Friday, June 19, 2020

သူ့ ဘဝအကြောင်း

"လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ ..တ၀ဲဝဲလွင့်ခါ လေယဉ်ပမာ......"ဆိုတဲ့သီချင်းရေဒီယိုကနေ လာတဲ့အခါ အမေဟာ ကျေကွဲလွမ်းလို့ ချုံးပွဲချငိုတယ် ဆိုပြီး ၁၀နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့ အကိုကြီးရဲ့ တစောင်တည်းသောစာမှာပါလာတယ်...
ဒိသိချင်းကို ကျနော်ငယ်ငယ်က အမေ့ကိုရေတွင်းမှာရေခတ်ပေးရင်းနဲ့ အော်ဆိုလေ့ရှိခဲ့တာပါ...
၁၉၇၆ ရက်စက်ကြမ်းကျုတ်လှတဲ့ ဖြတ် ၄ဖြတ်ကာလမှာတောင် အမေဟာ တောတောင်အသွယ်သွယ်ကို စမ်းတ၀ါးဝါး ဖြတ်ကျော်လာပြီး
ငှက်ဖျားနဲ့ကွေးနေတဲ့ ကျနော့်ရှိရာရောက်ခဲ့ပါသေးတယ်...
၁၉၈၀ ၀မ်းခါတိုက်ပွဲကာလမှာလဲ အမေဟာ အသက်ဘေးကို မတွေးနိုင်ဘဲ အရောက်လာခဲ့ပါတယ်....၁၉၈၃ မယ်တရစ်တိုက်ပွဲအပြီးမှာ အမေနောက်ဆုံးအကြိမ်လာခဲ့ပေမဲ့ ကျနော်ဆုံးပြီဆိုတဲ့ သတင်းဆိုးကိုဘဲကြားလိုက်ရပြီး ရင်ကွဲစွာ ပြန်သွားရရှာတယ်...
အမေကျနော့်သတင်းအတိအကျကိုမရလိုက်ပါဘူး..အဲဒိတုန်းကကျနော့်နဲ့ ရင်းနှီးတဲ့ ရဲဘော်တွေ မိတ်ဆွေတွေလဲ ကျဆုံးကုန်ကြပြီမို့ဖြစ်ပါလိမ္မယ်.

ကျနော့်လိုဘဲ လူငယ်လူရွယ်တွေအတော်များများဟာ စနစ်ဆိုးကြီးကိုတွန်းလှန်ဖြိုချဖို့ ဆိုတဲ့ ပျင်းထန်တဲ့ခံယူချက်တွေနဲ့  တောတောင်တွေထဲရောက်ခဲ့ကြပါတယ်...
တောကောင်တွေရဲ့ ဘ၀မျိုးနဲ့ ပုန်းလှိုးကွယ်လျိုး လူမမြင်သူမမြင်တောကြိုတောင်ကြားမှာ ငတ်တလှည့် ပြတ်တလှည့်အသက်ရှင်ခဲ့ကြရပါတယ်။။။ဒါတွေထက်ဆိုးတာက အဖေအမေ အကို အမ နဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို တအားအောင့်မေ့တဲ့အခါတွေပါ...
တချို့ ကတော့ ပြန်လည်ဆုံစည်းရခြင်းမရှိခင်မှာဘဲ ထာဝရပျောက်ကွယ်သွားကြပါပြီ...
နေ့ လည်ခင်းငိုက်ကနဲအိပ်ပျော်သွားချိန်မှာ အတိတ်ကမြင်ကွင်းတချို့ ဒီနေ့ ဖြစ်နေသလိုမြင်ရတတ်တယ်..အဲလိုအခါမျိုးမှာ ချက်ခြင်းအိပ်ယာထလိုက်ပြီး ဆွေးမြေ့မှုကိုဖြတ်တောက်ရပါတယ်...



သာမန်လူသား လူငယ်လေးတွေရဲ့ ရပိုင်ခွင့် ပျော်ရွှင်ကြည်နူးခွင့် မိသားစု အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ရှိခွင့်တွေအားလုံးစွန့် လွှတ်ခဲ့ရပြီး အသက်ရှင်ရက်နဲ့ ၀ိညာဏ်ကင်းမဲ့သူတယောက်လို ဒါမှမဟုတ်သေဆုံးနေပြီးသူတယောက်လို ဖြစ်နေကြရတဲ့ ကျနော်တို့ မျှော်မှန်းနေဆဲ တောင့်တနေဆဲ တခုကတော့ 
လူမျိုးစုံတိုင်းရင်းသားအားလုံး အမျိုးသားရေးတန်းတူမှုရှိရာကနေ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်လာပြီး လူတိုင်းရဲ့ ဘ၀တွေကနေ သဘာဝမဟုတ်တဲ့ ဆွေးမြေ့ ကျေကွဲစရာတွေ ကင်းဝေးသွားတဲ့နိုင်ငံသစ်ပါ...

ခုတော့...ဒါတွေအားလုံးကို ဘေးချိတ်..အသိအမှတ်မပြု ဘာမှမရလဲငြိမ်းချမ်းရေးယူမှာဘဲဆိုသူတွေခေတ်ကို သမိုင်းခြေချော်ကျနေပြီ..ဘာမှမရရင်နေ သူတို့ ငါတို့ ကို ဆက်ပြီး မညှင်းဆဲမသတ်ဖြတ်တော့ဘူးဆိုရင် အိုကေပြီဘဲလို့ ပြောနေတဲ့ မိသားစုစီးပွားရေးခြေပုန်းခုတ်နေကြသူတွေရဲ့ ခေတ်ရောက်နေပါလား...
ရင်နာစရာကောင်းလွန်းနေတယ်...မခံစားနိုင်တော့ဘူး...

ကရင်ခေါင်းဆောင်တချို့က ကချင်တွေကိုလက်စားချေရေး ရန်ညှိုးနဲ့ ရန်သူကအကြိးအကျယ်တိုက်ခိုက်နေချိန်မှာ ကချင်ကိုမကူညီဘဲ ရန်သူနဲ့ လက်ဖက်ရည်ဝိုင်းထိုင်အလာပသလာပပြောကြတယ်..ခုလဲအဲဒီအချိုးပြန်လာနေပြန်ပြီ.

ကရင်ခေါင်းဆောင်တချို့ ရန်သူကိုရှေ့ နေလိုက်ပေးနေရင်းက သူလျှိုတြွေဖစ်ကုန်ကြပြီ..
ဒီသူလျှိုတွေကို ကေအဲန်ယူရဲ့ ထိတ်သီးခေါင်းဆောင်တွေဖြစ်လာအောင် ရန်သူက ပရိုမိုးရှင်းလုပ်တယ်..အဲဒီကနေတဆင့်တခြားတိုင်းရင်းသားတွေကိုပါ ချုပ်မိကိုင်မိအောင် ကရင်ကိုယ်စားလှည်တွေကို တိုင်းရင်းသား ကိုယ်စားလှည်အဖွဲ့ မှာ အာဏာအရှိဆုံးသူတွေဖြစ်အောင် ရန်သူကဘေးပတ်မြှင့်တင်တယ်... ဖက်ဒရယ်ဒီမိုကရေစီမူပေါ် မားမားမတ်မတ်ရပ်တည်ပြောဆိုနေတဲ့ မွန်ခေါင်းဆောင်.ကချင်ခေါင်းဆောင် ပအိုခေါင်းဆောင် ရှမ်းနဲ့ချင်းခေါင်းဆောင်တွေ ကို သြဇာပျက်ပြယ်လာအောင် တကွက်ခြင်းလုပ်တယ်....

တခုပြောပြမယ်  ကရင့်တော်လှန်ရေးသမိုင်းတလျှောက်လုံး "ပယောမာသီး" တခုဘဲသြ၀ါဒချမှတ်ခဲ့သူတွေက အခု သူတို့ မာသီးဖို့ တချိန်လုံးကျွေးကျော်နေတဲ့ "ပယော တာအယ်တော"တွေဖြစ်နေကြပြီ...အရင်က ဥက္ကှ မန်းဘဇန်တို့ ပဒိုမန်းရှာတို့ လို
ခေါင်းဆောင်တွေက ဗမာဒီမိုကရက်တစ်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာကိုတောင် ဗမာလူဆိုပြီးသမုတ်ခဲ့တဲ့ လူတွေ...ခုတော့ ဒီလူတွ က ဦးမင်းအောင်ရဲ့ လူယုံတော်တွေဖြစ်ကုန်ကြပြီ...လူယုံတော်လို့ သတ်မှတ်ရင်တောင်အတော်လေးမြင့်သွားတယ် အမှန်က ငါးစာကြီးတွေအဖြစ်အသုံးတော်ခံနေကြတဲ့အဆင့်ပါ...

ဝမ်းနည်းပါသည်.....
အပစ်ရပ်ပေါလောက
ကြပ်ကလေး

No comments:

Post a Comment

mr.kyaingtun@gmail.com