Friday, June 19, 2020

ဓာတ်မှန်ရိုက်ကြည့်လျှင် မြင်ရမည့်နိုင်ငံရေးလှည့်ကွက်ကြီးတခု....

ဓာတ်မှန်ရိုက်ကြည့်လျှင် မြင်ရမည့်နိုင်ငံရေးလှည့်ကွက်ကြီးတခု....

၁၉၄၅ဩဂုတ်လ ၃၁ရက်နေ့မှ ၁၉၄၈ ဇန္နဝါရီလ ၄ရက်နေ့အထိဒုဗိုလ်ချုပ်ကြီး ဆာဟူးဘရန့် (Sir Hubert Elvin Rance) က ဗြိတိသျှဘုရင်ခံအဖြစ် မြန်မာကိုအုပ်ချုပ်ခဲ့သည်။

၁၉၄၆ တွင် ဘုရင်ခံဆာဟူးဘရန့်ကဗမာပြည်ကိုလွတ်လပ်ရေးပေးရေးအစီအစဉ်ပြေပြစ်ချောမောရန် ဗြိတိသျှအကျိုးစီးပွားအပေါ်ရန်လိုမှူအနဲဆုံးနှင့် အခြားဗမာနိုင်ငံရေးသမားများလောက်အစွမ်းမရောက်ဟုထင်ရသောဦးအောင်ဆန်းကို ဘုရင်ခံ၏ အုပ်ချုပ်ရေးအမှုဆောင်အဖြစ်ခန့်အပ်သဖြင့် ၄င်းနှင့်အတူ ဖဆပလ အဖွဲ့ဝင်တချို့ အင်္ဂလိပ်ဘုရင်ခံ၏ လစာစားအမှုထမ်းများဖြစ်လာကြသည်။ ဗြိတိသျှကအစွန်းရောက်များဟုသဘောထားသောကွန်မြူ နစ်ပါ တီနှင့်အချားအစွန်းရောက်ပါတီများ၏ အင်္ဂလိပ်အစိုးရဆန့်ကျင်ရေးမြေပေါ်မြေအောက်စည်းရုံးလှုပ်ရှားမှုများနှင့်ဆန္ဒပြပွဲများအား ထိမ်းချုပ်နိုင်ရန်အဓိကရည်ရွယ်ချက်ဖြင့်ဦး အောင်ဆန်းနှင့်ဖဆပလ အဖွဲ့အား ခန့်အပ်ခြင်းဖြစ်သည်။ 

ဦးအောင်ဆန်းကို ခေါင်းဆောင်အဖြစ်တာဝန်ပေးထားသည့်အုပ်ချုပ်ရေးအမှုဆောင်ကော်မီတီ၏လက်တွေ့အနေအထားမှာ ပထမလွတ်လပ်ရေးခေတ် ဒေါက်တာဘမော် အစိုးရ၏အဆင့်ထက် များစွာနိမ့်သည်။ အုပ်ချုပ်ရေးအမှုဆောင်အဖွဲ့က ဘုရင်ခံ၏ညွှန်ကြားချက်များအတိုင်းတာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်အစိုးရဆီတင်သွင်းမည့်ဗမာပြည်လွတ်လပ်ရေးလျှောက်လွှာတွင်မရှိမဖြစ်ထည့်သွင်းဖော်ပြရမည့် ဗမာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အပြီးသပ်ရေးဆွဲကြရန်ဖြစ်သည်။ ကေအဲန်ဒီအိုဖွဲ့စည်းခွင့်ပေးခြင်းမပေးခြင်းသည်လည်း ဘုရင်ခံ၏ အာဏာအောက်တွင်သာရှိသည်။

ထိုကာလတွင်ဗြိတိသျှထီးနန်းနှင့်တော်ဝင်ဆက်ဆံရေးအဆင့်ရှိသောသျှမ်းပြည်ထောင်စု (Federated Shan States)ကို ဗြိတိသျှအစိုးရက  British Protectorate ပြည်နယ်အဖြစ် ပြည်ပရန်မှကာကွယ်စောင့်ရှောက်ထားသည်။ ကရင်နီပြည်နယ်      Princely State of the Karenni State)သည်လည်း သျှမ်းဖက်ဒရယ်ပြည်ထောင်စုတွင်ပါဝင်ခဲ့သည်။ဗြိတိသျှအစိုးရက ယင်းသျှမ်းဖက်ဒရယ်ပြည်ထောင်စု၏ပြည်တွင်းရေးကိစ္စများကိုစွက်ဖက်ခြင်းမရှိပေ။ ထိုသျှမ်းပြည်နယ်ကိုသျှမ်းဘာသာဖြင့် "မိန်းဟောင် တွန့်ဂျူအင်တိုင်း" (Muang Hom Tum Jueng Tai)ဟုခေါ်တွင်ပြီး ၁၉၂၂ ကတည်းက ဗြိသျှအစိုးရအသိအမှတ်ပြုပြည်နယ်လည်းဖြစ်ခဲ့သည်။



၁၉၄၂ ဂျပန်နှင့်ထိုင်းချုပ်ဆိုသော စစ်ရေးမဟာမိတ်စာချုပ်အရ သံလွင်အရှေ့တိုင်းသည် ထိုင်းပိုင်ဖြစ်သွားခဲ့သည်မှတဖန် ၁၉၄၅၌ အင်္ဂလိပ်က ပြန်သိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြန်လည်သိမ်းယူရန် အင်္ဂလိပ်နှင့်အမေရိကန်မဟာမိတ်များက ထိုင်းနိုင်ငံအား ဂျပန်နှင့်အတူစစ်ရှုံးနိုင်ငံအနေအထားမှ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့သည့် ဒီပလိုမက်တစ်ဗြူဟာမြောက်ဆက်ဆံရေးပေါ်လစီကြောင့်ဖြစ်သည်။ ထိုနှစ်ပိုင်းမှစ၍ သျှမ်းဖက်ဒရယ်ပြည်ထောင်စုသည် ဗြိတိသျှ၏ Protectorate ပြည်နယ်ဖြစ်လာရခြင်းဖြစ်ခါ ဗြိတိသျှဗဟိုအစိုးရ၏ စစ်ရေးနှင့်ဘဏ္ဍာရေးအထောက်အကူ ကိုမလိုအပ်တော့သည့် ကိုယ်ပိုင် တပ်မတော်နှင့်စီပွားရေးရပ်တည်မှုများအထိုက်အလျှောက်တည်ဆောက်ပြီးသောအခါဗြတိသျှလွှတ်တော်သို့ လွတ်လပ်ရေးလျှောက်လွှာ တရားဝင်တင်းသွင်းပြီး သီးခြားလွတ်လပ်သောနိုင်ငံဖြစ်လာမည်ဖြစ်သည်။

အထက်ပါအနာဂတ်လမ်းကြောင်းဖြောင့်ဖြူးခိုင်မာလျှက်ရှိသောသျှမ်းဖက်ဒရယ်ပြည်ထောင်စု၏အနေအထားကို ဖဆပလက အထူးစိုးရိမ်သည်။ ထိုအချိန်တွင် အသင့်ဖွဲ့စည်းအုပ်ချုပ်နေသည်မှာ ၂၅နှစ်ပင်ရှိနေပြီဖြစ်သော သျှမ်းဖက်ဒရယ်ပြည်ထောင်စုအဆင့်မှာအချိန်မရွေးသီးခြားလွတ်လပ်ရေးရယူနိုင်သည့်အနေအထားကအထင်အရှားဖြစ်နေသည်။ ထိုသို့လွတ်လပ်ရေးရယူရန် နောက်ဆုံးပြင်ဆင်မှုအဖြစ် သျှမ်းပြည်တွင်ပါဝင်သည့် အုပ်ချုပ်ရေးနယ်မြေအားလုံးမှခေါင်းဆောင်များ စုံညီတွေ့ဆုံဆွေးနွေးပွဲကို ပင်လုံတွင်ကျင်းပရန် သျှမ်းဖက်ဒရယ်ပြည်ထောင်စုအစိုးရက စီစဉ်သည်။ 

အဆိုပါသျှမ်းခေါင်းဆောင်များ၏ တွေ့ဆုံပွဲကိုလမ်းလွှဲနိုင်ရန် ဖဆပလ ကနိုင်ငံရေးကုလားဖန်ထိုးရာတွင် ဗြိတိသျှဘုရင်ခံအမှုဆောင်အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းနှင့်အဖွဲ့ကို အသုံးချသည်။

ထိုမှတဆင့် ဗြိတိသျှဘုရင်ခံ၏ခွင့်ပြုချက်ဖြင့် ပင်လုံသျှမ်းခေါင်းဆောင်များအစည်းအဝေးကို ဖဆပလ ကဝင်ပူးသည်။ ဦးအောင်ဆန်းရော နောက်ပိုင်းတွင် ဦးအောင်ဆန်းကိုလုပ်ကြံသတ်ဖြတ်လိုက်သည့် ဂဋုန်ဦးစောတို့ပါဝင်သည်။ 

ဖဆပလ က သျှမ်းခေါင်းဆောင်များကိုအကြပ်ကိုင်နိုင်ရန် ပဒေသရာဇ်ဆန့်ကျင်ရေးအကြောင်းပြသဘောတရားဖြင့် လက်ဝဲသျှမ်းလူငယ်များက သျှမ်းခေါင်းဆောင်များကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ပင်လုံညီလာခံမဏ္ဍများအထိ ချီတက်အင်အားပြစေသည်။ သူ၏အရေးအသားများအရ ထိုလူငယ်များတွင် လက်ဝဲဝါဒီတဦးဖြစ်သော " တန်းတူသောရှမ်းပြည်"၊"သျှမ်းပြည်ဘယ်လဲ"စာအုပ်များကိုရေးသားသည့် ဦးထွန်းမြင့်(တောင်ကြီး)လဲ ခြေချော်လက်ချော်ပါဝင်ခဲ့ပုံရသည်။ 

ဦးအောင်ဆန်းတို့အဖွဲ့သည် ဘုရင်ခံ၏"ခွင့်ပြုချက်" ကိုဘုရင်ခံ၏ "ညွှန်ကြားချက်" အဖြစ်အဓိပ္ပယ်ထွက်စေသည့်အသုံးအနှုန်းများကို ပြောင်းသုံးခြင်း နှင့်တဘက်တွင် သျှမ်းလူငယ်များကသျှမ်းခေါင်းဆောင်များကိုဆန့်ကျင်သောသပိတ်ပွဲများကို နှစ်ဘက်ညှပ်ဖ်ာထုတ်နိုင်ခြင်းဖြင့် "သျှမ်းတို့၏ "ပင်လုံ တွေ့ဆုံပွဲ"ကို ဩဇာလွမ်းမိုးကာ "ဖဆပလ ၏ပင်လုံညီလာခံ"အဖြစ်အမည်ပြောင်းသိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့်၁၉၂၂ ခုနှစ်ကတည်းက လွတ်လပ်ရေး ၈၀% ရထားခဲ့ပြီးသော သျှမ်းဖက်ဒရယ်ပြည်ထောင်စုသည် လွတ်လပ်ရေးအတွက် သုညရာခိုင်နှုန်းအနေအထားသို့ နောက်ပြန်ဆုတ်သွားကာ လွတ်လပ်ရေးယူရန် လျှောက်လွှာကိုပင်အပြီးသပ်မရေးနိုင်သေးသော ဖဆပလ ကလွတ်လပ်ရေးအာဏာကိုသိမ်းပိုက်နိုင်သည့် လက်တကမ်းအဆင့်အတန်းသို့ချက်ခြင်းတက်လှမ်းလာလေသည်။

ထိုစဉ်က ဦးထွန်းမြင့်၏ စာအုပ်ရေးပြီး ထုတ်ခဲ့သည့် "သျှမ်းပြည်ဘယ်လဲ" ဆိုသည့်အဖြေမှာမူ ယနေ့ကျနုပ်တို့အားလုံးမျက်ဝါးထင်ထင်မြင်နေကြရသည့်အတိုင်းဖြစ်၍ ထည့်သွင်းရေးသားရန်မလိုတော့ဟုယူဆပါကြောင်း....
ပုံ၁။ သျှမ်းဖက်ဒရယ်ပြည်ထောင်စု
ပုံ၂။ ကရင်နီမင်းသားများနိုင်ငံ
ဲပုံ၃။ သျှမ်းဖက်ဒရယ်ပြည်ထောင်စုကိုကာကွယ်သည့် ဗြိတိသျှတပ်မတော်၏ တံဆိပ်
ပုံ၎။၁၉၄၇ ခြေဥ
ပုံ၅။ ဆာဟူးဘရန့်နှင့်သျှမ်းဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ လွတ်လပ်ရေးအစား ဗမာပြည်၏ဟန်ပြ သမတရာထူးကိုရရှိခဲ့သည့် စဝ်ရွှေသိုက် (နေဝင်းခေတ်၌ အင်းစိန်ထောင်အတွင်းအဆိပ်သင့်သေဆုံးရရှာသည်)။ အာဏာကိုသိမ်းပိုက်ထားသူအစစ်အမှန်မှာဦးနု ဖဆပလဖြစ်သည်။
၆။ မြန်မာပြည်လွတ်လပ်ရေးချောမွေ့စေရန်စီစဉ်ခဲ့သည့် ဘုရင်ခံဆာဟူးဘရန့်
၇။ ဦးထွန်းမြင့်(တောင်ကြီး)၏ လွမ်းဆွေးဖွယ် အတွေးစလေးတတခု...








No comments:

Post a Comment

mr.kyaingtun@gmail.com