Friday, June 19, 2020

ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။

ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။

အင်္ဂလိပ်လက်ကနေလွတ်လပ်ရေးရပြီးနောက် အတူနေထိုင်ကြပြီး ၁၀ပြည့်တဲ့အခါ ဒီအတူနေထိုင်မှုကနေမိမိတို့ခံစားရရှိခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ်တည်ပြီး ခွဲထွက်လိုကခွဲထွက်ခွင့်ရှိတယ်ဆိုတာကို ပထမပင်လုံစာချုပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ က အတိအလင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီသဘောတူညီချက်ဟာ ပင်လုံစာချုပ်ရဲ့ တစ်ခုတည်းသော မဟာ့ မဟာ အဓိက အချက်ပါဘဲ။ ဒီအဓိကအချက်ကို မဆလနေ၀င်းအာဏာရှင်အစိုးရက ချီးကုန်းပစ်ခဲ့တယ်။ ဒီအချက်ကိုဆက်လက်ရပ်တည်တဲ့ နိုင်ငံရေးပါတီအားလုံးကို ဖမ်းဆီးချုပ်နှေင် ပိတ်ပင်ပစ်တဲ့အလားတူ တိုင်းရင်းသားအမျိုးသားနိုင်ငံရေးအင်အားစုအားလုံးကိုလဲ  နိုင်ငံရေး စစ်ရေးနည်းအားလုံးနဲ့ခြေမှုန်းသုတ် သင်ခဲ့တယ်။ ရာစုနှစ် ထက်ဝက်ကြာမျိုးချစ် တိုင်းရင်းသားနှိမ်နင်းရေး  ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်ဟာ အာရှမှာသာမက ကဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ချွတ်ခြုံကျသွားခဲ့ရတယ်။ ဆင်းရဲနုံချာမှုဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ၁၉၈၈ မှာ ပြည်သူလူထုထုနဲ့ ကျောင်းသားတွေကတပြည်လုံးဆနပြကြတယ်။ စစ်တပ်က သေနပ်တွေနဲ့ပစ်ယုံသာမက တင့်ကားတွေ အမြောက်တွေ မှိုင်းဗုံးတွေနဲ့ထုတယ်။ ဆနပြကျောင်းသားနဲ့လူထုအများအပြားကို စစ်ကားတွေပေါ်တင်ပိတ်ပြီး ကားကို ဒလကြမ်းမောင်းတဲ့နည်းနဲ့ အသက်ရှုမရ မချိမဆန့်မွန်းကြပ်သေကျေစေခဲ့တယ်။ တချို့ကို မီးလောင်နေတဲ့ အဆောက်အအုံထဲပစ်သွင်းပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားအများအပြားကို အင်ယား၊ ကန်တော်ကြီးထဲ အတင်းကန်ချပြီး ကမ်းပေါ်ပြန်လာသူမှန်သမျှကို လှံစွတ်တွေနဲ့စောင့်ပြီးထိုးသတ်တယ်။


ဒီလောက်ကြီးမားတဲ့ လူမဆန်ရက်စက်မှုတွေကို တွေကို ခင်ဗျားတို့ကျောင်းသုံးစာအုပ်တွေထဲမှာ ကလေးတွေမုန်းတီးအောင်မှိုင်းတိုက်ထားတဲ့ နယ်ချဲ့ဗြိတိသျှတွေတောင်မလုပ်ရက်ခဲ့တာ အားလုံးအသိဘဲ။ နိုင်ငံရေးအပါအ၀င် လူသတ်မှုအများအပြားကျူးလွန်ခဲ့တဲ့ ဆရာစံကို ဥပဒေအရ ကြိုးဒဏ်ပေးခဲ့တဲ့ကိစနဲ့ ဆနပြကျောင်းသားကိုအောင်ကျော်ကို အင်းဒီးယားရဲကနံပတ်တုတ်နဲ့ရိုက်လို့ မတော်တဆ သေသုံးသွားတဲ့ကိစ တွေက ခင်ဗျားတို့ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေဆဲဘဲလေ။ ဆနပြလူထုကလူများစု ဖြစ်ပြီးနံပတ်တုတ်ကိုင်ထားတဲ့ရဲက လူနဲစုဖြစ်တဲ့အနေအထားမှာ ရဲတိုင်းဟာ သူ့အသက်အနရယ်ပြုလာရင် သူ့မှာရှိတဲ့ နွံပါတ်တုတ်နဲ့ကာကွယ်ခွင့်ရှိရမှာဘဲမဟုတ်လား။ အဲဒါက မြန်မာအစိုးရတွေလုပ်သလို တင့်ကားတွေ အမြောက်တွေနဲ့ထု၊ လှံစွတ်နဲ့ထိုးသတ်တဲ့ အမှုထက်ရက်စက်တယ်လို့ ခင်ဗျားတို့ ဘာဦးနှောက်အမျိုးအစားသုံးပြီး ပုံဖေါ်နေကြတုန်းလဲဘဲ။ ကလေးတွေကိုမှိုင်းတိုက်နေကြတုန်းဘဲလဲ။ 
ထားလိုက်တော့…မူရင်းအကြောင်းအရာကိုပြန်သွားရအောင်။ ၁၀နှစ်ပြည့်ရင်ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သမိုင်းဝင် လွတ်လပ်ရေးပိသုကာ စာချုပ်ကြီးကို နေ၀င်းခေတ်မှာချီးကုန်း  ပစ်ပြီးနောက်ပိုင်း မြန်မာ့စစ်အုပ်စုကရေးဆွဲပြီးလူထုကိုမရမက အတင်းသဘောတူခိုင်းတဲ့ ၂၀၀၈ခြေဥကိုချမှတ်ပြီး နေ၀င်းရဲ့ချီးကုန်းမှုကို ဥပဒေအရတရားဝင်ဖြစ်စေခဲ့တယ်။ 
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း(ဖဆပလ) တို့ရဲ့သမိုင်းဝင် သဘောတူညီချက်ကို လုံးဝ တရားမ၀င်တဲ့ကိစဒါမှမဟုတ် လုံးဝဖြစ်ရှိခဲ့ခြင်းမရှိတဲ့ အဖြစ်အပျက်တခုအဖြစ်ဥပဒေအရအပြီး အပိုင်ခြေ ဖျက်လိုက်ကြတယ်။ ဒီ ပင်လုံစာချုပ်ဆန့်ကျင်ရေးခြေဥကို စစ်အုပ်စုရဲ့လက်ရှိခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်က အကျောက် အကန်ရပ်တည်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေကိုရာဇသံပေးချောက်လှန့်ရေးကရိယာအဖြစ် စည်းဝေးပွဲတိုင်း၊ မိန့်ခွန်းတွေတိုင်းမှာဆွဲသုံးနေတယ်။ မြန်မာ့စစ်အုပ်စုဟာ မျက်မှောက်ပင်လုံညီလာခံတွေမှာအနှီ ပင်လုံစာချုပ်ဆန့်ကျင်ခြေဖျက်ရေး မူကိုဘဲခိုင်ခိုင်မာမာကိုင်စွဲပြီး အဲန်အဲယ်ဒီအစိုးရကိုလဲ ဒီကိစအောင်မြင်ရေးအတွက် မန်နေဂျာလုပ်ပေးဖို့ နေရာချထားပေးတယ်။ သုံးနေတယ်။ 
ဆိုလိုတာက ပင်လုံစာချုပ်ကို ၂၀၀၈ ခြေဥချမှတ်ပြီး ဆန့်ကျင်ခြေဖျက် နိုင်လို့ ဥပဒေကြောင်းအရ အောင်မြင်သွားပြီဖြစ်ပေမဲ့ နိုင်ငံရေးအရအောင်မြင်ဖို့က အတော်လေးအလှမ်းဝေးနေသေးတာကိုတွေ့လို့ဖြစ်တယ်။ နိုင်ငံရေးအရပါအောင်မြင်မှုရမှ ဒီပရောဂျက်ကြီးကို အောင်မြင်ပြီးဆုံးသွားပြီလို့ သတ်မှတ်နိုင်မှာလဲဖြစ်တယ်။ ဒီတော့ နေ၀င်းချီးကုန်းပြီး ပစ်ထားတဲ့ တစ်သျှူးစက်ကူ က အိမ်သာထိုင်ခုံပေါ်မှာတစ်လစ်ကြီးဖြစ်နေတာကို ၂၀၀၈ ခြေဥကနေပြီး တုတ်ကလေးနဲ့ကလော်ချလိုက်တော့အတော်လေးနေရာကျလာတဲ့အနေအထားကိုရောက်သွားပြီပေါ့။ ဒါကို ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအာဏာပိုင်ဖြစ်နေတဲ့ အဲန်အဲလ်ဒီအစိုးရက ရေခလုတ်ဆွဲပေးဖို့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက ဂွင်ခတ်ပြီး ဖိအားပေးနေတော့တယ်။ ရေလောင်းအိမ်သာ အ၀မှာတစ်နေတဲ့ တစ်သျှူးစက်ကူဆိုတာက ရေခလုတ်မဆွဲမခြင်း အောက်ကိုဆက်ကျမသွားနိုင်ဘူးမဟုတ်လား။ ဒီခလုတ်ကိုနှိတ်ဖို့က စစ်အုပ်စုမှာ နိုင်ငံရေး သြဇာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်ဒီအစိုးရကဘဲ လုပ်လို့ရမယ့် နိုင်ငံရေးသြဇာတစ်ခုတည်းကိုသာ သုံးနိုင်မဲ့ခလုတ်မို့ပါ။

ဒီတော့ ဒေါ်စုကလည်း မွေမသေတုတ်မကျိုး ပြတ်သားရှင်းလင်းမှုကင်းဝေးတဲ့ လစ်ဘရယ်နည်းနာနဲ့ ဘယ်မှခရီးမပေါက်နိုင်တဲ့ လမ်းကိုဘဲရွေးလျှေက်နေလေတော့တယ်။ စစ်အုပ်စုကချမှတ်တဲ့ ပင်လုံစာချုပ်ပါသဘောတူညီချက်ကိုသုံးခါ ခွဲမထွက်ရ အဆိုကို ဆန့်ကျင်ခြင်း စောဒကတက်ခြင်းမရှိသလို တိုင်းရင်းသားဘက်တင်သွင်းတဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူကိုလဲ လျှာနှစ်ခွနည်းနဲ့အိုကေ သရောင်ရောင်ပြောဆိုနေတော့တယ်။

အမှန်တရားကိုဘေးကန်ထုတ်ထားပြီး (စစ်အုပ်စုနဲ့ ဒီမိုအုပ်စု) အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဘဲ အဓိကထားစိုင်းပြင်းနေတုန်းအနေအထားဖြစ်နေတယ်။ တကယ်တော့ မြန်မာပြည်နိုင်ငံရေးပြသနာအတွက်အမှန်တရား၂ချက်ဘဲရှိပါတယ်။ ပထမအချက်က မူလပင်လုံစာချုပ်၁၀နှစ်သဘောတူညီချက်ဖြစ်ပြီး ဒုတိယအချက်ကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်ရှိခြင်းကိုဘဲ ရာနှုန်းပြည့်ဆိုလိုသတ်မှတ်ခြင်းဖြစ်တယ်။
ဒီ၂ချက်ကနေသွေဖယ်ရင် ခုလုပ်နေတဲ့ညီလာခံတွေကို ပင်လုံညီလာခံလို့ နာမယ်တတ်ခွှင့်မရှိနိုင်ဘူး။ တခြားနာမယ်တတ်ရင်တတ် ဒါမှမဟုတ် ပင်လုံစာချုပ်ချေဖျက်ရေး ညီလာခံလို့နာမယ်တတ်မှ တကယ်လုပ်နေတာတွေနဲ့ ကိုက်ညီမယ်။ 
နဲနဲဆက်မယ်… ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်မရှိတဲ့စနစ်ကို ဖက်ဒရ်ာပြည်ထောင်စုစနစ်လို့မသတ်မှတ်ဘူး။ 
ဒီမိုကရေစီလို့လဲမသတ်မှတ်နိုင်ဘူး။ ပြည်ထောင်စုထဲပါလို့ လူနဲစုဖြစ်သွားရတဲ့ ဆုံးရှုံးမှုဟာ အလွန်ကြီးမားတယ်။ ဒါကိုနားလည်ကြဖို့လိုတယ်။ ဥပမာ ကမာ့အတိုးတက်ဆုံးနိုင်ငံဖြစ်လာမယ့် တရုတ်မှာ မြန်မာကနေပြီး ပြည်ထောင်စု အဖွဲ့ဝင်သွားမလုပ်ချင်ဘူး။ တရုတ်နဲ့ပေါင်းလိုက်လို့ မြန်မာပါ ကဘာ့ အဆင့်အမြင့်ဆုံးဖြစ်မလာချင်ဘူး။ လူနည်းစုဖြစ်သွားပြီး လုံးဝ စုံးစုံးမြုပ်ပျောက်ကွယ်သွားဖို့သာရှိနေတာမို့ပါ။ 
တရုတ်ပြည်ကြီးက ဒီမိုကရေစီဖြစ်သွားရင်လဲ လူနဲစုမြန်မာတွေအဖို့ဒီမိုကရေစီအာဏာကိုလူမျိုးစုအလိုက်ပါဝင်ကျင့်သုံးနိုင်မဲ့အခြေအနေဖြစ်မလာနိုင်ဘူး။ လူတိုင်းသိနေတာဘဲ။ ဒီမိုကရေစီဆိုတာ လူနဲစုက လူများစုကိုနာခံလိုက်နာရတဲ့ စနစ်ဘဲ။ ဒီတော့ တရုတ်နဲ့ပေါင်းလိုက်တဲ့မြန်မာပြည်လူနဲစုအသံကို လူဦးရေ သန်း၁၅၀၀ ကျော်တဲ့တရုတ်တွေက ဘာဒီမိုကရေစီစနစ်အရမှ ခြောက်ဂရုစိုက်နေစရာမလိုဘူး။ သဘောပေါက်မယ်ထင်ပါတယ်။ ဒီတော့ မြန်မာပြည်မှာကရော တနေ့ထက်တနေ့နည်းမျိုးစုံနဲ့လူနည်းစုအဖြစ် အချဉ်းခံနေရတဲ့ ကရင်တွေ၊ရှမ်းတွေ၊မွန်တွေ၊ရခိုင်တွေ၊ကချင်တွေ၊ချင်းတွေ၊ကရင်နီတွေကရော ဒီမိုကရေစီစနစ်မှာအမျိုးသားဆိုင်ရာအခွင့်အရေး တွေနဲ့ဘယ်လိုအလှမ်းနီးနိုင်မှာလဲ။ ဒီမိုကရေစီနည်းအရ အများစု ဖြစ်တဲ့ ဗမာလူမျိုးစုကချမှတ်တဲ့ နိုင်ငံရေးပြဌာန်းခွင့်တွေကို အဆိုပါလူနဲစု အဖြစ်အဆင့်လျော့ချထားခြင်းခံရတဲ့ လူမျိုးစုတွေကမလိုက်နာဘဲ နေလို့ရရိုးလား။ ပြည်ထောင်စုထဲနေရင် စီးပွားရေးလူမှုရေးသာမက အမျိုးသားရေးပါ သိမ်ငယ်ချွတ်ခြုံကျသွားယုံမကနောက်ဆုံးတာ့ မျိုးပျောက်ခြင်းကသာလျှင် THE END အဖြစ် လှိုက်လှဲစွာကြိုဆိုနေမယ်ဆိုရင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဟာ တခုတည်းသော လူမျိုးစုဆက်လက်ရပ်တည်နိုင်ရေးလမ်းကြောင်းဖြစ်နေတာပါ။ ဒါကို ဘယ်မျက်နှာကမှ ဆန့်ကျင်တာရော၊ ရီးလိုလိုမှိုလိုလို မပြတ်မသားလစ်ဘရယ်လုပ်ထားတာမျိုး လုပ်ခွင့်လုံးဝမရှိဘူး။

No comments:

Post a Comment

mr.kyaingtun@gmail.com