Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Thursday, January 31, 2013

ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန် Written by ဇင်မင်း

Lu Bo shared Miraculous Master For English Language's photo.
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်
 Written by ဇင်မင်း 

ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး လင်ဝမ်တန်းက ပြောကြားခဲ့သည်။

လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့်  ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။

ထိုင်ဝမ်နိုင်ငံအနေဖြင့် ကမ္ဘာ့ ၁၀ နိုင်ငံ အကောင်းဆုံးပညာရေးစာရင်းဝင်နိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ ထိုင်ဝမ်ပညာရေး တိုးတက်ကောင်းမွန်ရန် အခြေခံပညာမှ ဆရာဆရာမများ၏ စွမ်းဆောင် ကြိုးပမ်းချက်များကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ဆရာများ၏ တာဝန်ခံတတ်မှု၊ အနစ်နာခံ သင်ကြားပြသပေးမှုများကြောင့် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောင်းသားဦးရေ တိုးတက်မြင့်မားလာသည်နှင့် အမျှ ဆရာဦးရေကိုလည်း တိုးမြှင့် ခန့်သွားပေးရန် ကတိပြုကြောင်း ညွှန်ကြားရေးမှူး လင်ကပြောကြားသွားသည်။


 မောက္ခနိုင်ငံတကာသတင်း	


NLABR
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်
Written by ဇင်မင်း

ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး လင်ဝမ်တန်းက ပြောကြားခဲ့သည်။

လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။

Monday, January 28, 2013

အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်

Hlaing Bwa shared Kachin Daily News's photo.
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

 အဆိုပါ အွန်လိုင်းမှ စမ်းသပ်သင်ကြား ပေးလျက်ရှိသည့် ဥပဒေဘာသာရပ်ကို စိတ်ဝင်တစား တက်ရောက် သည့်သူ များပြားလျက်ရှိပြီး ယင်းစနစ်မှာ အောင်မြင်သည်ဟု ဆိုနိုင်သည့် အတွက် နောက်ပိုင်းတွင် အဝေးသင် ဘာသာရပ် အားလုံးကို အွန်လိုင်းမှပင် သင်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။ ယင်းက ဆက်လက်၍ “ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းလို့ရ တယ်။ အခု ဆိုရင် စင်ကာပူက ကျောင်းသားတစ်ယောက် အွန်လိုင်းကနေ စာရင်းသွင်းထားတယ်။ သူ့ကိုသင် တန်းသား ခုံအမှတ်တစ်ခု ထုတ်ပေးထားတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် အင်္ဂလိပ် လိုရော မြန်မာလိုပါ ရှင်းပေးထားတယ်။ သူနားမလည်ရင် ဆရာတို့ဆီကို အီးမေးလ်နဲ့ လှမ်းမေး တယ်။ ဒီကပြန်ဖြေပေးတယ်။ သူက စင်ကာပူမှာ ဆိုပေမယ့် တော်တော် အဆင်ပြေတယ်” ဟု ပြောသည်။

 ယင်းစနစ်ဖြင့် တက်ရောက်နိုင်မည့် ပုံစံမှာလည်း ပုံမှန်အဝေးသင်တက္ကသိုလ် ပုံစံများအတိုင်းပင် ဖြစ်ကာ ယခုအခါ အွန်လိုင်းအဝေးသင် သင်ကြားရေး စနစ်ဖြင့် သင်ကြားရာတွင် သင်ကြားလိုသူ၏ လက်ဗွေပုံစံနှင့် ဓာတ်ပုံများကို Scan ဖတ်၍ Security System ပြုလုပ်ပေးထားကြောင်း၊ စာမေးပွဲကိုလည်း အွန်လိုင်းပေါ် မှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲက နှစ်ခုဖြေရတယ်။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ် ဝက်ပါ။ အွန်လိုင်းကနေ ဖြေဆိုချိန် သတ်မှတ်ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းခြင်းလဲ မတူဘူး။ အချိန်ပြည့်သွားရင် ဘယ်သူမှ ဖြေလို့မရတော့ဘူး။

ပြီးတာနဲ့ အောင်ရှုံးအမှတ်တွေကို တန်းထွက်ပေးတယ်။ ဒုတိယအပတ်မှာကြတော့ စာတမ်းငယ် တစ်စောင် တင်ခိုင်းတယ်။ တော်တော်အောင်မြင်ပါတယ်” ဟု ဒေါက်တာလှတင့်က ပြောသည်။ ယင်းအွန်လိုင်း အဝေး သင် ပညာရေးစနစ်နှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်က “ပညာရပ်တွေ ကို အွန်လိုင်း၊ အင်တာနက်တွေက သင်နိုင်ဖို့ လိုတာပေါ့။ တချို့နိုင်ငံတွေဆို အွန်လိုင်းကနေ တိုက်ရိုက်စနစ်နဲ့ သင်တယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာဆိုရင် အွန်လိုင်းကနေ ပါမောက္ခတွေက ပို့ချပေးတယ်။ သူတို့ဆီမှာ အွန်လိုင်းအတွက် သီးသန့် ပါမောက္ခတစ်ယောက် ထားပေးတယ်။

 ကျောင်းသားကလဲ ပါမောက္ခနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးလို့ ရတယ်” ဟု ပြောသည်။ ဥပဒေပညာ ရပ် ကို အွန်လိုင်းမှ သင်ကြားပေးသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ပြီး တက်ရောက် ရမည့် ကာလမှာ တစ်နှစ်ဖြစ်ကာ ဆယ်လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းသင်တန်း တက်ရောက်လို၍ လျှောက်ထားသူ ရာကျော် ရှိသော်လည်း ၅၀ ကျော်သာ လက် ခံနိုင်သေးကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။