Monday, February 25, 2013

မန်းကိုကို ~ Mahn Ko Ko: Ethnics

မန်းကိုကို ~ Mahn Ko Ko: Ethnics: source : http://pwintthitsa.blogspot.com/      အခုတွေ့ရတဲ့ အလံကတော့ ကရင့်အလံဖြစ်ပါတယ်။ ၁၉၃၇ နှစ်မှာ ကရင့်အမျိုးသားသီချင်းနဲ့ အတူ မြန်မာပြ...

Saturday, February 16, 2013

နွားတထောင်/ခင်နှင်းယု



အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)

L-Zaw Sai shared a photo.
(ဧရာဝတီသတင်းဌာနကအောင်ဇော်ရဲ့ကျောင်းသားတွေအပေါ်သစ္စာဖေါက်ကိုယ်ကျိုးရှာခဲ့
တာဒီလိုကိုး….
                                         မွန်းဒီပါ)

အတွင်းသိ အဆင်းသိ တစ်ယောက် မှ ထုတ်ဖော် ရေးသားလိုက်တဲ့ 
သတ္တ၀ါ တကောင်
-----------------------------------------------------------
အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)

သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသလို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်းကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .. သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး 
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်။
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ပဲ ဒုက္ခသည်တော်တော်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။
JRS ကဘန်ကောက်ရောက်
မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီး
အဲဒီကျာင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖိုBSCSA Burmese Student Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။
၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။
နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese
Border Liaison Person အဖြစ်နဲ့တာဝန်ယူရပါတယ်။ ကျနော်အလုပ်က
အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီး
အကူအညီပေးရတယ်၊ ပြင်ပမှာရှိနေတဲ့ရဲဘော်တွေနဲ့အဆက်အသွယ်လုပ်ပေးရတယ်။
(၂)ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန်နဲ့ဆေးဝါး
ဝေပေးတဲ့အလုပ်နဲ့လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့
သတင်းတွေစုစည်းပေးရပါတယ်။
အဲဒီအချိန်က IDC မှာ “ဘ”ကုလား (ဘင်္ဂလားဒေ့ရှ်) တွေကို
တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက်
ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က
ထိုင်းပုလိပ် ကိုဆရာမွေးပြီး တွန်းလှည်းနဲ့ပလာတာလိုက်ရောင်းတယ်၊ ပြီးရင်
ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။
အခန့်မသင့်လို့အဖမ်းခံရရင်လဲ ထိုင်းပုလိပ်က ဘဂုံးကလားကို
တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention
Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမို့အမောင်တွေဟာ
တတ်နိုင်သမျှစုစည်းပြီးနေတာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊
ထိုင်းပုလိပ် ရဲ့ရိုက်နှက်ခြင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှာခေါင်းရိုး
နဲ့နံကြားတွေမှာ တော်တော်ထိခံထားရတယ်။ သြဇီ( သြစတြေးလျ) က၀င်းအောင်တို့၊
နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊
ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS
မှာကျောင်းသားလေး(၂)ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English majorကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ
သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ်
ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။ ဒီတုန်းကတော့
သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါပဲ။ နောက်တော့လဲအုတ်ခဲကျိုးလောက်အောင် ခေါင်းမာတဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။
သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။
ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကိုသံရုံးကနေတဆင့်
မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့
စိတ်ဓါတ်အရမ်းကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီး
လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ပဲ English major က
သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM)
တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်။ သူ့အတွက်ကတော ပြည်တွင်းမှာ
အချိန်ကျရင်သုံးဖို့ဒေါက်တိုင်တစ်ချောင်း ထောင်ထားနိုင်ခဲ့တယ်။
ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး
လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’
Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOBဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့
ပေါင်းပြီးမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက်
အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ
အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့
သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။
ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ
သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။
ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊
ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊
သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လိုသွားသွန်တာပါ။ လူကိုသွန်လို့ရတယ်ဆိုတာ အဲဒီတော့မှသိရတယ်။
မြန်မာဘက်ခြမ်းရောက်သွားလို့ကံဆိုးပြီးကျောင်းသားမှန်းသိသွားရင်
အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။
တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့
ဘစ်ကားတွေပေါ်မှာဂိတ်စဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့
Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။
ဒီလိုနဲ့တနေ့ညနေပိုင်း JRS ဧည့်ခန်းထဲမှာ
ကျောင်းသားတော်တော်များများရောက်နေကြတယ်။
သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်။
သူတို့ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့
ပြင်ဆင်နေကြတယ်။ မှတ်မှတ်ရရ မြန်မာသံရုံးကိုဝင်စီး၊ န၀တ
အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
တုန်တုန်ရီရီနဲ့( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖြန်သွား
အဖမ်းခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့
အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။
သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့
ထိုင်းအစိုးရကဖမ်းဆီးပြီးပြန်ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာက
အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကိုအသိပေးပြီ လ၀ကရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေထုတ်ပြန်ဖို့က BSCSA ရဲ့
Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရတာတော့ ဇော်ဇော်ပါ။
ဒါပေမဲ့တာဝန်တွေအားလုံးခွဲဝေပြီးတဲ့အခါမှာတော့
အကြံသမားကျောင်းသားငယ်လေးဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကိုမနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visaရပြီဖြစ်နေလို့ပါဘဲ။
နောက်တစ်နေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀ကရုံးရှေ့မှာအင်္ကျီ်အဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး
ဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ်တကျ တန်းစီထိုင်ပြီး
ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီးဆန္ဒပြကြတော့
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့
ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့အတွက်
ကျောင်းသားတွေကိုမဖမ်းဘဲပြန်လွှတ်ပါတယ်။ ဒါပေမယ့် ဘာဂတိစကားမှမရတဲ့အတွက်ကျောင်းသားတွေကလဲဆက်လက်ဆန္ဒပြကြ
တယ်။ နောက်ဆုံးမှာတော့ ကျောင်းသား အားလုံး
ယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊
ပြည်ကြီး၊ကျော်နီ၊ငွေစိုး စသည်တို့ပါပြီး၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ်မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့အဖမ်းခံခဲ့ကြတယ်။
သူ့ကောင်မလေးပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါပဲ။သူ့ခမျာတော်တော်ခံစားလိုက်ရပါတယ်။
ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ဘယ်နေရာမှာထားတယ်ဆိုတာတောင်မသိ
ရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့
အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်က
အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကား
ပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစု
ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီး
ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။
အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်။
ဝင်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကိုအကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊
မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေကိုသွားကြပြီ။
ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့
စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။
(ဒါကတော့လူငယ်တိုင်းကြိုးစားရမဲ့တာဝန်မို့
ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်းရင်
မြန်မာလွယ်အိတ်ကလေးလွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ။
ဘန်ကောက်ကျောင်းသားတွေထဲမှာလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေတော်တော်များများကလဲ
ထောင်ထဲရောက်နေကြတာမို့ ကျောင်းသားတွေရဲ့သတင်း တွေအတွက်
သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS
အပြင်ထွက်ပြီးကျောင်းသားထုရဲ့အသံကို နားမထောင်ခဲ့ဘဲ
လုံခြုံတဲ့နေရာမှာနေထိုင်ပြီး
ကိုယ့်စိတ်ကြိုက်အာဘော်တွေကိုသွားဖလှယ်နေတာသာဖြစ်တယ်။ သူတယောက်ထဲ
မျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင်
အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို
သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့
BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင်
သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို
အာဏာအပ်မိသွားပြီ။
တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။
ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့
ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက်
ဘယ်လိုအကူအညီပေးရမယ်ဆိုပြီး အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ
ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ
ကော့သောင်ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ
ထောက်လှမ်းရေးနဲ့တိုးမှာမို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး
စံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။
ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ။မတော်တဆ
သူကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့
သူစိတ်ချရတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။
ကျနော်ဒီသတင်းကိုယူလာပြီး JRS မှာပေးပါတယ်။ သေသေခြာခြာလဲမှာခဲ့ပါတယ်။
ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ကျနော်လဲ
JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ်
ဆိုပြီးရှောက်ကြွားနေတဲ့သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ
ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ
သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့
သတင်းဦးလေးပို့ရုံပဲထင်ရတာ၊တကယ်တော့သူ့နေရာမှာ
တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ
မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ပဲ တောင်းပန်လိုက်ပါတယ်။
JRS ခြံဝင်းရဲ့ဝင်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊
ရုံးဝန်ထမ်းတွေထမင်စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့
မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။
ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDF
ကကျောင်းသူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး
ဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာနေသွားပါတယ်။
ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တစ်ဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက
မြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDC
ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့
သူဌေးချိုချိုင်းရဲ့ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့
မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော်
ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊
နယ်စပ်ကတက်လာတဲ့ ကျောင်းသားလေးတယောက် ရေတောင်းသောက်တယ်တဲ့
ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက်တယ်၊
အဲဒါကိုခွက်ကိုယူပြီးအဲဒီ ကျောင်းသားလေး ရှေ့မှာ
ရေဆေးပြနေတာမပြီးတော့ဘူးဗျာတဲ့။ ကြေကြေကွဲကွဲပြောရှာတယ်။ တကယ်တော့
နယ်စပ်ကတက်လာတဲ့ ခလေးတွေကတော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊
ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့က
တောလမ်းကအသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲညစ်ပေပေနဲ့ဆိုတော့၊
တော်တော်လေးနှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊
ဖိုင်တွဲကြီးပိုက်ပြီးအလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊
အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင်
IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC
ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒီစာတွေကို ကိုယဉ်ထွေးက
ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့
ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။
ဒါပေမဲ့ (၂)ရက် (၃)ရက်လောက်ရှိနေပြီ၊ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့
အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာလူရှိနေတာ ကျနော်သိနေတယ်။
ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့။
ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့… JRS
ကိုဝင်ထွက်နေတဲ့ Canadianမ တစ်ယောက်ရှိတယ်။သူ့နာမည်က Monique ပါ။ သူက
အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့
သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီး
အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒီကျောင်းသားလေးကတော့ IDC
မှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတော့
Canadianမ လဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး
စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို
ခံစားရမလဲ။
ဒီလိုနေရင်းနဲ့ပဲ ကျောင်းသားတွေကို SDC (Special Detention Centre)
ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDC
ပို့လိုက်လို့ SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင်
လေယာဉ်ပြန်ပေးဆွဲမှု့နဲ့နှစ်ရှည်ထောင်ချခံထားရတဲ့ ရဲရင့် နဲ့ ရဲသီဟဆိုတဲ့
ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည်ပြန်ပို့မယ်၊
ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံးအသုတ်အနေနဲ့ထည့်မယ်၊
တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့
သတင်းကြားရလို့အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့
စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးပဲ။
အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalist
တယောက်ဖြစ်ဖို့ကြိုးစားနေတာကလွဲလို့ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDC
ကိုထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနိုင်ခဲ့ဘူး။
အထဲကသူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲအရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး
ချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့
ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလို
ကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC
အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။
သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။
သူဟာအခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ
လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး
(အာဏာရူးဖြစ်သွားတာပေါ့)။ SDC ကကျောင်းသားတွေလွတ်လာတော့မယ်ကြားရလို့
ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန်
သူတော်တော်ခြောက်ခြားနေပြီဖြစ်တယ်။ ဒါနဲ့ပဲ (၉)လနီးပါးမှာ SDC
ကကျောင်းသားတွေလွတ်လာတယ်။ ကျနော်အမှန်အတိုင်းပဲရှင်းပြလိုက်တယ်။
သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီး
နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊
လက်တွဲခေါ်ယူဖို့ကိုကန့်ထားသလိုဖြစ်နေတယ်။ ရဲဘော်ရဲဘက်တွေဟာ
သူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေးတရပ်ခေါ်ပြီး
ခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒီသတ္တ၀ါရှုံးသွားပါတယ်။
ဒါပေမဲ့နေရာဖယ်ပေးဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။
ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်း
မခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှုတွေဟာ ထိမ်းချုပ်မရဘဲ၊
သူတို့ထဲက စကားနည်းပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကို
ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။
ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂
ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက်
ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ
နားလည်ပါတယ်၊ အဒီကျောင်းသားငယ်မှားသွားတယ်။ ဒါပေမဲ့
အပြစ်ရှိပြီးတာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။
ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့်
ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး။
ဆေးရုံသွားကြည့်တဲ့သူတွေကတော ပြောပြတယ်။ အဖြူတွေရှေ့မှာ “ပဲ”
တွေအရမ်းများပြတယ်တဲ့။ ဆေးရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobby
လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး
စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်။ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်။
ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်။
သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။
Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို
နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့
ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်။
ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့
links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်)
ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊
ဒေါ်အောင်ဆန်းစုကြည်တို့ကို စော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ်
ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက်
နပိုလီယံဆိုပြီးရေးလိုက်တာတွေ့တယ်။ နပိုလီယံ နဲ့နှိုင်းရင်တော့
နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့
သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။
မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ့မချောအိဖြူတို့ကို
ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ
နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။
မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့။ ဟုတ်ပါတယ်။ အဲဒီအချိန်က
အတိုက်အခံတွေဘက်မှာဒီသတင်းကိုမပြန့်စေချင်သေးဘူး။ အတိုက်အခံ
အင်အားလျော့သွားမှာစိုးတယ်။ တချို့လည်းမြောက်ပိုင်းမှာတကယ်ပဲ
သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေကိုယ်တိုင်က
သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို
ဖွင့်ဟမပြောကြသေးပဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ
သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွပ်
လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့
သဘောထားကြီးမှုနဲ့သည်းခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO
လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်)
ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။
မြောက်ပိုင်းကကျောင်သားတွေကို ကရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူး
မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့
တခြားသတင်းထောက်တွေလဲရေးနေကြတာမို့သတင်းဦးမဟုတ်တော့တဲ့အတွက်
မြောက်ပိုင်းကိစ္စကသေးသေးလေးဖြစ်သွားတာပေါ့။
(၈၈) အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ
ပျောက်မှာစိုးရိမ်လို့တတိယနိုင်ငံတွေထွက်ပြီး ပညာလဲသင်
နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့
ကျောင်းသားအချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ
အစိုးရချေးငွေနဲ့ပညာသင်ကြားနိုင်ခဲ့ကြတယ်။ တော်တော်များများက
လုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ
ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ဘာသာစကားအခက်အခဲကလဲ
အကြီးမားဆုံးပြဿနာတရပ်ပါပဲ။ လုပ်ငန်းခွင်ထဲမှာ
စကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ။ကိုယ်အသိုင်းအ၀ိုင်းမှာကြတော့လဲဗမာလိုဘဲပြောကြဆိုကြနဲ့မို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ပဲ
ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင်
နိုင်ငံခြားသားတွေဆီမှာ အကူအညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင်
ဂွင်ကျတော့ ပြောင်းပြန်ပါ။ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ်
သူတို့နိုင်ငံမှာပြန်တင်ပြဖို့ပဲဖြစ်ဖြစ် မြန်မာတွေဆီမှာ
သိချင်တာလေးတွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲလာပြီး သူတို့သိချင်တာလေးတွေ
မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး
ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြတဲ့အကြောင်းအရာတွေကလဲ
လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမို့
စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့
ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမယ့်သူ
လာရှာရတာမို့ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project
တင်နည်းတောင် သင်တန်းပေးပါသေးတယ်။
ပြည်တွင်းကမြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊
အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ
သတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ့
ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက
အလှူငွေတွေနဲ့နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊
အသုံးအဆောင်အပြည့်နဲ့အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ
မီဒီယာနဲ့ဆက်သွယ်လို့အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး
အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့အလှူရှင်တွေက
ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်။ သတင်းဌာနတွေထက် လူမှုရေး၊
ပညာရေးနဲ့ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊
သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများထက်ဦးအောင်
မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး
ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမို့
ကောက်ကျစ်တဲ့ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ
သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ
အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွပ်ဖို့
အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊
တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊
အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ။
Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ။ဘန်ကောက်က ကျောင်းသား
၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက်
တာဝန်ကျေခဲ့ပါသလဲ။ အဲဒီသတ္တ၀ါ မျက်နှာမှာမရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။



အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်
 
 သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသလို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်းကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .. သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီ
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ပဲ ဒုက္ခသည်တော်တော်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။

Wednesday, February 13, 2013

လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု့ သိကောင်းစရာများ


http://www.mediafire.com/view/?6ophz71ku3j1u6f

ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆို

နန္ဒ ထွန်း and ခိုင် မိုး နိုင် shared ရခိုင်လူငယ်များအဖွဲ့ (Arakan Youths Organization)'s photo.
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုနိုင်တဲ့အထိ ဝိုင်းဝန်း Share ကြစေလိုပါတယ်။ ဝိုင်းဝန်းထောက်ခံကြစေလိုပါတယ်။ 

ဒါဟာ ရခိုင်ကိစ္စမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအားလုံးရဲ့ ကိစ္စဖြစ်ပါတယ်။ 

ဒီအလှည့်အပြောင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အင်မတန်အရေးကြီးလှပါတယ်။

 ဒီအဆိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အနာဂါတ် မြန်မာပြည်က ဂျီဟတ်နဲ့ နီးစပ်လာဖို့ရှိနေပါပြီ။

__________________________________


"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို"
***********************************

"ကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတ နိုင်ငံတော်မှာ ဆိုရင် အဓိကအားဖြင့် ဒို့တာဝန်အရေး(၃)ပါးဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နံပါတ်(၃)အချက်က ဦးတည်ပြီးကာမှကျွန်တော်တို့ ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့စာရွက်ပေါ်မှာ ရေးထားရုံနဲ့ မလုံလောက်တော့ပေမယ့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကအရေးကြီးတဲ့ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေးအတွက်အချင်းချင်းဖြစ်နေကြတဲ ပြည်တွင်းပဋိပက္ခတွေကို ရပ်ဆိုင်းပြီးခါမှ တကယ့်တကယ် အရေးကြီးတဲ့ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ကဏ္ဍလေးတွေကို ကျွန်တော်တို့ရဲ သေနက်ပစ်ဖေါက်မှုတစ်ခုမှမလုပ်ရ ဘဲနဲ့ ဆုံးရှုံးသွားမယ့်ကဏ္ဍတွေကိုသတိပြုဖို့၊ သတိမူမိဖို့ အချိန်ရောက်ပြီ ဆိုတာကိုဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီအဆိုနဲ့ပါက်သက်လို့ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်ကဏ္ဍ(၃)ခုခွဲပြီးတင်ပြချင်ပါတယ်။ နံပါတ်တစ်က တော့ဖြင့် ဘာကြောင့်ဖြစ်ရသ လဲဆိုတဲ့Root Cause ပါ။ ကျွန်တော်လေ့လာသုံးသပ်ပြီးခါမှ အချက်(၇)ချက်လောက်ထွက်ပါတယ်။ ဒါကြီးကိုမှီပြီးကာမှ နောက်ဖြစ်လာနိုင်တဲ့ အချက်လေးချက်လောက်ကိုကျွန်တော်သုံး သပ်တင်ပြထားပါတယ်။

သိတဲ့အခါမှာ ရေတိုနေရှည်နဲ့ပက်သက်လို့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာက သုံးသပ်တဲ့အခါမှထည့်သွင်းစဉ်းစားပေးဖို့အတွက် အချက်(၁၂)လောက် ကျွန်တော်အကြံပြုတင်ပြရင်းနဲ့ဒီအဆိုကို ကျွန်တော်တင်သွင်းရခြင်းဖြစ်ပါတယ်။

အဲဒီတော့ ပထမ ကျွန်တော် ဒီဖြစ်ပွားရတာနဲ ပါက်သက်လို့အခြေခံပင်မ အကြောင်းရင်းတွေ ကိုကျွန်တော်(၇)ချက်လောက် သုံးသပ်ထားတာကိုတင်ပြချင်ပါတယ်။ ဒီကျောက်နီမော် ဖြစ်စဉ်ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ကာလမှာ သိကြတဲ့အတိုင်း တောင်ကုတ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ကုတ်ဖြစ်စဉ်ကိုမူတည်ပြီးမှ ကျွန်တော်တို့ရဲ့နယ်စပ်ဒေသဖြစ်တဲ့မောင်တော ဇွန်လ၈ ရက်နေ့မှာ စပြီးတော့ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ စစ်တွေကိုကူးစက်အဲဒီနောက် မှာ ရသေ့တောင်၊ကျောက်တော်၊ပေါက်တော စသဖြင့် ဒေသတော်တော်များ များမှာ ဘင်္ဂလီနဲ့ ရခိုင်ပဋိပက္ခများဖြစ်ဖြစ်ပြီးကာမှအခုဆိုရင် ဒုတိယလှိုင်းဖြစ်တဲ့အောက်တိုဘာဖြစ်စဉ် ကူးစက်သွားပါပြီ။နောက်တတိယ မဖြစ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ကို ကြိုးစားတည်ဆောက်နေတဲ့ကာလမှာ အခုလို တင်ပြခွင့်ရတာကိုပဲကျွန်တော့်အနေနဲ့ အင်မတန် ကျေးဇူးတင် ပါတယ်ဆိုတာ ပြောချင်ပါတယ်။

အဲဒီတော့ ကျွန်တော်တွေ့ရှိတဲ့Root Cause ခုနှစ်ချက်က(၁)ကျွန်တော်တို့ဆီမှာ ဗြိတိသျှခေတ်ထဲကရှိခဲ့ပါတယ်။ ကုလား ဗမာပဋိပက္ခဖြစ်ဖူးတာ ရှိခဲ့ပါတယ်။ ဒီအတိုင်း အသုံးပြုခဲ့ကြပါတယ်။ဒီတော့ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်ဟာ ဒီဘင်္ဂလီပြဿနာ ၊ အထူးသဖြင့်ရခိုင်တွေနဲ့ပါက်သက် တဲ့ နိုင်ငံရေးပြဿနာကိုထိန်းညိုလိုတဲ့အခါ ဘင်္ဂလီတွေပြသနာနဲ့ငြိမ်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒါဟာလည်း သမိုင်းအားဖြင့် ကျွန်တော်တို့မှားခဲ့တဲ့ ပထမအမှားတစ်ချက်လို့ကျွန်တော် သုံးသပ်ပါတယ်။

နောက်သိတဲ့အတိုင်းပါ နယ်စပ် ဒေသဆိုတာ ကျွန်တော်တို့ရဲ့ပြည်ထောင် စု တစ်နံ့တလျားမှာ အင်မတန်ကျယ်ပြန့်တဲ့အခါ လူဝင်လူထွက်က အစ လုံခြုံရေးအဆုံး အကုန်လုံးကိုစီမံခန့်ခွဲနိုင်မှုအားနည်းချက်ရြှိ ကတဲ့အခါဒီလူဝင်မှုကြီးကြပ်ရေးအပါအ၀င် သက်ဆိုင်တဲ့ဒေသအာဏာပိုင် အဆင့်ဆင့်ရဲ့ ကျွန်တော်တို့ဒီလာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှု စတဲ့ ကျွန်တော်တို့ရဲ့Miss Management နဲ့ကျွန်တော်တို့တရားမ၀င် ဘင်္ဂလီတွေခိုးဝင်လာတာကိုမတားဆီးနိုင် တာတွေနောက် ဘင်္ဂလီတို့ရဲ့မမှန်မကန် နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဒီဥစ္စာကို နိုင်ငံသားအဖြစ်ယူနိုင်ခဲ့တဲ့အထိစီမံခန့်ခွဲမှုဆိုင်ရာ တရားဥပဒေစိုးမိုးမှုဆိုင်ရာ အားနည်းခဲ့တဲ့ အဖြစ်တွေကြောင့် ကျွန်တော်တို့ဘင်္ဂလီဦးရေ ကြောက်ခ မန်းလိလိတိုးတက်လာရတယ်လို့ သုံးသပ်တယ်။

အဲဒီသုံးသပ်ချက်ဟာ ဒုတိယအကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့အစိုးရဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ရဲ့ပြည်တွင်းပြင်ပမှာ ရှိနေတဲ့ Activiseတွေဟာ စစ်မျက်နှာအမျိုးမျိုးဖွင့်ပြီး လူ့အခွင့်အရေးချိုးဖောက်နေ တဲ့ပြသနာတွေကို ရှေ့တန်းတင်တဲ့အခါမှာ အစိုးရအဆက်ဆက်ကိ တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ ဥရောပအပါအ၀င် နိုင်ငံပြင်ပမှာ ရှိတဲ့အခါ ဒါကို အခွင့်အကောင်းယူပြီးကာမှ ဘင်္ဂလီတွေက သမိုင်းလိမ်ဖန်တီးပြီးခါမှကျွန်တော်တို့ရဲ ရိုဟင်ဂျာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဦးတည်ချက်တွေကိ စစ်မျက်နာဖွင့်လာတဲ့အခါမှရခိုင်ပြည်ကြီးရဲ့ ရှေ့ကတည်ရှိခဲ့တဲ့သမိုင်းအခြေခံ အချက်အလက်တွေ၊သမိုင်းရဲ့ဖြစ်စဉ်တွေကို ဂဃနဏမသိဘဲသေသေချာချာ ဆုံးဖြတ်ခြင်း မရှိဘဲနဲ့ လူ့အခွင့်မရဘူးဆိုတဲ့အောက်မှာ တိုင်းရင်းသားဖြစ်လိုတဲ့ အခွင့်အရေးကို အသုံးချခံခဲ့ရတာဟာ ဒီလိုဘဲ တတိယအမှာတစ်ခုလို့သုံးသပ်ပါတယ်။

နောက်သိကြတဲ့အတိုင်းပါပဲ၁၉၉၀ ပြည့်လွန်ကာလတွေမှာ စီးဆင်းမှု၊ ခိုးဝင်မှုတွေကို စိစစ်မှုရှိတဲ့အခါမှာ အစုလိုက်အပြုံလိုက်ပြည်ပဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်းဒုက္ခသည်ပြသနာ၊ နိုင်ငံတွင်းကိုပြန်လည်နေရာချထားရေးပြဿနာကလည်းလူသားချင်းစာနာေ ထာက်ထားတဲ့အနေတဲ့ကုလသမဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အ ဖွဲ့အစည်းတွေဟာ အသုတ်လိုက်အသုတ်လိုက် ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်လာပါတယ်။

အထူးသဖြင့်UNHCR တို့WFD တို့၊ နောက်ပွင့်ပွင့်လင်းလင်းပြောရရင်FAO အပါအ၀င်UN အင်ဂျီအို တော်တော်များများလာပါတယ်။ နောက်အိုင်အင်ဂျီအိုထဲက ပြန်ကြည့်တဲ့အခါအများကြီးပါ။ AZG တို့ACF တို့၊BAG တို့နောက် MSF တို့ဒီယားမိုင်အိုတို့ စတဲ့ အိုင်အင်ဂျီတွေ အများကြီးလာတဲ့ အခါမှာ သူတို့ဘာကို ဦးတည်သလဲဆိုတော့ရိုဟင်ဂျာ အစ္စလာမ်ထောက်ထားညှာတာရေးဆိုတဲ့အစီစဉ်တွေကိုဦးစားပေးပြီးကာမှ ဒီဘက်မှာရှိတဲ့လူများစုကလူနည်းစုဖြစ်သွား တဲ့ဒေသခံတိုင်းရင်းသားတွေရဲ့ကဏ္ဍကို မေ့ပျောက်ပြီးကာမှဒီဘက်က အနှစ်နှစ်ဆယ်ကျော်လောက် တစ်ဖက်စောင်းနင်းကျန်းမာရေး၊ပညာရေး၊ လူမှုရေးအကူအညီတွေအလွန်အကျွံပေးတာ တဲ့နောက်ပိုင်းမှာ ဒီဘက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို လစ်လျှူရှုပြီးကာမှနောက်ပိုင်းဒီအင်ဂျီအိုအပြင် ယူအမ်အေဂျင်စီတွေမှာ ပါဝင်နေကြတဲ့ ၀န်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးနဲ့နွယ်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်ပြီးကာမှ ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီးကာမှ၊ လှုပ်ရှားလာကြတဲ့နောက်ပိုင်းမှာ ဒီပဋိပက္ခဟာ ပိုပြီးမီးလောင်ရာ လေပင့်သွက်လက်လှု ပ်ရှားလာတယ်လို့ သုံးသပ်ရပါတယ်။

ဒီအချက်တွေကို စတုတ္ထအချက်အနေနဲ ကျွန်တော်မြင်မိပါတယ်။

ပဉ္စမအချက်အနေနဲ့ပြန်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ဆင်ခြေ ဖို့ကောင်းတဲ့ ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေကိ တွေ့ရပါတယ်။ အထူးသဖြင့်ဘင်္ဂလီများဟာ ဒီအမှားတွေကိုလိမ္မာပါးနပ်စွာ အသုံးချခဲ့ တာကိုတွေ့ရပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ပါက်သက်လို့ ဆန္ဒခံယူပွဲလုပ်တဲ့အခါမှာ ၁၉၈၂ နဲ့နိုင်ငံသားဥပ ဒေနဲ့နိုင်ငံသားမခိုင်လုံတဲ့သူတွေကို နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားဖြစ်နိုင်ဆိုတဲ့ မပါတဲ့ ပုဂိုလ်တွေကိုယာယီနိုင်ငံသားဆိုတဲ့ အဖြူကဒ်တွေကို ပေးပြီးကာမှ မဲပေးခွင့် ပေးခဲ့ကြတာရှိပါတယ်။

နောက်တစ်ချက်ကအဲဒီပုဂိုလ်တွေက ပါတီတည်ထောင်ခွင့်တို့၊ပါတီမှာ ပါဝင်ခွင့်တို့က ဒီယာယီဆိုတဲ့ဆန္ဒမဲပေးခွင့်တို့ ဒီယာယီဆိုတဲ့ ၁၉၈၂ ဥပဒေမှာ မပါတဲ့ဥစ္စာလေးနဲ နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးခဲ့လို့တွေ့ရှိရ ပါတယ်။ နောက်ပြီးတော့ဒီကိုင် ဆောင်ထားတဲ့ပုဂိုလ်တွေ မွေးဖွားလာတုန်းက နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားလာရမယ်ဆိုတဲ့ ခုနကဥပဒေသာ ရှိခဲ့တယ် ဆိုသော်လည်း အကြောင်းကြောင်းတွေနဲ့ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ရွေးကောက်ပွဲတွေဝင် လွှတ်တော် အမတ်တွေ ဖြစ်သွားကြတဲ့ လက်ရှိအခြေအနေကိုသုံးသပ်ကြတဲ့အခါ ဒီအချက်(၃)ချက်ဟာလည်းခုနကတင်ပြခဲ့တဲ့ နံပါက်(၅)ကြီးထဲမှာ ပါတဲ့Root Cause လို့ ကျွန်တော်သုံးသပ်ပါတယ်။

နောက်တစ်ခုနံပါတ် (၆)ထဲမှာ ပါတဲ့ ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ ဒီမိုကရက်တစ်ခေတ်မီတဲ့နိုင်ငံတော် သစ်ကြီုးကို တည်ဆောက်တော့မယ်လို့ ကျွန်တော်တို့ရဲ့အစီအစဉ်ရောက်လာတဲ့အခါမှာ သူတို့ရဲ့ အမျိုးသားActivity ကိုမြှင့်ပြီးကာမှ ဘင်္ဂလီဟာ တိုင်းရင်းသားဖြစ်တယ်ဆိုတာ ဒီဘက်ကဦးတည်ချက်နဲ့သူတို့ရဲ့ ဟိုးတုန်းက ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အပြီးဟိုးဘက် ဘူးသီးတောင်၊မောင်တော၊ရသေ့တောင် ကို ကွေ့ပက်ပြီးကာ မှပါကစ္စတန်ကို ပေါင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ကဖွဲ့ပြီးကာမှ ဒီအတောမသက်နိုင်တဲ့ဧရိယာတစ်ခု သတ်မှတ်ချင်တဲ့သဘောနဲ့ တိုင်းရင်းသားဖြ စ်လိုတဲ့ ဆန္ဒကိုလွန်လွန်ကဲကဲသုံးလာတာ ကို တွေ့ရတာ ဟာ နံပါက်(၆) အချက်အနေနဲ့ တွေ့ရပါတယ်။

နောက်နံပါက်(၇) အချက်နဲ့ပြန်ကြည့်တဲ့အခါမှာ ဒါဟာ သမားရိုးကျ မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်ပါတယ်။ဘာသာရေးယူအရ လူအများစု ဖြစ်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးခါမှ ဇနီးမယား များစွာ ယူခြင်း၊အလွန်အကျွံကလေးမွေးဖွားမှု၊ အသက်မပြည့်သေးဘဲအိမ်ထောင်ချထားပေးမှု စတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့မြှပ်ကွက်၊ ဟာကွက်တွေကိုသုံးပြီးကာမှ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ပြီးကျွန်တော် တို့ရဲ့ နယ်စွန်နယ်ဖျားတွေမှာ တွေ့ရပါတယ်။

နောက် ဘာသာရေးတက္ကသိုလ်၊ ဘာသာရေးကျောင်းတွေအလွန်အကျွံ၊ ကျွန်တော်တို့ရဲ့ဥပဒေပြင်ပကနေ တည်ထောင်ပြီးကာမှခွင့်ပြုချက်မဲ့ထားပြီးကာမှ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အလှူရှင်များရဲ့ ဘဏ္ဍာငွေတွေကိုသုံးပြီးကာမှ တည်ထောင်လာကြတာကိုကျွန်တော်တို့ တွေ့ရပါတယ်။

အဲဒီက ထွက်တဲ့ပုဂိုလ်တွေဟာလည်း တာလီဘန်ပုံစံမျိုးနဲ့လူငယ်လူရွယ်တွေနဲ့ ပြီးခဲ့တဲ့ဇွန်လ၆ ရက်နေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာ လူငယ်တွေဟာ စစ်သွေးကြွ တက်ကြွပြီးကာမှရခိုင်တွေရဲ့အိမ်ကို လာပြီးပထမဆုံးလှုံ့ဆော်ခဲ့တယ်ဆိုတာ ကို တွေ့ ရပါတယ်။ ဆိုတော့ဒီအချက်တွေကို ပြန်သုံးသပ်တဲ့အခါဒီဥစ္စာဟာ ကျွန်တော်တို့ တွက်ချိန်ထားတဲ့အခြေခံအချက်၇ ချက်ဟာ တစ်ပြိုင်တည်းတစ်ကြိမ်တည်းဖြစ်အောင် စနစ်တကျဖောက်ခွဲတယ်၊အချိန်ကိုက်ဖောက်ခွဲ လာ တဲ့အစီစဉ်ကောင်းတစ်ခုလိုပဲ ကျွန်တော်သုံးသပ်ပါတယ်။

အဲဒီလိုဘဲ ဒုတိယတစ်ကြိမ်ဖြစ်တဲ့ second way မှာဖြစ်တဲ့ဖြစ်စဉ်ကိုပြန်ကြည့်ရင်လည်းပဲ စနစ်တကျ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လိ Root cause ကို ကျွန်တော်ပြန်လည်တင်ပြရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပါက်သက်လို့ နောက်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ကျွန်တော် ကျန်ခဲ့တဲ့ဇူလိုင်လတုန်းကတင်ပြခဲ့တဲ့ အချက်အလက်လေးတွေကိုလေးချက်ကို ပြန်ဖက်ပြချင်ပါတယ်။

ဦးဆုံးကျွန်တော်တို့ရဲ့ လူမှုရေးအားနည်းတဲက နယ်စပ်ဒေသေအ၀ါအ၀င်ကုန်းလမ်းရေလမ်း ဆက်သွယ်မှုဧရိယာ တော်တော်များများမှာ ပြင်ပက ကျူးကျော်လာတဲ့သို့မဟုတ် အတွင်းမှရှိတဲ့သူတွေရဲ့လှုံ့ဆော်မှုတွေက ရာဇ၀တ်မှု အမျိုးမျိုးကိုကျူးလွန်နိုင်တယ်။ မီးရှို့မှု၊ဓါပြတိုက်မှု၊လုယက်မှု၊ကျွဲနွားခိုးမှု ကျွန်တော်တို့ရဲ့အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်မှုစတဲ့သက်ဖြတ်မှုတေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ (၁) အချက်အနေနဲ့ ကျွန်တော်တို့တွေ့ရှိပါတယ်။

၂အချက်က လယ်ယာလုပ်ငန်းခွင်၊ သစ်ဝါးခုတ်တဲ့လုပ်ငန်းခွင်နောက် ပင်လယ်ပြင်လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ပြီး ဖျတ်ဆီးတာတို့၊ကုန်လမ်းရေလမ်း သွားလာမှုတွေကို လုယက်သတ်ဖြတ်တာတို့တွေ လူဦးရေအရ နည်းပါးတဲ့တိုင်းရင်းသားကျေးရွာတွေကို လုံးဝစွန့်ခွာသွားနိုင်အောင်ဖိအားပေးနိုင်တယ်လို့ သုံးသပ်ပါတယ်။

နံပါက်(၃)အချက်ကတော့ဘင်္ဂလီတွေဟာ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးဆိုတဲ့လူ့အခွင့် အရေးကိုပြဌာန်းချက်အလွန်အမင်းအခြေခံတဲ့ ကမ္ဘာ့ကုလသမဂ ပါဝင်တဲ့ နိုင်ငံတကာရဲ့ဖိ အားပေးမှုကိုမရတော့ဘူးလို့ သုံးသပ်တဲ့ကာလမှာ ခုနကတင်ပြခဲ့တဲ့ တာလီဘန် ၊အစွန်းရောက် အဖွဲ့ အစည်းတွေဟာ အစွန်းရောက်အဖွဲ့အစည်း တွေဖြစ်တဲ့ အယ်ကိုင်ဒါးတို့၊ဂျပမ်းအစ္စလာမ် မီးယားတို့စတဲ့အကူအညီနဲ့လက်နက်ကိုင် ပဋိပက္ခအဖြစ် ဖန်းတီးလာတယ်လို့ကျွန်တော် သုံးသပ်ပါတယ်။

အားလုံးလည်းသိကြပြီးတဲ့အတိုင်းမိုင်တိုင်၅၀၊ ၅၁ ပက်ဝန်းကျင်မှာ ဂျီအီးတပ်ဖွဲ့ဝင်တွေကို ဖမ်းတာတို့ ခုနကအသုံးပြုနေတဲ့ ယာဉ်တွေကို မီးရှို့တာတို့ ဆိုတာတွေဟာ ဒါဖြစ်လာနိုင်ြေ ခရှိတာပေါ့။ နောက်ဆုံးအရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။

ဒါဟာသတိပြုဖို့လိုပါတယ်။ ပြည်ထောင်စု ခိုင်မြဲဖို့အတွက်အင်မတန်အရေးကြီးပါတယ်။ ဘင်္ဂလီတို့ရဲ့ရိုဟင်ဂျာ ဖန်တီးမှုကြောင့် တိုင်းရင်းသားအခွင့်အရေး ရရှိနေတဲ့ပြည်ထောင်စုအတွင်းမှာ ကျွန်တော်တို့အစ္စလာမ်တို့ရဲ့ အစ္စလာမ်တိုက်ဇေးရှင်းစိတ်ကြောင့်ဒါဟာ ဘင်္ဂလားဒေ့ရှ်နဲ့အာဆီယံ ကိုပေါင်းစပ်သွားစေ နိုင်တဲ့ဆက်ကြောင်းဖန်းတီးလာမယ်ဆိုတဲ့ အယူအဆနောက်ဖြစ်လာနိုင်မယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ ခုနက ကျွန်တော်ပြောတဲ့နိဒါန်းမှာ ပြောခဲ့သလိုပါ ကျွန်တော်တို့ရဲ့အချုပ်ခြာ အာဏာ တည့်တံ့ခိုင်မြဲရေးအတွက်ပြည်ထောင်စုကြီးရဲ့ တာဝန်ဟာ ကျွန်တော်တို့အပေါ်မှာ ရှိနေတယ် ဆိုတာကိုသုံးသပ်စေချင်တာပါ။

တကယ်လိုများအစ္စလာမ်တိုက်ဇေးရှင်းစကြာဝဌာဟာ အောင်မြင်သွားမယ်ဆိုရင် ခုနကဘင်္ဂလီဆိုတဲ့ တိုင်းရင်းသားတစ်တွေဟာ ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းတစ်ခု ဖြစ်သွားမယ်ဆိုရင်နိုင်ငံတကာမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂလီ လူမျိုးစုတော်တော်များများဟာ မြန်မာပြည်မြေကိုခံယူပြီးကာမှ ကုလသမဂ အပါအ၀င်ခုနက တခြားမိတ်ဖက်နိုင်ငံတွေ ရဲ့ ဖိအားနဲ့ မြန်မာပြည် အတွင်းကို သန်းပေါင်းများစွာ ၀င်လာပြီး အစ္စလာမ်တိုက်ဇေးရှင်းဆက်ကြောင်းတွေ ကို ၀င်ပြီးပူးပေါင်းသွားနိုင်တယ်ဆိုရင် ပြည်ထောင်စု အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုဦးတည်နေတာကို တင်ပြချင်ပါတယ်။

နောက် ရေတိုရေရှည်အစီအမံအတွင်းမှာ ထည့်သွင်းစဉ်းစားပေးဖို့အစီအမံအချို့ကို ကျွန်တော်တင်ပြချင်ပါတယ်။

၂အချက်ကတော့ရေတိုနဲ့ပါက်သက်တဲ့စီမံချက်ပါ။ အထူးသဖြင့်ပြည်သူများပူးပေါင်း ပါဝင်တဲ့ အထူးသဖြင့်ရခိုင်ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေပါဝင်မှုနဲ့ကျွန်တော်တို့ လုံခြုံရေးအစီအမံကိုအစိုးရနဲ့ပူးပေါင်းပြီးမှ လုံခြုံအစီမံချမယ်ဆိုတဲ့အစီအစဉ်တစ်ခုလို ပါတယ်။

ဒီလက်ရှိအခြေအနေကိုသုံးသပ်ကြည့်တဲ့ အခါမှာ ဘယ်လိုမှပူးပေါင်းနေ ထိုင်ပြီးလုပ်လိ ရေတိုမှာ လုပ်လို့ မရဘူးဆိုတော့ဘယ်လို ကာလတစ်ခုမှပြန်လည်သင့်ဖို့အတွက်လက်ရှိ အခြေအနေမှာ ခွဲခြားပြီးထားမယ့်မူ ယာယီအခြားတစ်နေရာမှာ ချထားရေးမူဆိုတာ လိုအပ်ပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေကို သီးသန့်နေရာချထားတဲ့အခါမှာ ခုနက ပင်လယ်ပြင်စစ်ကြောင်းတို့ရထားလမ်းတို့ ၊ ကားလမ်းတို့ကို အနှောင့်အယှက်ပြုနိုင်တဲ့ ဧရိယာပြင်ပမှာယာယီနေထိုင်စေမှုပြုတဲ့ အစီအစဉ်တစ်ခုလိုပါတယ်။ ဒါကိုရေတိုစီမံချက်တစ်ခုထားပေးစေလိုပါ တယ်။

အဲလိုရှိမှပဲနောက်ရေရှည်ဖြတ် သန်းသွားလာတဲ့ကာလတစ်ခုမှာ ဒီ ကွန်မြူနတီနှစ်ခုကိုဘယ်လို ညှိညှိနိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ဘယ်လိုပူးပေါင်းနေထိုင်ဆောင်ရွက်မလဲဆိုတဲ့ဒုတိယရေရှည်စီမံချက်မှာ ထည့်သွင်းပေးဖို့လိုပါတယ်။နောက် ရေရှည်အနေနဲ့ဆယ်ချက်လောက် အစီအစဉ်ဆွဲထားပါတယ်။ တစ်အချက်ကတော့ဖြင့်နယ်စပ်တစ်လျောက် မှာ ရေရှည်နေထိုင်လာခဲ့တဲ့ တိုင်းရင်းသားကျေးရွာများတာဝရ တည်တံ့ခိုင်မြဲနိုင်မှုက အရေးကြီးပါတယ်။

ဒီတည်ရှိနေတဲ့ကျေးရွာတွေ တည်တံ့ခိုင်မြဲဖို့အတွက်ဘယ်လိုလုပ်ရမလဲ။ ရခိုင်အပါအ၀င် တိုင်းရင်းသားကျေးရွာများမှာ နယ်စပ်တလျောက်မှာ ရှိကြ ပါတယ်။ ဒီကျေးရွာတွေတည်တံ့ခိုင်မြဲမှပဲ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည့်တံ့ခိုင်မြဲမယ်ဆိုတဲ့ယူဆချက်နဲ့ ကျေးရွာတွေအင်အားတောင့်တင်းခိုင်မာသော ရွာကြီးတွေဖြစ်ဖို့အိမ်ခြေနှစ်ရာ သုံးရွာလောက် ရှိတဲ့ ရှေ့တန်းစံပြရွာကြီးတွေ တည်ထောင်ပေးဖို့ဆိုတဲ့အစိုးရရဲ့မူတစ်ခုရှိဖို့လိုပါတယ်။ ရှေ့တန်းခံစစ်ကြောင်းအတွက်ပါ။ နောက်မေယုရိုးမရဲ့ အနောက်ဘက်ခြမ်းအ ရှေ့ဘက်ခြမ်းရှိပါတယ်။

အနောက်ဘက်ခြမ်းမှာ နှစ်မိုင်ကွာဝေးရှိတဲ့ နေရာတိုင်းမှာ လက်ရှိတည်ဆောက်ပေးတဲ့ေ ကျးရွာတွေအပြင်ကျွန်တော်တို့ ပထ၀ီဆက်ကြောင်းအရ နိုင်ငံရေးအားသာ ချက်အရ တိုင်းရင်းသားကျေးရွာကြီးတွေကို စစ်ပြန်စစ်မှုထမ်းတွေ၊အငြိမ်းစားတွေ၊ စစ်ဝန်ထမ်းတွေနဲ့ပြည်ပမှာ ရှိတဲ့တိုင်းရင်းသားတွေနဲ့နှစ်မိုင်အကွာအဝေးတိုင်းမှာ ရွာကြီးတွေဖြစ်အောင်။ရှေ့တန်းစံပြကျေးရွာတွေဖြစ်အောင်ဘယ်လို တည်ထောင်မလဲဆိုတဲ့ရေရှည်အနေနဲ့တ င်ပြချင်ပါတယ်။

မေယုရိုးမရဲ့အရှေ့ဘက်ခြမ်းမှာ အငူပေါ်ဒေသတွေအကျော်က ဘူးသီးတောင်၊ မောင်တော လမ်းကြောင်းနှစ်ခုမှာ ဆယ်နှစ်ရာသီ ကားသွားလို့ ရတဲ့၊ကြီးမားတဲ့ ကားတွေဝန်နဲ့အားနဲ့ သွားလို့ရတဲ့လမ်းတွေ တံတားတွေဖြစ်နေပြီးလုပ်ခြုံမှုရှိအောင် အင်မတန်လိုအပ်နေပါတယ်။

ဒီလိုရွာကြီးတွေတည်ထောင်တဲ့နေရာမှာ ဒီမှာရှိတဲ့တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အချက်တစ်ချက် တင်ပြချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စက်မှုဇုန်စီမံကိန်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီရွာကြီးတွေက လူတွေ အလုပ်အကိုင်အခွင့်လမ်းတွေကို အမီသဟဲပြုပြီးကာမှရေရှည်နေထိုင်ပြီး ခံစစ်ကြောင်းတွေ ရေရှည် တည်တံ့ခိုင်မြဲဖို့လိုပါတယ်။

ကျွန်တော်တို့ရဲ့လူဦးရေ ပေါက်ဖွားမှုရှိပါတယ်။ အဲဒါကိုဘယ်လိုထိန်းချုပ်မလဲဆိုတာကို တစ်ခုရှိပါတယ်။ဒီဟာနဲ့ပါက်သက်လို့ နယ်စပ်စည်းတွေကိုလုပ်ပေးတဲ့အခါမှာ တကယ်နိုင်ငံသားမဟုတ်တဲ့သူတွေကို ဘယ်လိုစိစစ်မလဲ ။ ဘယ်နေရာမှာ ထားမလဲဆိုတဲ့ စီစစ်ထိန်းချုပ်ဖို့လိုပါတယ်။ကျွန်တော်တို့အထူးဒေသတွေနဲ့ ပါက်သက်ပြီး Final planning ကိုဘယ်လိုချမလဲဆိုတာ လိုပါတယ်။နောက်၇၃၊၈၃၊ မှာ စတဲ့ သန်းခေါင်းစားရင်းကောက်ခဲ့တာရှိပါတယ်။

၂၀၁၄ မှာလည်းကောက်ဖို့ရှိပါတယ်။

ဒီကာလပိုင်းခြားတစ်ခုမှာ ဒီအိမ်ရာတွေပေါ်လာတယ်၊ဒါတွေကဘယ် လိုပေါ်လာတာလဲ။ ဥပဒေနဲ့ညီသလားမညီဘူးလားဆိုတာက ဒါတွေကိုဆယ်စုနှစ်နောက်ပိုင်းဖြစ်လာတဲ့ အနှစ်နှစ်ဆယ်၊သုံးဆယ်၊ငါးဆယ်ကာလတွေ အတွင်းမှာ ဘယ်လိုဖြစ်လာနို င်သလဲဆိုတဲ့ဟာကိုဝန်ကြီးဌာနတွေက ပြုစုပေးဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ရခိုင် ဘင်္ဂလီသင့်မြတ်ရေးနဲ့ပါက်သက်ဖို့ ၇ ချက်ကို ကျွန်တော်ဆွဲပါတယ်။

ဒါဟာ အင်မတန်သိမ်မွေ့တဲ့ပြသနာပါ။ ရေရှည်ပြုစုပျိုးထောင်ပြီးကာမှ လူမျိုးရေးအရဆက်နွယ်နေတဲ့ နိုင်ငံရေးပြသနာ ပါ။ အဲဒီမှာ လူ့အဖွဲ့ အစည်းနှစ်ခုမှာ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနဲ့ပါက်သက်လို့အင်မ တန်မှနိမ့်ကျနေတာကို ၀န်ခံဖို့လိုပါတယ်။ အမျိုးသားအကျိုးစီးပွားအတွက် အပြန်အလှန်ဆက်စပ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီလက်တွေ့ကျကျ အသိအမှတ်ပြုဖို့လိုပါတယ်။

နောက်တစ်ခုကရခိုင်သမိုင်းဆိုင်ရာမှာ ဘင်္ဂလီလူမျိုးစုတွေကရိုဟင်ဂျာ သမိုင်း အမည်ခံပြီးလိမ်ပြီးလုပ်ကြံတာကို ထာဝရစွန့်လွှတ်ဖို့လိုပါတယ်။ ဘင်္ဂလီလူဦးရေပေါက်ဖွားပြီးကာမှ ထိန်းညိုရမယ်ဆိုတဲ့မိသားစုစီမံကိန်းကို ဘင်္ဂလီတွေကိုယ်တိုင်လက်ခံဖို့လိုပါတယ်။ ဘင်္ဂလီလူ့အဖွဲ့အစည်းကို ဘာသာရေးအစွန်းမေ ရာက်စေဘဲဘာသာရေးစွက်ဖက်မှုကင်းတဲ့ လူအဖွဲ့အစည်းအဖြစ်ပြောင်းလဲကြိုးစားပေးဖို့လိုပါတယ်။

ဘာသာခြားအစွန်းရောက်အယူဝါဒတွေကို စွန့်လွတ်ပေးဖို့လိုပါတယ်။

အချင်းချင်းညှိနိုင်းပြီးကာမှ ဘာသာရေးအစွန်းရောက်မှုမပါတဲ့လူအဖွဲ့ အစည်းတစ်ခုကို ရခိုင်ပြည်နယ်မှာ တည်ဆောက်နိုင်မယ်ဆိုရင်ဘာသာရေး စွက်ဖက်မှုမပါတဲ့နိုင်ငံရေးကို ကျွန်တော်တို့ဟာ ညှိညှိနိုင်းနိုင်းတိုင်တိုင်ပင်ပင်နှင့် ဆောင်ရွက်နိုင်မယ်ဆိုရင်လက်ရှိတည်တံ့နေတ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေအနေကို ဆထက်တပိုးတိုးတက်ပြီးကာ မှ ပြည်ထောင်စုရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက်ရခိုင်တွေကော အနိုင်ငံသားဖြစ်ခွင့်ကြိုးစားနေကြတဲ့ ဘင်္ဂလီတွေပါအတူတကွလက်တွဲပြီးကာမှ ပြည်ထောင်စုကြီးရဲ့အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ရခိုင်ပြည်ကြီးက ကာကွယ်နိုင်မယ် ပြည်ထောင်စုကြီးကို ကာကွယ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

ဒါကြောင့်ဒီအဆိုကိုတကယ့်မြေပြင်အြေ ခအနေဖြစ်ပေါ်လာနိုင်တာ ရယ်နောင်ဖြစ်ပေါ် လာနိုင်တာရယ်ကိုမှန်းပြီးကာမှ ဒီအဆိုကို တင်ပြရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"

ဒေါက်တာအေးမောင်
________________

(ဓါတ်ပုံ - ခိုင်မြတ်ထံမှ ကူးယူဖော်ပြသည်)

ရခိုင်လူငယ်များအဖွဲ့
ဗုဒ္ဓသာသာနာတော်မြတ်ကြီး မြန်မာပြည်မှာ တင်ကျန်စေချင်တယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုနိုင်တဲ့အထိ ဝိုင်းဝန်း Share ကြစေလိုပါတယ်။ ဝိုင်းဝန်းထောက်ခံကြစေလိုပါတယ်။

ဒါဟာ ရခိုင်ကိစ္စမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအားလုံးရဲ့ ကိစ္စဖြစ်ပါတယ်။

ဒီအလှည့်အပြောင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အင်မတန်အရေးကြီးလှပါတယ်။

ဒီအဆိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အနာဂါတ် မြန်မာပြည်က ဂျီဟတ်နဲ့ နီးစပ်လာဖို့ရှိနေပါပြီ။

__________________________________


"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို"
***********************************

"ကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတ နိုင်ငံတော်မှာ ဆိုရင် အဓိကအားဖြင့် ဒို့တာဝန်အရေး(၃)ပါးဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နံပါတ်(၃)အချက်က ဦးတည်ပြီးကာမှကျွန်တော်တို့ ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့စာရွက်ပေါ်မှာ ရေးထားရုံနဲ့ မလုံလောက်တော့ပေမယ့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကအရေးကြီးတဲ့ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေးအတွက်အချင်းချင်းဖြစ်နေကြတဲ ပြည်တွင်းပဋိပက္ခတွေကို ရပ်ဆိုင်းပြီးခါမှ တကယ့်တကယ် အရေးကြီးတဲ့ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ကဏ္ဍလေးတွေကို ကျွန်တော်တို့ရဲ သေနက်ပစ်ဖေါက်မှုတစ်ခုမှမလုပ်ရ ဘဲနဲ့ ဆုံးရှုံးသွားမယ့်ကဏ္ဍတွေကိုသတိပြုဖို့၊ သတိမူမိဖို့ အချိန်ရောက်ပြီ ဆိုတာကိုဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့တင်ပြရခြင်း ဖြစ်ပါတယ်။

Sunday, February 10, 2013

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

Winmit WinMyint shared Myawady News's photo.
ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ

ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

-အရင်ဆုံး အခွံခွာပါ 

ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။

-ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ 

ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ 

ဇွန် (Ref;RD)
Good Health
ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ

ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

New MyanmarFoundation shared Royal Hero Media's photo.
သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

(၄) လတ်ဆတ်သော သစ်သီး 

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)

သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။


(၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။


ကြယ်စင်

Myawady News
သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက် (၉)မျိုး

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

Facebook Account များ Hack အလုပ်မခံရစေရန်

Ye Yint Nge shared အမျိုးကောင်းသား's status update.
Facebook Account များ Hack အလုပ်မခံရစေရန်
******************************
*****
၁. Window Lincense Version ကို သုံးပါ . . Account ကို Password နဲ့ ဝင်ပါ
၂. ပုံမှန် Update , Upgrade များလုပ်ပါ
၃. Security ကို Recommanded Setting မှာ ထားပါ
၎. Antivirus နဲ့ Internet Security တစ်ခုခုတင်ထားပါ
၅. Virus Update ပုံမှန်လုပ်ပါ
၆. System အောက်က Remote Setting ထဲက Remote အောက်က Allow Remote Assistant connection ကို uncheck လုပ်ထားပါ
၇. Your-Freedom ကဲ့သို့သော Proxy surf တစ်ခုခုကိုသုံးပါ
၈. Brower ရဲ့ Peoxy refer ကို 127.0.0.1 နဲ့ Port 8080 ကို အမြဲထားပါ
၉. Facebook ကို Https://facebook.com/ နဲ့ ဝင်ပါ
၁၀. Account Name နဲ့ Password ကို တစ်ခါဝင်တိုင်းတစ်ခါ ရိုက်ထည့်ပါ
၁၁. ဖြစ်နိုင်ရင် onscreen keyboard ကို သုံးပါ
၁၂. Facebook သုံးမယ့် System ကို အခြားမလိုအပ်တဲ့ Browser Add-ons တွေ Extension တွေ Plug-ins တွေ Install မလုပ်မိပါစေနဲ့

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

Htun Gla shared Aye Chan Mon's photo.
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေ တ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့ သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်

မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည် (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။

၇။ အသားလွှာ

အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တိုဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၀။ ဖျော်ရည်

ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ

ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
- သြဂဲနစ် သစ်သီးများ
- ရှလကာရည်
- သြဂဲနစ် ကြက်ဥ
- ဗာဒံစေ့
- ထောပတ်သီး
- ပဲအမျိုးမျိုး
- လတ်လတ်ဆတ်ဆတ် အသားများ

ဒေါက်တာခင်မိုးမိုး
ACM Re-post Time: 2013 Feb 11 9:20
News from: Myawady News

အေးချမ်းမွန်
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေ တ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

Saturday, February 2, 2013

မြ၀တီ - “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

မြ၀တီ - “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

“ စစ်ပွဲ ” by မြသွေးနီ

July Moe shared မြသွေးနီ's photo.
“ စစ်ပွဲ ”

အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။

အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။

အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..။

မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…

အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။

ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။

မြသွေးနီ
www.myathwayni.com

( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)

(Photo was taken at Vietnam War and Credit to http://photo-icio.ru)
“ စစ်ပွဲ ”

အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။

အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။

အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..

မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…

အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။

ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။

မြသွေးနီ
www.myathwayni.com

( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)

(Photo was taken at Vietnam War and Credit to http://photo-icio.ru/)

ကရင်လူမျိုးဆင်းသက်လာခြင်း

ဗမာအမျိုးသား အစည်းအရုံး and နန္ဒ ထွန်း shared Knowledge Library .'s photo.
ကရင်လူမျိုးဆင်းသက်လာခြင်း
=================
ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)

ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကို သုတေသီတို့က အမျိုးမျိုးအဖုံဖုံ မှန်းဆပြောဆို ကောက်ချက်ချကြသည်။ ဘာသာစကားပြောဆိုမှု ရိုးရာဓလေ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒ ရှေးဟောင်းတေးကဗျာ၊ လင်္ကာနှင့် တေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများ ရှေးလူကြီးများ ဆိုစမှတ်စကားအပေါ်တွင် အခြေခံ၍ လေ့လာပြီး တွေးခေါ်မှန်းဆကြသည်။

ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။

အမေရိကန် သာသနာပြု ဒေါက်တာ ဖရန့်မေဆန် (Dr. Francis Manson) က ကရင်လူမျိုးတို့သည် ဟေဗြဲ (Hebure) လူမျိုးနှင့် ဆက်သွယ်ပြီးပျောက်ဆုံးနေသော ဟေဗြဲအနွယ်ဝင်များ ဖြစ်ဟန်တူသည်ဟု အဆိုပြုသည်။ ထိုအယူအဆကိုဒေါက်တာ မေဆန်ကပင် ပယ်ဖျက်ခဲ့ပြန်ပြီး ကရင်လူမျိုးတို့၏ ပြောဆိုသောစကားကို ဆန်းစစ်ပြန်ရာ ကရင်လူမျိုးတို့သည် တရုတ်လူမျိုးတို့၏ အကိုင်းအခက်ဖြစ်မည်ဟု မူလအယူအဆကို ပြင်ဆင်ခဲ့ပြန်ပါသည်။

မစ္စတာ ဂျေအာလိုဂန် (Mr, J.R Logan) က ကရင်လူမျိုးတို့၏ ပြောဆိုသောစကားသည် ဧရာဝဒို ဗြမ္မာပုတ်တရန် စကားအုပ်စုတွင် ပါဝင်ပြီး တောင်ပိုင်းသို့အရောက်တွင် တရုတ်ဘာသာစကား လွမ်းမိုးခြင်းခံရသည်ဟု အဆိုပြုပြန်ပါသည်။

တစ်ဖန် မစ္စတာကားလ်ဘုန်း (Mr.Colrnhoun) က သူရေးသည့် (Amongest The Shans) စာအုပ်တွင် ကရင်လူမျိုးများသည် အာရှတိုက် အလယ်ပိုင်းရှိ ရှေးဟောင်း ''တိတ်'' (Tek) သို့မဟုတ် တုတ် (Tok) လူမျိုးမှ ဆင်းသက်လာသည်ဟု ဆိုပြန်ပါသည်။

သာသနာပြု မစ္စတာ ခရော့စ် (Mr.Cross) ကလည်း ကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မုတ္တမပင်လယ်ကွေ့ တစ်ဝိုက်တွင် နေထိုင်ကြသော မူလတိုင်းရင်းသားဖြစ်သည်ဟု အဆိုပြုထားပြန်ပါသည်။

တစ်ဖန်မေဂျာအင်ရီကေ (Maj Enriquez) ကလည်း ကရင်လူမျိုးများသည် ထိုင်းတရုတ်အနွယ်မှ ဆင်းသက်လာခဲ့သည်ဟု မြန်မာနိုင်ငံ လူမျိုးများအကြောင်း စာအုပ်တွင် ရေးသားထားပြန်ပါသည်။

ဤသို့ဖြင့် အနောက်တိုင်း သုတေသီတို့က မှန်းဆ၍ မိမိတို့စိတ်ဆန္ဒသန်သူလို အဆိုပြုကြသည်။ သို့ရာတွင် ၁၉၁၆ ခုနှစ် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့သော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ''ယောဝ်'' နှင့် မြှောင်လူမျိုးနှင့်လည်းကောင်း ဆက်နွယ်ကြောင်း ဖော်ပြပါရှိပါသည်။

မည်သို့ပင်ဖြစ်စေ မျက်မှောက်ခေတ် သုတေသီပညာရှင်ကြီးများသည် ကရင်လူမျိုးတို့အား မွန်ဂိုလူမျိုးများမှ ဆင်းသက်လာကြပြီး တိဗက်တရုတ် ဘာသာစကား အနွယ်ကြီးတွင် ပါဝင်သော တိဗက်မြန်မာ စကားအစုဝင်ဖြစ်ကြောင်း လက်ခံအတည်ပြုထားခြင်းမှာ တိကျသောအဆိုနှင့် ခိုင်လုံသောအတည်ပြုခြင်းပင်ဖြစ်သည်။

ကရင်လူမျိုးတို့၏ မူလဒေသသည် အာရှတိုက်အလယ်ပိုင်း မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်းပြင်မြင့်ကြီးတွင် နေထိုင်ကြပြီး ထိုကုန်းပြင်မြင့်မှ အရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှ ဆင်းသက်လာကြရာ မြန်မာနိုင်ငံသို့ ဦးစွာရမည်းသင်းနှင့် တောင်ငူဒေသအရှေ့ဘက်မှ ၀င်ရောက်နေထိုင်ကြောင်းနှင့် ကရင်လူမျိုးသည် တိဗက်မြန်မာစကားအစုဝင် မွန်ဂိုလူမျိုးအနွယ်ဝင် ဖြင်ကြောင်းမှာ ယနေ့အချိန်အခါတွင် ခိုင်လုံလျက်ရှိနေသည်။

မျက်မှောက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့သည် မွန်ဂိုအမျိုးအနွယ်များဖြစ်ကြပြီး တိဗက်မြန်မာ မွန်ခမာနှင့် ထိုင်းတရုတ်အနွယ် လူမျိုးကြီးသုံးခုမှ ဆင်းသက်ပေါက်ဖွားလာကြ၍ ရှေးပဝေသဏီကပင် သွေးတူ သားတူ ဆွေမျိုးတော်စပ်နေကြောင်း ယုံမှားဖွယ်မရှိနိုင်ပေ။

ထို့အတူ ကရင်လူမျိုးတို့သည်လည်း မွန်ဂိုလူမျိုးအနွယ်ဝင် ထိုင်းတရုတ်အုပ်စုတွင် ပါဝင်ပြီး တိဗက်မြန်မာ စကားအစုဝင်ဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသားတို့၏ မိသားစုဝင် လူမျိုးတစ်မျိုး ဖြစ်ခြင်းကိုကား ပို၍ ယုံများဖွယ်မရှိနိုင်ပေ။

ကရင်လူမျိုးများ ဆင်းသက်လာခြင်းခရီးကို အရှေ့ပိုးကရင်တို့က ရှေးကဗျာ လင်္ကာ တေးသီချင်းတို့ဖြင့် မှတ်တမ်းပြုထားကြသည်။ ကရင်လူမျိုးများသည် အရှေ့တောင်အရပ်သို့ ဘီစီ ၅၀၀၀ ခန့်လောက်တွင် မြေပြန့်အရပ်သို့ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထိုသို့ ဆင်းသက်လာရာတွင် ဂိုဘီသဲကန္တာရကို ဖြတ်ကျော်၍ ဂိုဘီသဲကန္တာရအလယ်ရှိ ရေပူအိုင်ကြီးများနှင့် သစ်ရွက်ခူးပြီးချလျှင် ချက်ချင်းနွမ်းလျော်သွားသည် ဆိုသည်။ ထိုနေရာကို အရှေ့ပိုးကရင်တို့က (ပီကျောင်းကိုက်) ဟူ၍ ခေါ်ဆိုပြီး ရေပူအိုင်ကြီးများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို ရှေးသီချင်း ကဗျာ လင်္ကာများတွင် စပ်ဆိုသီကုံးထားလေသည်။ ထိုမှ ရေပူအိုင်ကြီးများကို မဖြတ်ကျော်နိုင်၍ ကွေ့ရှောင်ပြီး အချိန်ကြာမြင့်စွာ ဖြတ်ကျော်လာရသည် ဆိုသည်။

ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ရာတွင် ဟိမ၀န္တာတောင်၏ မနီးမဝေးအရပ်သို့ ရောက်ရှိသောအခါ ဟိမ၀န္တာတောင်ထိပ်မှ အရည်ပျော်ပြီး ကျလာသောသဲချောင်းကို ဖြတ်ကျော်လာရပြန်သည်။ ထိုနေရာကို ကရင့်အခေါ် ထီ့ဆေမေးရွာ ဟူ၍ တေးသီချင်းဖြင့် သီဆိုမှတ်တမ်းတင်ထားလေသည်။ အချို့က ထီ့ဆေမေးရွာ သည် ကရင်လူမျိုးတို့၏ အခြေချ နေထိုင်ခဲ့ဘူးသော ဒေသဖြစ်ခဲ့ဘူးပြီး ယနေ့တိုင် ကရင်မျိုးနွယ်စုများ ရှိသေးကြောင်း ဆိုကြသည်။

ဂိုဘီသဲကန္တာရကို ဖြတ်သန်းလာရာတွင် အမျိုးမျိုးသော ဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး လေမုန်တိုင်းတိုက်ခတ်သော ဒဏ်ကိုလည်း ရင်ဆိုင်ခံခဲ့ရပြန်သဖြင့် အမြောက်အများ သေဆုံးခဲ့ရသည်ဆိုသည်။ ထို့အပြင် မကောင်းဆိုးဝါးများဖြစ်သည့် ကရင်အခေါ် နောင်လော့် နောင်ခလော့် (နာန်ၟလ၀့် နာန်ၟခႜ၀့်) ဖြားယောင်းလှည့်စားခြင်းကို ခံရပြန်သဖြင့် အသာရေစာငတ်ပြတ်ပြီး အမြောက်အများသေဆုံးရပြန်သည်။ ထိုမကောင်းဆိုးဝါး နောင်လော့် နောင်ခလော့် တို့၏ ညွတ်ကွင်းမှလွတ်ကင်းသွားသူတို့က နောင်အခါ လက်ချည်နှောင်၍ ချည်ဖြူမင်္ဂလာဖွဲ့ လိပ်ပြာခေါ်ရာတွင် ဏယ်္ဘးနာန်ၟလ၀့်လ်ုဟှေဝ် ဏယ်္ဘးနာန်ခႜ၀့်လ်ုဟှေဝ် ဟူ၍သတိပေးစကား လိပ်ပြာခေါ်ခြင်း ချည်ဖြူဖြင့် လက်ချည်မှတ်သားခြင်း ဖြစ်ပေါ်လာခဲ့သည်ဟု ရှေးလူကြီးများက ဆိုစကားပြုထားလေသည်။

ကရင်လူမျိုးအနွယ်စုတွင် ပါဝင်သော အရှေ့ပိုးကရင်တို့သည် ကရင်လူမျိုးတို့၏ မူလဇာစ်မြစ် နေထိုင်ရာဒေသကို စာပေများဖြင့် ရေးသားမှတ်တမ်းတင်ခြင်း မရှိသော်လည်း ကရင်လူမျိုးတို့၏ မူလဗီဇဆင်းသက်လာရာ မျိုးနွယ်စုအကြောင်းအရာများကို ရှေးတေးကဗျာ၊ လင်္ကာ၊ တေးသီချင်းများဖြင့် ခံယူမှတ်သားကြလေသည်။

မည်သို့ပင်ဖြစ်စေ အရှေ့ပိုးကရင်လူမျိုး အပါအ၀င် ကရင်လူမျိုးနွယ်စုသည် တိဗက်ကုန်းပြင်မြင့်မှ တောင်ဘက်သို့ စစ်တောင်းဖြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ မဲခေါင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာနိုင်ငံတွင် မျက်မှောက်တိုင် အခြား ညီအစ်ကို တိုင်းရင်သားများနှင့် အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် ကောင်းတူဆိုးဖက် အစဉ်ထာဝရ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းကို ရှုခြင်းအားဖြင့် ကရင်လူမျိုးတို့ အပါအ၀င် တိုင်းရင်းသားတို့သည် မူလအစကပင် သွေးသားတော်စပ်၍ တစ်မျိုးတစ်နွယ်တည်း ဖြစ်သည်ဟူသော သုတေသီတို့၏ အဆုပြုချက်သည် ခိုင်လုံလျက်ရှိနေပေသည်။

ကရင်လူမျိုးတို့၏ တေးသီချင်း၊ လင်္ကာ၊ သမိုင်း၊ ပုံပြင်အရ တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာကြပြီး မြစ်နဒီကိုးသွယ်ကို ဖြတ်သန်းလာခဲ့ရကြောင်း ဆို၏။ ထိုမြစ်နဒီကိုးသွယ်မှာ........
(၁) စစ်ကျန်မြစ်ဝှမ်း
(၂) ဟိုဝှမ်မြစ်ဝှမ်း
(၃) ကောင်းတုံမြစ်ဝှမ်း
(၄) ယန်စီမြစ်ဝှမ်း
(၅) မဲနန်မြစ်ဝှမ်း
(၆) စစ်တောင်းမြစ်ဝှမ်း
(၇) မဲခေါင်မြစ်ဝှမ်း
(၈) သံလွင်မြစ်ဝှမ်း
(၉) ဧရာဝတီမြစ်ဝှမ်း စသည်တို့ဖြစ်သည်။
ထိုနဒီကိုးသွယ်ကို အခြေပြု၍ မျက်မှောက်ကရင် အမျိုးသားတို့ အသုံးပြုသော ကရင်အမျိုးသား အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်နေသည်ကို တွေ့ရှိနိုင်ပေသည်။ အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်ခြင်းကိုကရင်အမျိုးသားတို့ ဆင်းသက်လာခဲ့ရာဌာနေများအဖြစ် အမျိုးသား အထိမ်းအမှတ်ဝင် အမှတ်အသားပြုထားကြလေသည်။

သမိုင်းအရ ကရင်လူမျိုးတို့သည် တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်ရာတွင် အုပ်စုတစ်စုမှာ မြန်မာနိုင်ငံ ရမည်းသင်း၊ တောင်ငူဒေသတို့တွင် ရောက်ရှိသွားကြပြီး နောက်မှချန်ခဲ့သော အုပ်စုသည် တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသည်ဆို၏။

တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသော အုပ်စုသည် မြန်မာနိုင်ငံသို့ ဆက်လက်ထွက်ခွာလာရာတွင် အုပ်စုနှစ်စုဖွဲ့၍ ဆက်လက် ထွက်လာကြသည်။ ပထမအုပ်စုသည် တရုတ်ပြည် ယူနန်နယ်မှ ဘီစီ ၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာပြီး မြန်မာပြည်တွင်းသို့ ဘီစီ ၁၁၂၅ ခုနှစ်တွင် ရောက်ရှိကြသည်။ တဖန် ဒုတိယအုပ်စုသည် ဘီစီ ၇၄၉ ခုနှစ်တွင် ယူနန်နယ်မှထွက်ခွာလာပြီး မြန်မာနိုင်ငံတွင်းသို့ ဘီစီ ၇၃၉ ခုနှစ်တွင် ရောက်ရှိလာကြသည် ဆို၏။

သို့ကြောင့် မျက်မှောက် ကရင့်ခုနှစ်ကို ရေတွက်ရာတွင် ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ အုပ်စုအားလုံး ရောက်ရှိလာသော ဘီစီ ၇၃၉ ခုနှစ်နှင့် ခရစ်နှစ်ကိုပေါင်းသော ကရင်ခုနှစ်ရရှိကြောင်း ယနေ့တိုင် အမှတ်အသားပြုထားကြလေသည်။
http://myitnadekoethwal.blogspot.com
ကရင်လူမျိုးဆင်းသက်လာခြင်း
=================
ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)

ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကို သုတေသီတို့က အမျိုးမျိုးအဖုံဖုံ မှန်းဆပြောဆို ကောက်ချက်ချကြသည်။ ဘာသာစကားပြောဆိုမှု ရိုးရာဓလေ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒ ရှေးဟောင်းတေးကဗျာ၊ လင်္ကာနှင့် တေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများ ရှေးလူကြီးများ ဆိုစမှတ်စကားအပေါ်တွင် အခြေခံ၍ လေ့လာပြီး တွေးခေါ်မှန်းဆကြသည်။

ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။

ဘာကိုအဓိကထားရမှာလဲ/ စိုးဝင်းထွဋ်


Telminal အင်တာနက်အကြောင်း


မြန်မာစာ မြန်မာစကား


ကျနော်စမ်းမိသော ဆင် ( Credit Score ) by Ye Min Tun on Friday, April 6, 2012 at 9:31am ·


 ခေါင်းစဉ်ကို " ကျနော်စမ်းမိသော ဆင်" လို့ အမည်ပေးရတာကို အရင်ရှင်းပြချင်သည်။  ကျနော်တို့ငယ်ငယ်က သင်ယူရတဲ့ မျက်မမြင်ပုဏ္ဏားကြီးတွေ ဆင်ကို ကိုင်တွယ်ပြီး မိမိစမ်းမိသော အပိုင်းကို ဆင်လို့ ပြောတာလေးကို သတိရမိပြီး။ ကျနော်တို့ အကြားက လူပြောများနေတဲ့ Credit Score အကြောင်းကို ကျနော်ကိုယ်ပိုင် အတွေ့အကြုံများရယ် မိတ်ဆွေ ဘဏ်က၀န်ထမ်း အချို့ ရှင်းပြချက်များရယ် လက်တလောသင်နေရတဲ့ အထဲက The American Character (မိသားစုဘ၀ ဘာသာရေး မွေးဖွါး လက်ထပ် သေဆုံးခြင်း) The Role of Government in the Economy (အမေရိကန်စီးပွါးရေးမှာ အစိုးရ၏ play role) စသည့် အခုနှစ် သင်ရိုးထဲမှာ သင်ရသော ခေါင်းစဉ်အောက်က သိရတာတွေရယ်၊ ကျနော်ကိုယ်တိုင် လိုက်လံလုပ်ကိုင်ပေးတဲ့ တမြို့ထဲသား မိတ်ဆွေများ၏ ပြဿနာများထဲက အတွေ့ကြုံတွေရယ်၊ Credit Bureau သုံးခု၏ ရှင်းလင်းချက်တွေရယ် ပေါင်းပြီး မသိသေးတဲ့လူတွေ သိအောင်ရေးလိုက်ပါတယ်။ အများကြီးသိတဲ့လူတွေက မရေးတော့လဲ နည်းနည်းလေးသိတဲ့ ကျနော်ကပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို မတောက်တခေါက်နဲ့ စုစည်းတင်ပြလိုက်ပါသည်။  အမှားနည်းအောင် အချိန်တော့ယူပြီး စုဆောင်းထားတာ ဖြစ်လို့ အမှားကင်းအောင် မျော်လင့်ထားသော်လည်း မှားယွင်းတာရှိရင်လဲ ၀ိုင်းဝန်းထောက်ပြနိုင်ပါသည်။ လေ့လာရန် အချိန်နည်းသော အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သား မိသားစုအားလုံး အတွက်နှင့် ပြည်ပက လေ့လာလိုသူ လူငယ်များ အတွက် ရည်ရွယ်ပါသည်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၁) by Myat Thu on Wednesday, January 30, 2013 at 9:45pm ·




ဒဏ်ရာများ

အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလိုဖြစ်ပြီး ဘာမှ ဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီးမမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။

တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကိုပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာတွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါ ထည့်ထားတဲ့အတွက် ဒုက္ခသည်စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက်ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရတယ်လေ။