24th . Feb . 95 မှာ ဘ၀ထဲကအပြီးခရီးထွက်ခွာသွားခဲ့သေ
အကိုကြီးနိုင်ဝင်းဆွေရဲ့ကဗျာ
" ငွေ . . . ရွှေ . . . ရတု " -- နိုင်ဝင်းဆွေ ( 1940 - 1995 )
အရွယ်ပြည့်ဝန်းတဲ့
နှစ်လေးဆယ်ပာာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့ ။
အဲသည်တုန်းက
ပြီးတော့လဲ အမှတ်တမဲ့နဲ့ပဲ
ပျောက်လဲပျောက်ကွယ်
အချစ်မီးလေးတခဲ
ရင်ထဲမှာစွဲငြိဆဲလေ ။
အချစ်ကို ချစ်
အလှကို ချစ်
အနုပညာကို ချစ်သူရဲ့
အချစ်ကို အုံဖွဲ့လို့ ။
" အမြဲတန်း မြူနှင်းတွေ မှိုင်းပြာဝေနေတဲ့
ကာဝိုင်း တောင်မကြီးထိပ်က
ဝ ဒိုင်နယ်ရုံးကလေးရှေ့မှာ
ကမြူး ခုန်ပေါက်နေတဲ့
အမွေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ " ။
" အနုပညာကိုချစ်
ယုံကြည်ချက်ကိုချစ်
သစ္စာတရားကိုချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လဲဖြစ်လာတယ် " ။
အဲသည် တေးလေးတဖဲ့
ကျနော် ရေးဖွဲ့ခဲ့ဖူးရဲ့ ။
၁၉၈၆ ကလောင်နှစ် နှစ် ၂၀
ပထမ အရွယ်နေ့
ကျနော့် ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
" ပာင့်အင်း....ညီအကိုတို့
အာဏာ
ငွေ
ကျော်ဇောခြင်းနှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာရဲ့ တြိသီလတရားလို့
ကျနော် ကိုးကွယ်ထားတယ် " ။
" ပာုတ်တယ် ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား
တဂိုးရဲ့အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်"
ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူးတဲ့ ။
" ပာုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲဖြစ်ချင်တယ်
မနှစ်ကတော့
ဖလံတောင်ဝှေးများဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့ သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကြွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့ ။
သဲကန္တာရမုန်တိုင်းမှာ
နိုင်ငံရေးသမားအိုပာာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖရိုဖရဲ အပြိုပြိုအလဲအလဲ လူအုပ်ကြီးထဲ
တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့်ငိုကြွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလိုညည်းတွားလို့
တချို့က မျက်စိစုံမှိတ်ရင်း
အားတင်းသီချင်းအော်ပာစ်လို့
တချို့ကဒေါသပေါက်ကွဲနေ
တချို့က တချို့ကို အတင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့
သူရဲကောင်းတွေလည်း များစွာပါရဲ့ ။
သတိကို တဖြေးဖြေးစောင့်ခေါ်ရင်း
အဖိုးအိုပာာ မောပန်းနွမ်းလျနေလေရဲ့ ။
အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားပာာ
လျှပ်စီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေမမြင်တွေ့နိုင်သေးတဲ့
ပိာုးအဝေးကအနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမားပေါ့ ။
အနုပညာဘုံမှာ
သေခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့ သစ္စာ
ပရမတ္တအချစ်နဲ့ ရွှန်းသစ်မှု
အော် . . .
ကျနော်ရဲ့အနုပညာတောင်မှ
ငွေရတုမြောက်ခဲ့ပါပေါ့ ။
ညည်နေ့မှာ
" သန်းဆွေ ၊ ခင်နှင်းယု
မင်းသုဝဏ် ၊ မင်းဏီ
မမလေး ( ဂျာနယ်ကျော် )
ကျနော့ရဲ့ တေးသမားဘ၀ကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာ အဆူဆူနဲ့ ပဲာမင်းဝေးအား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့ဧ။် " ။
အော် . . .
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
( ဘယ်လောက်များ လှပ တောက်ပ နေလိုက်ပါသလဲ )
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖြန်းထားလိုက်ပေါ့ ။ ။။
နိုင်ဝင်းဆွေ
( 1st . April . 1991 )
ကျမရဲ့16 နှစ်ပြည့် မွေးနေ့
First April မှာရေးခဲ့သောကြောင့် အမှတ်တရပါပဲ ။
No comments:
Post a Comment
mr.kyaingtun@gmail.com