Friday, January 25, 2013

ဒီမိုကရေစီဆိုင်ရာ....... သိမှတ်ဖွယ်ရာနှင့် စဉ်းစားစရာများ....။






- ဒီမိုကရေစီဆိုသည်မှာ ဂရိ ဘာသာစကားဖြင့် Demos (ပြည်သူ) + Kratos (အာဏာ Power /အုပ်ချုပ်ရေး Rule) )
ထို့ကြောင့်ဒီမိုကရေစီဆိုသည်မှာ....
ဒီမိုကရေစီဆိုသည်မှာ People's Power of Authority
(ပြည်သူ့အာဏာဖြင့် စိုးပိုင်မှု)

- ``အများညီလျှင် ဤ ကို ကျွဲလုပ်´´ ဆိုခြင်းကို စနစ်တစ်ခုပမာ လူအများက ထင်ယောင်ထင်မှား ရှိလာကြသည်။ ၅၀+၁=၅၁ မဲ ဆိုသည့် ရလာဒ်ဖြင့် အရေးနိမ့်သူ(၄၉)ဦး၏ဆန္ဒအား နိုင်လိုမင်းထက်ချိုးနှိမ်ခြင်းသည်
ဒီမိုကရေစီမဟုတ်။ ထိုအချင်းအရာကို "လူအုပ်စုဖြင့်အနိုင်ကျင့်ခြင်း"ဟု
ပြင်သစ်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင်တော့ကီးလ်(၁၈၀၅-၁၈၉၅)က ဆို...

- ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် Democratization သည် ခေတ်မှီရေး
(Modernization) အပေါ် တည်မှီနေခြင်းကြောင့်ပင်ဖြစ်...

- Cultural Change ရမည်စိုး၍ Modernization ကို လက်မခံနိုင်သော နိုင်ငံများမှာ Democratic Consolidation ကိုရောက်ရန်
ကြန့်ကြာတတ်.....။

- ထိုအဆင့်မရောက်မီ နိုင်ငံရေးပိတ်ဆို့မှု (Political Deadlock)ဖြစ်ပြီး အထက်မရောက် အောက်မကျသည့် ဇော်ကန့်လန့်ဒီမိုကရေစီ
(Partial Democracy)လည်းဖြစ်နိုင်....။


- Democratic Consolidation အဆင့်သို့ ရောက်ပြီးမှ နောက်ကြောင်းပြန်
လှည့်သွားချင်လည်း လှည့်သွားနိုင်....။

- ယဉ်ကျေး မှုအစဉ်အလာကြီးမားသော နိုင်ငံများတွင် လူ
တစ်ဦးချင်းကို အဓိကထားသည့် (Individualism) ထက် အမျိုးသား အကျိုးစီးပွားကို အသားပေးသည့် အစုအဖွဲ့အသွင်သဏ္ဍာန် သို့ ပိုတိမ်းညွတ်တတ်ကြသည်။ (ဥပမာအားဖြင့်- ဂျပန်)။

- ထိုနိုင်ငံများ တွင် လစ်ဘရယ်ဝါဒထက် ဆိုရှယ်လစ်ဝါဒ (သို့တည်းမဟုတ်) အမျိုးသားရေးဝါဒများက ပိုမိုပျော်ဝင်မှု အားကောင်း.....။

- ထို အချက်ကြောင့်ပင် မြန်မာ့ဒီမိုကရေစီ ဗဟိုချက်သို့ လစ်ဘရယ်ဝါဒ
ထိုးဖေါက်ဝင်ရောက်ရန် ခက်ခဲလိမ့်မည်ဟု ကောက်ချက်ချနိုင်....။

- လစ်ဘရယ်ဝါဒ၏ အဓိကကိုယ်ကျင့်တရားစံမှာ ခန္တီ(သည်းခံခြင်းတရား)
(Toleration)ဖြစ်....။

- လစ်ဘရယ်တို့က မတူခြားနားသည့်အမြင်များကို လက်ခံပြီး နိုင်ငံရေးနှင့်
လူမှုရေးဆိုင်ရာ ၀ိဝါဒကွဲပြားခြင်းကို အပေါင်းလက္ခဏာအဖြစ်ကြိုဆိုကြပါ သည်။ ထိုသို့ ကွဲပြားခြားနားခြင်းကပင် လူမှု့အသိုင်းအ၀န်းတိုးတက်မည့်
သင်္ကေတဟု ကောက်ယူ....။

- ဒီမိုကရေစီဆိုသည်မှာ ဆရာကြီးဒဂုံတာရာ၏ စကားဖြင့်ပြောရလျှင် "မတည့်အတူနေ စနစ်" ဖြစ်....။

- Agree to disagree မတူကွဲပြားခြင်းကို လက်ခံတတ်သည့် နိုင်ငံရေး
ယဉ်ကျေးမှု (Political Culture)တစ်ခုထွန်းကားရန် မြန်မာ့နိုင်ငံရေး
အသိုင်းအ၀ိုင်းတွင်များစွာလိုနေ....။

- ဝေဖန်ခံရတိုင်း အရေးယူသည့်ဓလေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရိုးရာတစ်ခုပမာ စွဲမြဲကျန်ရစ်... ထိုအကျင့်ကို အရင်ဆုံးအမြစ်ပြတ်ကုစားရန် အရေးကြီး။

- မြန်မာနိုင်ငံအနေဖြင့် လစ်ဘရယ်ဝါဒထက် ပိုမိုစိမ့်ဝင်အားကောင်းသော (သို့တည်းမဟုတ်) အသားကျပြီးဖြစ်သော ကွန်ဆာဗေးတစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ကို မော်ဒန်နိုင်ဇေးရှင်းအနေဖြင့် ခက်ခဲကြမ်းတမ်းစွာ ကျော်
ုဖြတ်ရနိုင်....။

- Democratic Culture ကို ယခုထက်ပိုမို အသားကျစေရန်အရေးကြီး...။

- သို့မဟုတ်ပါက ဒီမိုကရေစီအား မြန်မာလူထု၏ ငြီးငွေ့စိတ်ပျက်ကာ စနစ်ဟောင်းကို ပြန်တမ်းတသည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်....။

- ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ဦးဆောင်နေသူ Key Player များ
(အခင်းအကျင်းတွင် Key Playerမဟုတ်သော်လည်း ပြည်သူလူထု
အမြင်တွင် Key Player ဟုအထင်ခံနေရသူများ)၏ အံ့အားသင့်ဖွယ် လွဲချော် ချက်များကို မကြာခဏမြင်တွေ့နေရပါက နောင်လာမည့် ရွေးကောက်ပွဲ
များတွင် မဲပေးရန် စိတ်မ၀င်စားခြင်း(သို့မဟုတ်) နိုင်ငံရေးကို စိတ်ပျက်သည့် အန္တရာယ်နှင့် ထိပ်တိုက် ရင်ဆိုင်ရဖွယ် ရှိ.....။

- မြန်မာနိုင်ငံတွင် လူအုပ်စု (မဲအများစု)အားကိုးဖြင့် ဂျပိုးကို လိပ်ဖြစ်
ဝါးလုံးကို ၀ါးခြမ်းဖြစ်.... လုပ်နေသော ဒီမိုကရက်တစ် (အမည်ခံ/
အယောင်ဆောင်) ပုဂ္ဂိုလ်ကြီး များကို စိတ်ဆင်းရဲဖွယ် မြင်တွေ့နေရဆဲ...။

- မိမိကိုယ်မိမိ Democrat ဟု ခံယူထားကာ ဒီမိုကရေစီကို ပါးစပ်ဖျားက
မချတမ်း တဖွဖွပြောနေသူများကပင် ကွန်မြူနစ် ရနံ့များမကင်း၊ ဆိုရှယ်လစ်
သံယောဇဉ်မပြတ်၊ အမျိုးသားရေးစိတ်ဓါတ်တထောင်းထောင်းထနေသော ဖက်ဆစ်ဆန်ဆန်ပုဂ္ဂိုလ်များဖြစ်နေ......။

- ထိုအချက်ကပင် လစ်ဘရယ်ဝါဒအတွက် ရှေးရိုးအစဉ်အလာ ကြီးမားသော အသိုင်းအ၀န်း၊ လူမျိုးရေး စိတ်ဓါတ်ပြင်းထန်သောပတ်ဝန်းကျင် မျိုး တွင် အခြေကုပ်အမြစ်တွယ်ရန် ကြီးမားသော စိမ်ခေါ်မှုတစ်ခု ဖြစ်နေ.....။

- မြန်မာ့ရေမြေတွင်ဒီမိုကရေစီအမြစ်ရှင်သန်ခြင်း၊ မရှင်သန်ခြင်းသည် အထက်ပါ အချက်များတွင် များစွာတည်မှီနေသည်ဟု ယူဆမိပါသည်။ ထို့အပြင် ဒီမိုကရေစီဆိုသည်မှာ``လူအုပ်စုနှင့် အနိုင်ကျင့်သည့် စနစ်
မဟုတ်ကြောင်း´´သက်သေပြရန် ဒီမိုကရက်တစ်များတွင် အဓိကတာဝန်ရှိ။



ဆရာလင်းသက်၏ ဒီမိုကရေစီ ဆန်းစစ်ချက်များကို
စုစည်း၍ထုတ်နှုတ် ဖော်ပြပါသည်။
(ကွန်ဆူးမား)(၂၅-၁-၂၀၁၃)

No comments:

Post a Comment

mr.kyaingtun@gmail.com