Saturday, February 16, 2013

အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)

L-Zaw Sai shared a photo.
(ဧရာဝတီသတင်းဌာနကအောင်ဇော်ရဲ့ကျောင်းသားတွေအပေါ်သစ္စာဖေါက်ကိုယ်ကျိုးရှာခဲ့
တာဒီလိုကိုး….
                                         မွန်းဒီပါ)

အတွင်းသိ အဆင်းသိ တစ်ယောက် မှ ထုတ်ဖော် ရေးသားလိုက်တဲ့ 
သတ္တ၀ါ တကောင်
-----------------------------------------------------------
အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)

သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသလို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်းကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .. သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး 
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်။
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ပဲ ဒုက္ခသည်တော်တော်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။
JRS ကဘန်ကောက်ရောက်
မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီး
အဲဒီကျာင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖိုBSCSA Burmese Student Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။
၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။
နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese
Border Liaison Person အဖြစ်နဲ့တာဝန်ယူရပါတယ်။ ကျနော်အလုပ်က
အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီး
အကူအညီပေးရတယ်၊ ပြင်ပမှာရှိနေတဲ့ရဲဘော်တွေနဲ့အဆက်အသွယ်လုပ်ပေးရတယ်။
(၂)ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန်နဲ့ဆေးဝါး
ဝေပေးတဲ့အလုပ်နဲ့လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့
သတင်းတွေစုစည်းပေးရပါတယ်။
အဲဒီအချိန်က IDC မှာ “ဘ”ကုလား (ဘင်္ဂလားဒေ့ရှ်) တွေကို
တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက်
ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က
ထိုင်းပုလိပ် ကိုဆရာမွေးပြီး တွန်းလှည်းနဲ့ပလာတာလိုက်ရောင်းတယ်၊ ပြီးရင်
ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။
အခန့်မသင့်လို့အဖမ်းခံရရင်လဲ ထိုင်းပုလိပ်က ဘဂုံးကလားကို
တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention
Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမို့အမောင်တွေဟာ
တတ်နိုင်သမျှစုစည်းပြီးနေတာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊
ထိုင်းပုလိပ် ရဲ့ရိုက်နှက်ခြင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှာခေါင်းရိုး
နဲ့နံကြားတွေမှာ တော်တော်ထိခံထားရတယ်။ သြဇီ( သြစတြေးလျ) က၀င်းအောင်တို့၊
နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊
ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS
မှာကျောင်းသားလေး(၂)ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English majorကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ
သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ်
ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။ ဒီတုန်းကတော့
သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါပဲ။ နောက်တော့လဲအုတ်ခဲကျိုးလောက်အောင် ခေါင်းမာတဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။
သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။
ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကိုသံရုံးကနေတဆင့်
မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့
စိတ်ဓါတ်အရမ်းကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီး
လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ပဲ English major က
သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM)
တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်။ သူ့အတွက်ကတော ပြည်တွင်းမှာ
အချိန်ကျရင်သုံးဖို့ဒေါက်တိုင်တစ်ချောင်း ထောင်ထားနိုင်ခဲ့တယ်။
ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး
လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’
Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOBဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့
ပေါင်းပြီးမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက်
အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ
အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့
သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။
ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ
သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။
ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊
ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊
သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လိုသွားသွန်တာပါ။ လူကိုသွန်လို့ရတယ်ဆိုတာ အဲဒီတော့မှသိရတယ်။
မြန်မာဘက်ခြမ်းရောက်သွားလို့ကံဆိုးပြီးကျောင်းသားမှန်းသိသွားရင်
အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။
တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့
ဘစ်ကားတွေပေါ်မှာဂိတ်စဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့
Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။
ဒီလိုနဲ့တနေ့ညနေပိုင်း JRS ဧည့်ခန်းထဲမှာ
ကျောင်းသားတော်တော်များများရောက်နေကြတယ်။
သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်။
သူတို့ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့
ပြင်ဆင်နေကြတယ်။ မှတ်မှတ်ရရ မြန်မာသံရုံးကိုဝင်စီး၊ န၀တ
အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
တုန်တုန်ရီရီနဲ့( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖြန်သွား
အဖမ်းခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့
အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။
သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့
ထိုင်းအစိုးရကဖမ်းဆီးပြီးပြန်ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာက
အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကိုအသိပေးပြီ လ၀ကရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေထုတ်ပြန်ဖို့က BSCSA ရဲ့
Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရတာတော့ ဇော်ဇော်ပါ။
ဒါပေမဲ့တာဝန်တွေအားလုံးခွဲဝေပြီးတဲ့အခါမှာတော့
အကြံသမားကျောင်းသားငယ်လေးဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကိုမနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visaရပြီဖြစ်နေလို့ပါဘဲ။
နောက်တစ်နေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀ကရုံးရှေ့မှာအင်္ကျီ်အဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး
ဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ်တကျ တန်းစီထိုင်ပြီး
ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီးဆန္ဒပြကြတော့
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့
ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့အတွက်
ကျောင်းသားတွေကိုမဖမ်းဘဲပြန်လွှတ်ပါတယ်။ ဒါပေမယ့် ဘာဂတိစကားမှမရတဲ့အတွက်ကျောင်းသားတွေကလဲဆက်လက်ဆန္ဒပြကြ
တယ်။ နောက်ဆုံးမှာတော့ ကျောင်းသား အားလုံး
ယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊
ပြည်ကြီး၊ကျော်နီ၊ငွေစိုး စသည်တို့ပါပြီး၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ်မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့အဖမ်းခံခဲ့ကြတယ်။
သူ့ကောင်မလေးပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါပဲ။သူ့ခမျာတော်တော်ခံစားလိုက်ရပါတယ်။
ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ဘယ်နေရာမှာထားတယ်ဆိုတာတောင်မသိ
ရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့
အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်က
အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကား
ပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစု
ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီး
ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။
အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်။
ဝင်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကိုအကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊
မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေကိုသွားကြပြီ။
ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့
စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။
(ဒါကတော့လူငယ်တိုင်းကြိုးစားရမဲ့တာဝန်မို့
ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်းရင်
မြန်မာလွယ်အိတ်ကလေးလွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ။
ဘန်ကောက်ကျောင်းသားတွေထဲမှာလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေတော်တော်များများကလဲ
ထောင်ထဲရောက်နေကြတာမို့ ကျောင်းသားတွေရဲ့သတင်း တွေအတွက်
သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS
အပြင်ထွက်ပြီးကျောင်းသားထုရဲ့အသံကို နားမထောင်ခဲ့ဘဲ
လုံခြုံတဲ့နေရာမှာနေထိုင်ပြီး
ကိုယ့်စိတ်ကြိုက်အာဘော်တွေကိုသွားဖလှယ်နေတာသာဖြစ်တယ်။ သူတယောက်ထဲ
မျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင်
အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို
သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့
BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင်
သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို
အာဏာအပ်မိသွားပြီ။
တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။
ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့
ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက်
ဘယ်လိုအကူအညီပေးရမယ်ဆိုပြီး အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ
ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ
ကော့သောင်ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ
ထောက်လှမ်းရေးနဲ့တိုးမှာမို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး
စံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။
ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ။မတော်တဆ
သူကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့
သူစိတ်ချရတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။
ကျနော်ဒီသတင်းကိုယူလာပြီး JRS မှာပေးပါတယ်။ သေသေခြာခြာလဲမှာခဲ့ပါတယ်။
ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ကျနော်လဲ
JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ်
ဆိုပြီးရှောက်ကြွားနေတဲ့သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ
ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ
သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့
သတင်းဦးလေးပို့ရုံပဲထင်ရတာ၊တကယ်တော့သူ့နေရာမှာ
တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ
မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ပဲ တောင်းပန်လိုက်ပါတယ်။
JRS ခြံဝင်းရဲ့ဝင်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊
ရုံးဝန်ထမ်းတွေထမင်စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့
မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။
ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDF
ကကျောင်းသူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး
ဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာနေသွားပါတယ်။
ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တစ်ဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက
မြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDC
ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့
သူဌေးချိုချိုင်းရဲ့ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့
မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော်
ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊
နယ်စပ်ကတက်လာတဲ့ ကျောင်းသားလေးတယောက် ရေတောင်းသောက်တယ်တဲ့
ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက်တယ်၊
အဲဒါကိုခွက်ကိုယူပြီးအဲဒီ ကျောင်းသားလေး ရှေ့မှာ
ရေဆေးပြနေတာမပြီးတော့ဘူးဗျာတဲ့။ ကြေကြေကွဲကွဲပြောရှာတယ်။ တကယ်တော့
နယ်စပ်ကတက်လာတဲ့ ခလေးတွေကတော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊
ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့က
တောလမ်းကအသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲညစ်ပေပေနဲ့ဆိုတော့၊
တော်တော်လေးနှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊
ဖိုင်တွဲကြီးပိုက်ပြီးအလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊
အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင်
IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC
ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒီစာတွေကို ကိုယဉ်ထွေးက
ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့
ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။
ဒါပေမဲ့ (၂)ရက် (၃)ရက်လောက်ရှိနေပြီ၊ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့
အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာလူရှိနေတာ ကျနော်သိနေတယ်။
ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့။
ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့… JRS
ကိုဝင်ထွက်နေတဲ့ Canadianမ တစ်ယောက်ရှိတယ်။သူ့နာမည်က Monique ပါ။ သူက
အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့
သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီး
အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒီကျောင်းသားလေးကတော့ IDC
မှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတော့
Canadianမ လဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး
စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို
ခံစားရမလဲ။
ဒီလိုနေရင်းနဲ့ပဲ ကျောင်းသားတွေကို SDC (Special Detention Centre)
ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDC
ပို့လိုက်လို့ SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင်
လေယာဉ်ပြန်ပေးဆွဲမှု့နဲ့နှစ်ရှည်ထောင်ချခံထားရတဲ့ ရဲရင့် နဲ့ ရဲသီဟဆိုတဲ့
ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည်ပြန်ပို့မယ်၊
ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံးအသုတ်အနေနဲ့ထည့်မယ်၊
တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့
သတင်းကြားရလို့အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့
စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးပဲ။
အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalist
တယောက်ဖြစ်ဖို့ကြိုးစားနေတာကလွဲလို့ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDC
ကိုထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနိုင်ခဲ့ဘူး။
အထဲကသူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲအရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး
ချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့
ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလို
ကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC
အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။
သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။
သူဟာအခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ
လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး
(အာဏာရူးဖြစ်သွားတာပေါ့)။ SDC ကကျောင်းသားတွေလွတ်လာတော့မယ်ကြားရလို့
ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန်
သူတော်တော်ခြောက်ခြားနေပြီဖြစ်တယ်။ ဒါနဲ့ပဲ (၉)လနီးပါးမှာ SDC
ကကျောင်းသားတွေလွတ်လာတယ်။ ကျနော်အမှန်အတိုင်းပဲရှင်းပြလိုက်တယ်။
သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီး
နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊
လက်တွဲခေါ်ယူဖို့ကိုကန့်ထားသလိုဖြစ်နေတယ်။ ရဲဘော်ရဲဘက်တွေဟာ
သူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေးတရပ်ခေါ်ပြီး
ခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒီသတ္တ၀ါရှုံးသွားပါတယ်။
ဒါပေမဲ့နေရာဖယ်ပေးဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။
ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်း
မခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှုတွေဟာ ထိမ်းချုပ်မရဘဲ၊
သူတို့ထဲက စကားနည်းပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကို
ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။
ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂
ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက်
ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ
နားလည်ပါတယ်၊ အဒီကျောင်းသားငယ်မှားသွားတယ်။ ဒါပေမဲ့
အပြစ်ရှိပြီးတာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။
ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့်
ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး။
ဆေးရုံသွားကြည့်တဲ့သူတွေကတော ပြောပြတယ်။ အဖြူတွေရှေ့မှာ “ပဲ”
တွေအရမ်းများပြတယ်တဲ့။ ဆေးရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobby
လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး
စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်။ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်။
ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်။
သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။
Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို
နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့
ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်။
ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့
links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်)
ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊
ဒေါ်အောင်ဆန်းစုကြည်တို့ကို စော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ်
ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက်
နပိုလီယံဆိုပြီးရေးလိုက်တာတွေ့တယ်။ နပိုလီယံ နဲ့နှိုင်းရင်တော့
နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့
သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။
မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ့မချောအိဖြူတို့ကို
ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ
နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။
မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့။ ဟုတ်ပါတယ်။ အဲဒီအချိန်က
အတိုက်အခံတွေဘက်မှာဒီသတင်းကိုမပြန့်စေချင်သေးဘူး။ အတိုက်အခံ
အင်အားလျော့သွားမှာစိုးတယ်။ တချို့လည်းမြောက်ပိုင်းမှာတကယ်ပဲ
သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေကိုယ်တိုင်က
သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို
ဖွင့်ဟမပြောကြသေးပဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ
သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွပ်
လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့
သဘောထားကြီးမှုနဲ့သည်းခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO
လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်)
ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။
မြောက်ပိုင်းကကျောင်သားတွေကို ကရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူး
မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့
တခြားသတင်းထောက်တွေလဲရေးနေကြတာမို့သတင်းဦးမဟုတ်တော့တဲ့အတွက်
မြောက်ပိုင်းကိစ္စကသေးသေးလေးဖြစ်သွားတာပေါ့။
(၈၈) အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ
ပျောက်မှာစိုးရိမ်လို့တတိယနိုင်ငံတွေထွက်ပြီး ပညာလဲသင်
နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့
ကျောင်းသားအချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ
အစိုးရချေးငွေနဲ့ပညာသင်ကြားနိုင်ခဲ့ကြတယ်။ တော်တော်များများက
လုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ
ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ဘာသာစကားအခက်အခဲကလဲ
အကြီးမားဆုံးပြဿနာတရပ်ပါပဲ။ လုပ်ငန်းခွင်ထဲမှာ
စကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ။ကိုယ်အသိုင်းအ၀ိုင်းမှာကြတော့လဲဗမာလိုဘဲပြောကြဆိုကြနဲ့မို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ပဲ
ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင်
နိုင်ငံခြားသားတွေဆီမှာ အကူအညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင်
ဂွင်ကျတော့ ပြောင်းပြန်ပါ။ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ်
သူတို့နိုင်ငံမှာပြန်တင်ပြဖို့ပဲဖြစ်ဖြစ် မြန်မာတွေဆီမှာ
သိချင်တာလေးတွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲလာပြီး သူတို့သိချင်တာလေးတွေ
မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး
ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြတဲ့အကြောင်းအရာတွေကလဲ
လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမို့
စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့
ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမယ့်သူ
လာရှာရတာမို့ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project
တင်နည်းတောင် သင်တန်းပေးပါသေးတယ်။
ပြည်တွင်းကမြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊
အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ
သတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ့
ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက
အလှူငွေတွေနဲ့နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊
အသုံးအဆောင်အပြည့်နဲ့အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ
မီဒီယာနဲ့ဆက်သွယ်လို့အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး
အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့အလှူရှင်တွေက
ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်။ သတင်းဌာနတွေထက် လူမှုရေး၊
ပညာရေးနဲ့ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊
သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများထက်ဦးအောင်
မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး
ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမို့
ကောက်ကျစ်တဲ့ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ
သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ
အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွပ်ဖို့
အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊
တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊
အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ။
Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ။ဘန်ကောက်က ကျောင်းသား
၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက်
တာဝန်ကျေခဲ့ပါသလဲ။ အဲဒီသတ္တ၀ါ မျက်နှာမှာမရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။



အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်
 
 သူ့ အကြောင်းမသိကြတဲ့သူတွေဆိုရင် အတိုက်အခံလောကတခုလုံးကို သူကလုပ်ကြွေး နေရသလို..အားလုံးကသူ့ အောက်မှာရှိသလို..မြောက်ပိုင်းကို သူကစပြီးဖွပေး သလို..ပြော နေတဲ့ အောင်ဇော် .. သတ္တိရှိ ရင် မင်းနောက်စေ့က အမာရွတ်အကြောင်း အားလုံးသိ အောင်ပြော လိုက်ပါ လား...။
၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ်ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ
အစားအသောက်ဆင်းရဲဒဏ်၊ ငှက်ဖျားဒဏ်တွေခံစားရတာကြောင့်
တချို့လဲပြည်တော်ပြန်ကြပြီး၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီ
UNHCR မှာ ဒုက္ခသည်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်
ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ့
ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory
monument အနီး စနမ်းပေါင်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့ JRS Jesuit
Refugee Service မှာပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို
လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့
ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ပဲ ဒုက္ခသည်တော်တော်
များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။

JRS ကဘန်ကောက်ရောက်
မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီး
အဲဒီကျာင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖိုBSCSA Burmese Student Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။
၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။
နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese
Border Liaison Person အဖြစ်နဲ့တာဝန်ယူရပါတယ်။ ကျနော်အလုပ်က
အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီး
အကူအညီပေးရတယ်၊ ပြင်ပမှာရှိနေတဲ့ရဲဘော်တွေနဲ့အဆက်အသွယ်လုပ်ပေးရတယ်။
(၂)ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန်နဲ့ဆေးဝါး
ဝေပေးတဲ့အလုပ်နဲ့လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့
သတင်းတွေစုစည်းပေးရပါတယ်။
အဲဒီအချိန်က IDC မှာ “ဘ”ကုလား (ဘင်္ဂလားဒေ့ရှ်) တွေကို
တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက်
ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က
ထိုင်းပုလိပ် ကိုဆရာမွေးပြီး တွန်းလှည်းနဲ့ပလာတာလိုက်ရောင်းတယ်၊ ပြီးရင်
ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။
အခန့်မသင့်လို့အဖမ်းခံရရင်လဲ ထိုင်းပုလိပ်က ဘဂုံးကလားကို
တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention
Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမို့အမောင်တွေဟာ
တတ်နိုင်သမျှစုစည်းပြီးနေတာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊
ထိုင်းပုလိပ် ရဲ့ရိုက်နှက်ခြင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှာခေါင်းရိုး
နဲ့နံကြားတွေမှာ တော်တော်ထိခံထားရတယ်။ သြဇီ( သြစတြေးလျ) က၀င်းအောင်တို့၊
နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊
ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS
မှာကျောင်းသားလေး(၂)ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English majorကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ
သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ်
ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။ ဒီတုန်းကတော့
သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါပဲ။ နောက်တော့လဲအုတ်ခဲကျိုးလောက်အောင် ခေါင်းမာတဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။
သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။
ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကိုသံရုံးကနေတဆင့်
မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့
စိတ်ဓါတ်အရမ်းကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီး
လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ပဲ English major က
သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM)
တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်။ သူ့အတွက်ကတော ပြည်တွင်းမှာ
အချိန်ကျရင်သုံးဖို့ဒေါက်တိုင်တစ်ချောင်း ထောင်ထားနိုင်ခဲ့တယ်။
ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး
လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’
Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOBဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ
ပေါင်းပြီးမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက်
အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့
လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ
အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့
သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။
ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ
သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။
ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊
ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊
သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လိုသွားသွန်တာပါ။ လူကိုသွန်လို့ရတယ်ဆိုတာ အဲဒီတော့မှသိရတယ်။
မြန်မာဘက်ခြမ်းရောက်သွားလို့ကံဆိုးပြီးကျောင်းသားမှန်းသိသွားရင
အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။
တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့
ဘစ်ကားတွေပေါ်မှာဂိတ်စဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့
Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။
ဒီလိုနဲ့တနေ့ညနေပိုင်း JRS ဧည့်ခန်းထဲမှာ
ကျောင်းသားတော်တော်များများရောက်နေကြတယ်။
သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်။
သူတို့ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့
ပြင်ဆင်နေကြတယ်။ မှတ်မှတ်ရရ မြန်မာသံရုံးကိုဝင်စီး၊ န၀တ
အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
တုန်တုန်ရီရီနဲ့( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖြန်သွား
အဖမ်းခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့
အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။
သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့
ထိုင်းအစိုးရကဖမ်းဆီးပြီးပြန်ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာက
အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကိုအသိပေးပြီ လ၀ကရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေထုတ်ပြန်ဖို့က BSCSA ရဲ့
Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရတာတော့ ဇော်ဇော်ပါ။
ဒါပေမဲ့တာဝန်တွေအားလုံးခွဲဝေပြီးတဲ့အခါမှာတော့
အကြံသမားကျောင်းသားငယ်လေးဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကိုမနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visaရပြီဖြစ်နေလို့ပါဘဲ။
နောက်တစ်နေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀ကရုံးရှေ့မှာအင်္ကျီ်အဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး
ဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ်တကျ တန်းစီထိုင်ပြီး
ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီးဆန္ဒပြကြတော့
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့
ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက
နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့အတွက်
ကျောင်းသားတွေကိုမဖမ်းဘဲပြန်လွှတ်ပါတယ်။ ဒါပေမယ့် ဘာဂတိစကားမှမရတဲ့အတွက်ကျောင်းသားတွေကလဲဆက်လက်ဆန္ဒပြကြ
တယ်။ နောက်ဆုံးမှာတော့ ကျောင်းသား အားလုံး
ယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊
ပြည်ကြီး၊ကျော်နီ၊ငွေစိုး စသည်တို့ပါပြီး၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ်မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့အဖမ်းခံခဲ့ကြတယ်။
သူ့ကောင်မလေးပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါပဲ။သူ့ခမျာတော်တော်ခံစားလိုက်ရပါတယ်။
ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ဘယ်နေရာမှာထားတယ်ဆိုတာတောင်မသိ
ရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့
အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်က
အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကား
ပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစု
ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီး
ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။
အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်။
ဝင်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကိုအကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊
မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေကိုသွားကြပြီ။
ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့
စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။
(ဒါကတော့လူငယ်တိုင်းကြိုးစားရမဲ့တာဝန်မို့
ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်းရင်
မြန်မာလွယ်အိတ်ကလေးလွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ။
ဘန်ကောက်ကျောင်းသားတွေထဲမှာလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေတော်တော်များများကလဲ
ထောင်ထဲရောက်နေကြတာမို့ ကျောင်းသားတွေရဲ့သတင်း တွေအတွက်
သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS
အပြင်ထွက်ပြီးကျောင်းသားထုရဲ့အသံကို နားမထောင်ခဲ့ဘဲ
လုံခြုံတဲ့နေရာမှာနေထိုင်ပြီး
ကိုယ့်စိတ်ကြိုက်အာဘော်တွေကိုသွားဖလှယ်နေတာသာဖြစ်တယ်။ သူတယောက်ထဲ
မျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင်
အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို
သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့
BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင်
သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို
အာဏာအပ်မိသွားပြီ။
တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။
ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့
ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက်
ဘယ်လိုအကူအညီပေးရမယ်ဆိုပြီး အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ
ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ
ကော့သောင်ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ
ထောက်လှမ်းရေးနဲ့တိုးမှာမို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး
စံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။
ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ။မတော်တဆ
သူကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့
သူစိတ်ချရတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။
ကျနော်ဒီသတင်းကိုယူလာပြီး JRS မှာပေးပါတယ်။ သေသေခြာခြာလဲမှာခဲ့ပါတယ်။
ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ကျနော်လဲ
JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ်
ဆိုပြီးရှောက်ကြွားနေတဲ့သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ
ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ
သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့
သတင်းဦးလေးပို့ရုံပဲထင်ရတာ၊တကယ်တော့သူ့နေရာမှာ
တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ
မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ပဲ တောင်းပန်လိုက်ပါတယ်။
JRS ခြံဝင်းရဲ့ဝင်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊
ရုံးဝန်ထမ်းတွေထမင်စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့
မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။
ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDF
ကကျောင်းသူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး
ဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာနေသွားပါတယ်။
ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တစ်ဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက
မြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDC
ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့
သူဌေးချိုချိုင်းရဲ့ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့
မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော်
ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊
နယ်စပ်ကတက်လာတဲ့ ကျောင်းသားလေးတယောက် ရေတောင်းသောက်တယ်တဲ့
ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက်တယ်၊
အဲဒါကိုခွက်ကိုယူပြီးအဲဒီ ကျောင်းသားလေး ရှေ့မှာ
ရေဆေးပြနေတာမပြီးတော့ဘူးဗျာတဲ့။ ကြေကြေကွဲကွဲပြောရှာတယ်။ တကယ်တော့
နယ်စပ်ကတက်လာတဲ့ ခလေးတွေကတော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊
ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့က
တောလမ်းကအသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲညစ်ပေပေနဲ့ဆိုတော့၊
တော်တော်လေးနှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊
ဖိုင်တွဲကြီးပိုက်ပြီးအလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊
အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင်
IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC
ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒီစာတွေကို ကိုယဉ်ထွေးက
ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့
ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။
ဒါပေမဲ့ (၂)ရက် (၃)ရက်လောက်ရှိနေပြီ၊ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့
အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာလူရှိနေတာ ကျနော်သိနေတယ်။
ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့။
ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့… JRS
ကိုဝင်ထွက်နေတဲ့ Canadianမ တစ်ယောက်ရှိတယ်။သူ့နာမည်က Monique ပါ။ သူက
အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့
သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီး
အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒီကျောင်းသားလေးကတော့ IDC
မှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတော့
Canadianမ လဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး
စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို
ခံစားရမလဲ။
ဒီလိုနေရင်းနဲ့ပဲ ကျောင်းသားတွေကို SDC (Special Detention Centre)
ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDC
ပို့လိုက်လို့ SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင်
လေယာဉ်ပြန်ပေးဆွဲမှု့နဲ့နှစ်ရှည်ထောင်ချခံထားရတဲ့ ရဲရင့် နဲ့ ရဲသီဟဆိုတဲ့
ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည်ပြန်ပို့မယ်၊
ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံးအသုတ်အနေနဲ့ထည့်မယ်၊
တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့
သတင်းကြားရလို့အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့
စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးပဲ။
အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalist
တယောက်ဖြစ်ဖို့ကြိုးစားနေတာကလွဲလို့ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDC
ကိုထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနိုင်ခဲ့ဘူး။
အထဲကသူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲအရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး
ချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့
ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလိ
ကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC
အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။
သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။
သူဟာအခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ
လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး
(အာဏာရူးဖြစ်သွားတာပေါ့)။ SDC ကကျောင်းသားတွေလွတ်လာတော့မယ်ကြားရလို့
ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန်
သူတော်တော်ခြောက်ခြားနေပြီဖြစ်တယ်။ ဒါနဲ့ပဲ (၉)လနီးပါးမှာ SDC
ကကျောင်းသားတွေလွတ်လာတယ်။ ကျနော်အမှန်အတိုင်းပဲရှင်းပြလိုက်တယ်။
သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီး
နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊
လက်တွဲခေါ်ယူဖို့ကိုကန့်ထားသလိုဖြစ်နေတယ်။ ရဲဘော်ရဲဘက်တွေဟာ
သူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေးတရပ်ခေါ်ပြီး
ခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒီသတ္တ၀ါရှုံးသွားပါတယ်။
ဒါပေမဲ့နေရာဖယ်ပေးဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။
ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်း
မခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှုတွေဟာ ထိမ်းချုပ်မရဘဲ၊
သူတို့ထဲက စကားနည်းပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကို
ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။
ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂
ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက်
ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ
နားလည်ပါတယ်၊ အဒီကျောင်းသားငယ်မှားသွားတယ်။ ဒါပေမဲ့
အပြစ်ရှိပြီးတာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။
ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့်
ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး။
ဆေးရုံသွားကြည့်တဲ့သူတွေကတော ပြောပြတယ်။ အဖြူတွေရှေ့မှာ “ပဲ”
တွေအရမ်းများပြတယ်တဲ့။ ဆေးရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobby
လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး
စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်။ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်။
ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်။
သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။
Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို
နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့
ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်။
ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့
links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်)
ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊
ဒေါ်အောင်ဆန်းစုကြည်တို့ကို စော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ်
ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက်
နပိုလီယံဆိုပြီးရေးလိုက်တာတွေ့တယ်။ နပိုလီယံ နဲ့နှိုင်းရင်တော့
နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့
သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။
မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ့မချောအိဖြူတို့ကို
ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ
နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။
မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့။ ဟုတ်ပါတယ်။ အဲဒီအချိန်က
အတိုက်အခံတွေဘက်မှာဒီသတင်းကိုမပြန့်စေချင်သေးဘူး။ အတိုက်အခံ
အင်အားလျော့သွားမှာစိုးတယ်။ တချို့လည်းမြောက်ပိုင်းမှာတကယ်ပ
သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေကိုယ်တိုင်က
သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို
ဖွင့်ဟမပြောကြသေးပဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ
သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွပ်
လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့
သဘောထားကြီးမှုနဲ့သည်းခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO
လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်)
ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။
မြောက်ပိုင်းကကျောင်သားတွေကို ကရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူ
မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့
တခြားသတင်းထောက်တွေလဲရေးနေကြတာမို့သတင်းဦးမဟုတ်တော့တဲ့အတွက်
မြောက်ပိုင်းကိစ္စကသေးသေးလေးဖြစ်သွားတာပေါ့။
(၈၈) အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ
ပျောက်မှာစိုးရိမ်လို့တတိယနိုင်ငံတွေထွက်ပြီး ပညာလဲသင်
နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့
ကျောင်းသားအချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ
အစိုးရချေးငွေနဲ့ပညာသင်ကြားနိုင်ခဲ့ကြတယ်။ တော်တော်များများက
လုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ
ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ဘာသာစကားအခက်အခဲကလဲ
အကြီးမားဆုံးပြဿနာတရပ်ပါပဲ။ လုပ်ငန်းခွင်ထဲမှာ
စကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ။ကိုယ်အသိုင်းအ၀ိုင်းမှာကြတော့လဲဗမာလိုဘဲပြောကြဆိုကြနဲ့မို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ပဲ
ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင်
နိုင်ငံခြားသားတွေဆီမှာ အကူအညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင်
ဂွင်ကျတော့ ပြောင်းပြန်ပါ။ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ်
သူတို့နိုင်ငံမှာပြန်တင်ပြဖို့ပဲဖြစ်ဖြစ် မြန်မာတွေဆီမှာ
သိချင်တာလေးတွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲလာပြီး သူတို့သိချင်တာလေးတွေ
မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး
ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြတဲ့အကြောင်းအရာတွေကလဲ
လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမို့
စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့
ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမယ့်သူ
လာရှာရတာမို့ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project
တင်နည်းတောင် သင်တန်းပေးပါသေးတယ်။
ပြည်တွင်းကမြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊
အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ
သတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ့
ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက
အလှူငွေတွေနဲ့နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊
အသုံးအဆောင်အပြည့်နဲ့အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ
မီဒီယာနဲ့ဆက်သွယ်လို့အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး
အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့အလှူရှင်တွေက
ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်။ သတင်းဌာနတွေထက် လူမှုရေး၊
ပညာရေးနဲ့ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊
သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများထက်ဦးအောင်
မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး
ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမို့
ကောက်ကျစ်တဲ့ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ
သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ
အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွပ်ဖို့
အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊
တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊
အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ။
Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ။ဘန်ကောက်က ကျောင်းသား
၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက်
တာဝန်ကျေခဲ့ပါသလဲ။ အဲဒီသတ္တ၀ါ မျက်နှာမှာမရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။

အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်

No comments:

Post a Comment

mr.kyaingtun@gmail.com