Friday, June 19, 2020

ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရာဇ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း-

ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရာဇ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း-

စူဖန်းကလျာသည် "စီရီအယိုထယာ"ဘုရင် မဟာဓမ္မရာဇာ၏သမီးတော်ဖြစ်သည်။ ဗမာဘာသာဖြင့် "ဗြတ်နရာဇ်"ဟုခေါ်သော "ဖရာ့နရေ့" အပါအဝင်  မောင်တော်၂ဦးရှိသည်။
**ခရစ်သက္ကရာဇ် ၁၅၆၄ တွင် ဘုရင့်နောင်က အယုဒ္ဒကကိုတိုက်ခိုက်သိမ်းပိုက်သည်။ အကြောင်းမှာ အယုဒ္ဒယတွင်ပေါ်သော ဆင်ဖြူ   ကိုတောင်းရာတွင်မပေးသောကြောင့်ဖြစ်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၉  တွင် စူဖန်းကလျာ၏ခမည်းတော် "စီရီအယိုထယာ"မင်းကို ဘုရင့်နောင်ကအယုဒ္ဒယဘုရင်အဖြစ်ခန့်အပ်တင်မြှောက်သည်။ ထိုခေတ်ကလုပ်ထုံးအရထိုနှစ်တွင်ပင် အသက်၁၇နှစ်ရှိသည့် သမီးတော်စူဖန်းကလျာအား "အမျိုးယုံ"အဖြစ်ဘုရင့်နောင်မင်းကြီးထံဆက်သပ်လိုက်ရသည်။ ဘုရင့်နောင်တွင်မိဘုရား သို့မဟုတ် "ကိုယ်လုပ်တော်" ၄၂ ဦးရှိသည်။
**ဆုပန်ကလျာသည် "မင်းအထွေး" ခေါ် သမီးတော်တပါးကိုဖွားမြင်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၄တွင် မင်းသားလေးဗြတ်နရစ်ကို တံဆာခံအဖြစ်ဟံသာဝတီနေပြည်တော်တွင်အကျယ်ချုပ်ထားသည်။ အကျယ်ချုပ်ဆိုသော်လည်း မင်းသား နန္ဒာနှင့်အတူ ကစားခြင်း၊ အတူစာသင်ခြင်း၊ အထာရသတ်မင်းအတတ်များကို အတူသင်ယူရခြင်းများရှိသဖြင့် ဗြတ်နရစ်သည်ဗမာစာနှင့်စကားကိုကောင်းစွာတတ်ကျွမ်းသည်။ဘုရင့်နောင်က စူဖန်းကလျာကိုအထူးချစ်ကြင်နာသောကြောင့်မိမိ၏တူ သားသဖွယ်ထားရှိခြင်းဖြစ်သည်။
** ခရစ်သက္ကရာဇ် ၁၅၇၂ တွင်အမဖြစ်သူစူဖန်းကလျာကဘုရင့်နောင်အားတောင်းဆိုသောကြာင့် မင်းသားဗြတ်နရစ် အယုဒ္ဒယသို့ပြန်ခွင့်ရသည်။ 
**ထိုနှစ်တွင်ပင် ဘုရင့်နောင်ကအယုဒ္ဒယရ ဘုရင်အဖြစ် ခန့်အပ်ထားသောစူဖန်းကလျာနှင့်ဗြတ်နရစ်၏ခမည်းတော်ဖြစ်သူ မဟာဓမ္မရာဇာမင်းက ဗြတ်နရစ်အား "ဖိစနလို့" မြို့စားအဖြစ်ချီးမြှောက်ခါ " နရေစွမ်"ဟူသောဘွဲ့အမည်ကိုပေးသည်။(မယ့်နမ်မြစ်ကမ္ဘားတွင်တည်ရှိသောဖိစနလို့သည် အယုဒ္ဒယခေတ်တွင် နေပြည်တော်တခုဖြစ်ခဲ့သည်။ မွန်-ခမာတို့၏ အန်ကော် အင်ပါယာခေတ်က ဖိစနလို့သည်ခရိုင်မြို့တော်တခုဖြစ်ခဲ့သည်။ အန်ကော်အင်ပါယာတွင် ရှေးခေတ်ကမ္ဘာ့အတိုးတက်ဆုံးဗိသုကာသိပ္ပံပညာဖြင့်တည်ဆောက်ထားသည့် "အန်ကော်ဗိမ္မာန်" ရှိသည်။ Angelina Jolie  သရုပ်ဆောင်သော  "Tom Raider" ရုပ်ရှင်သည် အန်ကော်ဗိမ္မန်ကို နောက်ခံထားခြင်းဖြစ်သည်။


**၁၅၈၁ခုနှစ်တွင် ဘုရင့်နောင်နတ်ရွာစံပြီးနောက် သားတော်နန္ဒာဘုရင်နန်းတက်သည်။
**နန္ဒာဘုရင်၏စည်းရုံးရေးမူဝါဒအားနည်းမှုကြောင့်ခမည်းတော်ဘုရင့်နောင်အား မိမိတို့၏ဧကရာဇ်မင်းသဖွယ် ချစ်ကြောက်ရိုသေသော မဏိပူရ၊အင်းဝ၊ ရှမ်း၊ လာအို၊ လန်းနာ၊နှင့်ခမာဘုရင်များက ပုန်ကန်ကြသည်။
** "ဖရာ့နရေ့"ခေါ်"နရေစွမ်" မြန်မာအခေါ် "ဗြတ်နရစ်" က ခရစ်သက္ကရာဇ် ၁၅၈၃ ခုနှစ်တွင် အယုဒ္ဒယလွတ်လပ်ရေးကိုကျေငြာသည်။
**လွတ်လပ်ရေးကျေငြာရခြင်းမှာ "အင်းဝ"ကိုတိုက်ရန်နရေစွမ်တပ်မအား စစ်ကူခေါ်ယူပြီး နရေစွမ်ဟန်သာဝတီနေပြည်တော်သို့ရောက်လျှင် လုပ်ကြံသတ်ဖြတ်ရန်နန္ဒာဘုရင်ကအမိန့်ချထားကြောင်းနေပြည်တော်တွင်မင်းမှုထမ်းနေကြသည့် မွန်မူးကြီးမတ်ရာများက နရေစွမ်အားအကြောင်းကြားသောကြောင့်ဖြစ်သည်။ ထိုမွန်မူးကြီးမတ်ရာများကို ခမည်းတော်ဘုရင့်နောင်ရှိစဉ်က ရာထူးအာဏာများခန့်အပ်ထားခဲ့ခြင်းဖြစ်သည်။ နန္ဒာဘုရင်မှာ ဘခင်ကဲ့သို့ လူမျိုးစုံတို့၏ဧကရာဇ်မင်းစိတ်ဓာတ်မရှိဘဲ လူမျိုးရေးအစွဲကြီးသောလုပ်ဆောင်ချက်များသဖြင့်မွန်မှူးမတ်များကမနှစ်သက်ကြခြင်းဖြစ်သည်။
**နန္ဒာဘုရင်က နရေစွမ်ကိုရှင်းပစ်လိုရသည့်အကြောင်းမှာ နရေစွမ်၏စစ်ရေးစစ်ရာစွမ်းရည်က မိမိနှင့် မိမိ၏တပ်မှူးကြီးများအားလုံးထက်မြင့်နေသည်ကိုတွေ့ရ၍စိုးရိမ်သောကြောင့်ဖြစ်သည်။ 
**ထိုစစ်ရည်စစ်သွေးစစ်သွေးပြိုင်ပွဲကို "မိန်းခန်း"(ယခု တောင်ကြီး သို့မဟုတ် မိုးကောင်းဟူ၍ အယူအဆ ၂ခုထက်မကရှိသည်) မြို့သိမ်းပွဲဖြင့် စမ်းသပ်ခြင်းဖြစ်သည်။ နန္ဒာဘုရင့်ဆွေတော်မျိုးတော်များပါဝင်သည့်စစ်သူကြီးများက"မိန်းခန်း"ကို ထိုးစစ်ဆင်ရာတွင် အတုံးအရုံးကျဆုံးပြီးပြန်ဆုတ်ခဲ့ကြရသော်လည်း "နရေစွမ်"ကထိုးစစ်ဆင်သောအခါ ခက်ခဲမှုမရှိဘဲ "မိန်းခန်း"ကိုရှမ်းစော်ဘွားညီနောင်များလက်မှန္ဒ္ဒာဘုရင်အတွက်သိမ်းပိုက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
**နရေစွမ်က နန္ဒာဘုရင်နှင့်ဆက်ဆံရေးကိုဖြတ်ပစ်ကြောင်းကျေငြာကာ ဘုရင့်နောင်ခတ်က သုံ့ပမ်းမျာအဖြစ်ဖမ်းဆီးခေါ်ဆောင်လာသော အယုဒ္ဒယသားများနှင့် မွန်အများအပြားကို မိမိ၏တပ်မနှင့်အတူ အယုဒ္ဒသို့ခေါ်ဆောင်သွားသည်။
**သို့ရာတွင် နန္ဒာဘုရင်၏ ယောက္ခမတော်တစ်ဦးဖြစ်သော အမတော်စူဖန်းကလျာနှင့်မဆုံလိုက်ရသဖြင့် အယုဒ္ဒယသို့ပြန်မခေါ်ခဲ့နိုင်ပေ။
**ခရစ်သက္ကရာဇ် ၁၅၉၀ တွင် နရေစွမ်သည် ခမည်းတော်၏အရိုက်အရာကိုခံယူပြီး အယုဒ္ဒယ အင်ပါယာ၏ ဘုရင်အဖြစ်ခံယူနန်းစံသည်။
**၁၅၉၂ခုနှစ်တွင်နန္ဒာဘုရင်ကသားတော်မင်းရဲကျော်စွာ(ဥဘရာဇာ)ကို စစ်သည်အင်အား၂၄၀,၀၀၀ဖြင့်အယုဒ္ဒယနေပြည်တော်အားချီတက်တိုက်ခိုက်စေသည်။ 

နောက်နေ့ဆက်ရေးတင်ပေးမယ်...
(အထူးသတိပြုရန်- ရေးသားသူနှင့်သမိုင်းဌာနများစွာ၏ Version များစွာမှ လေ့လာဖော်ပြထားခြင်းဖြစ်ရာ ရေးသားပြုစုသူများကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသောသမိုင်းတို့၏ထုံးစံအတိုင်း ကွဲလွဲမှုများကိုမကြာခနတွေ့ရသဖြင့်ကျနော့်အနေနှင့်တူညီမှုအများဆုံးသောအချက်များကိုသာဖော်ပြလိုက်ခြင်းဖြစ်သည်။-စစ်ဆေးရန်အချိန်မပေးနိုင်သဖြင့်စာလုံးပေါင်းအမှားများကိုခွင့်လွှတ်ပါရန်- အဂ္ဂ)

ပုံ၁။ ဧကရာဇ်မင်း ဘုရင့်နောင် ပုံ၂။ စူဖန်းကလျာ ပုံ၃။ ဗြတ်နရာဇ်ခေါ်နရေစွမ် ပုံ၎။ မိန်းခန်းတိုက်ပွဲ(လက်ရှိတောင်ကြီးဒေသတစ်နေရာ) ပုံ၅။  ဗိမ္မာန်တော် အန်ကော် ပုံ၆။ Anglina Jolie in Tomb Raider film. 
References

1* Royal Thai chronicle AD1525,  Session18.   
2*Sunait Chutintaranond. Cakravartin : The Ideology of Traditional Warfare in Siam and Burma, 1548-1605. Ph.D. Dissertation, Department of History, Cornell University (1990).
3* “Intercourse between Burma and Siam as Recorded in မှန်နန်းရာဇဝင်တော်ကြီး,” JSS, Vol. 8 (Bangkok 1911, reprint, 1969).
4*“A Brief Account of the Kingdom of Pegu”, Note no. 82.
5*W. H. Moreland, Peter Floris. His Voyage to the East Indies in the Globe 1611-1615. (London : The Hakluyt Society, 1934).
6*Yodaya Yazawin (ယိုးဒယားရာဇဝင် (unpublished material)






No comments:

Post a Comment

mr.kyaingtun@gmail.com