Thursday, November 29, 2012

သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တံဆိပ် ပေးအပ်ခြင်း ခံရကြောင်း

Burma Strange News's photo.
သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တံဆိပ် ပေးအပ်ခြင်း ခံရကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက ဖော်ပြသည်။ 

ထိုသတင်း ကြေးမုံ သတင်းစာတွင် ပါလာပြီးနောက် နှစ်ရက် ကြာသော အခါတွင် ဦးသိန်းစိန် အစိုးရသည်  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းရှင်လူ ပြည်သူ များကို အကြမ်းဖက် နှိမ်နင်းခြင်းလိုက်ခြင်းဖြင့် ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းရာတွင် အမြင်ကျယ် ထူးချွန်ကြောင်း ကို ပြသလိုက်တော့သည်။ 

“ကျွန်တော်တို့ အစိုးရအနေနဲ့ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတဲ့ ဆုကို သမ္မတကြီးက ပူပူနွေးနွေး ရထားတယ် ဆိုတော့- ဘာမှ မလုပ်ဘဲ နေလို့ မကောင်းတော့ဘူးလေ။ ဘာမှ မနှိမ်နင်းဘူး ဆိုရင် ရထားတဲ့ ဆုနဲ့ မထိုက်တန်သလို ဖြစ်နေမှာပေါ့။ ဒါကြောင့် အခုလို မြန်မာပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းပြီးတော့ ပဋိပက္ခ မြန်မြန် ပြီးဆုံးအောင် ဖြေရှင်းနိုင်တယ် ဆိုတာ ပြသတာ ဖြစ်ပါတယ်။ ရထားတဲ့ ဆုနဲ့ ထိုက်တန်အောင်လို့ပါ” ဟု သမ္မတရုံး အရာရှိ တစ်ဦးက ဘီအက်စ်အဲန်သို့ ပြောသည်။ 

“တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ တစ်ခုခု ဖြစ်ပြီ ဆိုရင် ကိုယ့်ပြည်သူတွေကိုဘဲ နှိမ်နင်းသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ကိုယ့်ပြည်သူတွေဆိုတော့ လက်ခုပ်ထဲက ရေပေါ့ဗျာ.. ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးလေ။ ဟုတ်ဘူးလား။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံခြားသား ဘင်္ဂလီတွေက တိုင်းရင်းသား ပြည်သူတွေကို အကြမ်းဖက်တုန်းက ကျွန်တော်တို့ မနှိမ်းနင်းခဲ့ဘူးဗျ။ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေခဲ့တာပါ။ သူတို့က ကိုယ့်လူမျိုး မဟုတ်ဘူးလေ။ ပြီးတော့ သူတို့ နောက်ခံ background နိုင်ငံ တွေကို ကြောက်ရတယ် ခင်ဗျ။ ကျွန်တော်တို့ ဘာမှ မလုပ်ရဲဘူး။ 

အဲ ကိုယ့်လူမျိုး ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ နှိပ်ကွပ်ဖို့ အဆင်သင့် ပါဘဲ ခင်ဗျ။ တို့လူမျိုး နောက်မှာ background မရှိဘူးလေ.. နော။ ဒီတော့.. ကိုယ့်လူမျိုးကိုယ် နှိမ်နင်းတယ်ဗျာ... သမ္မတကြီးရထားတဲ့ ဆုနဲ့ ထိုက်တန်ကြောင်းကို ပြသရာ ရောက်အောင်ရယ်.. ပြီးတော့ ကျေးဇူးရှင် ပေါက်ဖော်ကြီးတို့ ၀မ်းသာလုံး ဆို့ဖို့ရယ်.. ရည်ရွယ်ပြီးတော့ ဆုထဲမှာ ဖော်ပြထားသလို အမြင်ကျယ်စွာနဲ့ ပဋိပက္ခ အမြန်ဆုံး ပြီးစေရေး အတွက် ဆောင်ရွက် ခဲ့တာပါ” ဟု ၄င်းက ဆိုသည်။ 

“ဒီတော့ အခုလို အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပေါ်လာရတာဟာ ပဋိပက္ခ မြန်မြန် ဖြေရှင်း နိုင်သူဆု ပေးလိုက်တဲ့ အဖွဲ့ရဲ့ ပယောဂ ကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ အစိုးရရဲ့ တာဝန် လုံးဝ မဟုတ်ပါဘူး ခင်ဗျာ... အဲ ခင်ဗျားတို့ ကန့်ကွက် ချင်တယ်.. ရှုတ်ချ ချင်တယ် ဆိုရင်တော့ ဆုပေးတဲ့ အဖွဲ့ကို သွားရောက် ရှုတ်ချ ကြပါ” ဟု ၄င်းက အဆုံးသတ် အနေဖြင့် ပြောကြား သွားခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်အား International Crisis Group မှ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတတ်သော ထူးချွန်ပြောင်မြောက်သည့် အမြင်ကျယ်သော ခေါင်းဆောင် အဖြစ် သူကောင်းပြု ဘွဲ့တ
ံဆိပ် ပေးအပ်ခြင်း ခံရကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက ဖော်ပြသည်။

ထိုသတင်း ကြေးမုံ သတင်းစာတွင် ပါလာပြီးနောက် နှစ်ရက် ကြာသော အခါတွင် ဦးသိန်းစိန် အစိုးရသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းရှင်လူ ပြည်သူ များကို အကြမ်းဖက် နှိမ်နင်းခြင်းလိုက်ခြင်းဖြင့် ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းရာတွင် အမြင်ကျယ် ထူးချွန်ကြောင်း ကို ပြသလိုက်တော့သည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ ပဋိပက္ခ ပြီးဆုံးအောင် ဖြေရှင်းတဲ့ ဆုကို သမ္မတကြီးက ပူပူနွေးနွေး ရထားတယ် ဆိုတော့- ဘာမှ မလုပ်ဘဲ နေလို့ မကောင်းတော့ဘူးလေ။ ဘာမှ မနှိမ်နင်းဘူး ဆိုရင် ရထားတဲ့ ဆုနဲ့ မထိုက်တန်သလို ဖြစ်နေမှာပေါ့။ ဒါကြောင့် အခုလို မြန်မာပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းပြီးတော့ ပဋိပက္ခ မြန်မြန် ပြီးဆုံးအောင် ဖြေရှင်းနိုင်တယ် ဆိုတာ ပြသတာ ဖြစ်ပါတယ်။ ရထားတဲ့ ဆုနဲ့ ထိုက်တန်အောင်လို့ပါ” ဟု သမ္မတရုံး အရာရှိ တစ်ဦးက ဘီအက်စ်အဲန်သို့ ပြောသည်။

“တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ တစ်ခုခု ဖြစ်ပြီ ဆိုရင် ကိုယ့်ပြည်သူတွေကိုဘဲ နှိမ်နင်းသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ ကိုယ့်ပြည်သူတွေဆိုတော့ လက်ခုပ်ထဲက ရေပေါ့ဗျာ.. ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးလေ။ ဟုတ်ဘူးလား။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံခြားသား ဘင်္ဂလီတွေက တိုင်းရင်းသား ပြည်သူတွေကို အကြမ်းဖက်တုန်းက ကျွန်တော်တို့ မနှိမ်းနင်းခဲ့ဘူးဗျ။ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေခဲ့တာပါ။ သူတို့က ကိုယ့်လူမျိုး မဟုတ်ဘူးလေ။ ပြီးတော့ သူတို့ နောက်ခံ background နိုင်ငံ တွေကို ကြောက်ရတယ် ခင်ဗျ။ ကျွန်တော်တို့ ဘာမှ မလုပ်ရဲဘူး။

အဲ ကိုယ့်လူမျိုး ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ နှိပ်ကွပ်ဖို့ အဆင်သင့် ပါဘဲ ခင်ဗျ။ တို့လူမျိုး နောက်မှာ background မရှိဘူးလေ.. နော။ ဒီတော့.. ကိုယ့်လူမျိုးကိုယ် နှိမ်နင်းတယ်ဗျာ... သမ္မတကြီးရထားတဲ့ ဆုနဲ့ ထိုက်တန်ကြောင်းကို ပြသရာ ရောက်အောင်ရယ်.. ပြီးတော့ ကျေးဇူးရှင် ပေါက်ဖော်ကြီးတို့ ၀မ်းသာလုံး ဆို့ဖို့ရယ်.. ရည်ရွယ်ပြီးတော့ ဆုထဲမှာ ဖော်ပြထားသလို အမြင်ကျယ်စွာနဲ့ ပဋိပက္ခ အမြန်ဆုံး ပြီးစေရေး အတွက် ဆောင်ရွက် ခဲ့တာပါ” ဟု ၄င်းက ဆိုသည်။

“ဒီတော့ အခုလို အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပေါ်လာရတာဟာ ပဋိပက္ခ မြန်မြန် ဖြေရှင်း နိုင်သူဆု ပေးလိုက်တဲ့ အဖွဲ့ရဲ့ ပယောဂ ကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ အစိုးရရဲ့ တာဝန် လုံးဝ မဟုတ်ပါဘူး ခင်ဗျာ... အဲ ခင်ဗျားတို့ ကန့်ကွက် ချင်တယ်.. ရှုတ်ချ ချင်တယ် ဆိုရင်တော့ ဆုပေးတဲ့ အဖွဲ့ကို သွားရောက် ရှုတ်ချ ကြပါ” ဟု ၄င်းက အဆုံးသတ် အနေဖြင့် ပြောကြား သွားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

mr.kyaingtun@gmail.com