Friday, June 19, 2020

နှစ်၁၀၀ အမျိုးသားစီမံကိန်း

နှစ်၁၀၀ အမျိုးသားစီမံကိန်း

တိုင်းရင်းသားလူမျိုးစုအခွင့်အရေးလှုပ်ရှားမှုချက်မ
များဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ သူတလူငါတမင်းကွဲပြားနေခြင်းသည် ထိုလူမျိုးစုတိုင်း၏
ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသံများကို အလွန်အမင်းအားနဲစေသည်။ ထို့ပြင်ဆိုင်ရာသာမန်တိုင်းရင်းသားလူထုအသီးသီးအတွင်းတွင်
ကိုယ်ပိုင်ပြဌာန်းခွင့်လိုလားကြသည်ဆိုသည့် ထင်သာမြင်သာလှုပ်ရှားပြသမှုများမဖြစ်ရှိနေခြင်းသည်လည်း
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို အထောက်အထားမဲ့ဖြစ်စေသည်။
သို့ဖြစ်၍ လက်နက်ကိုင်အဖွဲ့များကွဲပြဲနေစေရေးနှင့် သာမန်တိုင်းရင်းသားလူထုများမှမိမိတို့၏ဆန္ဒမှန်ကို
မပြသရဲစေသည့် ကြောက်ရွံ့မှု၊ ရှက်ကြောက်မှုများ လွမ်းခြုံနေစေရေးသည် လူမျိုးကြီးဝါဒဥခွံမကျွတ်သော
မြန်မာ့ဒီမိုကရေစီအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ဆက်လက်ပူးပေါင်းလက်တွဲဆောင်ရွက်နေကြသည့်
မဆုံးသေားသော နှစ်၁၀၀ အမျိုးသားစီမံကိန်းကြီး၏ နောက်ဆုံးကာလပင်ဖြစ်တော့သည်။
သမိုင်းမျက်ခြေပြတ်ရင်
 မခွဲခြားနိုင်ဘူး။လွတ်လပ်ရေးရစ ဦးနုခေတ်၊ နေ၀င်းခေတ်၊ ခင်ညွန့်ခေတ်၊ 
သိန်းစိန်ခေတ် တိုင်းမှာ အပစ်ရပ်ငြိမ်းချမ်းရေး မလုပ်ခဲ့ဘူးထာမရှိပါဘူး။ 
မြန်မာ့တပ်မတော်ရဲ့စစ်အောင်နိုင်ရေးနည်းဗျူဟာတရပ်ဖြစ်တယ်။ 
မဟာလူမျိုးကြီးဝါဒတည်ဆောက်မှုအောင်မြင်ြီ့းဆုံးရေးအတွက်သာဖြစ်တဲ့အတွက်တကြိမ်မှမအောင်မြင်ခဲ့ဘူး။
 ခုခေတ်မှာတော့ ဒီမိုကရေစိအစိုးရကို ဘန်းပြလှည့်သုံးနေတာပါ။ စစ်တပ်ရဲ့မူလ 
နည်းဗျူဟာနဲ့ကြိုးဆွဲမှုအောက်မှာပါဘဲ။)

No comments:

Post a Comment

mr.kyaingtun@gmail.com