Friday, June 19, 2020

သူခိုးဓါးရိုးကမ်းရန်

သူခိုးဓါးရိုးကမ်းရန်
ကြံစည်နေကြသော ကရင်နိုင်ငံရေးစားဖါးများအား မေတ္တာရပ်ခံခြင်း-

၁၈၇၉ ခုနှစ်ဖေဖေါ်ဝါရီလမှာ သီပေါမင်းသား ဘုရင်ဖြစ်လာဖို့
စုဘုရားလတ်ရဲ့မယ်တော် သီပေါမင်းရဲ့ခမည်းတော်ဖြစ်သူ မင်တုန်းမင်းရဲ့မိဘုရားဆင်ဖြူမရှင်က
သီပေါမင်းသားနဲ့သက်တူရွယ်တူဖအေတူ မအေကွဲ ဖြစ်ကြတဲ့ညီကို ၄၀ ကို မန္တလေးနန်းတော်မှာ ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့တယ်။
ဒီသတ်ဖြတ်မှုကြီးကိုဗြောင်လုပ်ခဲ့တာမို့ ကုန်းဘောင်ပြည်သားတိုင်းသိရှိခဲ့ကြပါတယ်။ ပြည်သူတွေဟာရင်နင့်မှုနဲ့အတူ
လူစိတ်ခေါင်းပါးတဲ့ ကုန်းဘောင်ထီးနန်းအုပ်ချုပ်ရေးအပေါ် မူလကထက်ပိုပြီး ကြောက်ရွံ့ရွန်ရှာလာကြပါတယ်။
ဒီလိုပေါက်ပွားကြီးထွားလာတဲ့ (mass psychology) ခေါ်လူထုစိတ်ဓါတ်ဗေဒအခြေခံတရားကြောင့်
ကုန်းဘောင်ပဒေသရာဇ်ရဲ့အဖိနှိပ်ခံ ပြည်သူတွေဟာ အင်္ဂလိပ်-ကုန်းဘောင်စစ်ပွဲမှာ ကုန်းဘောင်ထီးနန်းဘက်ကနေ
လုံးဝပါဝင်ထောက်ခံအားပေးခြင်းမပြုခဲ့ကြပါဘူး။ တိုင်းသူပြည်သားတွေဘဲဖြစ်ကြတဲ့ ကရင်လူမျိုးများဆိုရင်
ဘာမှမသိနားမလည်တဲ့ တောသားလူရိုင်းများအဖြစ်သာသတ်မှတ်ကျင့်သုံးခြင်းခံခဲ့ကြရပြီး တိရိစ္ဆာန်များသဖွယ်ကျွန်ပြုခံထားရတဲ့ခေတ်ဖြစ်တာမို့
ကုန်းဘောင်အုပ်ချုပ်ရေးကို ဘယ်သူလာဖျက်ဖျက် မိမိတို့အတွက်ပိုကောင်းလာဖို့ဘဲရှိတဲ့ အနေအထားလဲဖြစ်နေခဲ့ပါတယ်။
တခြားတိုင်းရင်းသားတွေလဲဒီလိုအလားတူ အနေအထားသာဖြစ်ကြပါတယ်။ ဒီတော့ လူထုထောက်ခံမှုလုံးဝမရှိတဲ့
ကုန်းဘောင်ဘုရင့်တပ်အများအပြားဟာ တပ်ပျက်ကုန်တယ်။ အတင်းအကြပ်တပ်ထဲအသွင်းခံခဲ့ရတဲ့ တပ်သားတွေဟာလဲ
တပ်ပြေးတွေအဖြစ်ရွာပြန်ပြေးကုန်ကြတယ်။


ဒါဟာကုန်းဘောင်နန်းဆက်က အင်္ဂလိပ်ကိုစစ်ရှုံးရခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်။ အဂ်လိပ်တပ်ကခေတ်မီလက်နက်တွေအမြောက်ကြီးတွေရှိလို့မဟုတ်ဘူး။
ကုန်းဘောင်မင်းကလည်း ပြင်သစ်၊ပေါ်တူဂီစတဲ့ ပြည်ပက ၀ယ်ယူတဲ့ သေနပ်တွေ၊ အမြောက်ကြီးတွေကို
တပ်ဆင်ထားပြီးသားကာလဖြစ်နေတာပါ။ အင်္ဂလိပ်ဘက်က အားနဲချက်၎ချက်ကတော့ ဒေသခံမဟုတ်တဲ့ တစိမ်းတပ်ဖြစ်ခြင်း၊
ရပ်ဝေးကချီလာရတဲ့အတွက် တပ်သားအင်အားနည်းပါးခြင်း၊ ဒေသခံများထောက်ခံပါဝင်နိုင်မှုမရှိခြင်း
နဲ့ တိုက်စစ်ဆင်ရတဲ့ဘက်ဖြစ်နေခြင်းတို့ဖြစ်ပြီး ကုန်းဘောင်မင်းဘက်ကတော့ ဒီ ၄ချက်လုံးမှာ
အသာစီးအနေအထားကိုရထားတာပါ။ တခုထဲသောမတူညီတဲ့အားနဲချက်ကတော့ တစိမ်းတပ်တွေအပေါ် ပြည်သူလူထုက
ကုန်းဘောင်အုပ်ချုပ်ရေးလို စက်ဆုတ်ရွံရှာစရာကောင်းတဲ့ခံစားချက်မရှိခြင်းဖြစ်တယ်။ ဒီခေတ်က
ကရင်တွေဟာ မိမိကိုကျွန်ပြုထားတဲ့ကုန်းဘောင်စနစ်ကိုလာတိုက်တဲ့ဘက်က မရပ်တည်ခဲ့ကြပေမဲ့
ဖိနှိပ်သူကုန်းဘောင်စနစ်ကိုဝိုင်းကူတဲ့ သူခိုးဓါးရိုးကမ်းလုပ်ရပ် ထုံအမှုတွေကိုတော့
မလုပ်ခဲ့ကြတာသေခြာတယ်။

ဒီနည်းနဲ့နှစ်တရာကျော်အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအုပ်ချုပ်ရေးစနစ်ကို ဂျပန်တပ်တွေက ၁၉၄၃ခုနှစ်မှာ
လာတိုက်ပြီးဖျက်သိမ်းပေးခဲ့တယ်။ ကုန်းဘောင်မျိုးဆက်တချို့ကို အစိုးရဖွဲ့ပေးတယ်၊ ဗမာအမျိုးသားတပ်မတော်(Burma National Army BNA) ဆိုပြီးလဲ
ထူထောင်ပေးခဲ့တယ်။ ဒီခေတ်မှာ ကရင်တွေဟာ ဂျပန်တပ်တွေကို အသက်ပေးခုခံတိုက်ခိုက်ခဲ့ကြတယ်။
ဗြိတိသျှတပ်တွေ နယ်မြေစွန့်လွှတ်ဆုတ်ခွာသွားတဲ့အထိ ကရင်တွေက ဂျပန်ကိုဆက်တိုက်နေခဲ့ကြတုန်းဖြစ်တယ်။
ကရင်တွေဟာဗြိတိသျှနဲ့ ဂျပန် ဘယ်သူကပိုဆိုးတယ်ဆိုတာကို ကောင်းကောင်းမြင်ခဲ့တယ်။ ဂျပန်ဘက်လိုက်သူခိုးဓါးရိုးကမ်းမလုပ်ခဲ့ကြဘူး။
အင်္ဂလိပ်က ဂျပန်တပ်တွေကို တန်ပြန်ထိုးစစ်ဆင်တဲ့အခါ ဂျပန်စစ်ရှုံးတော့မှာကိုတွေ့ရတဲ့ BNA ဟာ
ဗြိတိသျှဘက်ကို ကူးပြောင်းသွားတော့တယ်။ ဒီအချိန်မှာ ဗမာပြည်ကိုမူလအတိုင်း အင်္ဂလိပ်ကပြန်အုပ်ချုပ်တယ်။

၁၉၄၇ခုနှစ်မှာ အတ္တလန်တိတ်ချာတာ အရဗမာပြည်ကို ဘယ်လိုပုံစံနဲ့ လွတ်လပ်ရေးပေးသင့်တယ်ဆိုတဲ့အဆင့်ကို
ယူကေလွှတ်တော်မှာညင်းခုံဆွေးနွေးနေကြချိန်မှာ၊ ကေ၀ိုင်အို ဟာ ကရင်အမျိုးသားအစည်းအရုံးကခွဲထွက်ပြီး
ကုန်းဘောင်မျိုးဆက်တွေဖြစ်ကြတဲ့ ဖဆပလ နဲ့ပူးပေါင်းသွားကြတယ်။ ဒီလိုအနေအထားဖြစ်သွားတော့
မူလကအမျိးသားကိုယ်ပိုင်ပြဌာန်းခွင့်အဆိုတင်ထားတဲ့ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးရဲ့
စာတမ်းဟာ လုံးဝအရေးမပါတော့တဲ့အဖြစ်ကိုရောက်တယ်။ ကေ၀ိုင်အိုရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ
သူခိုးဓါးရိုးကမ်းမှုဖြစ်သွားခဲ့တယ်။ ကရင်အမျိုးသားများရဲ့နှစ်ပေါင်းရာချီမျှော်လင့်တောင်းတခဲ့ကြတဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်ကရင်ပြည်အရေးဟာ ဒီနေ့တိုင်သဲထဲရေသွန်ဖြစ်သွားခဲ့ရတယ်။ 

သမိုင်းကိုဘက်စုံပြန်လည်သုံးသပ်လိုက်တဲ့အခါ မြန်မာပြည်ရဲ့ပဒေသရာဇ်ခေတ်ကိုဖျက်သိမ်းခဲ့တာ
နိုင်ငံခြားအင်္ဂလိပ်တွေဖြစ်သလို၊ အင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့တာလဲ ဂျပန်ဆိုတဲ့ နိုင်ငံခြားဖြစ်ပြန်တယ်။
တဖန်အင်္ဂလိပ်ဆိုတဲ့နိုင်ငံခြားတိုင်းပြည်ကဘဲ ဂျပန်ထက် ၂ဆလောက်များတဲ့စစ်အင်အားနဲ့မြန်မာပြည်က
ဂျပန်တယောက်မကျန်အောင် လာပြန်တိုက်ထုတ်ပြီး ဂျပန်ခေတ်ကိုဖျက်သိမ်းပေးခဲ့ပြန်တယ်။ ပြီးတော့
ဂျပန်ကိုစစ်နိုင်ရေးမှာ အမြင့်ဆုံးရိုးလ်ကနေပါဝင်ခဲ့တဲ့ အမေရိကန်ဟာ အတ္တလန်တိတ်စာချုပ်ကို
မယ်မယ်ရရအသုံးချပြီး အင်္ဂလိပ်နဲ့ပြင်သစ်ကပိုင်ဆိုင်ထားတဲ့ပြည်ပအင်ပါယာအားလုံးကို လက်လွှတ်ဖို့
အပြိးအပြတ်ဖိအားပေးနိုင်ခဲ့တယ်။ အင်္ဂလန်နဲ့ပြင်သစ်က အင်ပါယာတွေကိုလွတ်လပ်ရေးပေး လိုက်ရပြီးနောက်မှာတော့
အမေရိကန်ဟာ ကမ္ဘာ့နံပတ်တစ် အင်အားအကြီးဆုံးနဲ့ အကြွယ်ဝဆုံးနိုငံဖြစ်လာပါတော့တယ်။ 
ဒီနေရာမှာ စာဖတ်သူများအနေနဲ့ မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ပြည်ပနိုင်ငံက
အဓိကအရေးပါခဲ့တယ်ဆိုတာကို ကွက်ကွက်ကွက်ကွင်းကွင်းကြီးမဟုတ်ရင်တောင် ရေးရေးလေးတော့မြင်နိုင်မှာပါ။
မဆလစစ်အာဏာရှင်စနစ်ကို နိဂုဏ်းချုပ်ပေးခဲ့တဲ့ ၈လေးလုံးအရေးတော်ပုံမှာလဲ နိုင်ငံတကာရဲ့
ကဏ္ဍက ၅၀%လောက်ပါခဲ့တာဖြစ်တယ်။
ပြည်တွင်းကလူတွေကတော့ မိမိတို့ပါဝင်ခဲ့တဲ့ ၅၀% ကိုဘဲ ၁၀၀% လို့ထင်မြင်ယူဆနေကြတာပါ။
ဘက်စုံအချက်အလက်ကိုစိတ်မ၀င်စားကြတာမို့ပါ။

နိုင်ငံတနိုင်ငံရဲ့ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံတကာရဲ့ နိုင်ငံရေးရေစီးချောင်းက
အဓိက ရွှေ့အားဖြစ်နေခဲ့တာဟာ ပကတိတရားဖြစ်နေတာပါ။ ငါကတူနဲ့တချက်ထဲထုလိုက်လို့ တိုက်တလုံးလုံးပြိုကျသွားတာကွလို့
ကြုံးဝါးနေသူဟာ ၆.၇ လစ်တာအား ငလျှင်ဖြတ်လှုပ်သွားတာကိုမသိလိုက်လို့ပါ။ ခုချိန်မှာ မြန်မာပြည်သူလူထုနဲ့
မြန်မာပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အဲန်အယ်ဒီအစိုးရကို ဖိနှိပ်ချုပ်ကိုင်ထားတဲ့
ဗမာ့တပ်မတော်ကို အခြေခံကနေပြောင်းလဲပစ်နိုင်မဲ့ နိုင်ငံတကာရေစီးချောင်းတခုစတင်ဖြစ်ပေါ်
လာနေတာကိုသတိထားမိကြမှာပါ။ ဒီရေစီးချောင်းကို အသုံးချပြီး တပ်မတော်မြေလှန်ပြောင်းလဲရေးမလုပ်ရင်
တခြားဘယ်နည်းမှမရှိတော့ဘူးဆိုတာကို နားလည်သိမြင်နိုင်လောက်တဲ့ ထက်မြက်မှုကလေးများကို
အခြေအနေကတောင်းဆိုနေတယ်။ ဆိုလိုတာက အထက်ကခင်းပြတဲ့သမိုင်းကြောင်းအရ နိုင်ငံတကာရဲ့အဓိကပါဝင်မှုမရှိဘဲ
ဘာအပြောင်းအလဲမှမဖြစ်ပေါ်ခဲ့ဘူးတာ ကိုရှင်းရှင်းလင်းလင်းနားလည်တတ်ဖို့ပါ။ ပြည်သူတရပ်လုံးက
ရေစီးကမ်းပြို ရွေးကောက်တင်မြှောက်ခဲ့ပြီးပြီလေ။ ဒါလဲ စစ်ဖိနပ်အောက်ကမလွတ်ဘူး။ ဆိုတော့
ဒီအချိန်မှာ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပ်ါလာနိုင်ရေးအတွက် နောက်ထပ်ရွေးကာက်ပွဲ၊ ပြီးတော့
နောက်ထပ်ရွေးကောက်ပွဲ ပြီးတော့ နောက်ထပ်ရွေးကောက်ပွဲ စတာတွေနဲ့ဘဲ ဘယ်မှမရွှေ့နိုင်တော့တဲ့
နှစ်ပေါင်းရာထောင် သံသရာလည်နေမလား။ သမိုင်းဝင်အပြောင်းအလဲကြီးတွေ ကိုသခန်းစာယူကြဖို့လိုပြီ။

ဒီနေ့မှာ ကရင်အမျိုးသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်မပေးဘဲ ဖိနှိပ်အုပ်ချုပ်ထားတဲ့
မြန်မာ့တပ်မတော်ကို အခြေခံကနေပြောင်းလဲပစ်နိုင်ရေးအတွက် ရှားရှားပါးပါးရေစီးချောင်းကြီးစတင်ဖြစ်ပေါ်လာချိန်မှာ
မြန်မာ့တပ်မတော်နဲ့ တပ်မတော်ရဲ့အသက်ဝိညာဉ်တွေဖြစ်တဲ့ ဗိုလ်ချုပ်တွေရဲ့ ရက်စက်ရမ်းကားမှုတွေကို
ရပ်တန့်ပေးနိုင်မယ့် နိုင်ငံတကာကို ဆန့်ကျင်ပြီး ဗိုလ်ချုပ်ကယ်တင်ရေး လုပ်ဖို့ သူခိုးဓါးရိုးကမ်းရန် ကြံစည်နေကြတဲ့ ဘီအေဘက်သား ကရင်နိုင်ငံရေးစားဖါးများအရှက်တရားဖြင့်
နောက်ပြန်ဆုတ်ပေးကြပါရန် မေတ္တာရပ်ခံလိုက်ပါတယ်။ ဖိနှိပ်ထားတဲ့ အင်အားစုတွေကို မနေနိုင်မထိုင်နိုင်လောက်အောင်
မျက်နှာလုပ်ချင်ကြတယ်ဆိရင်တော့ ပွဲပြီးရင်ငါတို့ကရင်အမျိုးသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမယ်
ဆိုတဲ့ စာချုပ်လုပ်ပြီးကျန်းသစ္စာကျိန်ဆို လက်မှတ်ထိုးခိုင်း။ အဲလိုမှမရဘဲ သွားဝင်ကူရင်တော့
ကရင်လူမျိုးဟာ ထီးရူကော်သဲအောပီအောပေါ(ဗမာလို ဘာသာပြန်ရင်တော့ နိုင်ငံရေးသောက်ပေါ)
အဖြစ် သမိုင်းဆက်ဆက်တင်ရှိသွားလိမ္မယ့်။

No comments:

Post a Comment

mr.kyaingtun@gmail.com