Thursday, January 31, 2013

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

Myat Khine shared Aye Chan Mon's photo.
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း


(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Credit - Original up-loader

အေးချမ်းမွန်မှ ရေးမိရေးရာလေးများ   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း


(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူမျိုးရှိပြီး အမည်ပျောက်နေသူများ

Nicky Shein and 2 other people shared Black Angle's photo.
လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။  

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။  

စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။


“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။  

အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။  

မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။  

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။  

ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။

“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။

သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။  

မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။  

အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။  

“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။

သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။    

ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။  

ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။  

“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။  

လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။  

၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။  

စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။http://burmese.bnionline.net
လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။

ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန် Written by ဇင်မင်း

Lu Bo shared Miraculous Master For English Language's photo.
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်
 Written by ဇင်မင်း 

ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး လင်ဝမ်တန်းက ပြောကြားခဲ့သည်။

လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့်  ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။

ထိုင်ဝမ်နိုင်ငံအနေဖြင့် ကမ္ဘာ့ ၁၀ နိုင်ငံ အကောင်းဆုံးပညာရေးစာရင်းဝင်နိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ ထိုင်ဝမ်ပညာရေး တိုးတက်ကောင်းမွန်ရန် အခြေခံပညာမှ ဆရာဆရာမများ၏ စွမ်းဆောင် ကြိုးပမ်းချက်များကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ဆရာများ၏ တာဝန်ခံတတ်မှု၊ အနစ်နာခံ သင်ကြားပြသပေးမှုများကြောင့် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောင်းသားဦးရေ တိုးတက်မြင့်မားလာသည်နှင့် အမျှ ဆရာဦးရေကိုလည်း တိုးမြှင့် ခန့်သွားပေးရန် ကတိပြုကြောင်း ညွှန်ကြားရေးမှူး လင်ကပြောကြားသွားသည်။


 မောက္ခနိုင်ငံတကာသတင်း	


NLABR
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်
Written by ဇင်မင်း

ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး လင်ဝမ်တန်းက ပြောကြားခဲ့သည်။

လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

John Glenn and Moe Aye shared Khaing Soelynn's photo.
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့မူလအဓိပါယ်
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။

တချို့ကတော့လဲ ခရိုနီရဲ့မူလပထမအဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ 
ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ  လုပ်လာရတယ်လို့ ယူဆ
ပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ 
ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူ
တခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ခရိုနီနဲ့ အာဏာသံသရာ

အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရ
လာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရ
လာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့
တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံ
တွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်းသိမ်းသွားဖို့ ကြိုးစားကြလေ့ရှိပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ 
တစ်သက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။

တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို
ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှု
တွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်
ပေးဆပ်ဖို့ ကြိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း 
(မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။

ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ

ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်း
ခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်
စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်
လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း
ခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ
ချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။

၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့ 
လောင်စာဆီဆိုင်ရာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကော်မတီရဲ့ ဥက္ကဌတာဝန်
ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်
ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာမှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူ
ရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ
အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစါရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်

ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတစ်ခု
ကတော့ လူငယ်တွေအပေါ်ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်
စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေး
ရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်
စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီ
နိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် 
လုံးဝ မှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်း
တွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်
သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။

ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက
နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာ
လိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရ
မဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်
သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်းစာနာ
ကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူး
ဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။

ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်းရေး
ကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်
ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်
လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်
လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်

၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်
ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့
ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့ 
ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲ
ခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်
ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲ
ဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသင့်တယ်လို့ ပူတင်ကို တုန့်ပြန်ပါတယ်။ ရုရှားရဲ့ အဓိကပြသနာဟာ ခရိုနီတွေဆိုတာထက် အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ပူတင်အနေနဲ့ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုတယ်လို့လဲ ခိုဒေါ် ကော့ဗ်စကီးက
ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်
ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှည့်အပြောင်းတခု ဖြစ်လာစေပါတယ်။

နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ

ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက်
နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေး
အဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့
ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီး
တာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွှတ်
ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်
ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရ
တာက အနာဂါတ်ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်
ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး

ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်းထောင်ထဲကနေ ရုရှားနိုင်ငံတော် အနာဂါတ်
နဲ့ပတ်သက်လို့ သူ့အယူအဆ-အတွေးအခေါ်တွေကို ဆောင်းပါးပုံစံ  ရေးပြီး
ထောင်ပြင်ကို ခိုးထုတ်ပါတယ်။ ထောင်ထဲကနေ ဆောင်းပါးတွေရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက်စခန်းကို ပို့ပါတယ်။ ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သက်လို့ သူ့သဘောထား
အမြင် စီးပွါးရေးစာတမ်းတစောင် ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်း
အရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စကီး
ထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်
မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်
စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ ပူတင်အစိုးရ
ရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့
အပြင် ထောင်ထဲမှာပါ လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေက ပူတင်ကို ဝေဖန်ရေးသားလာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတစ်ခု
ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။ အမေရိကန်မှာ ပညာသင်နေတဲ့
သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်
ဝင်ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့် မပေး
ချိန်မှာတော့ ရုရှားမှာရော နိုင်ငံတကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွှတ်
ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်
သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်
ကြောင့် ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။
ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။

ပူတင် အကြောက်ရဆုံး လူသား

ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာ
ပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲ
နောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွှတ်
မပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ် နိုင်ငံတကာအစိုးရတွေကရော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကပါ ပူတင်ကို ဝေဖန်ကန့်ကွက်ခဲ့
ပါတယ်။ နိုင်ငံတကာဖိအားတွေ များလာသလို ခိုဒေါ်ကော့ဗ်စကီးကို 
ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။ ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာပါ။ ခိုဒေါ်ကော့ဗ်
စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီးမှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။ ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲသုံးသပ်ပါတယ်။ခိုဒေါ်ကော့ဗ်စကီးရဲ့ပုံရိပ်နဲ့အတွေးအခေါ်
တွေ ရုရှားလူငယ်ကြားမှာ ရေပန်းစားလာမူဟာ ပူတင်ကို အကြောက်တရား
တွေ ပိုဖိစီးလာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလို
အခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စကီ ရေးသားပေးပို့တဲ့
ဆောင်းပါးတွေ စုစည်းပြီး ပူတင်ရဲ့ အကျဉ်းသားဆိုတဲ့ စာအုပ်တအုပ် ထွက်ရှိလာပါတယ်။ လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို ဖြန့်ချီဖို့ ပြင်ဆင်
နေပြီဖြစ်ပါတယ်။ ရုရှားမှာ ပူတင်ရဲ့ အကျဉ်းသားစာအုပ်ဟာ အရောင်းရ
အကောင်းဆုံး စာရင်းဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို 
ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။
ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။

ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်း
ရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်
ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။

ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား

ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်ဆိုတဲ့ဘ၀ကနေ ရုရှားနိုင်ငံရဲ့  နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်
စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင် ...

အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲ ကူညီအားပေးသူတဦး။
ခောတ်ပျက်သူဌေးဘ၀က ချမ်းသာကြွယ်ဝလာမှုတွေကို မျိုးဆက်သစ် ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ ကြောက်စရာအကောင်းဆုံးလူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီး
နေတာ၊ ဒီမိုကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။

အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေး
တွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။

ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေး
ထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့
အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ
ခေါ်ခေါ်  ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ
ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။

မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)

မှီငြမ်း

- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com

photo;အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပုံ



Posted by ဒေါက်တာလွဏ်းဆွေ
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့မူလအဓိပါယ်
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။

ကွန်ပြူတာသုံးစွဲသူများသတိပြုရန်အချက်များ

Lu Bo shared 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်'s photo.
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။



၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။



၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။



၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။



Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။



၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။



၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။



၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader (ရေးမိရေးရာလေးများ)
=====================================
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

Tuesday, January 29, 2013

ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့် /မောင်ထွန်းသူ


ချစ်လှချည်ရဲ့ /ခင်နှင်းယု


ကျော်ကြားသောတရုတ်ပုံပြင်များ/မနှင်းပွင့် 


သား /မောင်ထွန်းသူ


ရေကန်သာကြာတိုင်းအေး/နေဝင်းမြင့် 


ရှိတ်စပီယားဝထ္ထုတိုများ/ရွှေဥဒေါင်း


ချစ်စံနမှုနာ/ သာဓု


ပျောက်နေသူ/တင်ဆွေ


မြန်မာသမိုင်းဝင်ဖြစ်ရပ်များ/နန္ဒာမိုးကြယ်


အထီးကျန်အလှ/ဝင်းဝင်းမြင့် 


ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်

နေ့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်

န့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး

နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်သည်။
ခရမ်းလွန် ရောင်ခြည် များ မြင့်မား နေ၍ စိုးရိမ်ဖွယ် အခြေအနေ ရှိဟု ဒေါက်တာ ဦးထွန်းလွင် ပြောကြား

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် ခရမ်းလွန် ရောင်ခြည်များ သတ်မှတ် ထားသည့် အဆင့်ထက် များစွာ မြင့်တက် နေခြင်း ကြောင့် အန္တရယ် ရှိနိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် မှ ပြောကြား ခဲ့သည်။

အိုဇုန်းလွှာ သည် ဘေးအန္တရယ် ရှိသည့် ခရမ်းလွန် ရောင်ခြည် လှိုင်းများ ကမ္ဘာ မြေပြင် ပေါ်သို့ မကျရောက် အောင် ကာကွယ် ပေးပြီး ခရမ်းလွန် ရောင်ခြည် ၉၉% ကိုစုပ်ယူ ပေးသည့် သဘာဝ အရံ အတား တစ်ခု ဖြစ် သည့်အတွက် ကမ္ဘာ့ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သည့် အကာအကွယ် တစ်ခု ဖြစ်သည်။ အိုဇုန်းလွှာ ပျက်စီး မှုကြောင့် အရေပြား ကင်ဆာ ရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံ အထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါ ဂေဟ စနစ် ပျက်စီး မှုနှင့် ရုပ် ဝတ္ထု ပစ္စည်း များ  ယိုယွင်း ပျက်စီး မှုတို့ကို ဖြစ်ပေါ် စေလျက် ရှိ သောကြောင့် ကုလ သမဂ္ဂက  ဦးဆောင်၍ အိုဇုန်းလွှာ ကာကွယ်ရေး အတွက် ၁၉၈၅ ခုနှစ်မှ ယခုနှစ် အထိ  အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ် များ  ချုပ်ဆို ၍ ကာကွယ် ရေး လုပ်ငန်း များ ဆောင်ရွက် ခဲ့ပါသည်။

မြန်မာ နိုင်ငံသည် အိုဇုန်းလွှာ ကာကွယ်ရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီး စေသောဒြပ် ပစ္စည်း များဆိုင်ရာ မွန်ထရီယယ် နောက်ဆက် တွဲစာချုပ်နှင့် လန်ဒန် ပြင်ဆင်ချက် စာချုပ် များ၌ ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်၌ ၂ဝဝ၉ ခုနှစ် မေ ၂၂ ရက် တွင် လည်းကောင်း၊ မွန်ထရီယယ် ပြင်ဆင်ချက်နှင့် ပေကျင်း ပြင်ဆင်ချက် များ၌ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၃ဝ ရက် တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ် ဝင်ရောက် ခဲ့သည်။

အပူချိန် မြင့်မားသည့် နေ့ခင်းပိုင်း အချိန် ကာလ များတွင် ခရမ်းလွန် ရောင်ခြည် လှိုင်းများ  ဖြာထွက်မှု များပြား သောကြောင့် အတတ် နိုင်ဆုံး အပြင် မထွက်ရန် နှင့် လိုအပ်၍ အပြင် ထွက် ပါက ချည်သား စစ်စစ် အ၀တ် အ ထည်များ၊ ချည်သား မဟုတ်သော တခြား အထည် အရောင် ဖျော့ဖျော့ များ ကိုဝတ်ဆင်ခြင်း၊ နေ့လည် စာစား သုံးရာတွင် နေရောင်ခြည် နှင့် မတည့်သော အစားအစာ များ ဥပမာ- ကရဝေး၊ ကြက်သွန်မိတ်၊ မုန်လာဉ် နှင့် ပဲ ငံပြာရည် အစ ရှိသည် များကို ရှောင်ရှားပြီး နေရောင် ခြည်က ကာကွယ် ပေးသည့် ခရမ်း လွန်ရောင် ခြည်ကို ချေဖျက် နိုင့်သည့် ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့် နှင့် စတော်ဘယ်ရီသီး အစ ရှိသည် များကို စားသုံး သင့်သည်။

ယခု ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် တိုင်း

တာချက်အရ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း  ၉  အထိ မြင့်တက် နေသည်ဟု ၄င်း၊ မုတ်သုန် ရာသီ ဥတု တွင် အညွှန်းကိန်း  ၆  သို့မဟုတ်  ၇  နှင့် ဥရောပ တွင်  ၄  သို့မဟုတ်  ၅  ပုံမှန် အနေ အထား တွင် ရှိသည် ဟု ဦးထွန်း လွင်မှ ပြောကြားသည်။ အညွှန်းကိန်း ၉ သည် အရေပြား ရောဂါ မှအစ အသက် သေဆုံး သည်အထို ထိခိုက် နိုင်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။
ခရမ်းလွန် ရောင်ခြည် များ မြင့်မား နေ၍ စိုးရိမ်ဖွယ် အခြေအနေ ရှိဟု ဒေါက်တာ ဦးထွန်းလွင် ပြောကြား

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် များတွင် ခရမ်းလွန် ရောင်ခြည်များ သတ်မှတ် ထားသည့် အဆင့်ထက် များစွာ မြင့်တက် နေခြင်း ကြောင့် အန္တရယ် ရှိနိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် မှ ပြောကြား ခဲ့သည်။

အိုဇုန်းလွှာ သည် ဘေးအန္တရယ် ရှိသည့် ခရမ်းလွန် ရောင်ခြည် လှိုင်းများ ကမ္ဘာ မြေပြင် ပေါ်သို့ မကျရောက် အောင် ကာကွယ် ပေးပြီး ခရမ်းလွန် ရောင်ခြည် ၉၉% ကိုစုပ်ယူ ပေးသည့် သဘာဝ အရံ အတား တစ်ခု ဖြစ် သည့်အတွက် ကမ္ဘာ့ သက်ရှိများ အတွက် မရှိမဖြစ် လိုအပ်သည့် အကာအကွယ် တစ်ခု ဖြစ်သည်။ အိုဇုန်းလွှာ ပျက်စီး မှုကြောင့် အရေပြား ကင်ဆာ ရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံ အထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါ ဂေဟ စနစ် ပျက်စီး မှုနှင့် ရုပ် ဝတ္ထု ပစ္စည်း များ ယိုယွင်း ပျက်စီး မှုတို့ကို ဖြစ်ပေါ် စေလျက် ရှိ သောကြောင့် ကုလ သမဂ္ဂက ဦးဆောင်၍ အိုဇုန်းလွှာ ကာကွယ်ရေး အတွက် ၁၉၈၅ ခုနှစ်မှ ယခုနှစ် အထိ အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ် များ ချုပ်ဆို ၍ ကာကွယ် ရေး လုပ်ငန်း များ ဆောင်ရွက် ခဲ့ပါသည်။

Monday, January 28, 2013

အလည်လာတဲ့ မိန်းကလေး/နတ်နွယ်


အချစ်မရှိတဲ့ နေ့ ရက်များ/တင်သန်းဦး


ကုသိုလ်ကြမ္မာ မမီပါခဲ့ /ခင်နှင်းယု


ရွှေပင်ငွေပင်စိုက်ပျိုးပါ/ ချစ်စံဝင်း


ကွဲသွားသောသိုက်မြုံ့ ကလေးနှင့် မေ့ သား/မြသန်းတင့် 


တောက်ပ၍နွေးထွေးသောကောင်းကင်တခုအောက်မှာ/ရှင်မိုး


တိမ်ညိုတွေခါးတဲ့ ည/မြလွန်းချို


လူပျိုမှိုတက်/အကြည်တော်


ဖက်စွတ်မိုး/မောင်စိန်ဝင်း(ပုတီးကုန်း)


စိတ်ဖတ်သူ/လွန်းထားထား


အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်

Hlaing Bwa shared Kachin Daily News's photo.
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

 အဆိုပါ အွန်လိုင်းမှ စမ်းသပ်သင်ကြား ပေးလျက်ရှိသည့် ဥပဒေဘာသာရပ်ကို စိတ်ဝင်တစား တက်ရောက် သည့်သူ များပြားလျက်ရှိပြီး ယင်းစနစ်မှာ အောင်မြင်သည်ဟု ဆိုနိုင်သည့် အတွက် နောက်ပိုင်းတွင် အဝေးသင် ဘာသာရပ် အားလုံးကို အွန်လိုင်းမှပင် သင်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။ ယင်းက ဆက်လက်၍ “ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းလို့ရ တယ်။ အခု ဆိုရင် စင်ကာပူက ကျောင်းသားတစ်ယောက် အွန်လိုင်းကနေ စာရင်းသွင်းထားတယ်။ သူ့ကိုသင် တန်းသား ခုံအမှတ်တစ်ခု ထုတ်ပေးထားတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် အင်္ဂလိပ် လိုရော မြန်မာလိုပါ ရှင်းပေးထားတယ်။ သူနားမလည်ရင် ဆရာတို့ဆီကို အီးမေးလ်နဲ့ လှမ်းမေး တယ်။ ဒီကပြန်ဖြေပေးတယ်။ သူက စင်ကာပူမှာ ဆိုပေမယ့် တော်တော် အဆင်ပြေတယ်” ဟု ပြောသည်။

 ယင်းစနစ်ဖြင့် တက်ရောက်နိုင်မည့် ပုံစံမှာလည်း ပုံမှန်အဝေးသင်တက္ကသိုလ် ပုံစံများအတိုင်းပင် ဖြစ်ကာ ယခုအခါ အွန်လိုင်းအဝေးသင် သင်ကြားရေး စနစ်ဖြင့် သင်ကြားရာတွင် သင်ကြားလိုသူ၏ လက်ဗွေပုံစံနှင့် ဓာတ်ပုံများကို Scan ဖတ်၍ Security System ပြုလုပ်ပေးထားကြောင်း၊ စာမေးပွဲကိုလည်း အွန်လိုင်းပေါ် မှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲက နှစ်ခုဖြေရတယ်။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ် ဝက်ပါ။ အွန်လိုင်းကနေ ဖြေဆိုချိန် သတ်မှတ်ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းခြင်းလဲ မတူဘူး။ အချိန်ပြည့်သွားရင် ဘယ်သူမှ ဖြေလို့မရတော့ဘူး။

ပြီးတာနဲ့ အောင်ရှုံးအမှတ်တွေကို တန်းထွက်ပေးတယ်။ ဒုတိယအပတ်မှာကြတော့ စာတမ်းငယ် တစ်စောင် တင်ခိုင်းတယ်။ တော်တော်အောင်မြင်ပါတယ်” ဟု ဒေါက်တာလှတင့်က ပြောသည်။ ယင်းအွန်လိုင်း အဝေး သင် ပညာရေးစနစ်နှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်က “ပညာရပ်တွေ ကို အွန်လိုင်း၊ အင်တာနက်တွေက သင်နိုင်ဖို့ လိုတာပေါ့။ တချို့နိုင်ငံတွေဆို အွန်လိုင်းကနေ တိုက်ရိုက်စနစ်နဲ့ သင်တယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာဆိုရင် အွန်လိုင်းကနေ ပါမောက္ခတွေက ပို့ချပေးတယ်။ သူတို့ဆီမှာ အွန်လိုင်းအတွက် သီးသန့် ပါမောက္ခတစ်ယောက် ထားပေးတယ်။

 ကျောင်းသားကလဲ ပါမောက္ခနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးလို့ ရတယ်” ဟု ပြောသည်။ ဥပဒေပညာ ရပ် ကို အွန်လိုင်းမှ သင်ကြားပေးသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ပြီး တက်ရောက် ရမည့် ကာလမှာ တစ်နှစ်ဖြစ်ကာ ဆယ်လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းသင်တန်း တက်ရောက်လို၍ လျှောက်ထားသူ ရာကျော် ရှိသော်လည်း ၅၀ ကျော်သာ လက် ခံနိုင်သေးကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့

မျက်နှာပေါ်က အမဲစက်တွေ ပျောက်ချင်ရင်တဲ့။ လုပ်နည်းက လွယ်လွယ်လေးဖြစ်သလို၊ အင်္ဂလိပ်လိုရေးထားတာကလည်း လွယ်လွယ်လေးမို့ ဘာသာမပြန်တော့ဘူးနော်။ လုပ်နည်းက (၂)နည်းပေါ့။ ကြိုက်တဲ့ နည်းကို သုံးလို့ရပါတယ်။ ကျွန်ုပ်ဆိုရင်တော့ သကြားပါတဲ့ နည်းကို သုံးဖြစ်မယ်ထင်တယ်။

You do not have to hide dark spots
on your face with heavy makeup or
subject your delicate skin to harsh
chemical peels or laser treatments
to remove annoying marks.

Whether they are age-related "liver
spots" or stubborn acne and insect
bite scars, nature's warehouse
holds effective options for removing
most dark spots from your face.

ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

Khin Mgoo shared လူထုအသံ လူထုရင်ဖွင့်အသံ လူထုကိုယ်စားပြုအသံ ဗမာပြည်တိုးတက်ရေးအသံ's photo.
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ်သူတို့ တောင်ပေါ်သားလို့ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လိုတိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။
ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန်ဝံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန်စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်းတိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင်တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကိုထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝလျစ်လျူရှုခဲ့ကြတယ်။

မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ကချင်တွေကို ဘယ်လိုပြောင်းလဲ စေခဲ့သလဲ။
ဖြေ။ ။ ဗြိတိသျှလက်အောက်ကဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကိုတွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကိုတွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့လက်အောက်ခံ မဟုတ်ဘူးဆိုတာ ဗြိတိသျှတွေသဘောပေါက်သွားခဲ့ကြတယ်။ ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နယ်မြေဒေသ၊ ကိုယ်ပိုင်ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းကရှိခဲ့တယ်။ ဗြိတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေအားလုံးကိုပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။

မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်ကပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲအချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။
ဖြေ။ ။ ကချင်နဲ့ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာသုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲဝင်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။ ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှုအထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။ ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်ကအဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့ကအသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေးအတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့အတူ ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့အရပ်သားအစိုးရက ဒီစာချုပ်ကိုလေးစားလိုက်နာခဲ့လား။
ဖြေ။ ။ (ဗိုလ်ချုပ်)အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်း ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့ တာကိုး။ ၁၉၄၈ အခြေခံဥပဒေအရ ဖဆပလကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကိုလွှဲပြောင်းပေးခဲ့တယ်။

မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံးအချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ဘာသာရေးကိုခွဲခြားထား(Separation of the Church and the State) စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကိုအသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကိုဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံစာချုပ်မှာပါတဲ့ကတိက၀တ်က မျှတမှုနဲ့အခြေခံအခွင့်အရေး-လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှုနဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာပါဝင်တဲ့အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံ ဥပဒေကိုသုံးပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပြောင်းသွားရတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့အခြေခံရည်မှန်းချက်ကို ရနိုင်မှာမဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့စစ်ရေးအင်အား၊ ခေါင်းဆောင်မှုစတာတွေကြောင့် ကျနော်တို့ရဲ့ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလိုဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီးခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Black Angle
ကချင်သမိုင်း သုံးသပ်ချက်များ( Lachid Kachin )

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

Sawpudu Du shared Aye Chan Mon's photo.
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

http://www.myawady.com.mm/health/treatment/item/4503-2013-01-16-09-44-07#.UQZo5B03t8E

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

Maung Maung Kyaw and 2 other people shared Aye Chan Mon's photo.
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန် တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီး တွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ် ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင် ပေးပါတယ်။

http://www.myawady.com.mm/health/preventing/item/5332-2013-01-25-09-46-33#.UQSL3B03t8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

နန္ဒ ထွန်း shared Knowledge Library .'s photo.
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
-------------------------------
မြ၀တီကျန်းမာရေးကဏ္ဍ မှ
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
========================


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ/by ကိုထိုက်

နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...

နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ ရှိပါတယ်။

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ ... စိတ်ဝင်စားစရာပါ။

တချို့က လက်ယာကို .. ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ ... လက်ယာကို လူချမ်းတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။ (ဝါဒအကြောင်း ပြောတာ မဟုတ်လို့ ဒီနေရာမှာ ဝါဒကိစ္စ အရှည် မရှင်းတော့ပါ။)

ဘယ်က ပေါ်ပေါက်လာတာလဲဆိုတာ ကတော့ (ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ် အခင်းအကျင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့) ... ပြင်သစ် တော်လှန်ရေးကာလကနေ ထွက်ပေါ်လာတဲ့ စကားလုံး ဖြစ်ပါတယ်။

ဆရာနိုင်ဝင်းဆွေ ရဲ့ ငွေ. . .ရွှေ . . .ရတု


24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သော
အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ
 
" ငွေ . . . ရွှေ . . . ရတု "       --    နိုင်ဝင်းဆွေ ( 1940 - 1995 )

အရွယ်ပြည့်ဝန်းတဲ့ 
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။

အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ် 
အချစ်မီးလေးတခဲ 
ရင်ထဲမှာစွဲငြိဆဲလေ ။

အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။

" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။

" အနုပညာကိုချစ်
ယုံကြည်ချက်ကိုချစ်
သစ္စာတရားကိုချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လဲဖြစ်လာတယ် " ။

အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ခဲ့ဖူးရဲ့ ။

၁၉၈၆ ကလောင်နှစ် နှစ် ၂၀
ပထမ အရွယ်နေ့
ကျနော့် ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
" ပာင့်အင်း....ညီအကိုတို့
အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာရဲ့ တြိသီလတရားလို့
ကျနော် ကိုးကွယ်ထားတယ် " ။

" ပာုတ်တယ် ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား
တဂိုးရဲ့အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်" 

ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူးတဲ့ ။

" ပာုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲဖြစ်ချင်တယ် " ။

မနှစ်ကတော့ 
ဖလံတောင်ဝှေးများဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့ သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကြွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့ ။

သဲကန္တာရမုန်တိုင်းမှာ
နိုင်ငံရေးသမားအိုပာာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖရိုဖရဲ အပြိုပြိုအလဲအလဲ လူအုပ်ကြီးထဲ
တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့်ငိုကြွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလိုညည်းတွားလို့
တချို့က မျက်စိစုံမှိတ်ရင်း
အားတင်းသီချင်းအော်ပာစ်လို့
တချို့ကဒေါသပေါက်ကွဲနေ
တချို့က တချို့ကို အတင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့ 
သူရဲကောင်းတွေလည်း များစွာပါရဲ့ ။

သတိကို တဖြေးဖြေးစောင့်ခေါ်ရင်း
အဖိုးအိုပာာ မောပန်းနွမ်းလျနေလေရဲ့ ။

အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားပာာ
လျှပ်စီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေမမြင်တွေ့နိုင်သေးတဲ့
ပိာုးအဝေးကအနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမားပေါ့ ။

အနုပညာဘုံမှာ
သေခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့ သစ္စာ
ပရမတ္တအချစ်နဲ့ ရွှန်းသစ်မှု
အော် . . . 
ကျနော်ရဲ့အနုပညာတောင်မှ 
ငွေရတုမြောက်ခဲ့ပါပေါ့ ။

ညည်နေ့မှာ
" သန်းဆွေ ၊ ခင်နှင်းယု
မင်းသုဝဏ် ၊ မင်းဏီ
မမလေး ( ဂျာနယ်ကျော် )
ကျနော့ရဲ့ တေးသမားဘ၀ကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာ အဆူဆူနဲ့ ပဲာမင်းဝေးအား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့ဧ။် " ။

အော် . . .
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
( ဘယ်လောက်များ လှပ တောက်ပ နေလိုက်ပါသလဲ )
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖြန်းထားလိုက်ပေါ့ ။ ။။

နိုင်ဝင်းဆွေ
( 1st . April . 1991 )

ကျမရဲ့16 နှစ်ပြည့် မွေးနေ့
First April မှာရေးခဲ့သောကြောင့် အမှတ်တရပါပဲ ။
‎24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သေ

အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ

" ငွေ . . . ရွှေ . . . ရတု " -- နိုင်ဝင်းဆွေ ( 1940 - 1995 )

အရွယ်ပြည့်ဝန်းတဲ့
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။

အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ်
အချစ်မီးလေးတခဲ
ရင်ထဲမှာစွဲငြိဆဲလေ ။

အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။

" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။

မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း

နန္ဒ ထွန်း shared Knowledge Library .'s photo.
မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း 
===================
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။ 
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။
မင်္ဂလာ အခမ်းအနား ကျင်းပ ရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ၄င်းတို့၏ ၀တ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများ ၀တ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အင်္ကျီနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အ၀တ် အထည်များ ကိုသာ ၀တ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ၀တ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။
ဘိသိက်ဆရာ
အခမ်းအနား အများအပြားတွင် အခမ်းအနားမှုး (Master of Ceremony) ရှိလေ့ ရှိကြသည့် အတိုင်း မြန်မာ့ မင်္ဂလာ အခမ်းအနားများတွင် လည်းအခမ်းအနားမှုး လုပ်သူများပါရှိ လေ့ရှိကြသည်။ ထိုသူကို မြန်မာမှု အခေါ်အဝေါ်အရ ဘိသိက်ဆရာ ဟုခေါ်လေ့ရှိသည်။ ထိုဘိသိက်ဆရာက မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပပေးရသလို မင်္ဂလာ သတို့သားနှင့် သတို့သမီး အပါအ၀င် နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအ၀ိုင်းအား ချီးမွမ်းခန်း နှင့် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း ဆုတောင်းခန်း တစ်ခုပါရှိသည့် ကဗျာရှည် တစ်ပိုဒ်ကို အထူး ရေးသားကာ ဖတ်ကြားပေးရသည်။ ဤသို့ ဖတ်ကြားပေးခြင်းကို ဘိသက် မြောက်ခြင်းဟု ခေါ်သည်။ သြဘာ စာဖတ်သည်ဟုလည်း သုံးနှုန်းကြသည်။ သို့ရာတွင် အဆိုပါ ဘိသိက်ဆရာမှာ မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပ ပေးရသူဖြစ်သည့်တိုင် အခမ်းအနား ထွက်ရာတွင် မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ခွင့်ရသူမဟုတ်ပေ။ မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ထွက်ခွင့် ရသူမှာတော့ ပန်းကြဲသည့် မိန်းမပျိုသာဖြစ်သည်။ ထိုမိန်းမပျိုက မင်္ဂလာမောင်နှံ ရှေ့မှ ဦးဆောင်ကာ မင်္ဂလာ မောင်နှံလာမည့် လမ်းတစ်လျှောက် (စတိသဘော) ပန်းကြဲ ပေးရခြင်းဖြစ်သည်။ ထိုသို့ ပန်းကြဲခြင်းမှာ မြန်မာ့ရိုးရာ ရှေးရိုး အစဉ်အလာ တစ်ရပ် ဖြစ်ပြီး မင်္ဂလာမောင်နှံ၏ ဘ၀ခရီး တစ်လျှောက် ပန်းခင်းသော လမ်းတွင် လျှောက်ရ ပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းခြင်းဖြစ်သည်။
အဆိုပါ ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရသည်။ ၄င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများ ၊ မင်္ဂလာမောင်နှံ၏ နှစ်ဘက်သော မိဘများက တန်းစီလိုက်ပါကာ အခမ်းအနား ထွက်ကြရသည်။ (သို့ရာတွင် အချို့သော မင်္ဂလာဆောင်များ တွင်မူ ပန်းကြဲသည့် မိန်းမပျိုနှင့် မင်္ဂလာ မောင်နှံကြားတွင် မင်္ဂလာလက်စွပ် ဗန်းကိုင်များ ၊ မင်္ဂလာ ပန်းကုံးကိုင်များကို တတ်နိုင်လျှင် တတ်နိုင်သလို ထည့်သွင်း ကြလျက်ရှိသည်။)

မင်္ဂလာ အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များမှာ သတို့သားနှင့် သတို့သမီး ၊ နှစ်ဖက်သော အသိုင်းအ၀ိုင်းမှ ဆွေမျိုးများ ၊ မိတ်ဆွေ သင်္ဂဟများနှင့် ၄င်းတို့၏ မိဘများ၏ မိတ်ဆွေ သင်္ဂဟများ ၊ အိမ်နီးချင်းများသာ ဖြစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုသို့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက် လာကြသူများမှာ မင်္ဂလာ မောင်နှံအတွက် လက်ဆောင်များ ကိုယ်စီ ပါးလေ့ရှိကြသည်။ ဤသည်ကို မြန်မာမှု နယ်ပယ်တွင် မင်္ဂလာလက်ဖွဲ့ သည်ဟု ပြောစမှတ်ပြုလေ့ ရှိကြသည်။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူ နှစ်ဦးအား မိမိတို့ တတ်နိုင် သလောက် ၀ိုင်းဝန်း ထောက်ပံ့ကြသည့် သဘောဖြစ်သည်။ ထိုကဲ့သို့သော မင်္ဂလာ အခမ်းအနားတစ်ခု၏ ကြာမြင့်ချိန်သည် တစ်နာရီခွဲမှ သုံးနာရီ အထိကြာ မြင့်လေ့ရှိသည်။ သို့ရာတွင် မင်္ဂလာ အခမ်းအနား ပြီးသည့်တိုင် သတို့သားနှင့် သတို့သမီးတို့၏ လုပ်ငန်းစဉ်များမှာ မပြီးဆုံးသေးပေ။ အိမ်ပြန်ပြီး ဘုရားရှိခိုး ကြရသည်။ နှစ်ဖက်သော မိဘများကို ကန်တော့ကြရသည်။ ပြီးမှ မိမိတို့ နေထိုင်မည့် အိမ်(သို့မဟုတ်) အခန်းကို ၀င်ကြရသည်။ ဤနေရာတွင် မြန်မာတို့၏ ချစ်စရာ လူမှု ဓလေ့တစ်ခုကို တွေ့နိုင်သည်။ အခန်းတွင်း ၀င်မည့် မင်္ဂလာမည့် မောင်နှံကို ရွှေကြိုး ၊ ငွေကြိုး များတား၍ ခဲဘိုးတောင်း ကြခြင်းပင်။ ခြိမ်းခြောက်ခြင်း ၊ အနုကြမ်းစီးခြင်း ကဲ့သို့ မဟုတ်ပဲ အပျော်သဘော လာဘ်တောင်း ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါ ကဲ့သို့သော မင်္ဂလာဆောင်မှု မျိုးမဟုတ်သော ဓလေ့မျိုးကိုလည်း မြန်မာမှု နယ်ပယ်တွင် ရှိနေသေးပါသည်။ ထိုအရာများကား မင်္ဂလာ ဆွမ်းကပ်ခြင်းနှင့် ရုံးတက် လက်မှတ်ထိုးခြင်း တို့ဖြစ်သည်။

မင်္ဂလာဆွမ်းကပ်ခြင်း
သံဃာတော် များအား ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစုတို့ကို လှူးဒါန်း ဆက်ကပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓအလိုကျ လက်ထပ်နည်း ဖြစ်ပြီး ဧည့်ပရိတ်သတ် များလည်း ဖိတ်ကြားကျွေးမွေး နိုင်သည်။ များသောအားဖြင့် သီးသန့်မင်္ဂလာ အခမ်းအနား ကျင်းပသည် ဖြစ်စေ ၊ မကျင်းပသည်ဖြစ်စေ မင်္ဂလာဦးအလှူ အဖြစ်ကျင်းပလေ့ရှိကြသည်။

ရုံးတက်လက်ထပ်ခြင်း
ဥပဒေအရ လက်ထပ်သည့် လက်ထပ်နည်း ဖြစ်သည်။ တရားရုံး တစ်ခုခုတွင် ဂျူဒီလူကြီးရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်ထပ် စာချူပ်ပေါ်တွင် သတိုးသားရော သတိုးသမီးပါ လက်မှတ် ရေးထိုးကာ လက်ထပ်ရသည့် နည်းဖြစ်သည်။ တရားရုံးတွင် လက်ထပ်ခြင်း ဖြစ်သဖြင့် ဧည့်ပရိတ်သတ် အမြောက်အမြားကို ဖိတ်ကြား၍ မရသကဲ့သို့ အသိသက်သေဖြစ် လက်မှတ် ထိုးပေးရမည့်သူ နှစ်ဦးလည်း ရှိရသည်။ သို့မှသာ လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခွင့် ရှိပြီး ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုကာလတွင် ငွေကြေး တတ်နိုင်သူရော ၊ မတတ်နိုင်သူများပါ ရုံးတက် လက်မှတ်ထိုးသည့် အလုပ်ကို အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပြုလုပ်လာကြောင်း တွေ့ရသည်။ ဥပဒေအရ တရားဝင်အောင် ပြုလုပ်သည့် သဘောဖြစ်သည်။ များသောအားဖြင့် မင်္ဂလာအခမ်းအနား မကျင်းပမီ တရာရုံးသို့ သွား၍ လက်မှတ် ထိုးကြလေ့ရှိသည်။

မည်သို့ပင် ကျင်းပ ကြသည်ဖြစ်စေ မြန်မာလူမျိုးတို့ အနေဖြင့် ထိမ်းမြား မင်္ဂလာဆောင် ကျဉ်းမှုကို ၀ါတွင်းကာလ တစ်လျှောက်တွင် ကျင်းပကြလေ့မရှိချေ၊ အဆိုပါ ၀ါတွင်းကာလမှာ မြန်မာ ပြက္ခဒိန်အရ ၀ါဆို-၀ါခေါင် နှင့်တော်သလင်း ဟူသော သုံးလတာကာလ ဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဇူလိုင်လ လယ်ပိုင်းမှ အောက်တိုဘာ လ လယ်ပိုင်းခန့် အထိဖြစ်သည်။ အဆိုပါ ကာလကို ထိမ်းမြားမင်္ဂလာ မပြုအပ်သော ကာလအဖြစ် ရှေးအစဉ်အဆက် ကတည်းက ယူဆ သတ်မှတ်ခဲ့ကြသည်။

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်-

    သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

    ထမင်း သို့မဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)

    သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

    ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

    သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

    ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
================
Credits to သုတကမ္ဘာ
မြန်မာ့ရိုးရာ လက်ထပ် ထိမ်းမြားခြင်း
===================
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။


Saturday, January 26, 2013

တကိုယ်တည်းစိတ်ဖြေခြင်း/ဒေါက်တာတင့် ရွှေ


အခြေခံဖိုမပညာ/ဒေါက်တာတင့် ရွှေ


ဖိုမစိတ်ကုန်ခမ်းသောအမျိုးသမီးများအပိုင်း(၂)/ဒေါက်တာတင့် ရွှေ


ဗမာ့ လွတ်လပ်ရေးအရေးတော်ပုံ


ကြိုးစင်ပေါ်မှမှတ်တမ်းများ(ဂျူးလီယက်ဖူးချစ်)


ဥက္ကဋ္ဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမား


-ဒေါ်စုနဲ့-၃၉-ဗိုက်ပူကြီးလို-မြန်မာ့-နိုင်ငံရေး


Friday, January 25, 2013

ဒီမိုကရေစီဆိုင်ရာ....... သိမှတ်ဖွယ်ရာနှင့် စဉ်းစားစရာများ....။






- ဒီမိုကရေစီဆိုသည်မှာ ဂရိ ဘာသာစကားဖြင့် Demos (ပြည်သူ) + Kratos (အာဏာ Power /အုပ်ချုပ်ရေး Rule) )
ထို့ကြောင့်ဒီမိုကရေစီဆိုသည်မှာ....
ဒီမိုကရေစီဆိုသည်မှာ People's Power of Authority
(ပြည်သူ့အာဏာဖြင့် စိုးပိုင်မှု)

- ``အများညီလျှင် ဤ ကို ကျွဲလုပ်´´ ဆိုခြင်းကို စနစ်တစ်ခုပမာ လူအများက ထင်ယောင်ထင်မှား ရှိလာကြသည်။ ၅၀+၁=၅၁ မဲ ဆိုသည့် ရလာဒ်ဖြင့် အရေးနိမ့်သူ(၄၉)ဦး၏ဆန္ဒအား နိုင်လိုမင်းထက်ချိုးနှိမ်ခြင်းသည်
ဒီမိုကရေစီမဟုတ်။ ထိုအချင်းအရာကို "လူအုပ်စုဖြင့်အနိုင်ကျင့်ခြင်း"ဟု
ပြင်သစ်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင်တော့ကီးလ်(၁၈၀၅-၁၈၉၅)က ဆို...

- ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် Democratization သည် ခေတ်မှီရေး
(Modernization) အပေါ် တည်မှီနေခြင်းကြောင့်ပင်ဖြစ်...

- Cultural Change ရမည်စိုး၍ Modernization ကို လက်မခံနိုင်သော နိုင်ငံများမှာ Democratic Consolidation ကိုရောက်ရန်
ကြန့်ကြာတတ်.....။

- ထိုအဆင့်မရောက်မီ နိုင်ငံရေးပိတ်ဆို့မှု (Political Deadlock)ဖြစ်ပြီး အထက်မရောက် အောက်မကျသည့် ဇော်ကန့်လန့်ဒီမိုကရေစီ
(Partial Democracy)လည်းဖြစ်နိုင်....။

“လှကြစမ်းဗျာတို့” by Soe Min on Friday, January 25, 2013 at 9:55am ·


          ဂင်္ဂါငါးနဲ့ ယမုံနာငါး အလှပြိုင်ကြတဲ့အခါ ခုံသမာဓိအဖြစ် ဦးရွှေလိပ်ကို အဆုံးအဖြတ်ပေးခိုင်းတော့ “မင်းတို့နှစ်ကောင်စလုံး ငါ့လိုဝိုင်းဝိုင်းစက်စက် တင့်တင့်တယ်တယ်မှ မရှိပဲနဲ့။ ငါကသာ အလှဆုံး။ ဒါတောင် ရေချိုးရသေးတာ မဟုတ်ဘူး” လို့ ပွဲသိမ်းလိုက်သတဲ့။ ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုးဆိုတာ အဲဒီပုံပြင်ကလာတယ်လေ။ ဟိုးအရင်တုန်းက ဆရာမြို့မငြိမ်းရေးခဲ့တဲ့ အလှပြိုင်ပွဲဆိုတဲ့ သီချင်းကလေးကို ရေးတင်ခဲ့ဖူးသေးတယ်။ ဦးဝင်းဦးကြီးရဲ့ အဆိုနဲ့ပါ။ အခုတစ်ခါ ဒီအကြောင်းကို အစပြန်ဖော်ရတဲ့အကြောင်းကတော့ အရင်တုန်းကနဲ့မတူပဲ အမြင်တစ်မျိုးပြောင်းလာတာကိုး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အလှဆုံး အချောဆုံးထင်ကြတာပဲ ဆိုတာ ဟုတ်ပါ့မလား။ မခံချင်စိတ်နဲ့ အနိုင်ယူပြောနေပေမယ့် အတွင်းစိတ်ထဲမှာ ကိုယ့်ထက်သာတယ်ထင်တဲ့သူကို မနာလိုဖြစ်ရင်း ကိုယ့်ရုပ်ရည်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်တာ ခုမှပဲ သေချာပြန်စဉ်းစားမိတော့တယ်။ ဂရိဒဏ္ဍာရီထဲက နာဆစ်ဆပ်လို ရေထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်ကလေးကိုယ်ပြန်ချစ်သွားပြီး မျက်နှာမလွှဲနိုင်အောင် ဖြစ်သွားတယ်ဆိုတာ လက်တွေ့ဘ၀မှာတော့ ရှားပါလိမ့်မယ်။ လူတိုင်းမှန်ကြည့်တတ်တယ်။ အကြည့်တန်မှ မှန်ကြိုက်တာ မဟုတ်ဘူး။ လှတဲ့သူတွေလည်း လှလေ မှန်ကြိုက်လေ ရှိကြတာပဲ။ ဒါပေမယ့် မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ရုပ်သွင်ကို ကိုယ်ကျေကျေနပ်နပ် ရှိနေတာမဟုတ်ပဲ ကိုယ့်စိတ်ထဲမှာ ကိုယ့်ထက်သာတယ်လို့ထင်တဲ့ တခြားတစ်ယောက်ယောက်ကို အတုခိုးဖို့ စဉ်းစားနေတဲ့သူတွေလည်း ရှိမှာပဲ။ ဒါကြောင့်မို့ ဒီတစ်ခါတော့ အမကြီးနန်းအိအိဇာတို့၊ ဒေါ်တူးတူးမြင့်သိန်းတို့လို အလှအပရေးရာ အဖြေရှာဖို့ တွေးကြည့်လိုက်ပါတယ်။ (ဒါမှ နောက်ဆို ကာယအလှမယ်ပြိုင်ပွဲမှာ ဒိုင်လူကြီးများ လုပ်ရမလားလို့)

အိမ်ထောင်ရေး (၃)မျိုး

Saw Boon and Ag Kyaw Khin shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
အိမ်ထောင်ရေး (၃)မျိုး
__________________

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။

တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။

အခုခေတ် လူအများရဲ့အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။

အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။

ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။

ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွှတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး ကျူံ့ဝင်ခြောက်ကပ်သွားနိုင်ပါတယ်။

အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။

ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက "ကွာရှင်းမယ်"ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။ သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုယ်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။

ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။

အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။

တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဉာဏ်တွေကိုပေးတယ်။

ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။

ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။

မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။

ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။


မူရင်းရေးသားသူ-- Liu Yanmin 

နိုင်းနိုင်းစနေ (Friday, February 12, 2010)
.
အိမ်ထောင်ရေး (၃)မျိုး
__________________

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။