Sunday, August 19, 2012

ကျနော်နှင့် ဖလူး တိုက်ပွဲ Posted by on June 26, 2010

ကျနော်တို့တပ်ဖွဲ့ ၁၉၈၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ဝမ်းခါသစ်တိုက်ပွဲပြီး တပ် နေရာချိန်းရန်ပြင်ဆင်နေကြသည်။ ကျနော်တို့နေခဲ့သော ထိပ်တိုက်နေရာသည်၊ ၁ဝ၁ စခန်းတွင်းရှိ အမာခံတပ်ဖွဲ့များ တပတ်တကြိမ်သွားရောက် တာဝန်ယူ ရသောနေရာဖြစ်သည်။ ကျနော်တို့ တပတ်ပြည့်ပြီးဖြစ်၍ ထိုနေရာသို့ ၁ဝ၁ မှ ဗိုလ်ကြီးဖေါဒို ယခု ဒုတိယဗိုလ်မှူးကြီး ၁ဝ၁ တပ်ရင်းမှူး၊ မိမိနှင့် NDF ဗိုလ် သင်တန်းအပတ်စဉ် ၁ အတူတက်ခဲ့သူဖြစ်သည့် အဖွဲ့လာရောက်တာဝန်ယူ မည်ဖြစ်သည်။ မိမိတို့တပ်ဖွဲ့ နောက်ပိုင်းသို့ပြန်လည်နေရာယူ၍ အနားယူ မည် ဖြစ်သည်။
နောက်ပိုင်းသို့ပြန်လည်အနားမယူမီ မိမိတို့ ရန်သူထံမှ သိမ်းဆီးရရှိသော လက် နက်မျိုးစုံ ၇၉ လက်အား ၁ဝ၁ တပ်ရင်းမှူးသို့ ဆက်သွယ်ရေးစက် PRC တလုံး ကိုအပ်ပြီး ကျန်လက်နက်များအား မိမိတို့တပ်ဖွဲ့ကိုတပ်ဆင်ရန် ယူထားလိုက် သည်။ သိမ်းဆီးရလိုက်သော လက်နက်များမှာ ကာဘိုင်၊ ဂျီ ၂ ၊ ၃ ၊ ၄ ၊ M ၇၉ ၊ BA ၉၃ ၊ Browning Pistol ၂ လက်၊ ဖြစ်သည်။
မှတ်ချက်…
ဝမ်းခါသစ်တွင် သိမ်းပိုက်ရရှိလိုက်သော ရန်သူ့လက်နက်များဖြင့် မိမိတို့တပ်ဖွဲ့ကို တတ်ဆင်သည်။ ထိုလုပ်နည်းသည် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် တပ်မတော်ထောက်ပံ့ရေး မူ ၃ ရပ်အနက်၊ မိမိတပ်မတော်ကို ရန်သူ့လက်နက်ဖြင့် ထောက်ပံ့ရ မည်ဟု လမ်းညွန်ချက်အတိုင်း ကျင့်သုံးလိုက်ခြင်းဖြစ်သည်။ သိမ်းပိုက်ရရှိထားသော Browning Pistol ၂ လက်အား မိမိတပ်ဖွဲ့၏ တပ်စုမှူးနှစ်ဦးအား ဆုအဖြစ်ပေးလိုက်သည်။ မိမိကိုင်ဆောင်ထားသော Browning Pistol မှာ ဖါးကပ်တိုက်ပွဲတွင် သိမ်းပိုက်ရရှိထား သော မ ၃ ဗိုလ်မြင့်အောင် (သို့မဟုတ်) ဗိုလ်မြင့်ဝင်းကြူ၏ ပစ္စတိုဖြစ်သည်၊ နံပါတ်မှာ T-4774 ဖြစ်သည်။ မိမိခံယူချက်မှာ အထက် အရာရှိမှ ထုတ်ပေးသော၊ ကိုယ်ပိုင်ငွေဖြင့်ဝယ်ယူသော ပစ္စတိုကိုစစ်ချပ်ဝတ်တန်ဆာတွင် ချိတ်ခြင်းထက်၊ ရန်သူ့ထံမှသိမ်းဆီးရရှိသော ပစ္စတိုကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်လိုသည်။
မိမိတို့တပ်ဖွဲ့တွင် လက်နက်အင်အားတောင့်တင်းလာပြီးဖြစ်သည်။ စာရင်းအရ ၇၉ လက် တင်ပြထားသော်လည်း မိမိတို့ ရဲဘော်များ ဝေါ်လေ အောက်စခန်းပြန်ရောက်သောအခါ စာရင်းထက်ပိုများနေသည်။ ကာဘိုင် လေးလက်၊ M ၇၉ သုံးလက်တို့ကိုဖြုတ်ပြီး ကြော ပိုးအိပ်ထဲ ဝှက်ယူလာခဲ့သည်။
“ဟေ့ ကောင်တွေ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။”
“ကျနော်တို့က ကာဘိုင်နဲ့ M ၇၉ ကို ရည်းစားထက်ပိုချစ်တယ်ဗျ၊ အသက်ပေးပြီး တိုက်ယူခဲ့ရလို့ပါ”
“ကောင်းတယ်ကွာ၊ ဒို့တပ်လဲ တိုးချဲ့ဖွဲ့စည်းဖို့ဖြစ်တော့ သေနတ်လိုနေတာနဲ့အတော်ပဲ၊ တပ်စိတ်တစိတ် အနည်းဆုံး တပ်စိတ်မှူးကို ကာဘိုင်၊ ဒုတိယတပ်စိတ်မှူးကို M -၇၉ ၊ အဖွဲ့ခေါင်းဆောင် Team leader ကို RPD စက်လတ် တပ်ဆင်ပေးဖို့ စဉ်းစားထားတယ်” ခြေမှုန်းရေးလက်နက်အင်အားကောင်းအောင် ကျနော်တို့ RPG ၂ ၊ ၅ ၊ ၇ လိုနေတယ်ဗျ။ ဘယ်လိုရအောင်လုပ်ရမလဲလို့ စဉ်းစားတော့၊ တပ်မဟာ (၆) မှာ KE Kawthoolei Engineer ဌာနရှိသည်၊ တာဝန်ခံက ဖူးရော်ဘင် ဖြစ်သည်။ လက်နက်ထုတ်လုပ်တဲ့ ဌာနဖြစ် သဖြင့် ကျနော်တို့လိုအပ်နေသော လက်နက်ထုတ်ပေးနိုင်သည်၊ ထိုကြောင့် သူ့ဆီသွားပြီးအပူကပ်သည်။
“ဖူး ကျနော်တို့ RPG လိုချင်တယ်” “ဟ ကောင်တွေ၊ အလကား ဘယ်ရမလဲကွ” “ ကျနော်တို့မှာ ပိုက်ဆံမှ မရှိတာ” “ဒီလိုဆို ငါ့ပြောင်းဖူးတွေ ခွာပေးရမယ်” “မြတ်စွာဘုရား ပြောင်းဖူးတွေကို လက်သဲနဲ့ခွာပေးရ မယ်” တဲ့။ “ငါနဲ့ တပ်စိတ်တစိတ်လိုက်ခဲ့” ဟု ညွှန်ကြားပြီး ကျနော်တို့ ဖူးရော်ဘင် KE စခန်းတွင်ပြောင်းဖူးသွားခွာနေပါတော့သည်။ လက်သဲတွေ နာလိုက်သည့်ဖြစ်ခြင်း။ တောင်ယာတခုလုံးကထွက်သည့် ပြောင်းဖူးသီးများကို ခွာနေကြသည်။ ဖူးရော်ဘင်ကလည်း ဘယ်လောက်အခိုင်း ရက်စက်သလဲဆို လျှင်၊ တောင်ယာပါ ဆက်ခုတ်ခိုင်းလိုက်သေးသည်။ မတတ်နိုင်၊ ဆက်ခုတ်ပေးကြစဉ် စစ်ဆင်ရေးလုပ်ငန်းတခု ပေါ်ထွက်လာသဖြင့် မိမိတို့ စခန်းသို့ပြန်ရန်ပြင်ဆင်နေစဉ်၊ KE လုပ် RPG ၂ နှစ်လက် အပြင် RPG ၇ တလက် ၆ဝ မမ တလက်ပါ လက်ဆောင်အဖြစ် ပေး လိုက်ပါသည်။
“ပင်ပန်းခဲ့သမျှအားလုံး ဘယ်ရောက်ကုန်လဲ မသိတော့ဘူးဗျား” ဟု RPG ကိုဖက်ထားပြီး ပြောလိုက်သူကတော့ ကျဆုံးလေပြီးသော (မွစ္စလင်သူရဲကောင်း) ရဲဘော်ဘာဂျာမွတ်ဖြစ်သည်။ ရဲဘော်များ ပျော်မဆုံးတပြုံးပြုံးနဲ့ ဝေါ်လေ စခန်းသို့ပြန်လည် ရောက်ရှိလာကြပါ တော့သည်။
ကျနော်တို့ စခန်းတဘက်တွင် ကြံခင်းရှိသည်။ ကြံခင်းရှင်က သူ့ကြံတွေ ရဲဘော်များကိုပေးစားသည်။
“ရဲဘော်တို့၊ ကြံခင်းရှင်က ဒို့ကို သူ့ကြံတွေ ကြွေးတယ်ကွ၊ သွားစားလို့ရတယ်။ ဒါပေမဲ့ စခန်းထဲယူလာပြီးမစားနဲ့၊ အမိုက်ရှုတ်တယ်၊ ဟိုဘက်ကမ်းမှာပဲစား” ဟု
ညွန်ကြားထားသည်။ နောက်နေ့ မိမိစခန်းတွင်းရောက်သော် စခန်းတွင်း၌ ကြံဖတ်များဖြင့် ရှုတ်ပွနေသည်။
“ဘယ်သူတွေကြံစားပြီး အမှိုက်ရှုတ်ထားတာလဲကွ” ဟု မေးရာဖြေသူမရှိသဖြင့်၊ အားလုံးတန်းစီခိုင်းပြီး၊ “မင်းတို့ကို ကြံစားခွင့်ပေး တယ်၊ အမိုက်မချဖို့ပြောတယ်၊ ခုဘယ်သူမှမလုပ်ဘူးဆိုတော့ ဘယ်ခွေးမသားက လာချတာလဲကွ”
“တရာခံမတွေ့ရင်၊ မင်းတို့အားလုံး အပစ်ရှိတယ်၊ ဒုတ်ယူမလား၊ ဒဏ်ယူမလား” ဟု
မေးလိုက်ရာ၊ ရှေ့ထွက်သတိဆွဲ ဖြေသူကတော့ မိမိသားထွေး ဆာဒူးဒူးဇန်၊ ယခု အမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီးချိန်၌ ကော်သူး လေဇန် ဟု အမည်ပြောင်းလိုက်သည် က၊ “ဒဏ်” ယူမည် ဟုဖြေလိုက်သည်။ “ဒါဆို ရင် မင်းတို့အားလုံး ပါးစပ်ဟထား၊ စားပြီးအမှိုက် ပစ်အုံးကွ”
ရဲဘော်အားလုံး ပါးစပ်ဟထားကြသည်။ ပေးတဲ့အပစ်ကို ခံယူကြသည်။
မှတ်ချက်…
မိမိရဲဘော်များဘာ့ကြောင့် မိမိအမိန့်ကို နာခံကြပါသနည်း။ ရဲဘော်တွေကို ဘဝကဖြစ်တဲ့ သားတွေအဖြစ်သဘောထားသည်၊ သွေးက ဖြစ်တဲ့သားလို တတန်းထဲထားသည်၊ မေတ္တာပေးသည်၊ ပေးတဲ့ မေတ္တာတွေရောင်ပြန်ဟပ်သည်၊ တန်းတူအခွင့်အရေးပေးသည်။ မိမိ ရဲဘော်များအတွင်း စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီကုလား၊ ကရင်ပြည်ဘွား မွစ္စလင်များရှိ သည်၊ လူမျိုးစုံသည်။ လူမျိုးစုံနဲ့ ဖွဲ့စည်းတားသည့် ပြည်ထောင်စုအငယ်လေးဖြစ်သည်ဟု ခံယူသည်၊ သူတို့ကိုလေးစားသည် လခတ ပြားတချပ်မှမရပဲ အမျိုးနဲ့တိုင်းပြည်အတွက်ပေးဆပ်နေကြသည့် တန်ဘိုးမဖြတ်နိုင်သော သားကောင်းရတနာများအဖြစ် လေးစား တန် ဘိုးထားသည်၊ စစ်မြေပြင်တွင် Follow Me Policy ကိုကျင့်သုံးသည်။ အန္တရာယ်များတဲ့ နေရာတွေမှာ သူတို့ကို ဘယ်တော့မှ မထား၊ မလွှတ်၊ မိမိကိုယ်တိုင် စစ်ဆေး၊ ကြည့်ရှုပြီး အန္တရယ်ကင်းမှသူတို့ကိုနေရာချသည်။ တန်းတူမှု အပြန်အလှန်လေးစားမှု ဒီမိုကရေစီ ကျင့်သုံးမှုများကြောင့် မိမိအမိန့်ပေးမှုများ ရဲဘော်များအတွင်း စိမ့်ဝင်လျှက်ရှိသည်။ ထို့ကြောင့် မိမိအမိန့်ကို နာခံကြခြင်းဖြစ်သည်။
၁၉၈၉ ခုနှစ် အစောပိုင်းကာလ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) စစ်ဒေသ၊ ကုန်သွယ်ရေး ဂိတ်တခုဖြစ် သော သေဘောဘိုး စခန်းရှိသည်။ ကုန်သည်များ နေ့စဉ် ထောင်ဂဏန်းချီ၍ လာရောက်ကြသည်။ အထမ်းသမားများ၊ ကျွဲ၊ နွား ကုန် သည်များ၊ အချိုမှုန့်၊ အဝတ်အထည်၊ စက်ဘီးတာယာ စသည့် တိုင်းပြည်မှလိုအပ်နေသည့် ပစ္စည်းများလာရောက်ဝယ်ယူနေကြသည်။
၈၈ ပြည်သူ့အရေးတော်ပုံကြောင့် တိုင်းရင်းသားလူမျိုးစုံပြည်သူများ သေဘောဘိုး စခန်းသို့ရောက်ရှိလာကြသည်။ နေ့စဉ် လူ ၁ဝဝ ၊ ၂ဝဝ ၊ ၃ဝဝ ၊ မှ ထောင်ဂဏန်းအထိရှိလာသည်။ သေနတ်ပေးပြီး ပြန်တိုတ်ကြမည်၊ သေနတ်ပေးရန်တောင်းဆိုလာကြသည်။
တပ်မဟာ (၆) တက်မဟာမှူး၊ ဗိုလ်မှူးကြီးရွှေဆိုင်း
တနေ့ တပ်မဟာ (၆) မှူး ဗိုလ်မှူးကြီးရွှေဆိုင်း (ကွယ်လွန်) နောင် ဗိုလ်ချုပ်၊ KNU ဒုတိယဥက္ကဋ္ဌ နှင့် NDF ဥက္ကဋ္ဌ ဖြစ်သူမှ မိမိအား တွေ့လိုကြောင်း အရာရှိတဦး လာရောက်သတင်းပို့သဖြင့်၊ သူ့နှင့် သွားတွေ့သည်။ “သေဘောဘိုးစခန်းကိုရောက်လာတဲ့ လူတွေပြန် တိုက်ဖို့ သေနတ်တောင်းနေတယ်၊ ဒီအတိုင်းပေးလို့တော့မဖြစ်ဘူး၊ စစ်မြေပြင်မှာ ဒို့ရဲဘော်တွေနဲ့ သဟဇာတဖြစ်ဖို့ သင်တန်းပေး ရန် လိုတယ်၊ ခင်ဗျားသင်တန်းပေးဖို့စီစဉ်” ရန်ညွန်ကြားသဖြင့် သင်တန်းပေးနိုင်မည့် ရဲဘော်များကို မိမိတပ်ဖွဲ့အတွင်း၌ ရှာရသည်။
ရဲဘော်တင့်လွင်၊ တတိယနိုင်ငံရောက် ရဲဘော်ငြိမ်းငြိမ်း၊ တတိယနိုင်ငံရောက် ရဲဘော်ကျော်ကျော်၊ တတိယနိုင်ငံရောက်ရဲဘော်ထူးထူး (ဆုံး)၊ ရဲဘော်ဇော်ဇော် (ဆုံး) ၊ ရဲဘော်ငမဲ (ကျော်ဆန်း) အမှောင်ထဲတွင် ခြင်မမြင်လောက်အောင်မဲသည်၊ မွစ္စလင်ရဲဘော် (ဆုံး)၊ ရဲ ဘော်သန်းဖြူ (မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းထောင်တွင် တသက်တကျွန်းထောင်ကျနေ) စသည့်ရဲဘော်များဖြင့် သင်တန်းမှူးများအား ရွေးချယ်ပြီး သေဘောဘိုးစခန်းသို့ ချီတက်သွားကြသည်။
မှတ်ချက်…
မိမိတို့တပ်ဖွဲ့တွင် လူမျိုးစုံသည်၊ ကရင်စကားပြောလို့ တခြားလူမျိုးများနားမလည်၊ ကရင်အချင်းချင်းတောင် စကောကရင် စကားကို အ ရှေ့ပိုးကရင်၊ အနောက်ပိုးကရင်များ အကုန်လုံးနားမလည်၊ လူမျိုးခြားဆို ဝေးရော၊ စက်စကားပြောရာတွင်၎င်း၊ အချင်းချင်း စကား ပြောကြရာတွင် ဗမာစကားကိုသာပြောကြသည်။


တပ်မဟာ (၆) မှူး မိမိအား သင်တန်းပေးရန် ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။ မိမိသည် တော်လှန်ရေးဘောင်သို့ရောက်ရှိမလာ မီ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ရကသ) အဖွဲ့ဝင်ဖြစ်ခဲ့ကြောင်း၊ (၇) ဇူလိုင်အရေးတော်ပုံတွင် ပါဝင်ခဲ့ကြောင်း၊ ရန်ကုန်သား ဖြစ်ပြီး ဗမာစကားကို ကောင်းမွန်စွာပြောတတ်ကြောင်း သိထားသဖြင့် ယခုကဲ့သို့ သင်တန်းပေးရန် ရွေးချယ်ခြင်းဖြစ်နိုင်သည်။ သေ ဘောဘိုး ဘောလုံးကွင်း၌ ဒီမိုကရေစီ သူရဲကောင်းများနှင့်ပြည့်နေသည်။ သင်တန်းသား ၁ဝဝ စီပါသော တပ်ခွဲများသတ်မှတ်ပြီး မိမိ ရဲဘော်များကို တပ်ခွဲများခွဲပေးလိုက်သည်။
“မယ်ညား၊ ပါသ၊ အိုညော၊ အိုမူ”
“ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ” ဆိုသော
စစ်မိန့်ပေးသံများ သေဘောဘိုးရွာ၏ အထက်ကောင်းကင်ယံကို လွမ်းခြုံသွားတော့သည်။
ဗိုလ်မှူးမူတူး
သေဘောဘိုးစစ်သင်တန်းအား တပ်မဟာ (၆) စစ်သင်တန်းအဖွဲ့သို့ လွဲပြောင်းပေးလိုက်ပြီး မိမိတို့အဖွဲ့ မြို့ပြပျောက်ကျားသင်တန်း သက်သက်ပေးရန်သာ တာဝန်ယူလိုက်သည်။ ထိုအချိန်၌ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွား မြင်လို့လာခဲ့ပြီး၊ သေဘောဘိုးစခန်းတွင် ကျောင်းသားတက်မတော် တပ်ရင်း (၁) ၊ ဦးမျိုးချစ်၊ တပ်ရင်း (၂) ကိုတင်မောင်စန်း တပ်ရင်း (၃) ကိုသန်းနိုင်၊ စသည့်ရဲဘော်များ အသီးသီးအုပ်ချုပ်နေပြီး မြို့ပြပျောက်ကျား Urban Guerrila အဖွဲ့အား ရဲဘော်စိုးမိုးဦး (ကျဆုံး) ဦးစီးအုပ်ချုပ်လျက်ရှိသည်။
ထိုစဉ်က မိမိတို့ မြို့ပြပျောက်ကျားစခန်းအား ဒီမိုစခန်းဟု တွင်နေသည်။ ရဲဘော်များအား မိမိတတ်စွမ်းသမျှ သင်ကြားနေယုံမက၊ မိမိ မိတ်ဆွေ ဂျပန်အပျော်တန်းများ Mr. Nishikawa၊ Mr. Ewai ၊ တို့နှစ်ဦးမှ လက်နက်မဲ့တိုက်ခိုက်နည်း၊ မြို့ပြပျောက်ကျား စစ်ဆင် ရေးတွင် လိုအပ်နေသောဘာသာရပ်များကို သင်ကြားလျက်ရှိသည်။ ယခု၎င်းတို့ နှစ်ဦးစလုံးငှက်ဖျားရောဂါဖြင့်သေဆုံးသွားကြပြီးဖြစ် သည်။ ဂျပန်ရဲဘော်များ ကောင်းရာသုဂတိဘုံ၌ စံမြန်းကြပါစေ။
သက်လုံကောင်းနိုင်ရေးအတွက် မိမိတို့ ဒီမိုစခန်းမှ တပ်ရင်း (၃) အထိ နေ့စဉ်မှန်မှန် နံက်စောစော အပြေးလေ့ကျင့်နေကြသည်။ “အ မှတ်စဉ်၊ အမှတ်စဉ်၊ အမှတ်စဉ် ဆို”
“(၁ ၊ ၂ ၊ ၃ ၊ ၄ ) (၁ ၊ ၂ ၊ ၃ ၊ ၄ ) (၁ ၊ ၂ ၊ ၃ ၊ ၄ )”
“ပြည်သူ့အတွက်လေ့ကျင့်ပေး”
“ဘာလုပ် နေလဲ၊ လေ့ကျင့်နေတယ်”
“ဘယ်သူ့တွက်လဲ၊ ပြည်သူ့တွက်ပဲ” ဆိုသည့် ကျောင်းသားနှင့် မိမိရဲဘော်များ၏ အသံသည် နအဖစစ်အုပ်စု ၏ နှလုံးသားကို တုန်လှုပ်ရိုက်ခတ်သွားမည်ဖြစ်သည်။
မှတ်ချက်…
မြို့ပြပျောက်ကျား လေ့ကျင့်ရေးစခန်းတွင် သင်တန်းတက်နေသော ကရင်ရဲဘော်များမှာ မိမိမှတ်မိသလောက်၊ ရဲဘော်လှထွန်းဦး၊ ရဲ ဘော်ကျော်မိုးနိုင်၊ ရဲဘော်ဇော်ဇော် ရခိုင်အမျိုးသား၊ (ဆုံး) ရဲဘော်မောင်အေး၊ ရဲဘော်လှထွေး၊ ရဲဘော်ဆာဒူးဒူ ဇန်၊ ရဲဘော်ဘာဂျာ မွတ် (မွစ္စလင်)၊ (ကျဆုံး) ရဲဘော်အယိုင့် ယခု DKBA၊ ရဲဘော်သန်းဝင်း (စောကုလား) ၊ ရဲဘော် ကျော်စွာ (ဆုံး) ဗမာအမျိုးသား၊ ရဲ ဘော်ဂျော်လီဆွေ၊ ရဲဘော်လဘို၊ ရဲဘော်အာပြဲ ကြည့်မကောင်းအောင် အာပြဲသည်၊ ၁၁ နှစ်အရွယ် လူငယ်၊ ရဲဘော်အေးသောင်း ယ ခု DKBA ၊ ရဲဘော်ငြိမ်းငြိမ်း၊ ရဲဘော်သူးသူး၊ ကျောင်းသားတပ်မတော်မှ ရဲဘော်များ ၂ဝ ကျော်သည်။ ရဲဘော်စိုးမိုးဦးနှင့် ကျနော်သည် စခန်းကိုပူးတွဲအုပ်ချုပ်သည်။ ကျောင်းသားတပ်မတော်မှ မြို့ပြပျောက်ကျား သင်တန်းသားများကိုမှတ်မိသူများ သမိုင်းတွင်ရန် ကျေးဇူး ပြု၍ အမည်များပေးပို့ကြပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်။
ရဲဘော်စိုးမိုးဦးသည် အလွန်ထက်မျက်သော၊ ခေါင်းဆောင်မှု အရည်အချင်းနှင့် ပြည့်စုံသော ဗမာ့သားကောင်းနှင့် အနာဂါတ်ခေါင်း ဆောင်ကောင်း တယောက်ဖြစ်သည်။ ၎င်းဆုံးရှုံးမှုအတွက် အလွန်ပင်ဝမ်းနည်းကြေကွဲရပါကြောင်း။ ဂျပန်ရဲဘော်နှစ်ဦးသည် လခ တ ပြားမှမရဘဲ စေတနာအပြည့်နှင့်သင်ကြားနေသည်။ မိမိတို့စားသလိုစားသည်။ ကျနော်တို့လည်း သူတို့အတွက်သီးသန့် ချက်ပြုတ်ပေး ရန်ငွေမရှိ၊ ထို့ကြောင့် တနေ့ကျနော်တို့စားနေကျ ငါးပိထောင်း ငါးပိနှင့် ငရုတ်သီးထောင်း၊ ပဲဟင်း၎င်းတို့အား ပြုစုစောင့်ရှောက်ရ သော ရဲဘော်မှ ခူးခတ်ကျွေးရာ၊ ၎င်းတို့စားပြီး “ရှူး ရှူး ရှားရှား” ဖြစ်လာကြသည်။ သည်နေ့ ငါးပိထောင်းကလဲ ကုလားအော်သီးနဲ့ ထည့်ထောင်းထားတော့ ဂျပန်ရဲဘောနှစ်ဦး ပြသနာတက်ပါလေရော။
ရဲဘော်စောကုလားမှ ၎င်းတို့ကို ပါးစပ်ဟခိုင်းပြီး ယပ်တောင်နှင့် ယပ်ခတ်ပေးရလေသည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်၍ တန်းတူ ရေး၊ လွတ်လပ်ရေးနှင့် ညီအစ်ကိုသဖွယ် ချစ်ကြည်မှုကိုလိုလားသော ဂျပန်ရဲဘော်များတွက် အခက်အခဲ မြောက်များစွာတွေ့ရမည်ကို မြင်ယောင်သည်။
တနေ့၊ ၎င်းတို့လဘက်ရည်ကြမ်း ရေပူ Hot Tea သောက်လိုကြောင်းတောင်းဆိုသဖြင့် ရဲဘော်ငြိမ်းငြိမ်းမှ ရဲဘော်အာပြဲအား တာဝန် ပေးလိုက်သည်။ ရဲဘော်အာပြဲသည် အာပြဲသလောက် အပြင်းထူသည်၊ မယ်ကလာချောင်းတွင်းမှ ရေခပ်ပြီး လဘက်ခြေက်ထည့်ကာ ဂျပန်သင်တန်းမှူးများကိုသွားပေးသည်။ ဂျပန်သင်တန်းမှူးများ ရှူးရှူး ရှားရှား ဖြစ်ပြီး ကျနော့်ကို အာပြဲယူလာသော လဘက်ရည်ကိုပြ သည်၊ ရေနွေးမဟုတ်ပဲ ရေအေးတွင် လဘက်ခြောက်ထည့်ပြီးပေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့အတွက်မုန့်နှင့် လဘက်ခြောက်၊ ရေနွေး ဓါတ်ဘူးစီစဉ်ပေးလိုက်သဖြင့် ပြသနာပြေလည်သွားသည်။ ပြသနာရှိရင် ဖြေရှင်းနည်းရှိသည်။ ကမ္ဘာလောကကြီးဟာ ပြသနာတွေနဲ့ ဖွဲ့စည်းထားတဲ့လူမှု အဆောက်အအုံ မဟုတ်ပါလား ခင်ဗျာ။
မြို့ပြပျောက်ကျား အပတ်စဉ်တခု ပြီးသောကြောင့် သင်တန်းဆင်းရဲဘော်များအတွင်းမှ လက်ရွေးစဉ်များစီစစ်ထားသည်။ သင်တန်း သားတချို့ မြို့တွင်းပြန်ဝင်ရန် တောင်းဆိုလာသည်။ ကျနော်စဉ်းစားသည်၊ ဒီရဲဘော်တွေ ပြန်ဝင်ကြရင် အဖမ်းခံရမှာဖြစ်သည်၊ ဘာ ကြောင့်လဲဆိုတော့ ထွက်လာကတဲက ဘယ်သူတွေပျောက်သွားပြီးဆိုသည်ကို ရန်သူများသိထားပြီးဖြစ်သည်။ သင်တန်းကာလအချိန် တို၊ ရက်တိုအတွင်း ၎င်းတို့ပြန်ဝင်ပါက အတတ်ပညာပိုင်းဆိုင်ရာ လုံလောက်မှုမရှိသေးသဖြင့် ၎င်းတို့အတွက် အသက်အန္တရာယ်ရှိ သည်၊ ၎င်းတို့ကလည်း စိတ်ထက်သန်လွန်းသဖြင့် ပြန်ခွင့်ပြုလိုက်သည်။ တယောက်စီလွှတ်သည်။ ၎င်းတို့ခရီးမထွက်မီ ကျနော့်ထံ လာရောက်၍ ဒူးတုတ် ရှစ်ခိုးကန်တော့သည်။ ဘေးကင်းစေကြောင်း ဆုတောင်းပေးပါသည်။ ကျနော့်ဆုတောင်းချက်ကို မြတ်ဗုဒ္ဓနား မထောင်ပါ၊ ဝင်သွားသည့်ရဲဘော်တိုင်း အဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခြင်း ခံကြရသည်။
ဗိုလ်ကြီးတင့်လွင်နှင့် မန်းရောဘတ်ဇန်၊
၎င်းတို့အတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်မိသည်။ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွက် စွန့်လွတ်လိုက်ရသဖြင့် တဖက်ကဂုဏ် ယူမိသည်။ မိမိတို့တပ်ဖွဲ့ ဝမ်းခါသစ် စခန်းတွင်တိုက်ပွဲဝင်နေစဉ် စခန်းတွင် ကျန်ခဲ့သော ရဲဘော် ဝါးဂေ၊ ရဲဘော်မင်းလွင်တို့မှ မိမိမအား ဝါလေ သစ်စက်သူဌေးမှ မိမိတို့စခန်းပတ်လယ်ရှိ ကျွန်းသစ်များဝယ်လိုကြောင်း သတင်းပို့သဖြင့်၊ ဆီ၊ ပဲ နှင့် အသားငါး ဝယ်ရန်၊ ကျွန်း အပင် ၅ဝ ခန့် လုပ်ခွင့်ပြုလိုက်သည်။ စစ်မြေပြင်တွင်အလုပ်များနေသဖြင့် သစ်လုပ်ခွင့်ပေးလိုက်သောရဲဘော်များကို ပြန်မကြည့်အား ပေ။
ဝမ်းခါသစ် တိုက်ပွဲအပြီး၊ နောက်ပိုင်း၌ ပြန်အနားယူနေစဉ် ငှက်ဖျားတက်သဖြင့် မိမိတို့တပ်မှူးမှ လာရောက်အနားယူရန်ခေါ်သဖြင့် သူ့ ထံသွားရောက် ဆေးကုသလျှက်ရှိသည်။ ဆားရည် ၁ဝဝဝ ဘူးသွင်းလျှက်ရှိသည်၊ ဆားရည်သွင်းနေစဉ် ၁ဝ၁ တပ်ရင်းမှူးမှ မိမိတို့တပ် ဖွဲ့ ဖလူး သို့ စစ်ကူသွားရန် ပြင်ခိုင်းတော့သည်။ မိမိကျန်းမာရေးသိပ်မကောင်းသေး၊ အားအင်ပြော့နေသေးသည်၊ မိမိစဉ်းစားမိသည်။ ဝမ်းခါသစ် စစ်ကူလိုသဖြင့် မိမိတို့တပ်ဖွဲ့ကိုလွှတ်သည်။ ယခု ဖလူးက စစ်ကူလိုလာပြန်သဖြင့် မိမိတို့တပ်ဖွဲ့ကိုပင် လွှတ်ဖို့ ခေါ်နေပြန် ပြီ၊ အခြားတပ်ဖွဲ့ မရှိလို့လား။ မျက်စေ့ရှုပ် နေလို့လား။ မျက်စေ့ရှုပ်ရင်လည်း ရှုပ်နိုင်သည်။
ဗိုလ်မှူးကြီးစိုးစိုးနှင့် ၎င်းတပ်ဖွဲ့
မှတ်ချက်…
မိမိ နှင့် ဗိုလ်မှူးစိုးစိုး Operation Promise land ကို စီစဉ်ကြစဉ် စစ်သားစုဆောင်းရေးကို ဗြောင်လုပ်ရန်မသင့်တော်သဖြင့် ကြိတ်စု ဆောင်းရသည်။ တော်လှန်ရေးကြာရှည်လာသဖြင့် မူလတပ်ရင်းတွင် ငြီးငွေ့လာကြသည်။ ထို့ကြောင့် တပ်အသစ်သို့လာလိုကြသည်။ လာရောက်သူများသည် အခြားတပ်များတွင် ဂျစ်ကန်ကန်များ၊ ခံမပြော၊ နားမထောင် လုပ်ချင်ရာလုပ်သူများ၊ အရက်ဂျိုးကပ်များ၊ ဆေး ခြောက်သမား၊ ဘိန်းစွဲသူများ၊ ခါးပိုက်နှိုက်များ၊ လောင်းကစားအိုးများ၊ ဆိုက်ကားသမား၊ လူတန်းစားလဲစုံသည်။ လူမျိုးလဲစုံသည်။ ဖါး အံမြို့ကြီးသားတွေ၊ ရန်ကုန်သား၊ မြစ်ဝကျွန်းပေါ်သား၊ နယ်စုံ၊ လူစုံ၊ ဘဝစုံသည်၊ ဘူစီပေါင်းဘော်လုံးရောင်းသူ၊ ဖါးအံ ကြက်တန်းမှာ ကြက်ရောင်းသူများပါသည်။
ကျနော့်ခံယူချက်မှာတိရိစ္ဆာန်ဖြစ်တဲ့ နွားတောင် အကုန်သုံးလို့ရသေးရင် လူကို ဘာကြောင့် မသုံးနိုင်ရမှာလဲ။ သခင်ခရစ်တော်ရဲ့ အ ကောင်းမြင်ဝါဒကို အကောင်အထည်ဖေါ်ဆောင်ကြည့်သည်၊ လူတွေက ခွေးသေကောင်ပုတ်ကို နှားခေါင်းရှုတ်ကြသည်။ အဝေးက ရှောင်ကြသည်။ သခင်ခရစ်တော်က ဒီလိုမဟုတ်၊ ခွေးအပုတ်ကောင်ဟာ တကိုယ်လုံးပြတ်ပွနေလင့် ကစား၊ “သူ့သွားလေးဟာဖွေးနေ တာပဲ” တဲ့။ အဆိုးတွေထဲက အကောင်းကိုမြင်တတ်တယ်။ မိမိတို့စုဆောင်းထားတဲ့ ရဲဘော်တော်တော်များများအတွင်း အခြားတပ်ဖွဲ့ တွေက နှာခေါင်းရှုတ်ကြသူတွေဖြစ်နေပေမဲ့၊ သခင်ခရစ်တော်ရဲ့ ဒသန ကိုအကောင်အထည်ဖေါ်ကြည့်ရာမှာ ဖြူဖွေးနေတဲ့ သွားတွေ လို အကောင်းတွေရှိနေသည်။ သူရဲကောင်းတွေလဲ ရှိခဲ့သည်။ အမျိုးနဲ့တိုင်းပြည်အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ခဲ့ သည် အာဇာနည် များပါခဲ့သည်။
၁ဝ၁ တပ်ရင်းမှူးသို့ “ဆားရည်သွင်းပြီး ပြန်လာမည်” ဟု သတင်းပို့လိုက်သည်။ တဆက်တည်း ဗိုလ်တင့်လွင်အား “ကျမ်းမာရေး ကောင်းတဲ့ရဲဘော်တွေဘယ်လောက်ရှိလဲ၊ ရသလောက်စုပြီးသတင်းပို့” ရန်ညွန်ကြားလိုက်သဖြင့်၊ “နှစ်ဆယ့်တယောက်” ရှိကြောင်း။ “ဒီညစစ်ကူသွားမယ်၊ ငါ့နောက်လိုက်ဖို့ အသင့်ပြင်ထားရန်” ညွန်ကြားလိုက်သည်။
ညနေ ၆ နာရီ ဝမ်းခါသစ် စခန်းသို့ ပြန်ရောက်ပြီး ခရီးထွက်ဖို့ပြင်သည်။ ခရီးမထွက်မီ ကျနော့်လုပ်ရိုးလုပ်စဉ်တခုမှာ ခရီးထွက်မည့်ရဲ ဘော်များအား တန်းစီခိုင်းပြီး မိမိယုံကြည်သည့် မြတ်ဘုရားထံ တမိနစ်ဆုတောင်းရန်ညွန်ကြားလိုက်သည်။ မိမိလည်း ဆာလံကျမ်း အခန်းကြီး ၂၃ ၊၂ရ နှင့် ၉၁ တို့အား ရွတ်ဆို၍ ဆုတောင်းလိုက်သည်။ အစ္စလန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်များ မိမိယုံကြည်ရာကို ဆုတောင်းကြသည်။ တချို့ဘာကိုမှ မယုံကြည်သူက မင်းတို့လို ဘုရားတပါးထဲမကဘူးကွ၊ ငါက “ရန်သူ့ကြား ငါ့အကြား ဘုရားငါး ဆူခြားကွ” လို့ဆုတောင်းသူလည်းရှိသည်။
ကားနှစ်စီးနှင့် ဖလူးသို့မိမိတို့ချီတက်လာသည်။ သေမထူး နေမထူးရဲဘော်များ တလမ်းလုံး “လဲထော်ဆူးညား၊ ပပွားကော်သူးလေးဖိုး” “ရှေ့သို့ချီ၊ ငါတို့ကော်သူးလေစစ်သည်” ဆိုသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ချီသီချင်းကိုအော်ဆိုလာကြသည်။ တာဝန်ကျအရာရှိ ဗိုလ်မှူးကြီးမှ မိမိအား “ရဲဘော်များအား ထိုင်းမြို့အားဖြတ်သွားရမည်ဖြစ်၍ သီချင်းမဆိုရန်” မေတ္တာရပ်ခံသဖြင့် မိမိ မှ ရဲဘော်များအား မဆိုရန် ညွန်ကြားတော့ တိတ်သွားတော့သည်။
ရန်သူသည် မိမိတို့စကားပြောစက်များကို အမြဲမပြတ်နားထောင်နေသဖြင့် မိမိတို့ ဖလူးတဘက်ကမ်းသို့ရောက်သည်နှင့် မိမိတို့သွား မည့်လမ်းကြောင်းပေါ်သို့ ၈၁ ၈၂ မမ စိန်ပြောင်းများ အဆက်မပြတ်ပစ်ချနေသည်။ အမှောင်ထုကလည်း ပိန်းပိတ်အောင်မှောင်နေ သည်။ တပ်စိတ်တချို့လူကွဲသွားသည်၊ မိမိတို့ ဖလူးစခန်းတွင်းရောက်သည့်တိုင် အဆက်အသွယ်မရသေး၊ ရဲဘော်များသိထားပြီးဖြစ် တယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဖလူး စခန်းထဲရောက်ဖို့ပဲ။ မနက်လူစစ်တော့ ရဲဘော်အားလုံးရောက်ကြပြီး။ မနက်ရောက်လျှင် ဗိုလ်မှူးမူတူး ထိုစဉ်က တပ်မဟာ အထွေထွေဌာနမှူး၊ BM Brigade Major ယခု GOC General Officer Commanding ဖြစ်လာသူအား သတင်းပို့သည်။ မိမိတို့နေရမည့်နေရာကို၊ ဗိုလ်မှူးရွှေမောင်း ယခုဒူးပလာ ယာခရိုင်ဥက္ကဋ္ဌမှ လာရောက်ပြသည်။
မိမိတို့လည်း အသီးသီးနေရာယူပြီး အနားယူနေစဉ်၊ ဗိုလ်တင့်လွင်လာရောက် သတင်းပို့သည် “ဝင်းနေထူး တင်ပါးမှာမော်တာမှန်” ကြောင်း၊ ဝင်းနေထူးအား မိမိ မသိသေး၊ “ဝင်းနေထူးဟာ ဘယ်သူလဲကွ” ဟုမေးရာ၊ ကျနော်တို့ ဖလူးကိုစစ်ကူလာလို့ ၁ဝ၁ က ထွက်ပြေးပြီး ကျနော်တို့တပ်ဖွဲ့နောက်လိုက်လာသူဖြစ်ကြောင်း သတင်းပို့သည်။ တရွာမပြောင်း သူကောင်းမဖြစ်လား။ သေချင်တဲ့ကျား တောပြောင်းလားတော့မသိ၊ တင်ပါးမှာ ဒဏ်ရာတော့ ရသွားပြီဟု မိမိတဦးတည်း စဉ်းစားနေမိသည်။
မိမိကတုတ်တွင်၊ မိမိ ဂျပန်ရဲဘော် နီရှီကာဝါ၊ မိမိသား ဒူးဒူးဇန် နှင့် ရဲဘော်ဘာဂျာမွတ်တို့ ၄ ဦးနေသည်။ ကတုတ်အပေါ်ထပ်ကို ပြန် လည်မွန်းမှန်သည်။ သဲအိပ်များထပ်တင်သည်။ အပေါ်နှင့်အောက်ထပ်ပါ တပြိုင်တည်းပစ်နိုင်ရန်ဖြစ်သည်။ ဗိုလ်တင့်လွင်ကိုခေါ်ပြီး ဖ လူးစခန်း ပတ်လည်ကိုလေ့လာရန် ရှောက်ကြည့်သည်။ အားနည်းချက်၊ အားသာချက်များကို ရှာသည်။ ဝမ်းခါသစ်စခန်းနှင့် မတူ၊ တင့် ကားများမလာနိုင်ရန် ဆက်သွယ်ရေးမြောင်း ခပ်နက်နက်တူးထားသည်။ တင့်ကားတော့မလာနိုင် သို့သော်ရန်သူအတွက် ကျည်ကွယ် နှင့် မျက်ကွယ်ရနေသည်။
ရန်သူ့ လက်နက်ကြီးကလည်း အတောမသတ်ပစ်နေသည်၊ ဖလူးစခန်းသည်ရှည်မျောမျောလေးဖြစ်နေသဖြင့် တနေရာကို မှတ်ပုံတင် ပြီး တစိုက်မှတ်မှတ်ပစ်နေသော် ဆက်သွယ်ရေးမြောင်းအတိုင်းသာ သွားဝန့်သည်။ အပေါ်ထွက်လမ်းမလျှောက်ဝန့်။ ဖလူးစခန်းတွင်း ရှိ ကျွန်းပင်များအရွက်စိမ်းမရှိတော့၊ ကျည်မှန်ထားသဖြင့် အရွက်များခြောက်နေသည်။ တပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိရန်သူများ တက်ထိုးသည်၊ မရ၊ မိမိတို့ ဖလူးစခန်းရောက်ပြီးမှ အနည်းဆုံး ရန်သူ ၁ဝ ကြိမ်ထက်မနည်းတက်ထိုးသည်။
ဂျပန် ရဲဘော်နီရှီကာဝါ မှ မိမိသား ဒူးဒူးဇန်ကိုခေါ်၍ ရန်သူကို သွားချောင်းပစ်သည်။ မိမိမှ ၎င်းအား ရန်သူကိုပစ်မည့်သူများရှိကြောင်း၊ မိမိလိုအပ်သည်မှာ ဂျပန်ပြည်သူများ ကရင့်တော်လှန်ရေးအကြောင်းသိရန်လိုကြောင်း၊ ဂျပန်ပြည်သူများ၏စာနာထောက်ခံမှုရရှိရန် စာ အုပ်ထုတ်ရန်လိုအပ်ကြောင်းပြောထားသည်။ ၎င်းမသေဆုံးမီ ဂျပန်ဘာသာဖြင့် ဗမာနှင့် ကရင့်တော်လှန်ရေးအကြောင်း စာအုပ်ထုတ် ခဲ့သည်။
ဘယ်မှညာသို့ထလျှက်
Mr. နီရှီကာဝါ၊ Mr. Nara
ထိုင်လျက် စောဝါး၊ နှင့် မန်းရော ဘတ်ဇန်၊
မှတ်ချက်…
ဗိုလ်မှူးမူတူးမှ ဝါးခါသစ် တိုက်ပွဲတွင် မိမိတို့ရန်သူ့ထံမှ သိမ်းဆီးရရှိခဲ့သော PRC အားလိုချင်ကြောင်း၊ မိမိမှလည်း Sniper နှင့် M-62 လိုအပ်နေသဖြင့် လဲမည်ဖြစ်ကြောင်းပြောရာ၊ အပေးအယူတည့်သဖြင့် ၇.၆၂ မမ ကျည်ဖြင့် ပစ်ရသော Sniper တလက်၊ M-62 တ လက်ကျည် ၁ဝ လုံးနှင့် လဲလိုက်သည်။ ထို Sniper ကိုယူ၍ မိမိအလစ်တွင် ဂျပန်ရဲဘော်နီရှီကာဝါသည် မိမိသားဒူးဒူးဇန် ကိုခေါ်ပြီး ရန်သူကိုသွားချောင်းပစ်ကြသည်။ တနေ့ ရန်သူတတယောက်ကျနှုံးနှင့်သွားပစ်ပြီး တပြုံးပြုံးနှင့် ပြန်လာကြသည်။
နေ့စဉ်လိုလို ရန်သူ့လက်နက်ကြီးများ ဖလူးစခန်းတွင်းသို့ ပစ်သွင်းလျှက်ရှိသည်။ ၎င်းတို့ ကျားတက်ထိုးတော့မည်ဆိုပါက လက်နက် ကြီးမျိုးစုံ အလက် ၃ဝ ထက်မနည်း စုပြုံပစ်ခတ်ကြသည်။ တနေရာကို စုပြုံပစ်ခတ်သည်။ ကတုတ်တွင်းမှ အပြင်မထွက်ဝန့်ပါ။ တချို့ ကတုတ်တည့်တည့်ထိသဖြင့် ပြိုကျကုန်သည်၊ ရဲဘော်များ အကျအဆုံးရှိသည်။ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ အားလုံးမ ပေါက်၊ တချို့ကျည်အနေသည်။ ထိုသို့ မကွဲသောကျည်များ၏ထိပ်ဖူးကို အပစ်ရပ်သောအခါ ရဲဘော်တချို့သွားတူးပြီးထိုင်းဘက်ကမ်း သွားရောင်းကြသည်။ ထိပ်ဖူးတကီလိုကို ငါးတကီလိုနှင့် သွားလဲသည်။ ရန်သူလက်နက်ကြီး အပစ်များသောနေ့ဆိုလျှင် ရဲဘော်များ ဟင်းစား ရသောနေ့ဖြစ်သည်။
တနေ့ လက်နက်ကြီးကျည် ဗိုလ်တင့်လွင်တို့နေသောကတုတ်ကိုထိသည်၊ အပေါ်ထပ်ပြိုသွားသည်။ ဗိုလ်တင့်လွင် ဦးခေါင်းကြောပြင် တို့တွင် ဒဏ်ရာရသည်။ မိမိသားလတ် ဒုတိယအရာခံဗိုလ် ကျော်မိုးနိုင် မျက်စိနှစ်ဖက်စလုံး ဒဏ်ရာရသည်၊ ရဲဘော်စောငယ်လည်း ဒဏ်ရာရသည်။ တနေ့ထဲ ၃ ယောက် ဒဏ်ရာရသည်။ အားလုံး ဝေါ်လေ စစ်ဆေးရုံကိုပို့လိုက်သည်။
တနေ့ ဗိုလ်စိုးမိုး တပ်မဟာ (၆) လက်နက်ကြီး ယခု DKBA ကတုတ်ရှေ့ ဝါးရုံအောက်တွင် ပေါက်တူးပေါက်သံကြားနေရကြောင်း၊ မိမိ ကိုလာရောက်သတင်းပို့သဖြင့်၊ မိမိသွားရောက်ကြည့်သည်၊ ပေါက်တူးပေါက်သံ ကြားနေရသည်။ ထို့ကြောင့် BZK 3.5 Bazooka ရှိမရှိ မေးရာရှိရင်သွားယူခိုင်းသဖြင့် အသီး ၃ လုံးယူလာရာ ဝါးရုံခြေရင်းကိုချိန်၍ပစ်ထည့်လိုက်သည်။ တလုံး၊ နှစ်လုံး၊ သုံးလုံးကုန်တော့ဘာ သံမှမကြားရတော့ပေ။ မိမိလက်နက်ကြီးပစ်ရာနေရာသို့ ရန်သူ့ လက်နက်ကြီးပြန်လိုက်လာမည်ကို ကြိုသိထားသဖြင့် ဆက်သွယ်ရေး မြောင်းထဲ ဆင်းပြီးပြန်လာသည်။ မိမိနောက်လိုက်ခဲ့သော ရဲဘော်လဘို စကားနားမထောင်ဘဲ သူရဲကောင်းသဖွယ် ရင်ကော့လျှောက် လာရာ၊ ရန်သူ့လက်နက်ကြီး ကျည်များပေါက်ကွဲရာ ကျည်စတခု ရဲဘော်လဘို ခြေထောက်ကို ထိမှန်သွားတော့သည်။
နေ့စဉ်နေ့တိုင်း ထိပ်တိုက်နေရာမှာ အိပ်၊ နောက်ပိုင်းဆင်းမျက်နှာသစ်၊ ရေချိုး၊ လုပ်ရိုးလုပ်စဉ်ဖြစ်နေသည်။ ဆယ်မိနစ်လောက်ဆင်း လာရသည်။ ရေချိုးဆိပ်နားတွင် မိမိရဲဘော်ထဲနစင် ယခု KNU/KNLA တာဝန်ယူထားသော ၆ဝ မမ တလက်၊ ၈၁ မမ တလက်ရှိသည်။ ရန်သူ့လှုပ်ရှားမှုသတင်း ၎င်းထံမှရနိုင်သည်။ ၎င်းတို့အနီးတွင် ကြားဖြတ်အဖွဲ့ရှိနေသည်။ မိမိတို့ ရေချိုးဆင်းလာစဉ် တကြိမ်တခါဗိုလ် မှူးရွှေမောင်း၊ ထိုစဉ်ကတပ်ရင်း ၁၇ ဒုတိယတပ်ရင်းမှူးနှင့်ဆုံဖြစ်သည်။ ညီအစ်ကိုရင်းတမျှ ချစ်ကြည်လေးစားကြသည်။ ဆုံဖြစ်တိုင်း ရန်သူ့အခြေအနေကို သုံးသတ်ကြသည်။
“အစ်ကိုကြီးဘယ်လိုထင်လဲ၊ ထိပ်တိုက်ကနေ တိုက်နေလို့တော့ ဘယ်တော့မှရမှာမဟုတ်ဘူး၊ ထိုင်းဘက်ကဝင်နိုင်တယ်”
“ကျနော့် အထင် ဒီကောင်တွေ ရှေ့မှာကျားထိုးပြပြီး ထိုင်းဘက်က ဝင်မယ်လို့ထင်တယ်၊ ဥမင်လှိုင်ခေါင်း Tunnel တူးပြီးဝင်လာနိုင် တယ်”
“KNDO တွေနေတဲ့ဘက်ချမ်းမှာ နည်းနည်းကြဲနေတယ်။ ထိုင်းဘက်ခြမ်းကနေ ပစ်လည်းပစ်၊ ကူးလည်းကူးလာနိုင်တယ်၊ ဒီနေရာကို အင်အားဖြည့်ထားရမယ်” မိမိတို့နှစ်ဦးဆွေးနွေးပြောဆိုပြီး သူလည်းထိပ်တိုက်သို့ပြန်တက်သွားသည်။ နေ့စဉ်လိုလိုလက်နက်ကြီးတွေ ပုံအောပစ်၊ ထိပ်တိုက်မှာ ဝင်တိုးမရ၊ ပြန်ဆုတ်သွား၊ မိမိတို့ ဖလူးစခန်းရောက်သည်မှာ တလပြည့်တော့မည်။ ထူးခြားမှုမရှိသေး။
ဝေါ်လေစခန်းရှိ ဆေးရုံတက်နေသောရဲဘော်များကို ပြန်ကြည့်သည်၊ အားပေးသည်၊ အစားအသောက်များ စီစဉ်ပေးရန်မလို။ ရွာသူရွာ သားများမှ လာပေးကြသည်။ ကော်ဖီ၊ လဖက်၊ မုန့်မျိုးစုံပါသည်။ လိမ္မော်၊ စပျစ်၊ ပန်းသီးအဆုံး လာပေးကြသည်။ လူထု မေတ္တာအပြည့် အဝရရှိနေသည်။ လူထုမေတ္တာရဆိုလဲ ရထိုက်ပါသည်။ မိမိတို့စခန်း ဝေါ်လေရွာအောက် စခန်းတွင်ရှိသည်၊ တပ်နားရက်တွင် လူထု လုပ်ငန်းရှာလုပ်သည်။ စပါးရိတ်သည်။ လယ်ဝိုင်းစိုက်သည်။ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းဝင်း သန့်ရှင်းရေးလုပ်သည်။ လူထု ဆန့်ကျင်ရေးမလုပ်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ရန်၊ တဆက်ထဲ လူထုနောက်ပြီးဆွဲမဖြစ်ရန် သင်တန်းမှ သင်ခန်းစာ များကို ၎င်းတို့အလွတ်ရထားပြီးဖြစ်သည်။
တပ်တွင်း နိုင်ငံရေးသင်တန်းကို မှန်မှန်ပြုလုပ်သည်၊ လူသည်နိုင်ငံရေး သတ္တဝါဖြစ်သည်။ နိုင်ငံရေး နားလည်ရမည်။ မျက်စိမိတ် စစ် တိုက်နေ၍ မဖြစ်၊ လူ့ဖြစ်စဉ်သမိုင်း၊ ကရင့်သမိုင်း၊ ဗမာ့သမိုင်း၊ ကမ္ဘာ့သမိုင်းကအစ နားလည်ထားရမည်။ ရန်သူ မိတ်ဆွေခွဲခြားတတ်ရ မည်။ မိမိလမ်းစဉ်လုပ်ငန်းစဉ်များ၊ စစ်ရေး၊ စည်းရုံးရေးလမ်းစဉ်များတတ်သိထားရမည်။ ကရင့်တော်လှန်ရေး၏ လူထုလမ်းစဉ်ကိုတတ် သိနားလည်ရမည်။
တော်လှန်ရေးတရပ်ရဲ့ အနိုင်အရှုံးကိုဆုံးဖြတ်တာ လက်နက်မဟုတ်ဘူး၊ လူထုဖြစ်တယ်။ သဘာဝ အကာအကွယ်ထက်၊ လူထုအကာ အကွယ်က ပိုလုံခြုံတယ်။ ဒို့တပ်မတော်ဟာ ပြည်သူကဖွားမြင်လာတာဖြစ်လို့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်တယ်။ လူထု ဆန့်ကျင်ရေးမလုပ်နဲ့၊ လူထုဆန့်ကျင်တာနဲ့ ဒို့တပ်မတော်ဟာ သွေးမရှိတဲ့လူဖြစ်သွားမယ်။ လူထုမထောက်ခံတဲ့ တပ်မတော်နဲ့ တော် လှန်ရေးဟာ မသာခေါင်းလောင်း ထိုးလိုက်တာနဲ့ အတူတူပဲ။ စသည့် ပို့ချချက်များ ရဲဘော်များ၏ ဦးနှောက်တွင် စွဲငြိနေသည်။
လူထုဆန့်ကျင်ရေးမလုပ်၊ သို့သော် အရက်မူးပြီး အချင်းချင်းပြသနာရှာသည်၊ ထိုးကြသည်၊ ရန်ဖြစ်သည်။ ရန်ဖြစ်ကြပြီးဆိုတော့ ကျေး ရွာကာကွယ်ရေး အချုပ်ချသည်။ ကာကွယ်ရေးအချုပ် တာဝန်ကျများ မစောင့်ရဲ၊ မိမိတပ်မှ သွားစောင့်ရသည်။ အချင်းချင်း အချုပ်ထဲ ၌ပင် ထိုးကြသည်။ မိမိကိုလာသတင်းပို့သည်။ မိမိလဲ “ဒီလောက်ဆိုးတဲ့ကောင်တွေ တွေ့မယ်” ဆိုပြီး ပစ္စတိုမောင်းတင်သွားသည်။ အ ချုပ်ကိုရောက်တော့ “ဟေ့ကောင်တွေ၊ ဘယ်ကောင်သေရဲလဲကွ” တယောက်မှ မဖြေ၊ “ဒါဆိုလာခဲ့” ရန်၊ ပြောလိုက်ရာ ခေါင်းငုံ့ပြီး ဝင် ရသောအပေါက်ဝမှ ခေါင်းပြူပေးသည်၊ ဆံပင်ဆွဲပြီးတခေါင်းပြီးတခေါင်း ပစ္စတိုဒင်နှင့် ရိုက်ချလိုက်သည်။ ကာကွယ်ရေး အချုပ်တွင် မ ဆူညံတော့။
“စစ်သားဆိုတာ စိတ်ပုတီးစိတ်ပြီး နိဗာန်ရောက်ကြောင်းတရားကျင့်နေသူတွေမဟုတ်၊ တဘက်ရန်သူကို တိုက်ခိုက်နေရတယ်၊ မုန်ယို နေတဲ့ ဆင်ရိုင်းကိုထိန်းကြောင်းနေရသလိုပဲ။ ဦးဆောင်နေသူတွေ အတွက်အန္တရာယ်ရှိတယ်။ အမိန့်၊ အာဏာ၊ စစ်စည်းကမ်းတွေနဲ့ တင်မလုံလောက်ဘူး၊ မေတ္တာဆိုတဲ့ဒိုင်းနဲ့ ကာကွယ်ရပြန်တယ်။ စစ်သည်တွေက မိမိကို မိဘလို၊ ရဲဘော်ရဲဘက်လိုသဘောထား၊ ယုံ ကြည်မှုရလာပြီးဆိုရင် ဘယ်တိုက်ပွဲကိုမဆို တိုက်နိုင်ပြီးဖြစ်တယ်၊ ငရဲပြည်သွားလဲ လိုက်ကြမှာပဲ”
တနေ့ မိမိ ဝေါ်လေ သို့ပြန်လာစဉ် ထိုင်းသစ်ကုန်သည် မိမိထံရောက်လာသည်။ ငွေတသိန်းလာပေးသည်၊ မိမိငွေမလိုကြောင်း၊ မိမိတို့ စစ်ဝတ်စုံ၊ စစ်ဦးထုတ် စစ်ဖိနပ်၊ စစ်ချပ်ဝတ်တန်ဆာ Equipment စကားပြောစက်လိုကြောင်းပြောပြီး ၎င်းငွေတသိန်း ပြန်ပေးလိုက် သည်။ မိမိတို့တပ်ဖွဲ့သည် အမှန်တကယ်အစားဆင်းရဲ၊ အဝတ်ဆင်းရဲပါသည်။ ဝေါ်လေရှိ ဗိုလ်မာရှယ်ထံမှ ဆံနှင့် ငါးပိခါးသာရပါ သည်။ ဆီမတွေ့၊ ငရုတ်သီးမပါ၊ အသားမရှိ၊ သို့သော် ထိုအခက်အခဲကို မိမိတို့ဖြတ်ကျော်နိုင်ပါသည်။ စားနိုင်တာ အကုန်စိုက်သည်၊ စားတတ်တာ အကုန်မွေးသည်။
“တော်လှန်ရေးသမားတွေဟာ ဆင်းရဲတဲ့ဒဏ် ခံနိုင်တယ်၊ ချမ်းသာတဲ့ဒဏ် မခံနိုင်ဘူး” တဲ့။ အထက်မှာရေးခဲ့သလို၊ ဟင်းဘိုးရှာရန် စ ခန်းနားရှိ ကျွန်းပင် ၅ဝ ခန့်ရောင်းရန် ညွန်ကြားခဲ့သည်။ သို့သော် ကျွန်းပင် ၅ဝ မက ၅ဝဝ ကျော်သွားသည်။ ခရိုင်သစ်တောဌာနနှင့် မိမိတို့တပ်ဖွဲ့ ပြသနာတက်တော့သည်။ မိမိတို့ဌာနချုပ်မှ ဗိုလ်ကြီးတီးတူ လာရောက်ဖြေရှင်းသည်၊ စာရင်းနှင့်၊ ဇယားနှင့် တင်ပြနိုင်သ ဖြင့် ပြဿနာပြေလည်သွားသည်။
တနေ့ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ည၊ ဗိုလ်မှူးမူတူးမှ တပ်မှူးများအားခေါ်တွေ့သည်။ “ဒီညတော့ ဒီကောင်တွေမရ၊ ရအောင် တက်မယ်ဗျ၊ ဘာလိုလဲ” တဲ့။ မိမိမှ
“တပ်စုတစု အရေးပေါ် ထုတ်သုံးနိုင်ဖို့ အရံအဖြစ်ထားဖို့ လိုတယ်” “ဘယ်တော့ပေးရမလဲ”
“ဒီ ညပဲအရောက်လိုချင်တယ်”
မိမိတို့ သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးသို့ပြန်သွားကြပြီး လိုအပ်ချက်များ၊ ပြင်ဆင်စရာများကိုပြင်ကြသည်။
ညသန်းခေါင်ရောက်သည်နှင့် လက်နက်ကြီးမျိုးစုံပစ်လာသည်၊ ထိပ်တိုက်မှ ပစ်တက်တက်လာသည်၊ သေနတ်သံများ ကမ္ဘာပျက်ခ မှန်း ဆူညံလို့နေသည်။ လက်နက်ကြီး၊ ငယ်မျိုးစုံ အပြန်အလှန်ပစ်ခတ်နေသည်။ သုံးကြိမ်တိုင် ကျားတက်ထိုးသည်၊ ပြန်လန်သွား သည်၊ နောက်တကြိမ် နံနက် ၄ နာရီ ပြန်တိုက်ပြန်သည်၊ လက်နက်ကြီးမျိုးစုံ အတောမသတ်ပစ်သည်၊ ၃ စက္ကန့် တလုံးပစ်ထည့်နေ သည်။ ဖလူးစခန်းတခုလုံး ပြိုကျသွားမလောက် တုန်ခါနေသည်။ ၆ နာရီထိုးတော့ အပစ်ရပ်သွားသည်။ ပြန်ဆုတ်သွားသည်။ မိမိ ဘက်ထိခိုက်မှုမရှိ။
ရန်သူတွေ အမှောင်ထုကို အကာအကွယ်ယူပြီး ကြိုးစားတက်သည်၊ မရ။ မိုးလင်းလာပြီးဖြစ်တယ်၊ နှစ်ကြိမ်ကြိုးစားတက်ပြီး ဖြစ်သည်။ မရ၊ ရေးချိုး၊ မျက်နှာသစ်ရန်၊ ရေချိုးမည့်နေရာသို့ဆင်လာသည်။ ရဲဘော်ထဲနစင် ကတုတ်တွင်းထိုင်၍ ညကအခြေအနေကို ကြားဖြတ် သတင်းမေးကြည့်သည်၊ တပ်ခွဲ နှစ်ခွဲလောက်ပြုတ်သွားသည်။ မရ၊ ရအောင်တက်ရန် နောက်ပိုင်းက ညွန်ကြားနေသည်။ ရှေ့တန်းမှ ဗျူဟာမှူးများ အဆဲခံနေရသည်။ မိမိရှိသော ကတုတ်သို့ ဗိုလ်မှူးရွှေမောင်း ရောက်လာသည်။ ၎င်းနှင့်အတူ ထိုင်းဘရန်ဒီ Regency အပြားလေး တပြားပါလာသည်။ “ဟန်ကျတာဘဲ၊ အိပ်ပျက်တာနဲ့အတော်ဘဲ၊ တယောက်နည်းနည်း ငှဲ့သောက်ကြသည်။ ရဲဘော်ထဲ န စင်မှ မြေပဲလှော်တထုတ်ပေးသည်။
“ဒီကောင်တွေ သူတို့အထက်က မရ ရအောင်တက်ခိုင်းနေတယ်၊ နှစ်ခါတက်ပြီးပြီ၊ တပ်ခွဲနှစ်ခွဲလောက်ပြုတ်သွားပြီး၊ ထပ်တက်အုံး မယ် ထင်တယ်” ဟု မိမိပြောပြီး၊ ဗိုလ်မှူးရွှေမောင်း မှ
“တက်လည်းတက်ပေါ့ဗျာ၊ နေ့ခင်းကြောင်တောင်ကြီးဆိုတော့ ပစ်လို့ကောင်း တာပေါ့” ဟု ပြောနေစဉ် လက်နက်ကြီးသံများဆူညံလာသည်၊ အဆက်မပြတ်တော့၊ လက်နက်ငယ်များပါ ပါလာသည်။
“တက်ပြီးထင် တယ်” ဟု
ပြောပြောဆိုဆို ထိပ်တိုက်ရှိ မိမိတို့ နေရာများသို့ အသီးသီးပြန်တက်လာကြသည်။
မိမိလည်း မိမိ Body Guard ရဲဘော် ဘာဂျာမွတ်အားခေါ်၍ ထိပ်တိုက်သို့ပြန်တက်လာသည်။ ဖလူး ဘုရားကျောင်းနားရှိ လမ်းမှ ပြန် တက်လာသည်။ လက်နက်ကြီးများ တရစပ်ပစ်နေသည်။ ကျည်ကွယ်မရှိ၊ ဒီအတိုင်း မိမိနေရာသို့ပြန်တက်လာသည်။ “အုန်း၊ ဒိုင်း၊ ဂျိမ်း၊ ဂွမ်း”
လက်နက်ကြီးကျည်များ ကျပေါက်ကွဲနေသည်။ ဖလူးဘုရားရှစ်ခိုးကျောင်းနားအရောက် လက်နက်ကြီးကျည်တလုံး ကျကွဲသည်။ ရဲ ဘော်ဘာဂျာမွတ် ရင်ဘတ်ကို ကျည်နှစ်ခြမ်း ထိမှန်သွားသည်။ မှောက်နေသည်၊ နောက်ကြောနှစ်နေရာမှ သွေးနီများပန်းထွက်နေ သည်။ အသက်လုရှူပြီး …
“အပါး၊ ကျနော့်ကို မဲဆောက်ဗလီ ပို့ပါ” တဲ့။
နောက်ဆုံး ချစ်ရဲဘော် ပြောခဲ့သည့် အမှာစကားဖြစ် သည်။ နောက်အသက်မရှိတော့၊ ရဲဘော်ဘာဂျာမွတ် အလာအရှင်မြတ်ရင်ခွင်မှာ စံမြန်းရပါစေ မိမိညာဘက် တတောင်ဆစ်နား မော်တာတခြမ်းထိသည်၊ ဘာမှ မဖြစ်။
မှတ်ချက်…
မိမိကိုယ် မိမိ ကျည်ပီးသည်ဟု ထင်နေသည်။ မိမိစစ်အကျီ ဘယ်ဘက်အိတ်တွင် သမ္မာကျမ်းစာပါသည်။ ညာဘက်အိတ်တွင် ခင်မင် ရတဲ့ဆရာသမား၊ မိတ်ဆွေများပေးထားသော ပီးဆေးများ တထုပ်ကြီးရှိသည်။ မိမိကိုလေးစားချစ်ခင်သော ဘိုကလေး ဆရာတော်မှ ကြောပြင်တခုလုံး ပီးဆေးများထိုးထားပေးသည်။ တကြိမ်၌ မိမိတို့တပ်ဖွဲ့ ရန်သူ့စစ်ရေယဉ်ကိုတိုက်ရန် ကျုံဒိုးဘက်ဆင်းသွားသည်၊ အ လုပ်မဖြစ်၊ ပြန်တက်အလာ၊ ကော့ကျိုက်အရောက် ရန်သူ ကချင် ၂ နှင့် ထိတွေ့မှုဖြစ်သည်၊ ရန်သူမှ စပစ်သည်၊ မိမိတို့ ကွင်းပြောင် ကိုဖြတ်နေကြသည်။ မိမိအနီး၌ ၂ လက်မစိန်ပြောင်းကျရောက် ပေါက်ကွဲသည်။ မိမိစကားပြောစက်တိုင်ထိမှန်သဖြင့် ကောက်သွား သည်။ မိမိကိုမထိ၊ မိမိရဲဘော် တဦးတယောက်မှ မထိ၊ မိမိကိုယ်ကို မိမိ ကျည်ပီးကြောင်းထင်နေသည်။ ပီးဆေးကြောင့်လော။ ဘုရား ကြောင့်လော။ ဘုရားကိုမေ့လာသည်။
ဆက်သွယ်ရေးမြောင်းနားရှိ ကတုတ်တွင်းမှ ရဲဘော်များအား ရဲဘော်ဘာဂျာမွတ်အား ဆေးရုံသို့ ယူသွားရန် ညွန်ကြားခဲ့ပြီး၊ ရဲဘော် ဘာဂျာမွတ် ကိုင်ဆောင်သော M-79 အား ယူဆောင်၍ မိမိကတုတ်သို့လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသည့်ကြားမှ အ ရောက်ချီတက်ခဲ့သည်။ မိမိ ကတုတ်ကျင်းရောက်လျှင် ကတုတ်တခုလုံး ကျွန်းကိုင်းကျွန်းခက်တို့ ဖုန်းအုပ်ထားသလိုဖြစ်နေသည်။ M-79 ကျည်တွဲကို ခက်ခက်ခဲခဲထုတ်ယူခဲ့ပြီး ထိပ်တိုက်သို့တက်သွားသည်။ “ရန်သူခြံစည်းရိုးရှေ့ရောက်မှ စပစ်ရန်” လိုက်ညွန်ကြားသည်။ မိမိတို့တပ်ဖွဲ့နား ကျောင်းသားတပ်မတော်မှ တပ်ဖွဲ့တဖွဲ့ရှိနေသည်။ ဆက်သွယ်ရေးမြောင်းပေါ်မှ မိမိအသွား၊ ထိပ်တိုက်နားအရောက်၊ သောင်ရင်းမြစ်နား၊ ခြံစည်းရိုးဒေါင့်တွင် စက်လတ်ပစ်နေသောရန်သူကိုတွေ့သည်။ အတွဲလိုက်ပစ်နေသည်။ မိမိနှင့် ကိုက် ၄ဝဝ ခန့်ရှိ မည်ဟု ထင်သည်။
ထိုရန်သူအားခြေမှုန်းရန် လိုအပ်နေသောကြောင့် မိမိကိုင်ဆောင်ထားသော M-79 အား ဗုံးသီးတလုံးထည့်သွင်းပစ်ထည့်လိုက်သည်။ မရောက်၊ နောက်ထပ်တလုံးပစ်သည်၊ ကျော်သွားသည်။ နောက်တလုံးထည့်ရန်လုပ်စဉ်၊ မိမိဘယ်ဘက်လက်၊ နောက်ပြန် သွားသလိုခံ စားမိသည်။ ရန်သူ့လက်နက်ကြီးကျည်စ M-79 ကိုမှန်သွားသည်၊ လွတ်ကျသွားသည်။ မိမိဘယ်ဘက် ပုခုန်းနား သွေးနီများပန်းထွက် လာသည်၊ မိမိအောက်ပိုင်းကို စမ်းကြည့်သည်၊ ဘာမှမဖြစ်။ မိမိလည်စီးအားဖြုတ်၍ နောက်လန်သွားသောလက်ကို သိုင်းချီလိုက် သည်။
ဆက်သွယ်ရေးမြောင်းအတိုင်းပြန်လာသည်၊ ရဲဘော်များအား၊ ခြံစည်းရိုးကြားရောက်မှ ပစ်ရန်၊ ချိန်ပစ်ရန်၊ ထိအောင်ပစ်ရန် ညွန်ကြားခဲ့သည်။ ရဲဘော်ဝါးဂေးမှ …
“ဖူးကီးဒို တာညာဂိုထော်လီး”
စကားဝှက်ဖြင့်ပြောသော ကရင်စကား၊ အဓိပါယ်မှာ …
“ဖူးကီးဒို ဒဏ် ရာရသွားပြီး”
ထိုနောက် မနေ့ည အစည်းအဝေးမှ မိမိမှာထားသော တပ်စုတစုအား … “အခုချက်ချင်းပို့ရန်” မှာလိုက်သည်။
ဗဟိုဌာနချုပ် လက်နက်ပြင်ဌာန ဗိုလ်မြကြိုင်တို့ ကတုတ်ရောက်မှ သွေးတိတ်ရန် ဆေးတလုံးထိုးပေးသည်။ ကတုတ်မှအထွက် မိမိမှာ ထားသော တပ်စုတစုရောက်လာသည်၊ ထိုတပ်စုအား တပ်စုမှူးစောလဲပွဲ ယခု DKBA တပ်မဟာမှူး နှုတ်ခမ်းမွေး ဦးစီးသည်။
“ဟေ့ ရှေ့မှာ ကတုတ်နှစ်လုံးပြိုသွားပြီး၊ မြန်မြန်တက်၊ ဆက်သွယ်ရေးမြောင်းအတိုင်းသွား၊ ရှေ့မှာ ဒို့ရဲဘော်တွေရှိတယ်၊ စိတ်ချမယ် ဟေ့” ဟု
ပြောလိုက်သည်။ မိမိစစ်အင်္ကျီ ရင်ဘတ်တခုလုံး သွေးနီတွေပေကြန်နေသည်ကို ဗိုလ်နှုတ်ခမ်းမွေး မြင်သွားမည်ထင်သည်။
သွေးထွက်မရပ်။ ထို့ကြောင့် ဆေးရုံသွားရန် အကြံပြုလာသဖြင့် ဆေးရုံသို့သွားသည်။ ဖလူးစခန်းတွင်းရှိ ဆေးရုံဖြစ်သည်။ ရဲဘော်ဗိုလ် ထဲနစင် ကတုတ်ရောက်လျှင် စိန်ပြောင်းနှစ်လက်ဘယ်သူမှမပစ်သဖြင့် ရဲဘော်ထဲနစင်ကိုခေါ်ပြီး မိမိအား ၈၁ မမစိန်ပြောင်း Pin ဖြုတ် ပေးရန်ပြောပြီး ညာဘက်လက်တဘက်ထည်းနှင့် တလုံးပြီး တလုံးထည့်ပစ်နေသည်။ ဘယ်ဘက်လက်ကတော့ သုံးမရတော့။ စိန် ပြောင်းအား ဘယ်ညာ၊ အနှိမ့်၊ အမြင် ရွေ့ပြီးဝှေ့၊ ဝိုက်ပစ်ထည့်လိုက်သည်။ တဂျိမ်းဂျိမ်း နှင့်ပေါက်ကွဲနေသည်။ သွေးနှင့် ပြည့်နေသော မိမိအင်္ကျီချွတ်လိုက်သည်။ တကိုယ်လုံး သွေးများဖြင့် စွေးစွေးနီလျှက်။ ၈၁ မမ စိန်ပြောင်းသီး ၇ဝ ကျော် ပစ်ထည့်အပြီး ကျည်ကုန် ပြီးဖြစ်ကြောင်း ရဲဘော်ထဲနစင်မှ ပြောလာသဖြင့် မိမိလည်း ၎င်းကတုတ်တွင်းသွားရောက်အနားယူစဉ် သွေးထွက်များလို့ ထင်သည်၊ အိပ်ပျော်သွားသလိုဖြစ်ပြီး ဘာတခုမှ သတိမရတော့ပါ။
နောက်နေ့ သတိပြန်ရလို့ ညည်းညူသံတွေကြားနေရသည်၊ မျက်စေ့ဖွင့်ကြည့်တော့ ဝေါ်လေဆေးရုံသို့ မိမိပြန်ရောက်လို့နေသည်။ ဘယ်ဘက် လက်တခုလုံး လှုပ်မရတော့။ တိုက်ပွဲတပွဲတော့ ပြီးသွားပြန်ပြီး၊ နောက်ဘယ်နှစ်ပွဲ ဆက်တိုက်ကြရဦးမည် မသိ။ ပြည်တွင်း စစ်ရှိနေသမျှ စစ်ဆက်တိုက်နေကြရဦးမည်၊ လူတွေ သေကြေနေကြဦးမည်၊ နှစ်ဘက် စစ်သည်တော်တွေ ဆုံးရှုံး ကျဆုံးနေဦးမည်။ မု ဆိုးမ၊ ဖတဆိုးတွေ ရှိလာကြဦးမည်။ တိုင်းပြည်တဝှမ်းပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပါပြီ။ နောက်ထပ် ဆယ်စုနှစ် ဘယ်နှစ်ခုလောက် ဆက်ဖြစ်နေဦးမှာလဲဗျာ။
War destroy not only the vanquish but also the victor
မှတ်ချက်…
မိမိသေနတ်ထိမှန်ပြီးနောက်ပိုင်း သမ္မာကျမ်းစာအုပ်မှတပါး အခြားဘာပီးဆေးမှမရှိတော့။ မိဘနှစ်ပါးပေးထားသော ဓမ္မအမွေဖြစ်သည့် ဆာလံ၂၃၊ ၂၇၊ ၉၁ တို့ကိုသာ ကိုင်စွဲသည်။ မိမိသေနတ်ထိသောနေ့သည်၊ ဇွန်လ ၂၇ ရက်နေ့၊ ၁၉၈၉ ခုနှစ် ဖြစ်သည်။
ထိုနေ့ ဖလူးတိုက်ပွဲ၌ ရန်သူ အကျအဆုံးများစွာဖြင့် ပြန်ဆုတ်သွားသည်။ မိမိတို့ရဲဘော်များလည်း ဖလူးစခန်းကို ထိန်းသိမ်းထားနိုင် သည်။ အောင်ပွဲသည် တိုက်ရဲသူများအတွက်ဖြစ်သည်။ မိမိတို့တပ်ဖွဲ့ ဝမ်းခါသစ်နှင့် ဖလူးတိုက်ပွဲများ၌ ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရ စုစု ပေါင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ရဲဘော်ဘာဂျာမွတ် ကျဆုံး၊ ၊ ရဲဘော် အောင်ကျော်မြင့်၊ ဒဏ်ရာရ၊ မိမိ၊ ဗိုလ်ကြီးတင့်လွင်၊ ဒုအရာခံဗိုလ်ကျော်မိုးနိုင်၊ ဝင်းနေထူး၊ လဘို၊ ငမဲ (ကျော်ဆန်း)၊ ထီခန့်၊ ဗိုလ်ထူးထူး၊ အောင်ကြည်၊ ကော်ဒို၊ သူးသူး၊ စောငယ်၊ မိမိတို့ တပ်ဖွဲ့ ဘိတ်၊ ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ၊ ကရာသူရိ၊ လေညာ ၊ ဘုတ်ပြင်းသို့ ခရီးရှည်ချီတက်ကြရတော့မည်ဖြစ်သဖြင့် မိမိတပ်ဌာနချုပ်၊ ဝေါ်လေ အောက်စခန်းသို့ ပြန်လည် စုဝေးရန်ပြန်လည်ရောက်ရှိကုန်ပြီးဖြစ်သည်။ ရဲဘော်သစ်နှင့် ၁ဝ၁ မှ ရဲဘော်များ ဖြစ်သည့် ဗိုလ်စိုင်းမွန်၊ ဗိုလ်သောထူး ကျဆုံး၊ ဗိုလ် အယ်ခလေး၊ ဗိုလ်နောင်နောင်၊ ဖိုးသာထူး ကျဆုံး စသည့်ရဲဘော်များဖြင့် အင်အားဖြည့်တင်းလာသည်။
ဝေါ်လေ အောက်စခန်း နှင့်တပ်မဟာ (၆) ကိုခွဲခွာပြီး နေရာသစ်ကို ထိုးဖေါက်ရတော့မည်၊ ဘာအခက်အခဲတွေရင်ဆိုင်ရဦး မည်မသိ၊ တော်လှန်ရေး မအောင်မချင်း၊ ကရင်ပြည်မရမချင်း၊ ကရင်တွေမလွတ်လပ်မချင်း ဘယ်အခက်အခဲ ဘယ်အကြပ်အတဲကို မဆိုကျော် လွှားဖို့ အသင့်၊ ရင်ဆိုင်ဖို့အသင့်၊ အားလုံးအသင့်ရှိနေပါသည်။
ကျဆုံးလေပြီးသော ရဲဘော်အပေါင်း ကောင်းရာသုဂတိဘုံ၌ စံမြန်းကြပါစေ
မန်းရောဘတ် ဘဇ

No comments:

Post a Comment

mr.kyaingtun@gmail.com