Tuesday, November 27, 2012

ဦးသိန်းစိန် အစိုးရအနေနဲ့သတ္တိရှိဖို့ အမြော်အမြင်ရှိဖို့ ပါ။

ဦးသိန်းစိန် အစိုးရအနေနဲ့  ကြေးစင်တောင်ပရောဂျက်ကိုရပ်လို့ ရပါတယ်။ နိင်ငံတကာမှာလဲ ဒီလို ဖြစ်ရပ်တွေဟာ မဆန်းလှပါဘူး။ စာချုပ်တွေကို ပြန်လည်ညှိ နိင်းလို့ ရပါတယ်။ တရုပ်ကလဲ မြန်မာအခြေအနေကို နားလည်ပါတယ်။ မြန်မာ ကို ကူညီနိင်ပါတယ်။ ဒါက နှစ်နိင်ငံအပြန်အလှန် နားလည်မှုနဲ့  ဆွေးနွေးလို့ ရတယ်။ တရုပ်က ဒီလိုကိစ္စမျိုးတွေအတွေ့ အကြုံရှိတယ်။
တခုပဲ ဦးသိန်းစိန် အစိုးရအနေနဲ့သတ္တိရှိဖို့ အမြော်အမြင်ရှိဖို
ု့ ပါ။

တရုပ် နဲ့ အမေရိကန် ဟာ အာရှနဲ့ အာဖရိက မှာ အပြိုင်အဆိုင်ဝင်နေပါတယ်။ အမေရိကန် က Legacy ရှိနေတော့ အပေါ်စီးက၀င်ပါတယ်။ တရုပ်ကတော့ ငွေထုတ်ပို က်ပြီး ၀င်ရပါတယ်။
ဥပမာ ကင်ညာအစိုးရက ရထားလမ်းတွေပြင်ဖို့  အတွက် ကမ္ဘာဘဏ်ကို
သန်း ၄၀ လောက်ချေးတာ ၁၀ နှစ်လောက်ကြခဲ့ပါတယ်။ (ဒီအစိုးရကလဲ
လူအခွင့်အရေးချိုးဖေါက်မှုနဲ့  လဘ်စားမှုတွေက လွန်လွန်းပါတယ်။က မှ မချေးခြင်တော့တဲ့သဘောပါ။ ကမ္ဘာဘဏ်က စည်းမျဉ်းနဲ့ အညီလုပ်ရတဲ့အဖွဲ့ 
စည်းတွေဖြစ်လေတော့ အရမ်းကာရော ပေးလို့ မရတဲ့အနေထားပါ။ )
ဒီအချိန်မှာ တရုပ်က၀င်လာတော့ ကင်ညာအစိုးရကို ၁ ဘီလီယံလောက် နှောင်ကကြိုးမဲ့ ပြစ်ပေး ခဲ့ပါတယ်။ ကင်ညာက တရုပ်ကိုပြန်ပေးရတာတော့ထုံးစံ အတိုင်း သယံဇတတွေပြန်ပေးရတာပေါ့။

တခါ အိုဘားမာ မြန်မာပြည်လာတော့ ထိုင်းငံရေးလောက ကထိပ်သီး တွေက ဆိုးရိမ်လာတာတွေရှိတယ်။ မြန်မာ ဟာ အမေရိကန်နဲ့ 
ပေါင်းပြီး သူတို့ ကို ဖြတ်ကျော်သွားမလားဆိုတာပါ။ ဒါကို မြန်မာ သိဖို့ လိုပါတယ်။

ဦးသိန်းစိန် လုပ်သင့်တာကတော့ တရုပ်နဲ့ ပြန်လည်ညှိနိင်ရဲဖို့ လိုပါတယ်။
ဆန္ဒပြပွဲတွေမှန်သမျှ ပြေလည်အောင်ဖြေရှင်း တဲ့နည်းနဲ့ရပ်ဆိုင်းပြစ်ဖို့ လိုပါတယ်။

အမေရိကန် ဖက်က ၀င်လာမဲ့ အကူညီတွေကို Sustain ဖြစ်အောင် လုပ်ဖို လိုပါတယ်။ ခရိုနီတွေကိုလဲ encourage လုပ်သင့်တာကတော့ Farmlands တွေကို redistribution လုပ်သင့်ပါတယ်။ သူတို့ အနေနဲ့ 
ငွေပင်ငွေရင်းရှိပြီးသားတွေဖြစ်တဲ့အတွက် Production အလုပ်တွေလုပ်သင့်တယ်။ မြန်မာပြည်ဟာ ထုတ်ကုန် ( Production ) အများကြီးလုပ်ဖို့ လိုနေတဲ့နိင်ငံပါ။ လျပ်စစ်ပစ္စည်း ( Electronic apparatus ) ချည်ထည် (Textile တွေ ဟာ ထုတ်လုပ်လို့ ကိုရနေတယ်။ အကြီးအကျယ်လိုအပ်နေတယ်။ ဒါတွေကို အသာထားဦး အမျိုးစားကောင်းတဲ့ ငံပြာ ရေ နဲ့ ငပိ ထုတ်ရင်တောင် သန်းနဲ့ချီချမ်းသာနိင်ပါတယ်။

ထုတ်လုပ်မှု ( Production ) တွေ အကြီးအကျယ်လုပ်နိင်တဲ့ချမ်းသားနိင်တဲ့
နိင်ငံမှာ ဘာဖြစ်လို့  သဘ၀သယံဇတကိုပဲ ထုတ်ရောင်းနေတဲ့ ပေါ်လစီကို
နိင်ငံခေါင်းဆောင်တွေက လုပ်နေကြသလဲဆိုတာ ကျနော်စဉ်းစားလို့ ကိုမရဘူး။

ဒီအချိန်မှာ သမတဦးသိန်းစိန် လုပ်ရမှာက ခရိုနီတွေကို နောက်ကြောကိုသေနပ်နဲ့ထောက်ပြီး ထုတ်လုပ်မှု ( Production) တွေကို လုပ်ရမဲ့ အချိန်ဖြစ်ပါတယ်။
အစိုးရလဲ အကျိုးရှိ၊ ခရိုနီတွေလဲ အကျိုးရှိ၊ လူထုတွေလဲအကျိုးရှိ
တဲ့လမ်းစဉ်းကိုမလု်က်ပဲ ဘာဖြစ်လို့  စိတ်ဆင်းရဲ စရာအခြေအနေ
ခေါင်းကိုက်စရာအခြေအနေတွေကို လုပ်နေကြသလဲ ကျနော်မစဉ်းစားတတ်အောင်ပါပဲ။

မိုးသီး

No comments:

Post a Comment

mr.kyaingtun@gmail.com