အပိုင်း (၁)
ဒီဆောင်းပါးကို မရေးချင်ဖူး
အကြောင်း က စာရေးသူ ဟာ (၈၈) တွေ အထဲမှာ ကိုမိုးသီးကိုအခင်ဆုံး
ကိုမိုးသီး နဲ့ ညီအကို လိုဖြစ်နေလို့
လူတိုင်းဟာ ပုဂ္ဂိုလ် ရေး သံယောဇဉ် ဆိုတာ ရှိစမြဲ ပဲ
ဒါပေမဲ့ နိုင်ငံရေး မှာ နေရာတိုင်းမှာ (အားနာ) လို့ မရ
(အားနာ) ရင် (အားပါ) သွားတတ်တာမို့ ပါ
မနေသာ လွန်းလို့ရေးရတာပါ
ဗိုလ်မိုး ၊ စာရေးသူ ရဲ့ စေတနာ ကို နားလည် ပေးနိုင် ပါစေလို့ ဆုတောင်းရင်း
စိတ်လေးလေး နဲ့ ရေးရတော့မယ်
အဓိက အကြောင်း က လူငယ်လေးတွေ (အတွေး) မမှားစေချင်လို့ပါ။
စာရေးသူ အထင် (၈၈) တွေ အထဲ မှာ ကိုမိုးသီး ဟာ
ကိုမင်းကိုနိုင် နဲ့ အတူ Charisma အရှိဆုံး လို့ ပြောလို့ ရမယ်လို့ ထင်မိတယ်။
ဒါပေမဲ့ လောကမှာ Nature နဲ့ Nurture ဆိုတာရှိပါတယ်
ဗမာစကား မှာ လည်း တံငါ နားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့ စကားရှိတယ် မဟုတ်လား
ကိုမင်းကိုနိုင် တို့က ထောင်ထဲဝင်ကြပြီး ၊ ပြည်သူ့ ရင်ခွင်မှာ ကျန်ခဲ့ကြတယ်
မိုးထဲလေထဲမှာ ၊ နိုင်ငံရေး ခံယူချက်တွေ ပို ခိုင်(မာ) ခဲ့ကြရတယ်
ကိုမိုးသီးကတော့ အဝေးကို ရောက်ခဲ့ရတယ်
ရလဒ် က နိုင်ငံရေး maturity နဲ့ Principle တွေမှာ ခြားနားသွား ကြတယ်
အဓိက က ကိုမိုးသီး ခမြာ Base ပျောက်သွားတယ်
Base ကိုလိုက်ရှာရင်း ပေါ်ပြူလာနိုင်ငံရေး ဖက် နယ်ကျွန်သွားရှာတယ်
ကိုမိုးသီးရဲ့ အဓိက အားနဲချက် က Detail Oriented မဟုတ်ဖူး
Vision ကိုပြောရင် Charisma ရှိတဲ့ သူမို့ နားထောင်လို့ကောင်းတယ်
မသိတဲ့ သူတွေ အဖို့ ဟုတ်လိုက်တာဗျာ ဆိုပြီး
ပါးစပ် ဟောင်းလောင်း နဲ့ ကျန်ခဲ့ပေမဲ့
(သိ) တဲ့သူအဖို့ (ဟောင်းလောင်း) ကြီးဖြစ်နေတတ်တယ်
စိတ်မကောင်းစရာ က ပေါ်ပြူလာနိုင်ငံရေး ဖက် နယ်ကျွန် သွားတဲ့ အတွက်
လူအထင်ကြီး အောင် (အပို) တွေ သိပ်များလာ ရာက (မူ) (principle) ပျောက်သွားတယ်
မောဟ တွေကြားမှာ (Honesty) ဆိုတာ ပျောက်ကွယ် သွားရတယ်
စိတ်မကောင်း စရာပါ
ဥပမာ နိုင်ငံရေး နားလည်သူတိုင်း ၊ ဒေါ်စု အတွ့ မခံဖူး ဆိုတာ သိ ကြတာပဲ
ဒေါ်စု (သတိ) ရှိတာ နိုင်ငံရေး အမြင်ရှိတဲ့ လူတိုင်း သိကြတာပဲ။
ထိုင်းလာတုန်း က လည်း လူတိုင်းကို အတွေ့မခံ လို့ ၀ိုင်းတွန်းပို့ကြသေးတယ် မဟုတ်လား
NY Times မှာ တောင် ဝေဖန်ခံ ရသေးတယ်
ဒါကို (သိ) လျှက်နဲ့ စာစောင်တွေက မေးတော့ နောက်အပတ် လောက်တွေ့ မယ်ဆိုတာ
အမှန်တွေး တတ်ရင် (Honest) မဖြစ်တာပဲ။
မသွားခင် ကတည်း က ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ်
ဟိုလူနဲ့ တွေ့ မယ် ၊ ဒီလူနဲ့ တွေ့မယ် ဆိုပြီး ကြိမ်းမောင်းလာလိုက်ကြတာ
တကယ် မတွေ့ရတော့ … (ရှက်) စရာကြီး
ငြိမ်းချမ်းရေး မစ်ရှင် တို့ ဘာတို့ ဆိုတာတွေ ဟာလည်း
တကယ် စဉ်းစား တတ်တဲ့ သူတွေ အဖို့
ဘာအဓိပ္ပါယ်မှ မရှိဖူး
ငြိမ်းချမ်းရေး ကို ကူနိုင်ဖို့ က
ကိုယ့်မှာ အဖွဲ့ အစည်း လည်း မရှိ
တပ်လည်း မရှိ
နယ်မြေ လည်းမရှိ
ဘာမှ မရှိပဲ ဘယ် လက်နက်ကိုင် အဖွဲ့ အစည်းကမှ
ကိုယ့် စကားကို လာနားထောင်မှာလဲ
ကီစင်ကာ (Kissinger) လည်းမဟုတ်
လူအထင်ကြီးအောင် လုပ်တာသက်သက် လို့ တွေးလို့ရတယ်
အဆိုးဆုံက
နိုင်ငံရေးမှာ (မိမိ) လူမျိုးအကြောင်း ကို (သိ) ရမယ်
မော်စီတုံး တော်လှန်ရေး အောင်မြင်တာ တရုတ် အကြောင်း (သိ) လို့
အင်တာနက် ခေတ်မှာ အရင် လို လွယ်လွယ် (ရွှီး) လို့ မရတော့ဖူး
ကမ္ဘာကြီး ဟာ (ပြား) သွားပြီ ၊ မဟုတ်လား
ကိုမိုးသီး က မြန်မာနိုင်ငံ က ခွဲရတာကြာတော့
ဗမာ တွေ အကြောင်းမေ့ သွားပုံရတယ်။
ရေအေးအေး အစား ရေချမ်းချမ်း အတွေးတွေ ၀င်သွားပုံရတယ်
မြန်မာ သတင်းထောက် လူငယ် တွေကို အထင်သေးလို့ မရဖူး
အပြိုင်အဆိုင် သိပ်များ တော့ အလွန် (ကြိုးစား) ကြတယ်
ဇပ်ဇပ်ကျဲ တွေချည်းပဲ
တချက်မှားလို့ ကတော့ (အချွန်) နဲ့ (ကလော်) ခံရပြီ မှတ်
ဝိုင်း သမ ကြမှာ
မေသကြန်လို အင်တာဗျူး စပယ်ရယ်လစ် နဲ့ တွေ့တော့
ကြောကော့ အောင် (ခံ) ပေတော့ပဲ
နိုင်ငံရေးမှာ (မူ) ရှိရတယ်။
အာရပ် တွေက သမ္မတဘုရ် ကို
ဘိနပ် နဲ့ ပေါက်တော့ ၊ နံမည်ကျော်သွားတယ်
ကိုမိုးသီး က
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို
နယူရောက်မှာ ဘိနပ် နဲ့ ပေါက်ခဲ့တယ်
နံမည်ကျော် ခဲ့ရတယ်
ဟော ဗိုလ်ချုပ်ကြီးသိန်းစိန် ကနေ
သမ္မတကြီး ဦးသိန်းစိန် ၊ ဖြစ်လာတော့
(ဂ) ကွေ့ ၊ ကွေ့သွားပြန်ရော
မလေးရှားမှာ ဘင်္ဂါလီ တွေနဲ့ တွေ့တာ
ဗီဒီယို မှာ တန်းလန်းကြီး ပါနေရော
ပြည်တွင်းမှာ မေးကြတော့ ၊ အစိုးရကို စိတ်ဆိုးနေုတုန်းမို့ပါတဲ့
နိုင်ငံရေးဆိုတာ emotion အရ လုပ်ချင်တာ ထ လုပ်လို့မရ
နယူးရောက်ပြန်ရောက်တော့
ဘုန်းကြီးတွေကို ဆဲ လို ဆဲ
ဟော အိုဘားမား ရဲ့ မိန့်ခွန်းကို သုံးသပ်ရာမှာ
(မဟာဗမာ) ပါတဲ့
အိုဘားမားက နိုင်ငံရေး သမား စစ်စစ်
ဒေါ်စု နဲ့ တွေ့တော ဘားမား
ဦးသိန်းစိန်အရှေ့ကြတော့ မြန်မာ
ဒီလို လူမျိုးက ဘယ်တော့မှ (မဟာဗမာ) ဆိုတာ ကို မသုံးပါ။
ဒီ (မဟာဗမာ) ဆိုတာ ကိုမိုးသီး ရဲ့ အသုံးအနှုံး ဆိုတာ ထင်ရှားပါတယ်။
တိုင်းရင်းသားတွေ (မဟာဗမာ) လို့ ခေါ်ဝေါ် ကြတာ နားလည်နိုင်တယ်
ဗမာ အချင်းချင်း (မဟာဗမာ) ဆိုတာ ဗမာကို သက်သက် စော်ကားတာပဲ
ဗမာ ဘယ်နှစ်ယောက် ၊ မဟာဗမာ စိတ် ရှိမယ် ၊ ထင်ပါသလဲ
ကိုမိုးသီး နဲ့ ဦးနု
ကိုမိုးသီးက အိုဘားမား ခရီးစဉ် မှာ အမေရိကန် တွေကို ခါးဖက် စေချင်တဲ့ အတွက် ဦးနု ကို ဥပမာ ယူပါဆိုပြီး ဦးနုကို ဆွဲထုတ်လာတယ်။ ဦးနု လို ရာဇ၀င် ရှိခဲ့တဲ့ ပုဂ္ဂိုလ် အကြောင်းကိုရေးတော့မယ် ဆိုရင် စိတ်ထင်တိုင်း ရေးလို့ မရတော့ပါ။ ဒီလူတွေမှာ (ရာဇ၀င်) ရှိကြတယ်။ Historical facts လို့ခေါ်တဲ့ ရာဇ၀င် အချက်အလက်တွေ ရှိတယ်။ မိမိရဲ့ ထင်မြင်ချက် ၊ ယူဆချက် တွေ ဟာ ရာဇ၀င် အချက် လက် နဲ့ ကိုက် မကိုက် ၊ သူ့တေသန ပြု ၊ ပြန်လည်ချိန်ထိုး ပြီးမှ ရေးသင့်တယ်။
ဒီလိုမှ မရေးရင် ၊ မိမိ၏ ယူဆချက် ၊ ထင်မြင်ချက် အမှားကြီး ဟာ မိမိ၏စာပေရေးသားချက် ကိုဖတ်တဲ့ နောက်ခေတ် လူငယ်လေးတွေ အတွက် ၊ တွေဝေစရာ ဖြစ်စေတယ်။
ကွန်မြူနစ်တွေက ၀ါဒဖြန့်ချီရေး ရှုထောင့် ကနေကြည့်ပြီး သူတို့ မလိုလားတဲ့ သူတွေကို တိုက်ခိုက်ဖို့ တမင်သက်သက် ရာဇ၀င် အချက် အလက် တွေကို တလွဲရေး ပြီးဖျက်စီး ပစ်ကြတယ်။ ၀င့်တင်ထွန်း တို့လိုပေါ့။
တိကျမှု Detail Oriented မဖြစ်တဲ့ ကိုမိုးသီးတို့ကြတော့ Intellectually lazy ဖြစ်တာကြောင့် ၊ အချက်အလက် ၊ မှန် မမှန် ကို (သတိ) ရှိရမှန်း မသိပဲ ၊ စိတ်ထဲထင်ရာ ကိုရေးတော့ ၊ ရာဇ၀င် အချက်အလက်တွေ ရောထွေး ၊ (ရေရော) ခံရပြီး (ပေါ့) ကုန်ကြရော။ တကယ့်ဖြစ်ရပ် တွေနဲ့ ချိန်ထိုး လိုက်တော့ ၊ သောက်သောက်လဲ လွဲတာ ပေါ်ကုန်ရော။
စိုးရိမ်စရာကောင်းတာက ။ ကိုမိုးသီး တစ်ယောက်ထဲမဟုတ်ပါ။ ဟိုလောက ဖေ့စ်ဘုတ်မှာ ကိုမိုးသီးလိုပဲ ပေါ်ပြူလာနိုင်ငံရေး ကို ဦးတည်တဲ့ ဒါရိုက်တာ ။ စာရေးဆရာကြီး က (အင်ဒီရာ ဂန္ဒီ) အကြောင်းရေးရာမှာ အင်ဒီရာ ဆိုတာ India က လာတာ ၊ ဂန္ဒီ ကတော့ (ဂန္ဒီ) ကြီးပဲ ဆိုပြီး (စိတ်) ထဲပေါ်ရာ ပေါက်တတ်ကရ အတွေး နဲ့ ရဲရဲကြီး (ဖြီး) ရေးခဲ့တယ်။ သူ့ရဲ့ စာဖတ် ပရိတ်သတ် တဦးက ကောင်းလိုက်တာဆိုပဲ။ ဒါကို ဆက်ဖြန့်ရင်းနဲ့ ကြာတော့ အင်ဒီရာဂန္ဒီဟာ နေရူး သမီးဆိုတာ ပျောက်ပြီး (ဂန္ဒီ) ကြီးရဲ့ သမီး ဖြစ် သွားစရာ ရှိတာပေါ့
ပိုဆိုး တာက ဦးနု ကို ဥပမာ ပေးရာမှ အချက်အလက်အမှား အပြင် ၊ အချက်အလက်အမှား ကိုခြေပြု တဲ့ (သုံးသတ်ချက်) က မှားရုံ မက တိုင်ပြည် အတွက်ပါ (အန္တရယ်) ရှိလို့ စာရေးသူ မှာ မနေသာ လို့ ၀င်ရေး ရတာပါ။
အဓိက က တိုင်းပြည် အတွက် (အန္တရယ်) ကို နားမလည် ပဲ (လွယ်လွယ်) ရေးတော့ လူငယ်လေးတွေ အတွေး (မှား) ကို ခေါင်းထဲ ၀င်သွားရင် ၊ တချိန်မှာ တိုင်းပြည် အတွက် (အန္တရယ်) ကျရောက်နိုင်လို့ပါ
ကိုမိုးသီး ပြောတာကို ဆန်းစစ်ကြရအောင်
(၁) ၁၉၅၀ ခုနှစ် ၀န်းကျင်က အမေရိကန် ဒုသမ္မတ နစ်ဆင် လာလည်သွားတယ်
(၂) တရုတ်နီ တွေ အာဏါရပြီး တရုတ်ဖြူ (ဒီမိုကရက်) က မြန်မာနယ်ထဲကို
တပ်ဆုတ်လာတယ်။ မြန်မာကိုခြေကုတ်ယူပြီး တရုပ်နီ ကို ပြန်တိုက်
နိင်ဖို့ လိုတယ်လို့ အမေရိကန် ခေါင်းဆောင်တွေကစဉ်းစားတယ်။
(၃) အပြန်အလှန်အားဖြင့်အမေရိကန် ကမြန်မာ ပြည်ကိုနည်းပညာ နဲ့ ကုန်သွယ်ရေး
အခွင့်အလန်းတွေကူညီမှာဖြစ်ပါတယ်။
(၄) ဒါကို နစ်ဆင်ကဦးနုကိုလာဆွေးနွေးတာဖြစ်ပါတယ်။
(5) ဒါကို ဦးနုကတရုပ်နီ ကို မျက်နှာသာပေးခဲ့တယ်။ အမေရိကန်ရဲ့  ကမ်းလှမ်းချက် ကိုပယ်ချခဲ့
တယ်။ အမေရိကန် က ထိုင်းဖက်ကို လှည့်သွားခဲ့တယ်။ ထိုင်းကလက်ခံခဲ့တယ်။ (မှတ်ချက်။ ကိုမိုးသီး
က တရုတ်ဖြူ လို့မှား သုံးထားတာကို စာရေးသူက တရုတ်နီ လို့ပြင်ထားပါတယ်။)
(၆) ထိုင်းက အမေရိကန် နဲ့ဆက်ဆံရေးပိုနီးစပ်သွားတယ်။
(၇) တရုပ်နီကိုပိုအားကိုးတဲ့ ဦးနုအစိုးရကို အမေရိကန် က ပညာပေးခဲ့ပါတယ်။
(၈) မြန်မာ ပြည်က အမေရိကန်ဈေးကွက်မှာ တင်ပို့ နေတဲ့ဆန်တွေကို ရပ်ဆိုင်းလိုက်တယ်။
ထိုင်းကို ပေးလိုက်ပါတယ်။
(၉) ဒီအဖြစ်ကြောင့် အခု ထိုင်းဆန် ဟာ မြန်မာကိုကျော် ပြီး ကမ္ဘာမှ ထိပ်သီးနေရခဲ့ရ တယ် လို့
ကိုမိုးသီး ကဆက်ဖေါ်ပြထားတယ်
(၁၀) ဦးနုဟာ အာဏာလမ်းကြောင်းကနေ အဆုံးသတ်သွားရတာဟာဦးနေ၀င်းအာဏာသိမ်းလို့ 
လို့ ယျေဘူယျပြောလို့ရတယ်။ဒါပေမဲ့ ဦးနုနိင်ငံရေးအာဏာက နိဂုံးချုပ်ရတာဟာ ၁၉၅၀
ဝန်းကျင် က အမေရိကန် ဒုတိယသမတ မြန်မာပြည်လာစဉ်က မဟာမိတ်ကောင်းမွန်စွာ
မဖွဲ့ စည်းနိင်လိုက်တာဟာအဓိကအမှားဖြစ်တယ်။
ဒီနေရာမှာ အချက်အလက် အမှားတွေ က အတွေးအခေါ် အမှား ၊ ဒီကနေမှ သုးံသပ်ချက် (အမှား) တွေနဲ့ အဆုံးသတ်ထားတာကို တွေ့ရပါတယ်။
ဘာကြောင့် စာရေးသူ က (အမှား) လို့ပြောရဲ သလဲ ဆိုရင် ၊ ထောက်ပြစရာ ရာဇ၀င် အချက်အလက် တွေရှိလို့ပါ။
အရေးကြီးတဲ့ ပထမ အပိုင်းကို ကြည့်ရင် ကိုမိုးသီးဟာ နိုင်ငံချင်း ဆက်ဆံရေးကို သမန်ကာရှန်ကာ ကြည့်ပြီး (ဖြစ်ရပ်) တခု ကို (ဖြပ်ကနဲ) ကြည့်ပြီး Snapshot (လျှပ်တပျက်) ကနေ သုံးသက်ချက် ကိုဆွဲယူလာတယ်။
တရုတ်ဖြူတွေ စစ်ရှုံးတယ်။ တရုတ်နီကို တရုတ်ဖြူကနေပြန်တိုက်ဖို့ မြန်မာ့မြေကို ခြေကုပ်ယူ ခွင့် ပြုဖို့ အမေရိကန်က လာပြောတယ်။ ဦးနု ကသဘောမတူ လို့ အမေရိကန်က မြန်မာ့ ဆန် ကို မ၀ယ်တော့ဖူး။ ထိုင်းစီ ရောက်သွားတယ်။ ခု ထိုင်းဆန် က ထိပ်ရောက်နေပြီ။ ဦးနု မှားခဲ့ တယ်။ ဒါဦးနု ပြုတ်ကျရခြင်းရဲ့ (အစ) ပဲ။ ဦးသိန်းစိန်တို့ ဦးနု လိုမမှားနဲ့ အမေရိကန် အလိုလိုက်ြက။
ထို့ကြောင့်ဤသို့ … ဆိုပြီး လွယ်လွယ်လေး တွေးပြီး လွယ်လွယ်လေး ကိုယ်လိုချင်ရာကို ကောက်ချက်ချ ..ထားကိုတွေ့ရမယ်။
နိုင်ငံရေး ၊ အထူးသဖြင့် တနိုင်ငံ နဲ့ တနိုင်ငံ ဆက်ဆံရေး ဆိုတာ ငှက်ပျောသီး အခွံနွှာစား သလို မလွယ်ဖူး ဆိုတာ ကိုမိုးသီး မသိလေလို့လား။ နှစ်နိုင်ငံရဲ့ ရာဇ၀င်ကို ထဲ့သွင်းစဉ်းစားရမယ်ဆိုတာ ကို မသိလေ လို့လား ကိုလန်းဘီးယား (Columbia) လိုနံမည်ကျော် တက္ကသိုလ် က မဟာဝဇ္ဖိာဘွဲ့ ရခဲ့သူဟာ ဒီလောက်တော့ (မညံ့) တန်ကောင်းပါဖူး။
တရုတ်ဗမာ နယ်နိမိတ် ပြဿနာ
မြန်မာ နိုင်ငံလွပ်လပ်ရေး မရခင်မှာ မြန်မာကို ကိုလိုနီ အဖြစ် သိမ်းပိုက် အုပ်ချုပ် ခဲ့တဲ့ ဗြိတိသျှ အင်္ဂလိပ် တွေ နဲ့ တရုတ်တို့ဟာ နယ်နိမိတ် (ဘော်တာ) ပြဿနာ ရှိခဲ့ကြတယ်။ ၁၉၁၄ မှာချုပ် တဲ့ ဆင်မလား (Simla) မှာရှိတဲ့ ဗြိတိသျှ အစိုးရ နဲ့ တိဗက်တို့ချုပ်ဆိုခဲ့ကြတဲ့ MacMahon Line ဆိုတာရှိတယ်။ တရုတ်တို့ က အသိအမှတ်မပြုဖူး။ ဒီနယ်ခြား ပြဿနာကြောင့် တရုတ် နဲ့ အိန္ဒြယ နိုင်ငံတို့ စစ်ဖြစ်ခဲ့ကြရတယ်။
၁၉၅၆ခု နှစ် နိုဝင်ဘာလ မှ ဦးနု တရုတ်ပြည်ကို သွားတော့ ချောင်အင်လိုင်း နဲ့ ဆွေးနွေးရာမှာ issue (၃) ခုမှာ ဆွေးနွးကြဖို့လိုတယ် ဆိုတာကို နားလည်လက်ခံ လာကြတယ်။
(၁) တရုတ်က ဖီမော် (Hpimaw) ၊ ဂေါ်လန် (Gawlum) ၊ ကန်ဖန် (Kangfang) ဆိုတဲ့ရွာကြီး (၃) ရွာ ဟာ သူတို့ ပိုင်ပါလို့ တောင်းဆိုလာတယ်။
(၂) The Namwam Assigned Tract လို့ခေါ်တဲ့ ရွှေလီမြစ် နဲ့ နမ်ဝမ်မြစ် ဆုံရာ နယ်မြေ အငြင်း ပွားမှု။ တရုတ်က သူတို့ ပိုင်တယ်လို့ မြင်တယ်
(၃) (၀) နယ်မြေ။၁၉၄၁ တရုတ် နဲ့ အင်္ဂလိပ် အစိုးရတို့ သဘောတူခဲ့ကြပေမဲ့ အတည်မပြုနိုင်ခဲ့ကြ
ချောင်အင်လိုင်း နဲ့ ပုဂ္ဂိုလ် ရေးအလွန် အဆင်ပြေတဲ့ ဦးနု ဟာ ဘယ်နေမှာ ပြဿနာ ရှိနေတယ် ဆိုတာကို ပဲ ဖေါ်ထုတ်နိုင်ခဲ့တယ်။ ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ဖူး။ အကြောင်း က ရှုပ်ထွေး တာလည်း ပါသလို နှစ်နိုင်ငံ စလုံးမှာ (မျိုးချစ်စိတ်) နဲ့ (ခံစားမှု) (Emotion) ပါလာတတ်ကြတော့ ဒီတကြိမ် မရ ရင် ရက်ရွှေ့ ပြီး ဆွေးနွေးကြတာ ဓမ္မတာ လုပ်ရိုးလုပ်စဉ်ပါ။
တရားသူကြီးချုပ် ဦးမြင့်သိန်း ၁၉၅၇ ခုနှစ် ဇွန်လ မှာ သွားတော့ အတော်အောင်မြင်လာတယ်။ ရွာကြီး (၃) ရွာကိစ္စ မှာ တရုတ်က ၁၅၀ စကွဲမိုင် တောင်းဆိုရာကနေ ဗမာတွေ အဆိုပြုတဲ့ ၅၆ စကွဲမိုင် ကိုလက်ခံလာတယ်။ MacMahon Line ကိုလည်း ဘော်ဒါ ပိုင်းခြားမှု အဖြစ် အသိအမှတ် ပြုလာတယ်။ သို့သော် တရုတ်တွေက နမ်ဝမ်နယ်မြေ (Namwam Tract ) ကို တော့ လိုချင် နေတုန်းပဲ
ဒီဇင်ဘာ ၁၉၅၇ ခုနှစ်မှာ ဦးဘဆွေကြီး နဲ့ ဦးကျော်ငြိမ်း တို့ တရုတ်ပြည် သွားကြတော့လည်း ၊ ဘာမှ ထူးထူးခြားခြား မတိုးတက်လာဖူး။
၁၉၅၉ ခုနှစ် ဇွန်လ ၊ အိမ်စောင့်အစိုးရ ခေတ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း က နမ်ဝမ်ကို ပန်းဟန် (Panghung) နဲ့ ပန်လပ် (Panlap) (၀) တွေ နေတဲ့ အရပ် ကို တရုတ်တွေကို ပေးပြီး နမ်ဝမ် နယ်မြေ နဲ့ အလဲအလှယ် လုပ်ခဲ့ကြရတယ်။
နောက်ဆုံး တရုတ်ကို ရွာကြီး (၃) ရွာ ကိုပေးလိုက်ရတယ်။ MacMahon လိုင်းကို တရုတ်က အသိအမှတ်ပြုခဲ့တယ်။ နမ်ဝမ် နယ်မြေ ကို (ရ) လိုက်တယ်။ (၀) တွေ နယ်မြေကိုပေးခဲ့ရတယ်။
နောက်ဆုံး ၁၉၆၀ ဇန္န၀ါရီလ ၂၇ ရက် မှာ ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ တရုတ်ဝန်ကြီးချုပ် ချောင်အင် လိုင်း တို့ စာချုပ် ချုပ်ဆိုပြီး တရုတ်-မြန်မာ နယ်နိမိတ် ပြဿနာ ကင်းငြိမ်းခဲ့ရတယ်။ (အိမ်စောင့်အစိုးရခေတ်)
(စကားချပ်။ ဦးနု အစိုးရအဖွဲ့မှာ ကချင် ရွာ(၃) ရွာကို မပေးဖို့ ဇွပ်ငြင်းဆန်ခဲ့တာ ဦးကျော်ငြိမ်း။ Constitution ဆွဲတော့ ဦးကျော်ငြိမ်း က ကချင်စပ်ကော်မီတီ မှာပါသလို ၊ ဆယ်တန်းအထိ ကသာ မှာကျောင်း နေခဲ့တော့ နယ်မြေသံယောဇဉ်ရော တိုင်းပြည်ချစ်တဲ့ nationalism လည်းပါပါတယ်။ သို့သော် စာရေးသူ အမြင် အရ ဒီနေရရာမှာ (ဦးကျော်ငြိမ်း) မှားတယ်။ အန္တရာယ် ကြီးတဲ့ (တရုတ်) လို နိုင်ငံ နဲ့ နိုင်ငံငယ် ဖြစ်တဲ့ (မြန်မာ) နိုင်ငံဟာ ကြာကြာ နယ်ကြားပြဿနာ အဖြစ် မခံနိုင်ဖူး။ ရန်ရှာ ပြီး ကျူးကျော် ၀င်ချ လာနိုင်လို့။ Statesman အနေ နဲ့ ကြည့်ရင် ၊ မြန်မြန် နားလည်းမှု ယူ လိုက်ရမယ်။ ဦးနု နဲ့ ဦးနေ၀င်းမှန်တယ်။)
(မှတ်ချက်။ ပိုလေ့လာချင်ရင် The Union of Myanmar by Hugh Tinker, စာမက်နှာ ၃၇၈-၃၇၉ မှာဖတ်ကြည့်ပါ။ တရုတ်-မြန်မာ စာချုပ်ကိုတော့ ဒေါက်တာ မောင်အောင်မျိုးရဲ့ In the Name of Pauk-Phaw: Myanmar's China Policy Since 1948 - စာမျက်နှာ ၁၉၄ မှာဖတ်ကြည့်ကြပါ။)
အမေရိကန်ဒုသမ္မတ
အမေရိကန် စနစ်မှာ ဒုသမ္မတ ဆိုတာ သမ္မတကိုယ်စား မသာပို့ မင်္ဂလာဆောင် သွားရတဲ့ ရုပ်ပြ သက်သက်ပါပဲ။ သမ္မတ က အလေးထားမှ ဒုသမ္မတ ဆိုတာ ၀င်ပါခွင့်ရတာပါ။ သမ္မတဘုရ် ကနေရာပေး ၊ အားကိုးလွန်း လို့ ဒုသမ္မတချိန်နီ ပဲ တကယ် အာဏါ ရှိဖူးပါတယ်။
ဒါကြောင့် ကိုမိုးသီး ပြောတဲ့ ဒုသမ္မတနစ်ဆင် က တရုတ်ဖြူကို အားပေးဖို့ ဦးနု ကိုတောင်းဆိုတယ် ဆိုတာ ဘယ်လောက် အထိမှန်တယ် ဆိုတာကို စမ်းစစ်ဖို့လိုတယ်။ စာရေးသူ ရဲ့ အကိုစီမှာ အဲဒီခေတ်က အစိုးရ အချင်းချင်း အပြန်အလှန် ပြောကြ တာတွေ ၊ အမေရိကန် အချင်းချင်း ဆွေးနွေးကြတဲ့ Archive Files တွေ ရှိပါတယ်။ အချိန် ရမှ မွှေကြည့်ရဦးမယ်။
ကိုမိုးသီးရဲ့ အဆို နဲ့ သီအိုရီ
ကိုမိုးသီးရဲ့ အဆိုက အမေရိကန် ရဲ့ တောင်းဆိုချက် ကို ဦးနု က မ လိုက်လျော တဲ့ အတွက် ၊ အမေရိကန် က ထိုင်းတွေစီ ရောက်သွားပြီး ၊ ထိုင်း ဆန်တွေ ကို ၀ယ်လိုက်တဲ့ အတွက် ဗမာဆန် တွေ ကမ္ဘာ့ဈေးကွက် ကနေ လျှောကျ ။ နောက်ဆုံး ဦးနု ပြုတ်ကျ ရတာလဲ ဒီက (စ) တာလို့ တွေးခိုင်းတာ။ အမေရိကန် အကြိုက် လိုက်ပြီး တရုတ်ဖြူ ကို လက်မခံ တဲ့ အတွက် ဆိုပြီး … အဆိုရုံတင် မက …
အခုလည်း ဦးသိန်းစိန် အစိုးရ သာ အိုဘားမား အလိုကို မလိုက်လျှော်ပဲ ဒီမိုကရေစီ မြန်မြန် မပေးခဲ့ရင် ဦးနု လိုပဲ ဒုက္ခ တွေ့လိမ့် မယ်လို့ ပါးပါးလေး ချိမ်းခြောက် ထားတာပဲ လို့ နားလည်မိတယ်။ စာရေးသူ ဥါဏ်မှီ သလောက်လေး စဉ်းစား ကြည့်တာပါ။
ကိုမိုးသီး ရဲ့ အတွေးမျိုးကို နိုင်ငံရေး သိပ္ပံ စကားနဲ့ ပြောရ ရင် “ဖလွပ်ရွှပ် သီအိုရီ” လို့ခေါ်ပါတယ်။
ဘာမှ ဆက်စပ် လို့ (မရ) ၊ ဘာအဓိပ္ပါယ်မှ (မရှိ) လို့ ရယ်ပါ။
အမေရိကန် မြန်မာ ဆက်ဆံရေး
အမေရိကန် မြန်မာဆက်ဆံရေး အစကည်း က တာထွက် မကောင်းခဲ့ကြဖူး။
ပြည်တွင်းစစ် အတွက် လက်နက်လိုတော့ ဦးကျော်ငြိမ်းက နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ကုလသမဂ္ဂ ရှိရာ ပါရီ (Paris) မှာ အမေရိကန်ကို အကူအညီတောင်းတော့ ပထမ ရောင်းမလိုလိုနဲ့ မြန်မာနိုင်ငံ ကို လက်ဝဲတွေဆိုပြီး အင်္ဂလိပ်က ၀င်ချွန်တာနဲ့ မရောင်းဖူး။ ယူကိုစလပ် ကိုချဉ်း ကပ်တော့လည်း ထို့၎င်းပဲ ဆိုဗီယက်က မြန်မာနိုင်ငံဟာ ကွန်မြူနစ် တွေကို တိုက်နေတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး သမား ပဲ ဆိုပြီး မရောင်းဖူး။
ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ စစ်အေးတိုက်ပွဲ က စပြီ။ အားလုံး ကို (သူ့လူ) ၊ (ငါ့လူ) ဆိုတဲ့ မျက်စိ နဲ့ပဲကြည့်ကြတာ။ မြန်မာနိုင်ငံ (ကြားနေ) နိုင်ငံဖြစ် လာရတာ ဒီ ခါးသည်းတဲ့ အတွေ့အကြုံ တွေ ကြောင့်ပဲ။
ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ အမေရိကန်ရဲ့ ပုံရိပ်ဟာ မကောင်းလှဖူး။ ဒီမိုကရေစီ ရဲ့ ဦးဆောင် ရုပ်ပြ (Symbol) ကနေ ၊ ဖေါက်ပြန်တယ်လို့ အမြင်ရှိကြတဲ့ Imperialist ဗိုလ်ကျတဲ့ ပုံရိပ် အသွင်ကို ကူးပြောင်းလျှက်ရှိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၁၉၅၃ ခုနှစ် ဒီဇင်ဘာလ မှာ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၊သမ္မတအိုဘားမား မိန်ခွန်းချွေ ခဲ့တဲ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်မ Convocation Hall မှာ ပဲ မိန့်ခွန်းချွေခဲ့ရာမှာ ၊
မြောက်အာဖရိက မှာ အမေရိကန်ဟာ အာဖရိကတိုက်သားတွေ မုန်းတဲ့ ကိုလိုနီနယ်ချဲ့စနစ်
ကိုထောက်ခံနေတယ်။ စပိန်မှာလည်း ဖက်ဆစ်ဖရန်ကို ကိုထောက်ခံနေတယ်။ အင်ဒိုချိုင်းနားမှာ
လည်း ကိုလိုနီ ပြင်သစ်ကိုထောင်ခံနေတယ်။ တရုတ်ပြည်ကြီးမှာလည်း တရုတ်ပြည်သူ
တွေစွန့်ပစ်လိုက်တဲ့ အလွန်ဖေါက်ပြန်တဲ့ ချန်ကေရှိတ်အုပ်စု ကို ထောက်ခံမှုပေးနေတယ်
ဆိုပြီး အမေရိကန် အပေါ်အမြင်မကောင်းခဲ့ဖူး။အမေရိကန် ကလည်း ၁၉၅၃ခုမတ်လ မှာ အထောက် အကူတွေဖြတ်ပြီး ကူမင်တန် (KMT) နဲ့ပတ်သက်ပြီး ဦးနု က အောင်တိုဘာ၁၉၅၃ မှ သမ္မတ အိုင်ဆင်ဟာဝါ စီစာရေးခဲ့တာ ဘာမှ အကြောင်းပြန် မလာဖူး။ အဲဒီ အချိန်က အမေရိကားမှာ ကူမင်တန် တွေရဲ့ China Lobby ဆိုတာက အလွန်အားကောင်တယ်။ အဲဒီ အချိန် ၁၉၅၃ ခု မှာ ဒုသမ္မတနစ်ဆင် မြန်မာနိုင်ငံကို ရောက်အလာမှာ အမေရိကန် ဆန့်ကျင်ရေးဆန္ဒ ပြပွဲတွေ နဲ့ကြုံ ခဲ့ရတယ်။
နစ်ဆင် ကလည်း KMT ပြဿနာ ကို အမြန်ဆုံးအဖြေရှာ နိုင်ဖို့ဟာ အရေးပါလှပါတယ်။ ဒီပြဿနာ ဟာ အမေရိကန် နဲ့ ဗမာနိုင်ငံအကြား အဖုအထစ် ပါပဲလို့ ထုတ်ပြောခဲ့ပါတယ်။ (မှတ်ချက်၊ နယူး ရောက်တိုင်း ၊ နိုင်ဝင်ဘာ ၂၇ ရက်၊ ၁၉၅၃ခု ။)
၁၉၅၄ခု ရောက်တော့ အမေရိကန် ပေါ်လစီသမားတွေ ဟာ ကွန်မြူနစ် ဟန့်တားရေးကို ဦးစား ပေးလာကြပြီ။ အင်ဒိုချိုင်းနားမှာ Domino Theory ဆိုတဲ့ တနိုင်ငံ (ကျ) ရင် ၊ အာလုံးလိုက် (ကျ) မယ်ဆိုတဲ့ စိုးရိမ်စိတ်က ဖုံးလွှမ်းနေပြီ။ ဒီစိုးရိမ်စိတ် နဲ့ အမေရိကန်က SEATO ဆိုတဲ့ စစ်အုပ်စု ကိုဖွဲ့လာရပြီ။ ဒိအတွက် အမေရိကန်ဟာ သူ့တပည့် ဖိလ်ပိုင် နဲ့ (ထိုင်း) ကို အာရုံပေးလာရတာ။
ကိုမိုးသီးတွေးသလို နစ်ဆင်ကို ဦးနု က ငြင်းလိုက်တဲ့ အတွက် အမေရိကန် က ထိုင်း စီ ရောက် သွား ရတယ်လို့ လေးချက်တွက်နည်း နဲ့ ခလေးတွေး ၊ တွေးလို့ (မရ) ပါ။
၁၉၅၄ ခုနှစ် ဇွန်လမှာ အမေရိကန် သံအမတ်ဟာ အနားယူခရီးထွက်ရင်း နှုတ်ထွက်လွှာတင်ခဲ့ ပါတယ်။ သူ့ရဲ့နေရာကို အစားထိုးဖို့ ဘာမှ မလုပ်ကြပဲ (၁၀) လ တိတိ သံအမတ် မရှိခဲ့တဲ့ အဖြစ်နဲ့ ကြုံတွေ့ ခဲ့ကြရပါတယ်။
ဦးနု တရုတ်ပြည် ကိုသွားတဲ့ ခရီးကိုလည်း အမေရိကန် မှာ အကြိုက် မတွေ့ကြပါ။ ဒါကြောင့် ဦးနု က သူအမေရိကား ကို လည်ပတ်ရရင် ကျေနပ် မိမှာပါလို့ ကြေငြာ တာတောင် ၊ အမေရိကန်တွေစီ ကဘာမှ ပြန်မကြားရပါ။
ဖေဖေါ်ဝါရီ ၁၉၅၅ ခုမှာ ထိုခေတ်ထိုအခါက အလွန်တန်ခိုးကြီးတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်တားလပ် (John Foster Dulles) ဟာ ဆီးတိုး (SEATO) ဘန်ကောက် အစည်းအဝေး အပြီး မှာ ရန်ကုန် ကို ၀င်ပြီး ဦးနု နဲ့ မိနစ် (၉၀) တွေ့ခဲ့ပါတယ်။
ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ် အခက်အခဲတွေရှိနေ ချိန်မှာ ကိုမိုးသီး တွေးသလို နစ်ဆင် လာတာနဲ့ တရုတ်ဖြူ ကူမင်တန် (KMT) တွေကို ဗမာအစိုးရ ကဘယ်လိုလက်ခံ နိုင်မှာလဲ။ ကိုမိုးသီး ၊ ဘက်လိုက်ပြီး လွယ်လွယ် ရေးခဲ့သလို ကူမင်တန် တွေဟာ ဒီမိုကရက် တွေ မဟုတ်ပါ။ ချန်ကေရှိတ် ဟာ စစ်အာဏါရှင် တစ်ယောက်ပါ။ ကွန်မြူနစ်တွေက ပစ္စည်းမဲ့အာဏါရှင် ၊ ကူမင် တန် တွေက စစ် (၀ါ) ချန်ကေရှိတ် အာဏါရှင် သက်သက်ပါ။
တရုတ်ရန်။ တရုတ်အန္တရယ်။
မြန်မာနိုင်ငံဟာ တရုတ်ပြည်နဲ့ နယ်နိမိတ် မိုင်ပေါင်း ထောင်ချီ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရာဇ၀င် မှာ တရုတ်ဟာ အဆင်အဆက် အရေးပါ ရခဲ့ရပါတယ်။ တရုတ် ပြိုဆင်းလာမှာ ကို ဗမာအစိုးရ အဆက်ဆက် တွေးပူစရာ ဖြစ်ခဲ့ရတယ်။ တရုတ်ပြည် ရဲ့ လူဦးရေဟာ အခု သန်း ၁၃၀၀ ကျော်ကျော်ရှိပါတယ်။ ယူနန် ပြည်နယ် တစ်ခုထဲမှာ သန်း (၇၀) ကျော်နေထိုင်ကြပါ တယ်။ မြန်မာ နိုင်ငံထက် လူဦးရေ ပိုများပါတယ်။ “တရုတ်ကဖိ ၊ ရှမ်းကအိ ၊ ရှိသည့် မြန်မာ အနောက်မှာ” ဆိုတဲ့ တပေါင်တောင် ရှိသေးတာပဲ။ မှတ်မိသလောက် ထိုစဉ်က တရုတ်ပြည် က သန်း (၇၀၀) အထက် ၊ မြန်မာနိုင်ငံက သန်း (၂၀) အထက် ရှိပါတယ်။
Hugh Tinker ရဲ့ အဆိုအရ သခင်သန်းထွန်းရဲ့ (အောင်ဇေယျ) စီမံကိန်းမှာ တရုတ်အကူအညီ ကိုမျှော် ကိုးပြီး ဗမာပြည်မြောက်ပိုင်း ကို သိမ်းပိုက်ဖို့ အစီအစဉ်ရှိတာ ၊ သက်သေအထောက် အထား တွေရှိပါ တယ်တဲ့။ အကယ်၍ တရုတ်က က ဗမာကွန်မြူနစ် တွေကို ကူဖို့ ကတိပေးခဲ့ရင် တောင် ၊ ကိုးရီးယားစစ်ပွဲ ကြောင့် မဖြစ်နိုင်တော့ပါတဲ့။ သခင်သန်းထွန်း က ၁၉၅၁ ၊ ၁၉၅၂ (နှစ်ကြိမ်) ၊ ၁၉၅၃ မှာ တရုတ်ပြည်ကို မစ်ရှင် ကိုယ်စားလှယ်တွေ လွှတ်ခဲ့တယ်လို့ဆိုတယ်။ ဒီမစ်ရှင်တွေ ရဲ့ အဓိက ရည်ရွယ်ချက် ကတရုတ်က အကူရဖို့။ ဒီမစ်ရှင်တွေကို သခင်သန်းမြိုင် နဲ့ ရဲဘော်(၃) ကျိပ်ဝင် ဗိုလ်ဇေယျ တို့ဦးဆောင်ခဲ့ကြတယ်။
ဒီလို တိုင်းပြည်ဟာ တရုတ် အန္တရာယ် ကိုရင်ဆိုင်နေရတဲ့ အချိန်မှာ ကိုမိုးသီး လွယ်လွယ်တွေး သလို ဗမာအစိုးရဟာ ကူမင်တန် တွေကို သာ လက်ခံခဲ့ရင် ၊ ကူမင်တန် တွေကို အကြောင်းပြပြီး တရုတ်တပ်တွေ လှိမ့်ဆင်းလာရင် ၊ တိဗက်အရင် ဗမာပြည် အသိမ်းခံရပြီ။ လက်ရခေါ်နေတဲ့ ၊ စောင့်စားနေကြတဲ့ ဗမာကွန်မြူနစ် တွေကလည်း အဆင်သင့်။ ဒီဖြစ်နိုင်ချေ ကြောင့် ဗမာ ခေါင်း ဆောင် တွေ (ည ည) အိပ်မပျော်ခဲ့ရတာပါ။
ဒီဖြစ်နိုင်ချေ ကိုကြောက်လို့ ဗမာစစ်တပ်ရဲ့ (ခံစစ်) ဗျူဟာ ကို ဗိုလ်မှူးချုပ်မောင်မောင် က ဦးဆောင်ရေးဆွဲခဲ့ ပြီး ၊ သံလွင် ဒီဖက် က (၃) လ တင်းခံ နိုင်ဖို့ ပြင်ဆင်ခဲ့ကြရတယ်။ ကိုရီးယား မှာလို UN တပ်တွေ ၀င်လာဖို့ (၃) လ ကြာနိုင်တယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က တွက်ခဲ့တယ်။
ငါးတွေ ခမြာ အစာ ကိုပဲ မြင်ကြတယ်။ ငါးမြားချိပ် ကို မမြင်ကြလို့ ယနေ့ အထိ လူသားတွေရဲ့ ဖမ်းဆီး သတ်ဖြတ်စားသောက်ခြင်းကိုခံကြရတယ်။ ကိုမိုးသီး ရဲ့ အမေရိကန် ကို အားပေး ချင်တာ နဲ့ ကူမင်တန် ကို လက်ခံရမယ် ဆိုတဲ့ အတွေးကို “(ငါးမြားချိပ်) အတွေး” လို့ပြောလို့ရနိုင် မယ်ထင် ပါတယ်။ တရုတ် တပ်နီ ၊ တပ်မတော်ကြီး သာ ကူမင်တန် တရုတ်ြဖူတွေကို (ရှင်း) ဖို့ ဗမာပြည်ထဲ ရောက်လာခဲ့ရင် ၊ ဒီကနေ့ အထိ ထွက်မယ်ထင်ပါသလား။ ဒီမိုကရေစီ ကို ကျင့်သုံးတဲ့ အမေရိကန် တပ်တွေ ယနေ့ အထိ ဂျာမဏီ က မထွက်နိုင်သေးပါ။ အမှတ်(၄)တပ်မ ၊ 4th Division ဟာ ယနေ့ အထိ ဂျာမဏီ မှာ တပ်ဆွဲထားပါတယ်။
အဓိက အကြောင်းအရင်း
စာရေးသူ ဒီ ဆောင်းပါးကို ရေးရခြင်း အကြောင်းအရင်း က လွယ်လွယ် တွေးတတ်တဲ့ ဗမာတွေ ရဲ့ အကျင့် နဲ့ (ငါးမြားချိပ်) အတွေး တွေ လူငယ်လေးတွေ မှာ မဆွဲကပ်စေချင်တဲ့ စေတနာပါ။ ဒီလို လွယ်လွယ်တွေး ရင် ၊ တိုင်းပြည် အတွက် အန္တရယ် ကျရောက်နိုင်လို့ပါ။
ဆက်ရန် ... အပိုင်း(၂)
No comments:
Post a Comment
mr.kyaingtun@gmail.com