခြင်းပြုရသည်။ ဂျိုးဇက်နှင့်မေရီအတူမအိပ်ရသေးခင်တွင်မေရီကိုယ်ဝန်ရှိခြင်းအတွက် ဂျိုးဇက် အတွေးကြပ်ခဲ့သည်။ ကလေးသည်မိမိနှင့်ရရှိခြင်းမဟုတ်ကြောင်း တခြားလူများကသိသွားလျှင် မေရီကိုရွာလယ်တွင်ကျောက်ခဲများဖြင့်ဝိုင်းပေါက်သတ်ကြမည်ဖြစ်သည်။ ဤဓလေ့သို့မဟုတ်ဥပဒေမှာ အစ္စရေးလူမျိုးများကို အီဂျစ်မှကယ်ထုတ်လာသည့် ခေါင်းဆောင်ကြီးမိုဇက်(မောရှေ)ခေတ်ကတည်းကတောက်လျှောက်ကျင့်သုံးလာသည့်ယဉ်ကျေးမှုဖြစ်သည်။ ဂျိုးဇက်ကသတင်းမပေါက်ကြားအောင်ထိမ်းသိမ်းခဲ့သည်။
ဂျီးဇက် ခရိုက်စ်(ယေရှုခရစ်)
ပြောဆိုသောဘာသာစကားမှာ ထိုခေတ်ကပါလက်စတိုင်းသား ဂျူးလူမျိုးတို့ပြောဆိုသည့် "အရမ်မစ်ခ်" (Aramaic)ဘာသာဖြစ်သည်။ ဂျီးဇက် တွင် ဂျိမ်းစ်, ဂျို့စ်, ဂျူဒီနှင့် ဆိုင်မွန် အမည်ရှိ ညီ ၄ဦးနှင့် အမည်မှတ်တမ်းမရှိသောညီမတစ်ဦးရှိသည်။ 
 ဂျီးဇက်ခေါ် ယေရှုခရစ်သည် ဘေသလေဟန်သမိုင်း၏ အထင်ရှားဆုံးနှင့်အရေးအကြီးဆုံးသော သမိုင်းနောက်ခံအဖြစ်အပျက်ဖြစ်သဖြင့် ဤ၂၀၁၉ ခရစ်တော်မွေးနေ့ အမှတ်တရအဖြစ် တစိတ်တပိုင်းကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်သည်။ပုံ၁။  လက်ရှိဗက်လင်မြို့ ပုံ၂။ ဟေရုတ်ဘုရင် ၃။ ယေရှု လူနာများကိုလိုက်လံကုသနေပုံ။



No comments:

Post a Comment

mr.kyaingtun@gmail.com