Friday, June 19, 2020

ဗမာထိုင်းကိုတိုက်ခိုက်ခြင်း

ဒေါက်တာ စူနေ့တ်ရ် ချုတိနတ္ထရာနွံပြုစုသော  "ဗမာထိုင်းကိုတိုက်ခိုက်ခြင်း" စာတမ်းမှကောက်နှုတ်ထားသည်(အနီးစပ်ဆုံး ထိုင်းအသံထွက်ကိုသုံးထားသည်)

၁၇၈၅ ခုနှစ်တွင် အင်းဝဘုရင်ပဒုန်း ခေါ် ဘိုဒိုဖရား (ဘိုးတော်ဘုရားဖြစ်ပုံရသည်) က ဖရာ့ဖုထယော့ဖားကျုလာလို့မဟာရာ့ခ်ျ ( ရတနကိုစင် ဘန်ကောက်ခေတ် ပထမမင်း) အားတပ်မတော် ၉တပ်ဖြင့်ချီတက်တိုက်ခိုက်သည်။ ပဒုံးမင်းနှင့်စေ့စပ်ဆေးနွေးရေးအတွက်ရတနကိုစင်မှပို့လာသော သံတမံ များ၏ပြောဆိုချက်အရ ဗမာစစ်သုံ့ပမ်း ၃ဦးအား ကရင်တပ်မတော်က ဇမိတွင်ဖမ်းဆီးကာ ဘန်ကောက်မြို့တော်သို့ပို့ဆောင်ခဲ့ပြီးထိုဗမာစစ်သုံ့ပန်းများက အင်အား ၂၂၀,၀၀၀ရှိသော ဗမာ့တပ်မတော် ၉တပ် ဘန်ကောက်ကိုစစ်ချီလာနေသည်ဟုဖြောင့်ချက်ပေးသဖြင့် ထိုင်းဘက်က တန်ပြန်စစ်အတွက် ပြင်ဆင်ထားသည်ဟုပဒုံးမင်းအားလျှောက်ကြားသည်။
၁၈၂၂တွင် ကရင်လူမျိုး စန်ခလဘူရီမြို့စား ခွန်းစူဝမ်က မိမိဧရိယာအတွင်းကျူးကျော်လာသော ဗမာ့စစ်ကြောင်းတစ်ခုလုံးအား ချေမှုန်းသုံ့သင်ခဲ့သည်။ ၁၈၆၄ တွင် လည်း ကရင်လူမျိုးများဖြစ်သောစန်ခလဘူရီနယ်စပ်မြို့စားကြီးခန်းစူဝမ်၊ စရီစဝပ် နယ်စပ်ဂိတ်မှူးမြို့စားကျွတ်ဖိထပ်နှင့် ရွာစားကြီးဒေချာတို့က ထိုင်း-အင်္ဂင်္လိပ် နယ်နိမိတ်ကို တိုင်းတာ စီစစ်ကာ ပူးတွဲရေးဆွဲချမှတ်ခဲ့သည်။
၁၈၈၉ခုနှစ်တွင် ထိုမြို့စားများနှင့်အင်္ဂလိပ်တို့တည်ဆောက်ထားခဲ့သည့် ကွန်ကရိတံတိုင်းကို ကရင်လူမျိုးနယ်စပ်ကာကွယ်ရေးတပ်က ပြန်လည် တွေ့ရှိသည်။

(ရတနကိုစင်ဘန်ကောက်ခေတ်ပထမဘုရင်သည်မွန်မျိုးနွယ်ဖြစ်ကြောင်း postခဲ့ပြီးဖြစ်သည်။)

No comments:

Post a Comment

mr.kyaingtun@gmail.com