Friday, June 19, 2020

Self-Determination History of Karen People FB post (4) ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် သမိုင်း

Self-Determination History of Karen People FB post (4)
ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် သမိုင်း
14 January 2017

ကရင်လူမျိုးသည် သမိုင်းမတင်မီခေတ်က ထွန်းကားခဲ့ဘူးသော ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်သည်ဟု ဗြိတိသျှခေတ်က ပြုစုရေူသားထုတ်ဝေကြသောကရင်လူမျိုးဆိုင်ရာ မှတ်တမ်းများစွာတွင် တွေ့ရှိရသည်။
သမိုင်းမတိုင်မီခတ်ဟုဆိုကြရခြင်းမှာ လူမျိုးနိုင်ငံများမရှိသေးသောခေတ် ဖြစ်သည်နှင့်အညီ သမိုင်း မှတ်တမ်းများကိုရေးမှတ်မည့် ပုဂ္ဂိုလ်လ်အဖွဲ့အစည်းများလဲ မရှိသေးသောကြောင့်ဖြစ်သည်။ ပဒေသရာဇ်ခေတ်တွင် သမိုင်းရေးမှတ်မှုများစတင်ပေါက်လာရာ မိမိတို့ မတိုင်မီက လူသားများထားရစ်ခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အဦးပျက်များ၊ အရိုးစုများကိုတွေ့ရှိကြရာမှ တစ်ချို့ကို မှတ်တမ်းတင်ထားခဲ့ကြသည်လည်းရှိသလို မှတ်တမ်းမတင် ခဲ့သည်များလဲရှိမှာမလွဲပေ။ ကျောက်စာ၊မြို့ရိုး၊ စသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမရှိတော့သော အကြောင်းအရာများကို သမိုင်းတန်ဖိုး (Historical value) စံမမှီတော့သော ရှေးအဆိုစကားများနှင့်ပုံပြင်များ အဖြစ်သာလျှင်သတ်မှတ်ကြပေသည်။ လူတစ်မျိုးက မိမိတို့လူမျိုး၏သမိုင်းဟု ဆိုသောကိစ္စ များစွာတို့သည်လည်း တစ်ခြားလူမျိုးတို့က ၄င်းတို့၏သမိုင်းဟုဆိုကြသည်လည်းများစွာရှိပါသည်။ ယင်းသို့သမိုင်းဆိုင်ရာ အညင်းပွားစရာကိစ္စများကို ကျော်လွှားနည်းမှာ အစိုးရအာဏာဖြင့် တည်းဖြတ်ပြုစုပြဌာန်းခြင်းသာလျှင်ဖြစ်တော့သည်။ ထိုနည်းဖြင့် အမျိုးသားသြဇာ အာဏာမတည်ဆောက်နိုင်သောလူမျိုးများ၏သမိုင်းများပျောက်ပျက်ကြရသည်။
မြန်မာ့သမိုင်းသည်လည်းထိုလောကနိယာမတရား၏အောက်တွင်ပင်ရှိနေသည်။ သို့ဖြစ်၍ အမျိုးသားအာဏာမရှိတော့သော တိုင်းရင်းသားလူမျိုးစုတို့၏သမိုင်းများမှေးမှိန်ပျောက်ကွယ်လျှက်ရှိသည်။
ကိုလိုနီခေတ်တွင် ဖြစ်ပွားသော ထင်ရှားသည့် အကြောင်းအရာများမှာ ဒေသခံများသာမက ပြည်ပသုတေသီများ၏ မှတ်တမ်းတင်မှုကိုရရှိနိုင်ကြသဖြင့် ပြည်တွင်းအာဏာလက်ပြောင်းမှုက သမိုင်းကိုမပျောက်ပျက်စေနိုင်ခြင်းဖြစ်သည်။ ပြည်တွင်းကဖျောက်ဖျက်မှေးမှိန်ထားသော အရေးကြီးသမိုင်းအချက်အလက်များမှာ ပြည်ပ မှတ်တမ်းများတွင်ရှိနေဆဲဖြစ်သည်။ လက်ရှိကွန်ပြူတာ အိုင်တီ ခေတ်တွင်ဖြစ်ပျက်သမျှသောအရေးအခင်းကြီးများမူကား ရာသက်ပံဖျောက်ဖျက်၍မရတော့လေပြီ။




ကရင့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်သမိုင်းသည် ပြည်တွင်းပြည်ပသုတေသီနှင့်မီဒီယာများ သိရှိ ကြသော ပထမနှင့်ဒုတိယကမ္ဘာစစ်ကာလအတွင်း ထင်ရှားစွာ ကမ္ဘာသိဖြစ်ပေါ်ခဲ့သည့် ကရင်လူမျိုးများ၏ လှုပ်ရှားမှုများကို ကရင့်သမိုင်းဗဟိုရ် ချက်မ အဖြစ် ထားရှိခါ ပြုစုတင်ဆက်သွားမည်ဖြစ်သဖြင့် အကြောင်းအရာ ပိုင်းတွင် ခန့်မှန်းချက်များပါမည်မဟုတ်ဘဲ မှတ်ချက်ချသည့်  အပိုင်းတွင်သာ အခြားသမိုင်းစာအုပ်များ၏ မှတ်ချက်များနှင့်ကွဲလွဲမှုရှိမည်ဖြစ်သည်။ မှတ်ချက်ကွဲလွဲမှုများမှာ အဖြစ်အပျက်ကို ရှုမြင်သည့် ရှုထောင့် မတူသောကြောင့်ဖြစ်သည်။ လက်ရှိမြန်မာ့သမိုင်းမှာ မျက်ကန်း ရဦးအနက် တစ်ဦး]အမြင်ကိုသာကိုယ်စာပြုဖေါ်ဆောင်ထားသည့်သမိုင်းအမျိုးးအစားဖြစ်သည်။ ကရင့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်သမိုင်းသည် မျက်ကန်း ၇ ဦးလုံး၏ အမြင်ကို စုစည်း ပေါင်းစပ်ထားသည့် နည်းစနစ်ကိုသုံးသည်။ အမျိုးသားနိုင်ငံရေးအထောက်အကူပြုနိုင်ရေးရှုထောင့်ကို အဓိကမထားဘဲ ၃၆၀ဒီဂရီထောင့်ပေါင်းစုံမှ ကြည့်လျှက် ဖြစ်ရပ်မှန်ကို စစ်ထုတ်သည့်နည်းအားလက်စွဲပြုသည်။ သမိုင်းသံရောင်လိုက်ခြင်းကိုရှောင်သည်။
မှတ်ချက်-ပဒေသရာဇ်ခေတ်က ကရင်နှင့်တကွ အခြားစစ်ရှုံးလူမျိုးများ လူမျိုးအရကျွန်ဖြစ်ခဲ့ကြသည်ဆိုသည့် မှတ်ချက်မှာ အမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်သည် ကမ္ဘာတခွင်လုံးတွင် စစ်ရှုံးသောလူမျိုးများကို ကျွန်လုပ်သောခေတ်ဖြစ်သည်။ ကျွန်တို့၏လုပ်အားဖြင့် စစ်နိုင်သူတို့၏ မြို့ပြလမ်းပမ်းများကိုတည်ဆောက်ခြင်း၊ လယ်ယာကိုင်းကွှန်းများထွန်ယက်ခြင်းဖြင့်နိုင်ငံကို တိုးတက်လာစေသောခေတ်ဖြစ်သည်။ ကျေးကျွန်စနစ်သည် ကမ္ဘာပေါ်တွင်ရှေးကတည်းကရှိခဲ့သည်။
အာဖရိကနိုင်ငံများနှင့် ဥရောပကုန်သည်များကုန်သွယ်မှုစတင်သောခေတ်တွင် အာဖရိကရှိကျေးကွှန်ရောင်းဝယ်ရေးစနစ်သည်ဥရောပနိုင်ငံများသို့ပျံ့နှံသည်။ အာဖရိကနိုင်ငံများတွင်ရောင်းဝယ်လျှက်ရှိသောကျွန်များကို ဥရောပကုန်သည်များဝယ်ယူခါ မိမိတို့နိုင်ငံသို့ခေါ်ဆောင်ခါ ကုန်ထုတ်ထုပ်လုပ်ရေး အဓိက ကရိယာများအဖြစ်အသုံးချသည်။
၁၆ရာစုအလယ်ပိုင်းက ကကျွန်စနစ်စတင်ခဲ့သော အမေရိကန်ပြည်မှာ ၁၈ရာစုအလယ်နှောင်းပိုင်း သမတလင်ကွန်းလက်ထက်တွင် ပြည်တွင်းစစ်အောင်နိုင်ခြင်းဖြင့် ဖျက်သိမ်းနိုင်ခဲ့သည်။ ထိုင်းနိုင်ငံမှာ ထိုင်းလက်ရှိနန်းဆက်၏ ဆဌမမင်းဆက်ဖြစ်သော ရာမ ၅ ခေတ်က ၁၈၇၄ တွင် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကြောင့် ယင်းနိုငံများ၏ ခေတ်ပြောင်းစံများနှင့်အညီ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သည်။ တရုတ်နိုင်ငံက ကျွန်စနစ်မျိုးစုံကိုကို ၁၉၁၀ ခုနှစ်တွင်ဖျက်သိမ်းသည်။ အဂ်လန်တွင်ကျွှန်ရောင်းဝယ်မှုကိုရာဇ၀တ်မှုအဖြစ်သတ်မှတ်ခါ ၁၈၀၇ ကတည်းက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
မြန်မာပြည်ကို အင်္ဂလိပ်တို့ ၁၈၆၂ တွင် အပြီးအပိုင်သိမ်းပိုက်လိုက်သောအခါ ၌
မိမိတို့နိုင်ငံက ဥပဒေအရ အင်းဒီးယားနှင့် မြန်မာပြည်ရှိ ကျွန်စနစ်ကိုပါ ဖျက်သိမ်းပစ်လိုက်သည်။ မြန်မာပဒေသရ်ာဇ်ခေတ်တွင် ကျွန်စနစ်ရှိခဲ့သည်ကို မြန်မာအများအပြားက လက်ခံချင်ကြမည်မဟုတ်သော်လည်း ထင်ရှားသောသက်သေအထောက်အထားများစွာရှိသည်။ အထင်ရှားဆုံးအထောက်အထားမှာ “ကျွန်တော်-ကျွန်မ”ဆိုသည့် ယနေ့တိုင်တရားဝင်အသုံးပြုနေသေးသောနာမ်စားဖြစ်သည်။ ခင်ဗျားခေါ် သခင်ဘုရား ဟု ဘုရားထူးရပြန်သဖြင့်၂ထပ်ကွမ်း နိမ့်ကျသည်။ ခေတ်သစ်အင်္ဂလန်တွင် မာစတာဆိုသည့်အသုံးအနှုန်းမှာ သခင်ဆိုသည်ထက် ဆရာကြီး၊ အလုပ်တာဝန်ခံ၊ ကျွမ်းကျင်သူ၊ စသည်ဖြင့် နားလည်ကြပြီး မည်သူမျှ မိမိနာမ်စားကို ကျွန်ဟု သတ်မှတ်သုံးစွဲစရာမလိုပေ။ ကျွန်ခေတ်ကကျေးကျွန်ဆိုသည်မှာ အမေရိကားရှိလူမည်းကျေး ကျွန်များကဲ့သို့ဖြစ်သည်။ အဂ်လိပ်ခေတ် တွင်မြန်မာလူမျိုးများကျွန်ဖြစ်ရသည်ဆိုခြင်းမှာမူ နီးဂရိုးလူကျွန်များကဲ့သို့မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိခြင်း၊ ဗမာစာကိုအဓိက စာအဖြစ် ရုံးသုံးကျောင်းသုံးမပြုခြင်း စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိမြန်မာပြည်ရှိ ဗမာမဟုတ်သော ကရင်အပါအ၀င် အခြားလူမျိုးးစုများ ကျွန်ဖြစ်သည်ဆိုသည်မှာလည်း နီဂရိုးကျွန်များကဲ့သို့မဟုတ်ဘဲ အင်္ဂလိပ်ခေတ် ဗမာများကဲ့သို့နိုင်ငံရေးသတ်မှတ်ချက်အရသာလျှင် ကျွန်ဖြစ်ခြင်းဖြစ်သည်။ အဂ်လိပ်ခေတ်တွင် လူမှုဘ၀၊ လူသားသိက္ခာ၊ အသက်လုံခြုံမှုနှင့် လူသားခံစားခွင့်များမှာမူ မြန်မာပဒေသရာဇ်ခေတ်ထက် ၂ ဆမကအဆင်ပြေမှုများကို ခံစားစံစားခဲ့ကြရသည်မှာ မကွယ်ဝှက်စကေင်းသောသမိုင်းမှန်ဖြစ်သည်။
(သမိုင်းဆိုသည်ထက် သမိုင်းသရုပ်မှန်သုံးသပ်ချက်ဟု သတ်မှတ်ပါက ပိုတည့်မည်ထင်ပါသည်။
များယွင်းသည့် စာလုံးပေါင်များကိုထောက်ပြစေလိုပါသည်။ဆက်ပါဦးမည်)

No comments:

Post a Comment

mr.kyaingtun@gmail.com