Friday, June 19, 2020

မြန်မာ့သမိုင်းတွင်ဇောက်ထိုးလုပ်ထားသည့်အချက်ကြီးတစ်ခု

မြန်မာ့သမိုင်းတွင်ဇောက်ထိုးလုပ်ထားသည့်အချက်ကြီးတစ်ခု

မြန်မာအစိုးရအဆက်ဆက်က အမျိုးသားဝါဖြန့်ချီရေးအဓိကကရိယာအဖြစ် ပြဌာန်းသောမြန်မာ့သမိုင်းသည် မြန်မာလူထုအတွင်း၌သာမက မြန်မာအစိုးရကိုဆန့်ကျင်သည့် လူမျိုးစုခေါင်းဆောင်များ၏အတွေးအခေါ်များအတွင်းသို့ပါ လှို က်စားနေသည်ကိုသတိထားမိသည်။

နမူနာအားဖြင့် ဂျပန်- အင်္ဂလိပ် စစ်ပွဲတွင် ဘီအိုင်အေ၏ အခန်းကဏ္ဍကို ဖြစ်ရှိခဲ့သောဖြစ်ရပ်မှန်၊ အခြေအနေမှန်ထက် အလွန်ဝေးလန်မြင့်မားစွာ တန်ဖိုးမြှင့်တင်ထားကြသဖြင့် ဘီအိုင်အေမပါလျှင်ဂျပန်က အင်္ဂလိပ်ကိုမနိုင်နိုင်၍ပင် နောင်လာနောက်သားပြည်သူများက အထင်အမြင်တက်တက်စင်အောင်မှားယွင်းကုန်ကြသည်။ ငါးထောင်တန်ကို ငါးသောင်းတန်ဟု ထင်မြင်နေကြသည့် မူးယစ်မှုများနှင့်သာလျှင်တူနေတော့သည်။

ဘီအိုင်အေ၏သမိုင်းတန်ဖိုးကိုမှန်မှန်ကန်ကန်တိုင်းတာသိရှိလိုလျှင် စစ်ပွဲအတွင်းရန်ဘက်၂ဘက်၏ အင်အားအနေအထားနှင့် ၂ဘက်လုံးတွင်ပါဝင်ပူးပေါင်းသော အရံအင်အားများ၏ အရွယ်အစားပမာဏကို အဓိကသိရှိရန်လိုအပ်သည်။ ဤအရေးကြီးဆုံးသောအချက်ကို ထည့်သွင်းစဉ်းစားနိုင်သည့် အသိညာဏ်များကို မြန်မာသမိုင်းလေ့လာသူများက အဆုံးရှုံးခံ၍မရပါ။

ဗမာပြည်ရှိအင်္ဂလိပ်များကိုဂျပန်ကစီးနင်းတိုက်ခိုက်ရာတွင် ဂျပန်က အဓိကဖြစ်ပြီး ထိုင်းကျားတပ်မတော်က ဒုတိယဖြစ်သည်။ 

ဂျပန်တပ်အင်အားမှာ ဒုဗိုလ်ချုပ်ကြီး Shōjirō Iida ဦးဆောင်သည့် ဂျပန့်အင်ပါယာတပ်မတော် အင်အား ၈၅,၀၀၀ နှင့် ဗိုလ်မိုးကြိုးခေါ်ဗိုလ်ချုပ် Suzuki Keiji ဖွဲ့စည်းဦးဆောင်သည့် ဂျပန်စစ်သားများဖြင့်အဓိကဖွဲ့စည်းသည့်ဘီအိုင်အေတပ်မတော်အင်အား ၁၂,၀၀၀ ဖြစ်သည်။ သို့ဖြစ်၍ 
*ဂျပန့်တပ်အင်အား စုစုပေါင်း ၉၇,၀၀၀ ဖြစ်သည်။



ဂျပန်ကမြောက်ပိုင်းစစ်ဆင်ရေးဟုခေါ်သော ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့်ကရင်နီပြည်နယ်သိမ်းပွဲတွင်-

ထိုင်းတပ်အင်အားမှာဗိုလ်ချုပ်ကြီး ကျရွန်ရတနကွန်ဦးစီးသည့်
*ထိုင်းကျားတပ်မတော် ခြေလျှင်တပ်အင်အား ၇၀,၀၀၀၊ 
*အမြှောက်တပ်မ ၃တပ်နှင့် 
*တင့်ကားတပ်မ ၁တပ်ပါဝင်သည်ဖြစ်ရာ မဟာမိတ်အပါအဝင် ဂျပန်ဘက်ကတိုက်ပေးသောအင်အားအားလုံးပေါင်းမှာ 
= ၁၆၇,၀၀၀ ဖြစ်သည့်ပြင် လေတပ်နှင့် ရေတပ်အင်အားများလဲ အကူအဖြစ်ပါဝင်သည်။ထိုင်းတပ်က အဓိကရင်ဆိုင်ရသောရန်ဘက်မှာတရုတ်ကူမင်တန်တပ်၏ တပ်မ ၉၃ဖြစ်သည်။

အင်္ဂလိပ်ဘက်တွင်ပါဝင်သည့်အင်အားမှာ-
* ဗြိတိသျှတပ်အင်အား ၄၇,၀၀၀ နှင့် 
*ကူမင်တန်တပ်မတော်အင်အား ၉၅,၀၀၀ ဖြစ်သဖြင့်စုစုပေါင်း =၁၄၂,၀၀၀ ဖြစ်သည့်ပြင် 
*လေနှင့်ရေအကူတပ်များလဲပါဝင်သည်။ 

အင်္ဂလိပ်ဘက်ကဆုံးရှုံးမှု
*အင်္ဂလိပ်စစ်သား ၁၄၉၉ကျဆုံး 
*အင်္ဂလိပ်စစ်သားဒဏ်ရာရသူ ၁၁,၉၆၄ဦး၊ 
*ပျက်စီးသည့်လေယဉ်၁၁၆စင်း 
*ပျက်စီးသည့်တင့်ကားအစီး ၁၀၀

*ကူမင်တန်တန်စစ်သား၄၀,၀၀၀ 
ဒဏ်ရာရ
*ပျက်စီးသည့်ကူမင်တန်စစ်လေယဉ် ၉၅စင်း

*ဂျပန်ဘက်ကဆုံးရှုံးမှု
*ဂျပန်စစ်သား ကျဆုံးဒဏ်ရာရ ၄၅၉၇ဦး
*ပျက်စီးသည့်ဂျပန်စစ်လေယဉ် ၁၁၇ စင်း

***ဘီအိုင်အေတပ်သည် စစ်မတိုက်ဘူးသေးသော ရဲဘော် ၃ကျိတ်နှင့် ဘန်ကောက်ဖွားရွှေ့ပြောင်း အရပ်သားမြန်မာ ၅ရာခန့်သာရှိသဖြင့် ကမ္ဘာနှင့်အာရှစစ်သမိုင်းက စာရင်းသွင်းဖော်ပြထားခြင်းမရှိပါပေ။ Made in Burma  မြန်မာ့သမိုင်းတွင်သာကျောင်းသားလူငယ်များအတွက်စိတ်ဓာတ်တည်ဆောက်ရေးရည်ရွယ်ချက်ဖြင့် ကြံဖန်ပုံကြီးချဲ့ထားကြခြင်းဖြစ်ရာ တချို့ကိစ္စများသည် ဖြစ်ရပ်မှန်ကို ဇောက်ထိုးကြည့်သလိုဖြစ်နေရခြင်းဖြစ်သည်။ မြန်မာကလေးများနှင့် မြန်မာလူမျိုးများက အခြားညီနောင်တိုင်းရင်းသားလူမျိုးစုများအပေါ်စိတ်ဓာတ်ဗေဒအရ ဩဇာညောင်းလွမ်းမိုးရေးအတွက်အသုံးဝင်သော်လည်း ကျန်လူမျိုးစုများအတွက်အကျိုးပျက်ခါ သမိုင်းမှန်သိလိုသူများအတွက်လဲ အသုံးမဝင်သည့် သမိုင်းလိမ်မျှသာဖြစ်နေရတော့သည်။

ပုံ၁။ ဗိုလ်ချုပ်ရှိုဂျီရို လိဒါ
ပုံ၂။ ဗိုလ်ချုပ် ကိုင်ဂျိ စူဇူကီး ခေါ်ဗိုလ်မိုးကြိုး
ပုံ၃။ ထိုင်းဗိုလ်ချုပ် ကျရွန် ရတနကွန်
၎။ ထိုင်းတင့်ကားတပ်မ ရှမ်းပြည်အတွင်းသို့ဝင်ရောက်လာကြစဉ်
ပုံ၅။ ဂျပန်တပ်မ ၁၅ ထိုင်းနယ်စပ်ကိုဖြတ်ဝင်လာပုံ။
ပုံ၆။ ထိုင်းတပ်၊ဂျပန်တပ်၊ အင်္ဂလိပ်တပ်၊ ကူမင်တန်တပ်များ နေရာယူထားကြပုံ။
ပုံ ၇။ ထိုင်းတပ် ကျိုင်းတုံတွင် အုပ်ချုပ်ရေးရုံးဖွင့်ပွဲ
ပုံ၈။ ဂျပန်နှင့်ထိုင်းကျားတပ် မန္တလေးတွင်ဆုံကြစဉ်
ပုံ၉။ မန္တလေးလူထုက ဂျပန်နှင့်ထိုင်းကျားတပ်များကို အုပ်အုပ်သဲသဲကြိုဆိုနေကြစဉ်










No comments:

Post a Comment

mr.kyaingtun@gmail.com