တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း
(ရတနကိုစင်ခေတ် တော်ဝင်ထိုင်းသမိုင်းသုတေသီ Phra Boriharng Phethani ပြုစုရေးသားသော ထိုင်းရာဇဝင်(Chronicle of Thai)စာအုပ်ပါ ရှေးဟောင်းထိုင်းလူမျိုးများဖြစ်ပေါ်လာပုံ" ကဏ္ဍမှ ချုပ်နှုတ်ထားသည်။)
ဗုဒ္ဓမတိုင်မီခေတ်ကာလတွင် လာအိုတိုင်းလူမျိုးများသည် တောဦးမြို့တော်တည်ရှိရာ ယန်း(ကရင်)ပြည်သို့ရွှေ့ပြောင်းရောက်ရှိလာကြသည်။ ယန်း(ကရင်)လူမျိုးတို့သည် အဆင့်မြင့်မြို့များကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၅၀ကတည်းကတည်ဆောက်ထားခဲ့ကြသည်။ ကရင်များသည် တောဦးသို့မပြောင်းရွှေ့လာခင်တွင် ကွမ်ကျိုးတောင်ပိုင်းဒေသ၌နောက်ဆုံးနေထိုင်ခဲ့ခြင်းဖြစ်သည်။
ကရင်များ ကွမ်ကျိုးမှပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗုဒ္ဓသက္ကရာဇ် ၅၀ ခန့်တွင် တန်ခိုးထွားလာသော တရုတ်မင်းတို့၏ချိမ်းချောက်တိုက်ခိုက်မှုဘေးအန္တရယ်မှလွတ်ကင်းရန် ထိုင်းတိုင်းလူမျိုးတို့သည်ယန်စီမြစ်ဝှမ်းအလယ်ပိုင်းဒေသ ဇေချွမ်ရှိ ဖာ့ဘာမြို့ တော်မှ ထီးနန်းပိုင်နက်ကိုစွန့်ခွာပြီး တောဦးသို့ ရောက်ရှိခိုလှုံလာကြသည်။
ထိုခေတ်အစဉ်အလာအရလစ်လပ်သော ဒေသများတွင်အခြေချသူများမှာလွတ်လပ်စွာအခြေစိုက်နိုင်ကြုပြီး၊ အုပ်ချုပ်ရေးပိုင်ရှင်ရှိသောဒေသများတွင်အခြေချလျှင် ပိုင်ရှင်လူမျိုးစုပြည်သားများ၏ အုပ်ချုပ်မှုအောက်တွင်နေထိုင်ရသည်။ လာအိုတိုင်းနှင့် ထိုင်းတိုင်းလူမျိုးများသည် ကရင်ပြည်သို့ရောက်ရှိခိုလှုံသည့်လူဦးရေများစွာတိုးများလာသည်။ ၄င်းတို့သည် ကရင်ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခါအားလျှော်စွာ ရရှိခဲ့ကြသည်။ ကရင့်အုပ်ချုပ်မှုနယ်မြေတွင် အခြေချခိုလှုံနေစဉ် တိုင်းလူမျိုးတို့သည် သံလွင်အရှေ့
ဖက်ကမ်းနှင့်မဲခေါင်မြစ်ရှိ လီဖီ လျှိုမျောင်ဒေသအပြင် ဖူနန်ဒေသကြီးသို့ ဦးတည်ရွှေ့ရှားခဲ့ကြသည်။
(အဂ္ဂ၏မှတ်ချက်။ ကွမ်ကျိုးသည် လက်ရှိကာလတွင် တရုပ်ပြည်၏တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ယန်စီမြစ်သည်မွန်ဂိုလီးယားနယ်စပ်ဂိုဘိကုန်းမြင့်လွင်ပြင်ဒေသတွင်မြစ်ဖျားခံသည် ။လာအိုတိုင်းသည်လက်ရှိလာအိုလူမျိုးဖြစ်လာသည့်တိုင်းအနွယ်ဝင်ဖြစ်ပြီး၊ ထိုင်းတိုင်းမှာလက်ရှိကာလတွင်ထိုင်းလူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည်လည်း တိုင်းမျိုးနွယ်စုတွင်ပါဝင်သည်။ သမိုင်းပါတရုတ်ပြည်ရှိဒေသအမည်များမှာလက်ရှိ ပထဝီဝေါဟာရဖြစ်သည်။" တောဦး" မှာကရင်ဘာသာအခေါ်အဝေါ်ဖြစ်ပြီး လက်ရှိကာလတွင် ဗမာဘာသာဖြင့်"တောင်ငူ"ဟုခေါ်ဆိုသည်။ ထိုင်းမူလအခေါ်အဝေါ်အရလည်း တောဦး ဟုရေးမှတ်ခေါ်ဆိုခဲ့ကြပြီး"ဖမာ့"ကို"မြန်မာ"ဟုပြောင်းခေါ်သောမျက်မှောက်ခေတ်တွင် "တောဦး" ကိုလည်း " တောင်ငူ" ဟုပြောင်းခေါ်သည်။ "ဖူနန်"သည် မွန်-ခမာတို့ တန်ခိုးထွားခဲ့သည့်ခေတ်က မွန်-ခမာ အင်ပါယာဖြစ်သည်။)
No comments:
Post a Comment
mr.kyaingtun@gmail.com