Friday, June 19, 2020

နိုင်ငံတော်တည်ဆောက်ခြင်းလား အမျိုးသားတည်ဆောက်ခြင်းလား...
"State- building or Nation-building"

ကမ္ဘာ့နိုင်ငံအားလုံး၏နိုင်ငံတော်
တည်ဆောက်မှုအဆင့်ဆင့်သည် အကြမ်းဖက်မှုများဖြင့်အမြဲတစေပြည့်နှက်လျှက်ရှိခဲ့သည်မှာရှင်းလင်းမြင်လွယ်သောပကတိသမိုင်းအချက်အလက်များဖြစ်သည်။ မငြိမ်မသက်ဖြစ်မှုများနှင့် အကြမ်းဖက်မှုများသည် နိုင်ငံတော်တည်ဆောက်ရေး၏သဘာဝဖြစ်ခဲ့၊ ဖြစ်လျှက်ရှိဆဲဖြစ်သည်။

နိုင်ငံတော်တခုကိုတည်ဆောက်ရာတွင် အခက်အခဲ များစွာရှိသည်။ ယင်းတို့မှာ

၁။လူဦးရေအင်အားကြီးသောအသိုင်းအဝိုင်းကပေါ်လစီရေးရာကိုလွမ်းမိုးခြယ်လှည်ခြင်းကြောင့်ပေါက်ပွားသောပြသနာ..
၂။ အကျိုးပျက်ရသောအသိုင်းအဝိုင်းက အတိုက်အခံပြု ခြင်းကြောင့်ပေါက်ပွားရသောပြသနာနှင့်
၃။ ကွဲပြားသောလူမျိုးစုနှင့် ဘာသာရေးများကိုအခြေခံသည့် ဖိနှိပ်ခြေမှုန်းမှုနှင့်ကာကွယ်တွန်းလှန်မှုမှ ပဋိပက္ခဖြစ်ပွားခြင်းများ စသည့်ပြသနာတို့ဖြစ်သည်။

သို့ဖြစ်၍ "State-building" ခေါ် နိုင်ငံတော်တခုတည်ဆောက်ခြင်းသည် အလွန်ခက်ခဲသော လုပ်ငန်းကြီးဖြစ်ခါ အခြေအနေ,အချိန်အခါနှင့် အရည်အခြင်း ၃ရပ်လုံးတိုက်ဆိုင်မှုမရှိလျှင် အောင်မြင်နိုင်ခြင်းမရှိပါပေ။ အောင်မြင်သည်ဆိုလျှင်လည်း နဂိုလ်ထက်များစွာအခြေအနေဆိုးသော စုတ်ပြတ်စွာအောင်မြင်မှုသာလျှင်ဖြစ်သည်။ 

State-buildingနှင့် လက်တလုံးခြားဆင်တူရိုးမှားဖြစ်သောNation-building မှာမူ အဆပေါင်းများစွာပိုမိုခက်ခဲသော လုပ်ငန်းကြီးဖြစ်သည်ဟု ကမ္ဘာ့သမိုင်းနှင့်နိုင်ငံရေးသိပ္ပံပညာရှင်များကတညီတညွတ်တည်းအမြင်ရှိကြသည်။ 

နိုင်ငံတနိုင်ငံကိုတည်ဆောက်ရာတွင်ကြုံရသည့်အတားအဆီ၃ခုလုံးသည် အမျိုးသားတရပ်ကိုတည်ဆောက်ရာတွင်လည်းရင်ဆိုင်ကြရသည်သာဖြစ်သည်။ ခြားနားချက်မှာ နံပတ်၁ အခက်အခဲဖြစ်သော "အခြေအနေ" ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် "သဘာဝမဟုတ်သောအခြေအနေ"ကိုဖန်တီးယူနိုင်ပြီး အမျိုးသားတရပ်တည်ဆောက်ရာတွင်မူ အမျိုးသားတရပ်အမှန်တကယ်ဖြစ်နေသည့်"သဘာဝ အခြေအနေ"ပေါ်တွင်သာမူတည်နေပေသည်။



 လွယ်ကူစွာနားလည်ရန်ဆိုရလျှင် လက်တင်ဘာသာဖြင့် Status ခေါ်State ဆိုသောနိုင်ငံကိုဖွဲ့စည်းတည်ဆောက်ရာ၌ ဒေသတခုတည်းတွင်ရာစုနှစ်တချို့အတူနေထိုင်ခဲ့ကြသည့် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မျိုးရိုးဗီဇမတူသော လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်၍ရသော်လည်း Natio ခေါ် Nation  မှာမူ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မျိုးရိုးဗီဇတူသော လူများဖြင့်သာ သတ်မှတ်တည်ဆောက်၍ရနိုင်သည်။ ဥပမာ တရုတ်၊ ကုလားနှင့်မလေးလူမျိုးများပေါင်းပြီး နိုင်ငံတော်တခုအဖြစ်တည်ထောင်နိုင်သော်လည်း အမျိုးသားတရပ်ဟုမခေါ်ဆိုနိုင်ပါပေ။ သဘာဝမဟုတ်သောကြောင့်ဖြစ်သည်။ အကယ်၍အမျိုးသားတရပ်ဖြစ်လိုပါက ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မျိုးရိုးဗီဇပေါင်းစပ်သွားအောင်ပူးပေါင်းလုပ်ဆောင်ခြင်း သို့မဟုတ် ရှေးဟောင်းနည်းများအတိုင်းအတင်းအကြပ်လုပ်ဆောင်ခြင်းများ အောင်မြင်ပြီးဆုံးမှသာ အသစ်သောအမျိုးသားတရပ်အဖြစ်သဘာဝကျစွာဖြစ်ပေါ်လာပေလိမ္မည့်။

အထက်ပါအခက်အခဲအတိမ်အနက်ကွာခြားချက်အရ အမျိုးသားတစ်ရပ်ကိုတည်ဆောက်ခြင်းသည် နိုင်ငံတနိုင်ငံတည်ထောင်ခြင်းထက်အဆမတန်ခက်ခဲသည်ကို တွေ့နိုင်ပေသည်။ 

ဤတွင်ကျနုပ်တို့နိုင်ငံ၏ခေတ်အဆက်ဆက်ခြေလှမ်းများကိုဆန်းစစ်လိုက်သောအခါ အမျိုးသားနှင့်နိုင်ငံ၏ကွဲပြားမှုကို နားမလည်သဖြင့် ပိုလွယ်သောနိုင်ငံတော်တရပ်အဖြစ်တည်ဆောက်ရေးထက် အလွန်ခက်ခဲသည့်အမျိုးသားတရပ်မဖြစ်ဖြစ်အောင် မရမက အဓမ္မတည်ဆောက်ရန်ကျိုးပမ်းခြင်းဖြင့်ရှိရင်းစွဲသက်ရှိသက်မဲ့သဘာဝစွမ်းအင်များနှင့်တန်ဖိုးမဖြတ်နိုင်သောအချိန်ကာလများအလဟသလေလွင့်ပြုန်းတီးလာခဲ့ကြသော သမိုင်းကြောင်းကြီးကိုအထင်အရှားတွေ့နေရပေသည်။

၁၉၄၈လွတ်လပ်ရေးရပြီးနောက်တွင် လူမျိုးစုံနိုင်ငံတော်အဖြစ်မားမားမတ်မတ်တည်ထောင်ရန် ပြည်တွင်းပြည်ပအခြေအနေအားလုံးက တွန်းပို့အားပေးနေသည်ကို မမြင်ဘဲ လူတမျိုးတည်း၏ ဘာစာပေ၊ ယဉ်ကျေးမှုကိုအတူနေတခြားလူမျိုးများကအညံ့ခံဗဟိုပြုလာရေးကိုသာအဓိကထာသည့်အမျိုးသားတရပ်မဖြစ်ဖြစ်အောင်မျက်စိစုံမှိတ်ဆက်လက်ကျိုးပမ်းလာခဲ့ကြရင်း ပတ်ချာလည်နေသည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည်။ 

နိုင်ငံအဖြစ်အောင်မြင်စွာတည်ဆောက်ရေးအတွက်ကမ္ဘာတွင် အလွယ်တကူနမူနာယူ၍ရနိုင်သည့် နိုင်ငံများစွာရှိသည်။ အမေရိကား၊ ကနေဒါ၊ ဩစတျေးလျား၊ နယူးဇီလန်နှင့် အိမ်နီးချင်း စင်္ကပူနိုင်ငံတို့၏ နိုင်ငံတော်တည်ဆောက်မှုများမှာလူတမျိုးတည်း၏ ဘာစာပေ၊ ယဉ်ကျေးမှုကိုဗဟိုပြုအခြေခံသည့် အမျိုးသားတရပ်ဖြစ်လာရန်လုံးဝ ဦးနှောက်စား အလုပ်များမခံဘဲ နိုင်ငံတနိုင်ငံဖြစ်လာရေးကိုသာ ပြတ်သားစွာ အားသွန်ခွန်စိုက် ဦးတည်လုပ်ဆောင်လာခဲ့ကြသည်ကိုတွေ့ရပေလိ့မ္မည်။ 

ထိုနိုင်ငံအားလုံး၏ အဓိကတူညီချက်မှာ မည်သည့်ပြည်တွင်းလူမျိုးတစ်မျိုးမျိုးနှင့်နီးစပ်သောသို့မဟုတ် လက်တလုံးခြားဖြစ်သောစကားလုံးကိုမျှနိုင်ငံနာမယ်အဖြစ်လုံးဝမသုံးခြင်းဖြစ်၏။ တိမ်တိမ်လေးသာတွေးတတ်ကြလျှင် ဤကိစ္စမည်မျှထိရောက်တာသွားသည်ကိုမြင်နိုင်စွမ်းရှိလိမ္မည့်မဟုတ်ပေ။ အမှန်တွင် ယင်းသို့ အစစ်အမှန်ကြားဖြစ်သော နိုင်ငံနာမယ်ကိုသတ်မှတ်မှည့်ခေါ်လိုက်ခြင်းဖြင့် ပြည်တွင်းလူမျိုးပေါင်းစုံ၏ သိက္ခာ သမာ အဆင့်အတန်း
သည် ဘာမှမလုပ်ရဘဲ အလိုအလျှောက်တန်းတူဖြစ်သွားသည်ဖြစ်ရာ "သဘာဝမဟုတ်သောအမျိုးသားတရပ်ကို အတင်းမရမကတည်ဆောက်ခြင်းမှဖြစ်ပွားသည့်" ကြီးမားရှည်ကြာသောပြည်တွင်း စစ်ရေး၊နိုင်ငံရေးပြသနာနှင့်အနိဌာရုဏ်များမှလည်း ခြေမွှေးလက်မွှေးမီးမလောင်ရဘဲ အလိုအလျှောက်လွတ်လပ်ကင်းဝေးရခြင်းဖြစ်တော့သည်။

နိုင်ငံတော်အဖြစ်ကိုသာဦးတည်ထူထောင်သောထိုနိုင်ငံများကို နိုင်ငံတကာက "အမျိုးသား"အဖြစ်လဲ အလိုအလျှောက် ခေါ်ဆိုသတ်မှတ်လာကြသည်ဖြစ်ရာ ယင်းသို့ ချွေးသွေးတစက်ကလေးမျှမကျ၊ ဘာမှလဲလုပ်စရာမလိုဘဲအဆစ်အဖြစ်ရနိုင်သော "အမျိုးသား" တရပ်ဖြစ်ပေါ်လာရေးသည် ကျနုပ်တို့နိုင်ငံအတွက်  ခက်ခဲလွန်းနေရသည်မှာ မချိတင်ကဲအသဲယားစရာအလွန်ပင်ကောင်း နေပါတော့သည်တကား...


No comments:

Post a Comment

mr.kyaingtun@gmail.com