Friday, June 19, 2020

(ကရင်များ နားလည်ရန်ခက်နေသေးသည့် အရေးအကြီးဆုံး သင်္ခန်းစာ)

The most important lesson that Karen still difficult to understand.
Why British government granted independent to Burman political group instead of the loyal Karen in 1948?
The answer is quite easy to understand for the international observers on Burma and Karen political issue that time except the Karen.  
They see the huge different between Burman and the Karen movement. 
Burman political group have political intelligence and trick to shown they are working for all ethnics in a British empire called British-Burma to the world and British while Karen just standing for their own affair. Karen didn’t care or understand about the world power balance that required for UK. UK needs the whole British-Burma still as one strong commonwealth state of them instead of many separated small states that difficult to hold. Karen may understand this very important point if Karen political group that time have the thinking system like a government. Karen misunderstood that the loyalty to British is the most important. It was completely wrong. A political mistake needs time for a century to be healing. Nowadays the Karen makes a similar mistake by the same knowledge as 1948 by split from all ethnic united organization named UNFC while the Burman are still holding the trick slogan of working for the whole country and all ethnic. KNU has damages the political image of the common goal of ethnic’s self-determination struggle to the world. But KNU doesn’t understand what they do this. Karen love to reduce the support of all other ethnics by separate their affair from all other ethnics while Burman still opening their trap to catch the support from all ethnics and the world to stronger Burmese's political objective as an important part of the world power balancing. We just hope for the current generation of Karen may reach this universal political common law of culture for the national building stages of a Karen State. But even now most of the Karen key groups still love to separate them from other ethnics and the more worsen than is they still enjoining the collapses of their national army. The all Karen civilian are longing for all Karen arm groups unite as a national army while that each group have no a clear focus and concentration on it. It’s do like the desire of all Karen people is not the business of all Karen arm groups.

(ကရင်များ နားလည်ရန်ခက်နေသေးသည့် အရေးအကြီးဆုံး သင်္ခန်းစာ)
၁၉၄၈ ခုနှစ်တွင် ဗြိတိသျှက သစ္စာရှိကရင်များအစား ဗမာနိုင်ငံရေးအုပ်စုကို အဘယ်ကြောင့် လွတ်လပ်ရေးဂရမ်ပေးခဲ့သနည်း…
ဤအတွက်အဖြေကို ကရင်မှတပါး ဗမာနှင့်ကရင့်နိုင်ငံရေးကိုအကဲဖြတ်စောင့်ကြည့်နေကြသည့် နိုင်ငံတကာအကဲဖြတ်များအတွက်နားလည်ရန်အလွန်လွယ်ကူခဲ့ပေသည်။
သူတို့သည် ဗမာနှင့် ကရင်တို့၏လှုပ်ရှားမုများအကြား ကြီးမားသော ကွဲပြားမှုကိုမြင်ကြသည်။
ဗမာနိုင်ငံရေးအုပ်စုသည် ဗြိတိသျှ-ဘားမားဟူသည့် ဗြိတိန် အင်ပါယာနိုင်ငံတွင်းရှိ လူမျိုးစုအားလုံးအတွက် လုပ်နေကြောင်း ပြသသည့် နိုင်ငံရေးလည်ပယ်မှုနှင့် လှည့်ကွက်များကိုပြသနေသည့်အချိန်တွင် ကရင်များက မိမိတို့လူမျိုးတမျိုးတည်း၏အရေးအတွက်ရပ်တည်ခဲ့ကြသည်။ကရင်များသည် ကမ္ဘာ့အင်အားချိန်ခွင်ရှာထိမ်းညှိမှုအတွက် ဗြိတိန်တွင်လိုအပ်ချက်များရှိနေသည်ကို အလေးလဲမမူ အရေးလဲမစိုက် နားလဲမလည်ကြပါပေ။ ဗြိတိန်သည် တကွဲတပြားဖြစ်သွားပြီးကိုင်တွယ်ရန်ခက်ခဲခြင်းထက် ဗြိတိသျှ-ဘားမားတနိုင်ငံလုံး မိမိ၏ ဓနသဟာယနိုင်ငံကြီးတစ်နိုင်ငံအဖြစ်မားမားမတ်မတ် ဆက်လက်တည်ရှိနေသည်ကိုလိုအပ်လျှက်ရှိနေခဲ့သည်။ ထိုအချိန်ကကရင်နိုင်ငံရေး အုပ်စုသည် အစိုးရတခု၏ စဉ်းစားနည်းစနစ်မျိုးရှိခဲ့ကြမည်ဆိုလျှင် ဤမျှအရေးကြီးသောအချက်ကိုနားလည်ခဲ့ကြမည်ဖြစ်သည်။


ဗြိတိသျှအစိုးရအပေါ်သစ္စာရှိခြင်းအား အရေးအကြီးဆုံးသောအချက်အဖြစ် ကရင်များက နားလည်မှုလွဲမှားခဲ့ကြသည်။ဤသည်မှာ အပြည့်အ၀မှားယွင်းမှုဖြစ်ခဲ့၏။ နိုင်ငံရေးအမှားအယွင်းတစ်ခုအဖို့ကုစားရန်အတွက် ရာစုနှစ်နှင့်ချီ၍အချိန်ယူကြရသည်။ 
လက်ရှိကာလတွင်လည်း ဗမာနိုင်ငံရေးအုပ်စုက မိမိတို့သည် လူမျိုးစုအားလုံး အတွက်လုပ်နေခြင်းဖြစ်သည်ဟူသော လှည့်စား ကျွေးကျော်သံအားဆက်လက်ကိုင်တွှယ်ထားချိန်တွင် ကရင်သည် တိုင်းရင်းသားလူမျိုးစုများစည်းရုံးဖွဲ့စည်းသည့် UNFC မှ ခွဲထွက်ခြင်းဖြင့် ၁၉၄၈ ခုနှစ်က အမှားမျိုးကိုပြန်လုပ်မိပြန်ပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးဘုံဦးတည်ချက် တိုက်ပွဲရုပ်ပုံလွှာကို ကေအဲန်ယူက ဖျက်ဆီးလိုက်ပြီဖြစ်သည်။ သို့သော် ကေအဲန်ယူက သူတို့ဒါကိုလုပ်လိုက်ခြင်းဖြစ်သည်ကို နားလည်ပုံမရပေ။ ဗမာ့နိုင်ငံသည်ကမ္ဘာ့ပါဝါချိန်ခွင်ရှာထိမ်းညှိမှုအတွက် အရေးကြီးကြောင်းပြသခြင်းဖြင့် လူမျိုးစုံနှင့်ကမ္ဘာ့ထောက်ခံမှု အင်အားကိုဖမ်းစားအသုံးနိုင်ချရန် ဗမာနိုင်ငံရေးအုပ်စုက သူတို့၏ထောင်ခြောက်ကိုဆက်လက်ဖွင့်လှစ်ထားချိန်တွင် ကေအဲန်ယူကမိမိတို့ကိုအားပေးနေသည့် လူမျိုးစုများနည်းပါးသွားအောင်လုပ်ဆောင်နေမှုတွင် ပျော်မွေ့လျှက်ရှိနေဆဲဖြစ်သည်။ ကရင့်လက်ရှိမျိုးဆက်သစ်များအနေနှင့် အမျိုးသားတရပ်တည်ဆောက်ရေးတွင် အရေးကြီးသော အဆင့်အဖြစ် ဤကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးဥပဒေသနှင့်ယဉ်ကျေးမှုကို အလှမ်းမီကြလိမ္မည်ဟု ကျနုပ်တို့မျှော်လင့်ပါသည်။
သို့ရာတွင် ယခုအချိန်အထိမြင်နေရဆဲဖြစ်သည်မှာ ကရင့် သော့ချက်အုပ်စုများက တခြားဘ၀တူတိုင်းရင်းသားများနှင့်ကွဲပြဲခြင်းကိုပျော်မွေ့လျှက်ရှိဆဲဖြစ်ခြင်းနှင့် ထို့ထက်ဆိုးသည်မှာ ၄င်းတို့သည် မိမိတို့၏ အမျိုးသားတပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာပြိုကွဲလျှက်ရှိသည်ကိုပင်လျှင် အင်ဂျွိုင်းနေကြသေးခြင်းဖြစ်တော့သည်။ ကရင်လူထုတရပ်လုံးက ကရင်တပ်အားလုံး ကရင်အမျိုးသားတပ်မတော်တရပ်အဖြစ် ပြန်လည်စည်းရုံးဖွဲ့စည်းရေးကိုလိုလားတောင့်တနေကြချိန်တွင် ကရင်လက်နက်ကိုင်အဖွဲ့အားလုံးတွင် ပြန်လည်ပေါင်းစည်းရေးအတွက် ပီပြင်သော ပစ်မှတ်နှင့် အာရုဏ်စိုက်မှုများရှိနေသည်ကိုမတွေ့ရပါပေ။ ဤသည်မှာ ကရင်လူထုတရပ်လုံး၏ ဆန္ဒသည် ကရင်လက်နက်ကိုင်အဖွဲ့များ၏ အလုပ်မဟုတ်သကဲ့သို့ဖြစ်နေပေတော့သတည်း။

No comments:

Post a Comment

mr.kyaingtun@gmail.com