Thursday, January 31, 2013

ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန် Written by ဇင်မင်း

Lu Bo shared Miraculous Master For English Language's photo.
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်
 Written by ဇင်မင်း 

ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး လင်ဝမ်တန်းက ပြောကြားခဲ့သည်။

လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့်  ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။

ထိုင်ဝမ်နိုင်ငံအနေဖြင့် ကမ္ဘာ့ ၁၀ နိုင်ငံ အကောင်းဆုံးပညာရေးစာရင်းဝင်နိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ ထိုင်ဝမ်ပညာရေး တိုးတက်ကောင်းမွန်ရန် အခြေခံပညာမှ ဆရာဆရာမများ၏ စွမ်းဆောင် ကြိုးပမ်းချက်များကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ဆရာများ၏ တာဝန်ခံတတ်မှု၊ အနစ်နာခံ သင်ကြားပြသပေးမှုများကြောင့် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောင်းသားဦးရေ တိုးတက်မြင့်မားလာသည်နှင့် အမျှ ဆရာဦးရေကိုလည်း တိုးမြှင့် ခန့်သွားပေးရန် ကတိပြုကြောင်း ညွှန်ကြားရေးမှူး လင်ကပြောကြားသွားသည်။

 မောက္ခနိုင်ငံတကာသတင်း	

NLABR
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language

No comments:

Post a Comment

mr.kyaingtun@gmail.com