Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts

Tuesday, April 9, 2013

Mozilfirefox ကို မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးလိုက်ပါပီ

အဖြူရောင်စာမျက်နှာ's photo.
Mozilfirefox ကို မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးလိုက်ပါပီ

ဟဲဟဲ လာပါပီခင်ည Mozilafirefox ကို မြန်မာဘာသာနဲ.အသုံးပြုလို.ရပါပီခင်ဗျ လိုချင်ရင်တော.ဒေါင်းကျနော် မိုက်တာတော.မိုက်တယ်ဗျ google ကိုမြန်မာဘာသာနဲ.အသုံးပြုခွင်.ပီးတဲ. နောက်ပိုင်း Mozilafirefox မှာလည်း မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးခဲ.တာဖြစ်ပါတယ်။၁ကလစ်နဲ.ဒေါင်းကျပါနော်.။ window အတွက်ကော။MAC OS X အတွက်ကော။ Linux Os အတွက်ကောတင်ပေးလိုက်ပါတယ်။လခ်.ကတော. oneclick နဲ.တင်ပေးလိုက်ပါတယ်။

Window အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe

MAC OS အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg

Linux Os အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2

ဒီဖြင်.ဘာသာစကားတွေနဲ.လဲရှိပါသေးတယ် လေ.လာပီး Download လုပ်ယူလိုသူတွေအတွက် http://www.mozilla.org/en-US/firefox/all-aurora.html
သန်းထိုက်ဇော် - နည်းပညာစုစည်းမှု

Sunday, February 10, 2013

Facebook Account များ Hack အလုပ်မခံရစေရန်

Ye Yint Nge shared အမျိုးကောင်းသား's status update.
Facebook Account များ Hack အလုပ်မခံရစေရန်
******************************
*****
၁. Window Lincense Version ကို သုံးပါ . . Account ကို Password နဲ့ ဝင်ပါ
၂. ပုံမှန် Update , Upgrade များလုပ်ပါ
၃. Security ကို Recommanded Setting မှာ ထားပါ
၎. Antivirus နဲ့ Internet Security တစ်ခုခုတင်ထားပါ
၅. Virus Update ပုံမှန်လုပ်ပါ
၆. System အောက်က Remote Setting ထဲက Remote အောက်က Allow Remote Assistant connection ကို uncheck လုပ်ထားပါ
၇. Your-Freedom ကဲ့သို့သော Proxy surf တစ်ခုခုကိုသုံးပါ
၈. Brower ရဲ့ Peoxy refer ကို 127.0.0.1 နဲ့ Port 8080 ကို အမြဲထားပါ
၉. Facebook ကို Https://facebook.com/ နဲ့ ဝင်ပါ
၁၀. Account Name နဲ့ Password ကို တစ်ခါဝင်တိုင်းတစ်ခါ ရိုက်ထည့်ပါ
၁၁. ဖြစ်နိုင်ရင် onscreen keyboard ကို သုံးပါ
၁၂. Facebook သုံးမယ့် System ကို အခြားမလိုအပ်တဲ့ Browser Add-ons တွေ Extension တွေ Plug-ins တွေ Install မလုပ်မိပါစေနဲ့

Thursday, January 31, 2013

ကွန်ပြူတာသုံးစွဲသူများသတိပြုရန်အချက်များ

Lu Bo shared 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်'s photo.
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။

Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader (ရေးမိရေးရာလေးများ)
=====================================
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

Thursday, January 24, 2013

အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)

Win Hlaing and Lu Bo shared မာန် ထက်'s photo.
အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)

အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံ ကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေ တာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်း ကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။
စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက် အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာ ပါ။ နောက်ဆုံး မှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိ သလောက် ဖောက်သည်ချပေးပါတယ်။

အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ် ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက် လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။ စာရေး သူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင် ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦး လို့ တောင်းဆို တယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက် ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်

ဆက်ရန်....
http://myanmar-youth-it-technican.blogspot.com/2013/01/ipad.html
အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)

အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံ ကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေ တာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်း ကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။
စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက် အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာ ပါ။ နောက်ဆုံး မှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိ သလောက် ဖောက်သည်ချပေးပါတယ်။

Sunday, January 20, 2013

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း

KhingKhing Su and 2 other friends shared Aye Chan Mon's photo.
ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း

ပထမဆုံးနည်းလမ်းက

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..

အေးချမ်းမွန်မှ   စင်္ကာပူဖီး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Saturday, December 15, 2012

ဖေ့စ်ဘွတ် Sign up စာမျက်နှာမှာ မိမိဗီဒီယို နဲ့ ဓါတ်ပုံပါစေချင်တယ် ဆိုရင် Posted by Chit Snow on December 15, 2012 at 6:37pm in သိပ္ပံနဲ့ နည်းပညာဆိုင်ရာများView Discussions

၂၀၁၂ သြဂုတ်လက စလို့ Facebook က Facebook Stories ဆိုတဲ့ Community လေးတစ်ခု ဖန်တီးထားပါတယ်။
ရည်ရွယ်ချက်ကတော့ Facebook အသုံးပြုတဲ့ လူများရဲ့ ထူးထူခြားခြား ဖြစ်ရပ်များ ကို ပြန်တင်ပေး ဖို့ ဖြစ်ပါတယ်။

ပေါ်လစီအရဖြစ်ပြီး Facebook သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရပါတယ်လို့ အမွမ်းတင်တဲ့ ဗီဒီယိုတွေ၊
အက်ဆေးတွေ၊ ဓာတ်ပုံတွေကို တင်ပေးပါတယ်။ လူတိုင်း တင်နိုင်ပါတယ်။ သို့ပေမယ့် Facebook က ပြန်လည်
ရွေးချယ်ပြီး သူနှစ်သက်တဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ ကိုပဲ ပြန်လည်ဖော်ပြပါတယ်။

Facebook ရဲ့  Sign in စာမျက်နှာကို ဖွင့်လိုက်ပြီဆိုရင် တစ်ခါခါကျ ဘေးမှာ ဗီဒီယိုတွေ တစ်ခုဆီ တွဲထားပေးတတ်
ပါတယ်။ အမှန်တော့ ယင်းဗီဒီယို များကို Facebook က လုပ်တာမဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာတစ်ဝန်း က ပေးပို့တဲ့
ဗီဒီယိုများ ဖြစ်ပါတယ်။ တစ်လောကတောင် ပါကစ္စတန်က လူငယ်လေး အတိတ်မေ့သွားတာ Facebook က
သူငယ်ချင်း list ကိုပြန်မြင်ပြီး သတိရတဲ့ ဗီဒီယိုတိုတိုလေး ကြည့်လိုက်ရပါတယ်။ ၅ မိနစ် စာဝန်းကျင် ဗီဒီယိုပေါင်း
များစွာ ရှိပါတယ်။ အမေရိကန်ရောက် အာရှကျောင်းသားငယ်လေးက အားကစားညံ့ပေမယ့် Facebook က
သူငယ်ချင်းများ အားပေးလို့ အကောင်းဆုံး ကြိုးစားလာနိုင်တာတို့ အစရှိသဖြင့် ဗီဒီယိုပေါင်းမြောက်များစွာ ရှိပါတယ်

Thursday, December 13, 2012

Internet Speed ကို မြန်အောင်လုပ်နည်း..........

Zaw Lin shared Win Paphyu's photo.
Internet Speed ကို မြန်အောင်လုပ်နည်း..........

ဒီနည်းလမ်း လေးကတော့ Internet Speed ကို မြန်အောင်လုပ်နည်းလေး ဖြစ်ပါတယ်----နည်းဟောင်း လေးပါ---- မသိ သေး တဲ့ သယ်ချင
်းများ အတွက် ပြန်လည် ဖော်ပြပေးလိုက် တာပါ-----
အ၇င်ဆုံး
1) start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ----
2) Administrative Templates ကို နှိပ်ပါ--
3) Network ကိုနှိပ်ပါ---
4) QoS Packet Scheduler ကိုနှိပ်ပါ--
5) Limit reservable bandwidth ကိုနှိပ်ပါ----
6) Enabled ကိုရွေးပါ----
7) Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ----
8) Apply >> ok ပေးလိုက်ပါ----အဲဆို၇င်တော့ Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ----

Posted by soe pae at Monday, February 27, 2012