Wednesday, October 24, 2012

ထောင်ကျနေသလိုပဲ..အမေရိကန်ရေ့ by Kyaing Tun

အလုပ်မှာထိခိုက်ဒါဏ်ရာရပြီးနားနေလိုက်တာခုချိန်ထိဆို(၇)လရှိပြီး၊ဆေးလက်မှတ်နဲ့ တရားဝင်နားခွင့် တနှစ်
(၁၂)လတိတိရပါတယ်၊နောက်အလုပ်ရှာရတော့ မယ်၊အလုပ်ရှာဖွေပေးကြတဲ့ အေဂျင်စီကိုသွားပြီးအလုပ်
လျှောက်ထားလိုက်ပါတယ်၊အလုပ်တွေအများကြီးကိုလျှောက်ထားတယ်၊အွန်လိုင်းကရော၊စုံလို့ ပါပဲ၊ကျနော်အ
တွက်တော့ သိပ်အခက်အခဲမရှိပေမဲ့ ၊အရင်တုန်းကနဲ့ မတူတော့ တဲ့ အေဂျင်စီအာလုံးရဲ့ စည်းကမ်းတွေပြောင်း
သွားတာကိုသတိထားလိုက်မိတယ်၊ဒီလိုစည်းကမ်းတွေပြောင်းသွားတာကျနော်တို့ မိသားစု(ဒုက္ခသည်မိသားစု)
အရေးစိုးရိမ်ပူပန်နေမိတော့ တယ်၊လက်ရှိအမေရိကန်မှာရောက်နေတဲ့ အလုပ်ရှာမရသေးတဲ့ သူတွေအများကြီး
တွေ့ နေရတယ်၊အလုပ်ရပြန်တော့ လည်းမမြဲကြဘူး၊

 တနေ့ မှာ-

ကျနော်နဲ့ အတူအလုပ်သွားရှာတဲ့ ဒုက္ခသည်တဦး၊အေဂျင်စီတခုမှာဆုံတယ်၊အလုပ်လျှောက်လွှာကိုအင်္ဂလိပ်
လိုတတ်တဲ့ သူအကူအညီနဲ့ ဖြည့် လိုက်တယ်၊ဒီအဆင့် ထိသူ့ အတွက်အဆင်ပြေတယ်၊အင်တာဗျူးတဲ့ အခါ
မှာတော့ သူ့ အရည်အချင်းနဲ့ အလုပ်မရနိုင်တော့ ၊အရင်ကဒီလောက်မခက်ခဲ၊အင်္ဂလိပ်လိုနည်းနည်းပြောတတ်
ရုံနဲ့ အလုပ်ရတယ်၊အခုတော့ မရတော့ ၊အင်တာဗျူးအခန်းမှာ၊အင်္ဂလိပ်လိုအပြော/အရေး/အဖတ်၊စည်းကမ်း
နဲ့ ညီမှအလုပ်ရတော့ မယ်၊ဆိုတော့ .ကျနော်ဘာပြောချင်လည်းဆိုရင်၊ဒုက္ခသည်စခန်းမှ၊အမေရိကန်လာမဲ့ 
သူတွေအင်္ဂလိပ်စာမတတ်သူတွေ၊ဒုက္ခသည်ကိုစာသင်ပေးပြီးမှအလုပ်ခိုင်းမဲ့ နိုင်ငံတွေကိုရွှေးကြပါ၊ဥပမာ-နော်
ဝေးနိုင်ငံလိုပေါ့ ၊ကျနော်ဆီမှာတွေ့ ရတဲ့ ဘဝမောနေတဲ့ သူတွေကိုကြည့် ပြီးနောက်လာမဲ့ သူတွေသူ့ လိုမဖြစ်
 ပါစေနဲ့ ဆိုတဲ့ စိတ်နဲ့ ပါ၊မြန်မာတွေအချင်းချင်းကူညီပေးလျှက်နဲ့ သူ့ တို့ အတွက်နေ့ စဉ်အသစ်ထပ်ထပ်ရောက် လာတဲ့ အခက်အခဲများစွာတွေနဲ့ မို့ လို့ ပါ၊
ဒီအလုပ်လျှေက်လွှာလေးကကျနော်လျှောက်ထားတဲ့ အလုပ်များစွာထဲကတခုပါ၊ဒီလျှောက်လွှာကိုအေဂျင့် စီ
မှာဘယ်သူ့ အကူအညီမှမယူရပဲ၊ဖြည့် ရပါလိမ့် မယ်၊မဖြည့် တတ်ဘူးဆိုရင်တော့ ၊သွားပြီး၊ကျနော်ပြောချင်
တာကဒါပါပဲ၊



ဒီလျှောက်လွာဖြည့် တတ်အောင်၊စာသင်မယ်၊ဘယ်နှစ်နှစ်မှတတ်မလဲ၊ဖြည့် တတ်ပြီးထား၊အင်တာဗျူးမှာ
ကိုယ်ရေးရာဇဝင်အကျဉ်းပြောပြပါဆိုတဲ့ အဆင့် ကိုကျော်ရမှနော်၊ခက်တော့ နေပါပြီး၊ဒီလိုခက်ခက်ဖြစ်သွား
ရတဲ့ ပြဿနာကဒီလိုဗျ၊ကျနော်တို့ မြန်မာတွေကိုအလုပ်ရှင်တွေကအရမ်းကြိုက်ကြတယ်၊စာမတတ်ပေမဲ့ ၊
လက်နဲ့ အင့် ..အင့် ..အ..အ..လက်ဟန်ခြေဟန်ပြရင်နားလည်တယ်၊အလုပ်ခိုင်းလို့ အရမ်းကောင်းတာပေါ့ 
ဗျာ၊ဒါပေမဲ့ အလုပ်မှာအခြားအလုပ်သမားများနဲ့ (နိုင်ငံခြားသားများ)၊ပြဿနာစဖြစ်ရာက၊တိုင်းကြားခြင်းခံရ
လို့ ၊နောက်ပိုင်းအင်္ဂလိပ်စာ၊အပြောတင်မကတော့ ပဲ၊ရေး/ဖတ်တတ်မှ၊ အမေရိကန်ကျောင်း၊ဟိုက်စကူး
အောင်ပြီးမှ၊တနည်း-ဟိုက်စကူးနဲ့ ညီမျှသောပညာရေးအဆင့် ရှိမှ၊ ဆိုတာမျိုးတွေဖြစ်လာတယ်၊ဒီတော့ 
ကာ..။
ဒုက္ခသည်စခန်းမှအမေရိကန်ကိုကျနော်တို့ လာစဉ်က၊ဒုက္ခသည်သင်တန်းတွေမှာသင်တန်းပေးသူတွေက
အင်္ဂလိပ်စကားပြောတတ်ဖို့ မလိုဘူး၊အမေရိကန်မှာကျောင်းတက်၊စာသင်ပေးတယ်၊အလုပ်ကြိုးစားဖို့ ပဲလို
တယ်ပေါ့ ၊ကျနော်အမေရိကန်ရောက်ပြီးခါစမှာတော့ ၊ဖြစ်ပျက်တာတွေနဲ့ ပြောတာကတခြားစီဖြစ်နေတယ်၊
ထောက်ပံ့ ပေးမှုတွေမှာလည်း၊(၆)လတိတိထောက်ပံ့ ရမဲ့ မှုရှိနေပေမဲ့ လည်း(၄)လလောက်တင်ထောက်ပံ့ 
ပေးပြီး၊ခင်ဗျားတို့ အလုပ်ရှာတော့ ၊ဆက်ပြီးမထောက်ပံ့ ပေးတော့ ဘူး၊ကတမျိုး၊ကျနော်တို့ အလုပ်ရှာပေး
ပါတယ်၊ခင်ဗျားကအင်္ဂလိပ်စာမတတ်တော့ ၊ကျနော်တို့ လုပ်မတတ်ဘူး၊ဆိုတော့ ကိုယ့် ဘာသာကိုယ့် အ
လုပ်ရှာကြတော့ ၊ဆိုတာမျိုးကတဖုံ၊ကျနော်တို့ မှာငိုရမလို..ရီရမလိုမျက်နှာနဲ့ ၊စိုင်းထီးဆိုင်သီချင်းကလို၊
သစ်ငုတ်တို..ရွှေချလို့ လှမလာတော့ ..၊မင်းကလေးသာ..ချစားလို့ အသားလေးတွေ..ပွန်းကုန်မဲ့ အရေး
ဖြစ်တယ်..ပျံပါရွှေင်္ဟသာရယ်..ပျံပါရွှေင်္ဟသာ..၊လို့ ဖြစ်ခဲ့ တုန်းကပေါ့ ။
ဒီတော့ ကာ၊အမေရိကန်ရွှေးကောက်ပွဲ၊အိုးဘားမားနိုင်ပါစေလို့ ဆုတောင်းကြပေတော့ ၊အမေရိကန်ရောက်
ဒုက္ခသည်တို့ ၊လက်ရှိမှာတော့ အမေရိကန်ထောင်ထဲမှာအေးချမ်းစွာနေလိုက်အုံး၊ထောင်ကျနေသလိုပါပဲ၊
မနက်ကျရင်ကျောင်းသွား၊ကျောင်းပြီးရင်အိမ်ပြန်၊ဘာမှမသိ၊ဘယ်နေရာမှသွားလို့ မတတ်၊လောက်ဌရုံလေး
လောက်သာရတဲ့ ထောက်ပံ့ ကြေးကိုစား၊အခုမှကျောင်းပြေးလို့ မရဲ၊ဟိုတုန်းကကျောင်းဆိုမုန်း၊စာမသင်ချင်
(ကျောင်းမတက်ရင်ထောက်ပံ့ ကြေးမရပါ၊ထောက်ပံ့ ကြေးဆိုသည်မှာငွေ-၂၀၀နှင့် ညီမျှသောစားစရိတ်)
ဒုက္ခသည်ဘဝကိုနားမလည်၊စာနာမှုကင်းမဲ့ သော၊မြန်မာ(ပညာတတ်တချို့ )ဘာလို့ ဒုက္ခသည်တွေ
ကိုလိုက်ကူညီပေးနေကြလဲ၊မကူညီပေးကြနဲ့ ၊စာမသင်ပေးကြနဲ့ ၊လူပျင်းတွေ၊ပျင်းလို့ ဒုက္ခသည်အဖြစ်ခံယူ
ကြတာ၊အမေရိကန်ဆိုတာကနတ်ပြည်၊နတ်ပြည်ဆိုတာလူပျင်းတွေအတွက်မဟုတ်ဘူး၊ အမေရိကန်မှာ မပျော်ဘူးဆိုရင်၊ကိုယ့် တိုင်ပြည်ကိုယ့် ပြန်နေမလား၊ ထိုသို့ ပြောဆိုသူများ၊ရှိသေးသည်မှာအံ့ သြ၍မကုန်
နိုင်တော့ ။

ကျနော်အလုပ်ကုမဏီတွင်အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတချို့ ၊အင်္ဂလိပ်လိုမတတ်ကြဘူး၊အနိုင် ကျင့် ခိုင်းခံရတယ်၊မတရားအလုပ်ခိုင်းခံရတယ်ပြန်မပြောတတ်ကြဘူး၊ပြန်မပြောရဲကြဘူး၊ကျနော်သိတဲ့  မြန်မာအလုပ်သမားတဦးဆိုရင်၊တနေ့ မှာ.အလုပ်မနိုင်နေတာ့ လို့ အသံကုန်အော်ဟစ်အကူအညီတောင်း
နေတာကိုတွေ့ ဘူးတယ်၊စက်နှင့် အပြိုင်လုပ်ရအလုပ်ဖြစ်သဖြင့် လူမနိုင်လျှင်ပြဿနာတက်တော့ တာပဲ၊ ကျနော်လည်းမခံချင်တာနဲ့ ..သူပြဿနာကို..စူပါဗိုက်ဆာကိုပြောပေးတယ်၊
ကျနော်။     ။ဒီနေရာမှာ.အရင်ကလူနှစ် ထားပေးတယ်၊အခုသူတယောက်ထဲဆိုတော့ ဘယ်နိုင်မလဲ၊နောက်
တယောက်ထည့် ပေးသင့် တာပေါ့ ၊
စူပါဗိုက်ဆာ။   ။ဘယ်သူထည့် ပေးရမလဲ၊လောလောဆယ်လူမရှိသေးဘူး၊မန်နေဂျာကိုပြောထားတယ်၊လူရ
ရင်ထပ်ထည့် ပေးမှာပေါ့ ၊
ကျနော်။     ။လောလောဆယ်ကိုပြောနေတာ၊လူမရှိရင်ခင်ဗျားဝင်လုပ်လေ၊

ကျနော်ကအလုပ်ပြုတ်မှာမကြောက်၊အလုပ်ပြောင်းလုပ်သည်မှာခုအလုပ်နဲ့ ဆို(၃)ကြိမ်မြှောက်အလုပ်၊
 စူပါဗိုက်ဆာက၊ကျနော်ကိုမန်နေဂျာနှင့် သူ့ ကိုပြန်ပြောကြောင်းသွားတိုင်တယ်၊သူ့ အခက်အခဲကိုဝင်ပြော
မိလို့ ကျနော်ကိုမန်နေဂျာ၊ကငြိုငြင်သည်အထိဖြစ်ခဲ့ တယ်၊ဒီလိုအဖြစ်မျိုးတွေကိုဥပမာပေးပြောချင်တာပါ၊

 ထောင်ကျသလိုပဲ........ဘာကိုပြောတာလဲ..။

(၁)-ပြောတာ-နားထောင်             ( နားမထောင်ရင်မြန်မာပြည်ပြန်ပို့ တာခံရမယ်)
(၂)-ပေးတာယူ၊ကြွေးတာစား         ( ကွက်တိပါပဲ                                        )
(၃)-ကျောင်းမှန်မှန်တက်              ( ကျောင်းမတက်ရင်/food stamp ဖြတ်မယ်  )
(၃)-ဝင်ငွေ/သတင်းပို့                   ( လစဉ်                                               )
(၄)-အနာဂတ်                            ( သား/သ္မီးများ၊ပြောစကားနားမထောင်        )

ဒီဆောင်းပါးနဲ့ .ဒုက္ခသည်စခန်းတွေက၊ အမေရိကန်ကိုလာဖို့ အစီအစဉ်ရှိသူတွေကို၊အမေရိကန်အကြောင်း
သိစေလိုခြင်းသာဖြစ်ပါကြောင်း.....။

 မန်းကြိုင်ထွန်း။
10/24/2012။





No comments:

Post a Comment

mr.kyaingtun@gmail.com